သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယမွာ ၂၄ နာရီအတြင္း ကိုဗစ္ေၾကာင့္ ေသဆံုးသူ ၉၀၀ ေက်ာ္ရွိ


မြမ္ဘုိင္းမွာ ေဒသခံေတြကို COVID-19 ကူးစက္မႈရွိမရွိ စစ္ေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ၾသဂုတ္ ၇၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာ့အိမ္နီးခ်င္း အိႏိၵယႏုိင္ငံမွာ ၂၄ နာရီအတြင္း COVID-19 ေရာဂါေၾကာင့္ ေသဆံုးသူ ၉၃၃ ဦး အပါအဝင္ ေနာက္ထပ္ ေရာဂါကူးစက္သူေပါင္း ၆၁,၀၀၀ ေက်ာ္ ရွိခဲ့တာေၾကာင့္ ကုိ႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ စုစုေပါင္း ၂.၁ သန္းနီးပါး ရွိသြားပါၿပီ။

လြန္ခဲ့တဲ့ ရက္ ၃၀ အတြင္း ေသဆံုးသူ ၂၀,၀၀၀ ေက်ာ္ အပါအဝင္ စုစုေပါင္း ေသဆံုးသူ ၄၂,၀၀၀ ေက်ာ္သြားၿပီလို႔ အိႏိၵယ က်န္းမာေရးဌာနက ေျပာပါတယ္။

ဇြန္လအလယ္ေလာက္ကတည္းက တေန႔ကို ပ်မ္းမွ်ကူးစက္ခံရသူ အေရအတြက္ဟာ ၅၀,၀၀၀ ပတ္ဝန္းက်င္ ရွိလာေနတာပါ။

အေမရိကန္နဲ႔ ဘရာဇီးလ္ၿပီးရင္ အိႏိၵယႏုိင္ငံဟာ တကမာၻလံုးမွာ ေရာဂါပိုး ကူးစက္သူ အေရအတြက္ တတိယအမ်ားဆံုးႏုိင္ငံ ျဖစ္ပါတယ္။ ေသဆံုးသူအေရအတြက္က ၂ ရာခုိင္ႏႈန္းေလာက္ပဲရွိတာမို႔ အေမရိကန္နဲ႔ ဘရာဇီးလ္တို႔ထက္ေတာ့ အမ်ားႀကီး ပိုနည္းေပမယ့္လည္း ဗိုင္းရပ္စ္ပိုးဟာ တႏုိင္ငံလံုးမွာ က်ယ္က်ယ္ျပန္႔ျပန္႔ကို ကူးစက္ေနတာ ျဖစ္ပါတယ္။

COVID-19 ေရာဂါပိုး စတင္ျဖစ္ပြားခဲ့တဲ့ တ႐ုတ္ႏုိင္ငံမွာေတာ့ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေနာက္ထပ္ ေရာဂါကူးစက္ခံရသူ ၃၁ ဦး ရွိခဲ့ပါတယ္။ ကူးစက္ခံရသူ အမ်ားစုဟာ ႏုိင္ငံအေနာက္ဖ်ား ရွင္က်န္းေဒသကျဖစ္ၿပီး အဲဒီမွာ ေရာဂါပိုး ကူးစက္ခံထားရသူ ၇၅၀ နီးပါး ရွိထားပါတယ္။

ရွင္က်န္းေဒသမွာ ေနာက္ထပ္ကူးစက္သူ ၂၅ ဦးရွိတယ္လုိ႔ တ႐ုတ္က်န္းမာေရးေကာ္မရွင္က ဒီကေန႔ ေျပာပါတယ္။ ေနာက္ထပ္ ၆ ဦးကေတာ့ တ႐ုတ္ျပည္မႀကီး ျပင္ပကေန ျပန္လာသူေတြ ျဖစ္ပါတယ္။

တ႐ုတ္ႏုိင္ငံမွာ မတ္လကတည္းက ျပည္တြင္းမွာ ေရာဂါပုိုးကူးစက္မႈ ရပ္သြားခဲ့တာျဖစ္ေပမယ့္ ေဒသအလိုက္ ပ်ံ႕ႏွံ႔ကူးစက္တာေတြ အဲဒီအခ်ိန္ကတည္းက ရွိလာေနတာပါ။

ၾသစေၾတးလ်ႏုိင္ငံ၊ ဗစ္တိုးရီးယားျပည္နယ္မွာ COVID-19 ေရာဂါကူးစက္သူ ေနာက္ထပ္ ၄၆၆ ဦးရွိခဲ့ၿပီး ေသဆံုးသူလည္း ၁၂ ေယာက္ ထပ္တိုးပါတယ္။

မဲလ္ဘုန္းၿမိဳ႕ကို ခုခ်ိန္ထိ အသြားအလာ ပိတ္ပင္ကန္႔သတ္ထားသလို ညမထြက္ရအမိန္႔လည္း ထုတ္ျပန္ထားဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

အိန္ဒိယမှာ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၉၀၀ ကျော်ရှိ

မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ၂၄ နာရီအတွင်း COVID-19 ရောဂါကြောင့် သေဆုံးသူ ၉၃၃ ဦး အပါအဝင် နောက်ထပ် ရောဂါကူးစက်သူပေါင်း ၆၁,၀၀၀ ကျော် ရှိခဲ့တာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၂.၁ သန်းနီးပါး ရှိသွားပါပြီ။

လွန်ခဲ့တဲ့ ရက် ၃၀ အတွင်း သေဆုံးသူ ၂၀,၀၀၀ ကျော် အပါအဝင် စုစုပေါင်း သေဆုံးသူ ၄၂,၀၀၀ ကျော်သွားပြီလို့ အိန္ဒိယ ကျန်းမာရေးဌာနက ပြောပါတယ်။

ဇွန်လအလယ်လောက်ကတည်းက တနေ့ကို ပျမ်းမျှကူးစက်ခံရသူ အရေအတွက်ဟာ ၅၀,၀၀၀ ပတ်ဝန်းကျင် ရှိလာနေတာပါ။

အမေရိကန်နဲ့ ဘရာဇီးလ်ပြီးရင် အိန္ဒိယနိုင်ငံဟာ တကမ္ဘာလုံးမှာ ရောဂါပိုး ကူးစက်သူ အရေအတွက် တတိယအများဆုံးနိုင်ငံ ဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်က ၂ ရာခိုင်နှုန်းလောက်ပဲရှိတာမို့ အမေရိကန်နဲ့ ဘရာဇီးလ်တို့ထက်တော့ အများကြီး ပိုနည်းပေမယ့်လည်း ဗိုင်းရပ်စ်ပိုးဟာ တနိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့်ကို ကူးစက်နေတာ ဖြစ်ပါတယ်။

COVID-19 ရောဂါပိုး စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း နောက်ထပ် ရောဂါကူးစက်ခံရသူ ၃၁ ဦး ရှိခဲ့ပါတယ်။ ကူးစက်ခံရသူ အများစုဟာ နိုင်ငံအနောက်ဖျား ရှင်ကျန်းဒေသကဖြစ်ပြီး အဲဒီမှာ ရောဂါပိုး ကူးစက်ခံထားရသူ ၇၅၀ နီးပါး ရှိထားပါတယ်။

ရှင်ကျန်းဒေသမှာ နောက်ထပ်ကူးစက်သူ ၂၅ ဦးရှိတယ်လို့ တရုတ်ကျန်းမာရေးကော်မရှင်က ဒီကနေ့ ပြောပါတယ်။ နောက်ထပ် ၆ ဦးကတော့ တရုတ်ပြည်မကြီး ပြင်ပကနေ ပြန်လာသူတွေ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ မတ်လကတည်းက ပြည်တွင်းမှာ ရောဂါပိုးကူးစက်မှု ရပ်သွားခဲ့တာဖြစ်ပေမယ့် ဒေသအလိုက် ပျံ့နှံ့ကူးစက်တာတွေ အဲဒီအချိန်ကတည်းက ရှိလာနေတာပါ။

သြစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်မှာ COVID-19 ရောဂါကူးစက်သူ နောက်ထပ် ၄၆၆ ဦးရှိခဲ့ပြီး သေဆုံးသူလည်း ၁၂ ယောက် ထပ်တိုးပါတယ်။

မဲလ်ဘုန်းမြို့ကို ခုချိန်ထိ အသွားအလာ ပိတ်ပင်ကန့်သတ်ထားသလို ညမထွက်ရအမိန့်လည်း ထုတ်ပြန်ထားဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG