သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး သန္း ၁၀၀ ၀ယ္ယူဖို႔ ကန္အစိုးရနဲ႔ Moderna သေဘာတူ


"COVID 19 ကာကြယ္ေဆး" လို႔ တံဆိပ္ကပ္ထာတဲ့ ပုလင္း တခ်ိဳ႕။

[Zawgyi/Unicode]

COVID-19 ေရာဂါကာကြယ္ေဆးထုတ္ဖုိ႔ စမ္းသပ္ေနတဲ့ အေမရိကန္ ဇီဝနည္းပညာကုမၸဏီ Moderna က ေဆး သန္း ၁၀၀ ထုတ္ေပးဖို႔ အေမရိကန္ျပည္ေထာင္စုအစိုးရနဲ႔ သေဘာတူ စာခ်ဳပ္ခဲ့တယ္လို႔ သမၼတ Donald Trump ကေျပာၾကားခဲ့ပါတယ္။ အေမရိကန္ ကူးစက္ေရာဂါဌာန၊ သုေတသနဌာနနဲ႔ Moderna ကုမၸဏီတို႔ေပါင္းၿပီး ေဖာ္စပ္ထားတဲ့ ကိုဗစ္ေရာဂါကာကြယ္ေဆး သံုးမ်ဳိးကို လူေတြနဲ႔ စမ္းသပ္ေနတာ ေနာက္ဆံုးအဆင့္မွာ ေရာက္ေနပါၿပီ။

အေမရိကန္ သမၼတ Donald Trump
အေမရိကန္ သမၼတ Donald Trump

ကာကြယ္ေဆးကို အတည္ျပဳတာနဲ႔ ေဆး သန္း ၁၀၀ အျမန္ဆံုးထုတ္လုပ္ေပးဖို႔နဲ႔ ေနာက္ထပ္ သန္း ၅၀၀ မၾကာခင္ဆက္ၿပီး ထုတ္လုပ္ေပးဖုိ႔ အေမရိကန္အစိုးရနဲ႔ Moderna ကုမၸဏီတို႔ သေဘာတူခဲ့တယ္လို႔ သမၼတ Trump က အဂၤါေန႔ သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ကမာၻတဝန္း COVID-19 ကပ္ေရာဂါကူးစက္သူ သန္း ၂၀ ေက်ာ္႐ွိေနႏိုင္မွာ အစိုးရေတြနဲ႔ ဇီဝနည္းပညာကုမၸဏီေတြဟာ ကိုဗစ္ေရာဂါကာကြယ္ေဆး ထုတ္ႏိုင္ဖုိ႔ အပူတျပင္းႀကိဳးစားေနၾကတာပါ။ ကမာၻတဝန္းစမ္းသပ္ေနၾကတဲ့ ကိုဗစ္ေရာဂါ ကာကြယ္ေဆးအမ်ဳိး ၁၀၀ ေက်ာ္႐ွိပါတယ္။

႐ု႐ွားႏိုင္ငံကေတာ့ ပထမဆံုးကိုဗစ္ကာကြယ္ေဆးကို အတည္ျပဳလိုက္ၿပီလို႔ ႐ု႐ွားသမၼတက အဂၤါေန႔က ေၾကညာပါတယ္။ ဒါေပမဲ့ အေသအခ်ာစမ္းသပ္ခဲ့ပံု မရတဲ့ ေဆးအတြက္ WHO ကမာၻ႔က်န္းမာေရးအဖဲြ႔နဲ႔ ႐ု႐ွားႏိုင္ငံထဲက အပါအဝင္ သိပၸံပညာ႐ွင္ေတြကေမးခြန္းထုတ္ေနၾကပါတယ္။ အေမရိကန္၊ ၿဗိတိန္၊ ကေနဒါႏိုင္ငံေတြမွာ ကိုဗစ္ကာကြယ္ေဆး စမ္းသပ္ေနၾကတဲ့ ဓါတ္ခဲြခန္းေတြကေန ႐ု႐ွားက အခ်က္အလက္ေတြ ခိုးယူတယ္လို႔ စြပ္စြဲမႈေတြလည္း ႐ွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာကွယ်ဆေး သန်း ၁၀၀ ဝယ်ယူဖို့ ကန်အစိုးရနဲ့ Moderna သဘောတူ

COVID-19 ရောဂါကာကွယ်ဆေးထုတ်ဖို့ စမ်းသပ်နေတဲ့ အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna က ဆေး သန်း ၁၀၀ ထုတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုအစိုးရနဲ့ သဘောတူ စာချုပ်ခဲ့တယ်လို့ သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်။ အမေရိကန် ကူးစက်ရောဂါဌာန၊ သုတေသနဌာနနဲ့ Moderna ကုမ္ပဏီတို့ပေါင်းပြီး ဖော်စပ်ထားတဲ့ ကိုဗစ်ရောဂါကာကွယ်ဆေး သုံးမျိုးကို လူတွေနဲ့ စမ်းသပ်နေတာ နောက်ဆုံးအဆင့်မှာ ရောက်နေပါပြီ။

ကာကွယ်ဆေးကို အတည်ပြုတာနဲ့ ဆေး သန်း ၁၀၀ အမြန်ဆုံးထုတ်လုပ်ပေးဖို့နဲ့ နောက်ထပ် သန်း ၅၀၀ မကြာခင်ဆက်ပြီး ထုတ်လုပ်ပေးဖို့ အမေရိကန်အစိုးရနဲ့ Moderna ကုမ္ပဏီတို့ သဘောတူခဲ့တယ်လို့ သမ္မတ Trump က အင်္ဂါနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါကူးစက်သူ သန်း ၂၀ ကျော်ရှိနေနိုင်မှာ အစိုးရတွေနဲ့ ဇီဝနည်းပညာကုမ္ပဏီတွေဟာ ကိုဗစ်ရောဂါကာကွယ်ဆေး ထုတ်နိုင်ဖို့ အပူတပြင်းကြိုးစားနေကြတာပါ။ ကမ္ဘာတဝန်းစမ်းသပ်နေကြတဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေးအမျိုး ၁၀၀ ကျော်ရှိပါတယ်။

ရုရှားနိုင်ငံကတော့ ပထမဆုံးကိုဗစ်ကာကွယ်ဆေးကို အတည်ပြုလိုက်ပြီလို့ ရုရှားသမ္မတက အင်္ဂါနေ့က ကြေညာပါတယ်။ ဒါပေမဲ့ အသေအချာစမ်းသပ်ခဲ့ပုံ မရတဲ့ ဆေးအတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ရုရှားနိုင်ငံထဲက အပါအဝင် သိပ္ပံပညာရှင်တွေကမေးခွန်းထုတ်နေကြပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ကနေဒါနိုင်ငံတွေမှာ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်နေကြတဲ့ ဓါတ်ခွဲခန်းတွေကနေ ရုရှားက အချက်အလက်တွေ ခိုးယူတယ်လို့ စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG