သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိပ္တုိက္ရင္ဆုိင္မႈျဖစ္ခဲ့တဲ့ေဒသက တပ္ဖြဲ႔ေတြ အိႏၵိယနဲ႔ တရုတ္ စတင္ရုပ္သိမ္း


အိႏၵိယ နယ္ျခားေစာင့္တပ္ဖြဲ႔၀င္မ်ား

(Zawgyi/Unicode)

လြန္ခဲ့တဲ့လက Ladakh အေရွ႕ဘက္ပိုင္း Galwan ေတာင္ၾကားမွာထိပ္တိုက္ရင္ဆိုင္မႈေတြ ျပင္းထန္စြာျဖစ္ပြားၿပီးတဲ့ေနာက္ အိႏၵိယနဲ႔ တရုတ္တုိ႔က နယ္စပ္က သူတု႔ိရဲ႕တပ္ဖြဲ႔ေတြကို ျပန္လည္ ဆုတ္ခြာေနပါတယ္။

“Galwan မွာတပ္ေတြ ဆုတ္ခြာတာကုိ စတင္ခဲ့ပါတယ္။ ကင္းလွည့္ စခန္း အမွတ္၁၄ က အေဆာက္အအံု ေတြကိုလည္း ဖယ္ရွားပစ္လုိက္ပါတယ္။” လို႔ စစ္တပ္က Deccan Herald သတင္းစာ ကို တနလၤာေန႔က ေျပာပါတယ္။

ကင္းလွည့္စခန္း အမွတ္ (၁၄) မွာ ထိပ္တုိက္ရင္ဆိုင္မႈေတြ ျဖစ္ပြားမႈေၾကာင့္ အိႏၵိယစစ္သား ၂၀နဲ႔ အေရအတြက္ မသိရတဲ့ တရုတ္တပ္သားေတြ ေသဆံုးခဲ့ရပါတယ္။

ႏွစ္ႏိုင္ငံအၾကား အႀကိမ္ေပါင္းမ်ားစြာေသာ သေဘာတူ ေဆြးေႏြးခ်က္ေတြ ျပဳလုပ္ ၿပီးေနာက္ တနၤလာေန႔က စတင္ အေကာင္အထည္ေဖာ္မႈေတြ ျပဳလုပ္လာခဲ့တာပါ။

အခုလုိ ႏွစ္ဘက္ တပ္ဖြဲ႔ေတြ ဆုပ္ခြာျခင္းဟာ အမွန္တကယ္နဲ႔ တာရွည္တည္တန္႔တဲ့ ေဆာင္ရြက္မႈ ဟုတ္ မဟုတ္ဆုိတာ ေစာင့္ၾကည့္ရဦးမယ္လို႔ အိႏၵိယ သတင္းမီဒီယာေတြကို သတင္းအရင္းအျမစ္ တစ္ခုက ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............

ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ခဲ့တဲ့ဒေသက တပ်ဖွဲ့တွေ အိန္ဒိယနဲ့ တရုတ် စတင်ရုပ်သိမ်း

(Unicode)

လွန်ခဲ့တဲ့လက Ladakh အရှေ့ဘက်ပိုင်း Galwan တောင်ကြားမှာထိပ်တိုက်ရင်ဆိုင်မှုတွေ ပြင်းထန်စွာဖြစ်ပွားပြီးတဲ့နောက် အိန္ဒိယနဲ့ တရုတ်တို့က နယ်စပ်က သူတု့ိရဲ့တပ်ဖွဲ့တွေကို ပြန်လည် ဆုတ်ခွာနေပါတယ်။

“Galwan မှာတပ်တွေ ဆုတ်ခွာတာကို စတင်ခဲ့ပါတယ်။ ကင်းလှည့် စခန်း အမှတ်၁၄ က အဆောက်အအုံ တွေကိုလည်း ဖယ်ရှားပစ်လိုက်ပါတယ်။” လို့ စစ်တပ်က Deccan Herald သတင်းစာ ကို တနင်္လာနေ့က ပြောပါတယ်။

ကင်းလှည့်စခန်း အမှတ် (၁၄) မှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားမှုကြောင့် အိန္ဒိယစစ်သား ၂၀နဲ့ အရေအတွက် မသိရတဲ့ တရုတ်တပ်သားတွေ သေဆုံးခဲ့ရပါတယ်။

နှစ်နိုင်ငံအကြား အကြိမ်ပေါင်းများစွာသော သဘောတူ ဆွေးနွေးချက်တွေ ပြုလုပ် ပြီးနောက် တင်္နလာနေ့က စတင် အကောင်အထည်ဖော်မှုတွေ ပြုလုပ်လာခဲ့တာပါ။

အခုလို နှစ်ဘက် တပ်ဖွဲ့တွေ ဆုပ်ခွာခြင်းဟာ အမှန်တကယ်နဲ့ တာရှည်တည်တန့်တဲ့ ဆောင်ရွက်မှု ဟုတ် မဟုတ်ဆိုတာ စောင့်ကြည့်ရဦးမယ်လို့ အိန္ဒိယ သတင်းမီဒီယာတွေကို သတင်းအရင်းအမြစ် တစ်ခုက ပြောထားပါတယ်။

XS
SM
MD
LG