သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကပ်ဘေးကာလ ဗြိတန်စီးပွားရေး စံချိန်တင်ကျဆင်း


လန်ဒန်မြို့မှာ တွေ့ရတဲ့ မြင်ကွင်း လူတချို့။ (သြဂုတ် ၀၉၊ ၂၀၂၀)
လန်ဒန်မြို့မှာ တွေ့ရတဲ့ မြင်ကွင်း လူတချို့။ (သြဂုတ် ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး Rishi Sunak
ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး Rishi Sunak

ဗြိတိန်နိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် ကန့်သတ်ချက်တွေ အတင်းကြပ်ဆုံး ချမှတ်ခဲ့တဲ့ ဧပြီလကနေ ဇွန် အတွင်း စီးပွးရေးဟာ ၂၀.၄ ရာခိုင်နှုန်း စံချိန်တင်အောင် ကျသွားခဲ့ပါတယ်။ ဒီကနေ့ အစိုးရထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ကမ္ဘာမှာ စီးပွားရေးအင်အားအကြီးဆုံး ဆဋ္ဌမနေရာမှာရှိတဲ့ ဗြိတိန်နိုင်ငံဟာ ဒုတိယ ၃ လပတ်မှာလည်း စီးပွားရေးဆက်တိုက် ကျခဲ့တဲ့အတွက် စီးပွားရေးကျဆင်းမှုထဲ ဝင်ရောက်သွားပြီဖြစ်ပါတယ်။ ဗြိတိန်ပြည်သူတွေအနေနဲ့ ခက်ခဲတဲ့ အခြေအနေကို ဖြတ်သန်းကြရလိမ့်မယ်လို့ ဘဏ္ဍာရေးဝန်ကြီး Rishi Sunak အခုလို ပြောကြားပါတယ်။

ခက်ခဲတဲ့အချိန်တွေ ရောက်လာမယ်လို့ လွန်ခဲ့တဲ့ လအနည်းငယ်က ပြောခဲ့တဲ့အတိုင်း ဒီကနေ့ ထွက်လာတဲ့ ကိန်းဂဏန်းတွေအရ အဲဒီအခြေအနေကို ရောက်နေပါပြီ။ အလုပ်ပြုတ်သူ သိန်းနဲ့ချီရှိနေပြီး နောက်ထပ် အများကြီးလဲ အလုပ်အကိုင်တွေ ဆုံးရှုံးကြလိမ့်ဦးမယ်လို့ ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့တာပါ။

ဗြိတိန်စာရင်းအင်းဌာနရဲ့ ထုတ်ပြန်ချက်အရ အခုနှစ် ပထမ ၃ လပတ်မှာ စီးပွားရေး ၂.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ COVID-19 ကပ်ရောဂါကြောင့် မတ်လ ၂၄ ရက်နေ့မှာ အသွားအလာကန့်သတ်ချက်တွေ တင်းတင်းကြပ်ကြပ်ချမှတ်ခဲ့ပြီးနောက်မှာတော့ ဒုတိယ ၃ လပတ်မှာ စီးပွားရေး ၂၀ ရာခိုင်နှုန်းကျော်အထိ စံချိန်တင် ကျသွားခဲ့တာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံဟာ ကပ်ရောဂါဒဏ်ကို ဥရောပမှာ အဆိုးဆုံးခံရတဲ့ နိုင်ငံ ၁ ခုဖြစ်ပြီး COVID-19 ကြောင့် သေဆုံးသူ ၅၀,၀၀၀ ကျော်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]


ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး Rishi Sunak
ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး Rishi Sunak




XS
SM
MD
LG