သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိမ္နီးခ်င္းႏုိင္ငံေတြနဲ႔ ကုန္သြယ္ေရးဆိုင္ရာ စည္းမ်ဥ္းသစ္ အိႏိၵယ ခ်မွတ္


အိႏၵိယႏုိင္ငံ Ahmedabad ၿမိဳ႕မွာ တ႐ုတ္ထုတ္ကုန္ေတြကုိ သပိတ္ေမွာက္ဖုိ႔ ဆႏၵျပသူတဦးကုိ ထိန္းသိမ္းေခၚေဆာင္လာတဲ့ အရပ္ဝတ္ အိႏၵိယရဲတပ္ဖြဲ႔ဝင္မ်ား။ (ဇူလုိင္ ၆၊ ၂၀၂၀)

(Zawgyi / Unicode)

အိႏိၵယႏုိင္ငံက အိမ္နီးခ်င္းႏုိင္ငံေတြနဲ႔ ကုန္သြယ္ေရးပိုင္းမွာ စည္းမ်ဥ္းသစ္ေတြ ခ်မွတ္လိုက္ပါတယ္။ ဒါဟာ ဟိမဝႏၲာ နယ္စပ္ေဒသမွာ ႏွစ္ႏုိင္ငံ အျငင္းပြားခဲ့တာေၾကာင့္ ဆက္ဆံေရး တင္းမာေနတဲ့ တ႐ုတ္ႏုိင္ငံကို အဓိကရည္ရြယ္တာလို႔ သံုးသပ္ၾကပါတယ္။

အိႏိၵယနဲ႔ ကုန္းတြင္းထိစပ္ေနတဲ့ ႏုိင္ငံေတြက ကုမၸဏီေတြအေနနဲ႔ အစိုးရ ကန္ထ႐ိုက္လုပ္ငန္းေတြကို ရဖို႔ဆိုရင္ အိႏိၵယ ႏုိင္ငံျခားေရးနဲ႔ ျပည္ထဲေရးဌာနေတြကေန ႏုိင္ငံေရးနဲ႔ လံုၿခံဳေရးဆိုင္ရာ ကင္းရွင္းခ်က္ေတြ ယူဖို႔လိုတယ္လုိ႔ ဒီသီတင္းပတ္အတြင္း ထုတ္ျပန္တဲ့ စည္းမ်ဥ္းသစ္ထဲမွာ ေဖာ္ျပထားပါတယ္။

အိႏၵိယႏုိင္ငံရဲ႕ ကာကြယ္ေရးနဲ႔ အမ်ဳိးသားလံုၿခံံဳေရး ခိုင္မာအားေကာင္းေစဖို႔ အခုလို လုပ္ေဆာင္တာလို႔ အိႏိၵယအစိုးရက ဆိုပါတယ္။

ဒီသတ္မွတ္ခ်က္မွာ တ႐ုတ္ႏုိင္ငံကို နာမည္နဲ႔တကြ ေဖာ္ျပထားတာ မဟုတ္ေပမယ့္ အိႏိၵယ အေျခခံအေဆာက္အအံု စီမံကိန္းေတြမွာ ရင္းႏွီးျမႇဳပ္ႏွံခ်င္တဲ့ တ႐ုတ္ကုမၸဏီေတြအေပၚ သက္ေရာက္မႈ ရွိလိမ့္မယ္လို႔ ကုန္သြယ္ေရးဆိုင္ရာ ကၽြမ္းက်င္သူေတြက သံုးသပ္ပါတယ္။ ဒီလိုစီမံကိန္းမ်ဳိးေတြမွာ အိႏိၵယႏုိင္ငံဟာ တ႐ုတ္ကုမၸဏီေတြအေပၚ အဓိက အားထားေနရတာ ျဖစ္ပါတယ္။

အိႏိၵယအစိုးရဟာ တ႐ုတ္ႏုိင္ငံနဲ႔ စီးပြားဆက္ဆံေရးအေပၚ ျပန္ၿပီး ဆန္းစစ္သံုးသပ္ေနခ်ိန္မွာပဲ အခုလို လုပ္ေဆာင္ခ်က္မ်ဳိးေတြကို ဆက္တိုက္လို လုပ္လာေနတာပါ။

ၿပီးခဲ့တဲ့လကလည္း လူေတြ အရမ္းသံုးၾကတဲ့ TikTok App အပါအဝင္ တ႐ုတ္ကထုတ္တာ အမ်ားစုပါတဲ့ App စုစုေပါင္း ၅၉ ခုကုိ အိႏိၵယႏုိင္ငံက ပိတ္ပင္ခဲ့ပါေသးတယ္။ ဒါဟာ လူထုရဲ႕ အခ်က္အလက္ေတြကို အကာအကြယ္ေပးဖို႔အတြက္ ဒစ္ဂ်စ္တယ္လ္ ႏွိမ္နင္းမႈတရပ္အျဖစ္ လုပ္ေဆာင္တာျဖစ္တယ္လုိ႔ အိႏိၵယ ဖက္ဒရယ္ဝန္ႀကီး Ravi Shankar က ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းသစ် အိန္ဒိယ ချမှတ်

အိန္ဒိယနိုင်ငံက အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်ရေးပိုင်းမှာ စည်းမျဉ်းသစ်တွေ ချမှတ်လိုက်ပါတယ်။ ဒါဟာ ဟိမဝန္တာ နယ်စပ်ဒေသမှာ နှစ်နိုင်ငံ အငြင်းပွားခဲ့တာကြောင့် ဆက်ဆံရေး တင်းမာနေတဲ့ တရုတ်နိုင်ငံကို အဓိကရည်ရွယ်တာလို့ သုံးသပ်ကြပါတယ်။

အိန္ဒိယနဲ့ ကုန်းတွင်းထိစပ်နေတဲ့ နိုင်ငံတွေက ကုမ္ပဏီတွေအနေနဲ့ အစိုးရ ကန်ထရိုက်လုပ်ငန်းတွေကို ရဖို့ဆိုရင် အိန္ဒိယ နိုင်ငံခြားရေးနဲ့ ပြည်ထဲရေးဌာနတွေကနေ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ကင်းရှင်းချက်တွေ ယူဖို့လိုတယ်လို့ ဒီသီတင်းပတ်အတွင်း ထုတ်ပြန်တဲ့ စည်းမျဉ်းသစ်ထဲမှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေးနဲ့ အမျိုးသားလုံခြံုံရေး ခိုင်မာအားကောင်းစေဖို့ အခုလို လုပ်ဆောင်တာလို့ အိန္ဒိယအစိုးရက ဆိုပါတယ်။

ဒီသတ်မှတ်ချက်မှာ တရုတ်နိုင်ငံကို နာမည်နဲ့တကွ ဖော်ပြထားတာ မဟုတ်ပေမယ့် အိန္ဒိယ အခြေခံအဆောက်အအုံ စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ တရုတ်ကုမ္ပဏီတွေအပေါ် သက်ရောက်မှု ရှိလိမ့်မယ်လို့ ကုန်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ဒီလိုစီမံကိန်းမျိုးတွေမှာ အိန္ဒိယနိုင်ငံဟာ တရုတ်ကုမ္ပဏီတွေအပေါ် အဓိက အားထားနေရတာ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရဟာ တရုတ်နိုင်ငံနဲ့ စီးပွားဆက်ဆံရေးအပေါ် ပြန်ပြီး ဆန်းစစ်သုံးသပ်နေချိန်မှာပဲ အခုလို လုပ်ဆောင်ချက်မျိုးတွေကို ဆက်တိုက်လို လုပ်လာနေတာပါ။

ပြီးခဲ့တဲ့လကလည်း လူတွေ အရမ်းသုံးကြတဲ့ TikTok App အပါအဝင် တရုတ်ကထုတ်တာ အများစုပါတဲ့ App စုစုပေါင်း ၅၉ ခုကို အိန္ဒိယနိုင်ငံက ပိတ်ပင်ခဲ့ပါသေးတယ်။ ဒါဟာ လူထုရဲ့ အချက်အလက်တွေကို အကာအကွယ်ပေးဖို့အတွက် ဒစ်ဂျစ်တယ်လ် နှိမ်နင်းမှုတရပ်အဖြစ် လုပ်ဆောင်တာဖြစ်တယ်လို့ အိန္ဒိယ ဖက်ဒရယ်ဝန်ကြီး Ravi Shankar က ပြောခဲ့ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG