သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္နဲ႔ ကေနဒါနယ္စပ္ကုိ ေနာက္တလ ထပ္ပိတ္ထားမည္


ကန္နဲ႔ ကေနဒါနယ္စပ္

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုဟာ ကမာၻမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈနဲ႔ ေသဆံုးမႈ အမ်ားဆံုး အျဖစ္ ဆက္ရွိေနဆဲ ျဖစ္တဲ့အတြက္ (မသြားမျဖစ္ကိစၥရပ္ေတြကလြဲၿပီး) အေမရိကန္နဲ႔ ကေနဒါ ၂ ႏိုင္ငံ နယ္စပ္ကို ေနာက္တလထပ္ၿပီး ဆက္ပိတ္ထားမွာ ျဖစ္ေၾကာင္း ကေနဒါက ေသာၾကာေန႔မွာ ေၾကညာပါတယ္။

ကေနဒါႏိုင္ငံဘက္မွာ ဒီေရာဂါ ကူးစက္မႈ အတြက္ ထိန္းခ်ဳပ္မႈ ေအာင္ျမင္ေနတာေၾကာင့္ ကူးစက္မႈ မထိန္းခ်ဳပ္ႏိုင္တဲ့ အေမရိကန္နဲ႔ နယ္စပ္လမ္းေၾကာင္း ေတြ ျပန္ဖြင့္မွာကို ကေနဒါ ႏိုင္ငံသား အမ်ားက စိုးရိမ္ေနၾကဆဲ ျဖစ္ပါတယ္။

Johns Hopkins တကၠသိုလ္ ကေကာက္ယူတဲ့ စစ္တမ္းအရ ကေနဒါမွာ ဒီေရာဂါ ကူးစက္ခံရသူ တသိန္း ေက်ာ္ (၁၂၃,၀၀၀) နဲ႔ ေသဆံုးရသူ ၉ ၀၀၀ ေက်ာ္ပဲ ရွိေပမယ့္ အေမရိကန္ ဘက္မွာေတာ့ ကူးစက္ခံရသူ ၅.၂ သန္းေက်ာ္ နဲ႔ ေသဆံုးရသူ တသိန္း၇ ေသာင္းနီးပါး (၁၆၇,၀၀၀) ရွိေနတာပါ။ အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယား ျပည္နယ္မွာ ၾကာသပေတးေန႔က အကူးစက္ခံရသူ ေနာက္ထပ္ ရွစ္ေထာင္ေလာက္နဲ႔ ေသဆံုးသူ ၂၀၀ နီးပါး ရွိခဲ့ပါတယ္။

အေမရိကန္နဲ႔ နယ္စပ္ေက်ာ္ျဖတ္မႈအတြက္ မက္ဆီကိုက အလားတူ ေၾကညာခ်က္ ထုတ္ျပန္ၿပီး ေနာက္တရက္မွာပဲ ကေနဒါက မတ္လထဲမွာ နယ္စပ္ေက်ာ္ျဖတ္မႈ ကန္႔သတ္ခ်က္ ထုတ္ျပန္လိုက္တာပါ။

စပိန္ႏိုင္ငံမွာေတာ့ ကိုရိုနာဗုိငး္ရပ္စ္ကူးစက္မႈ တိုးလာတာေၾကာင့္ ေသာၾကာေန႔မွာပဲ စပိန္က်န္းမာေရးဝန္ႀကီး Salvador Illa က ကန္႔သတ္မႈ အသစ္ေတြ ေၾကညာလိုက္ပါတယ္။ ႏိုင္ငံတြင္း ဒစ္စကိုနဲ႔ ညကလပ္အားလံုး ပိတ္ထားဖို႔နဲ႔ လူအမ်ား သြားလာတဲ့ ေနရာေတြမွာ အနည္းဆံုး ၃ ေပ မခြါႏိုင္ရင္ ေဆးလိပ္မေသာက္ဖို႔လည္း တားျမစ္လိုက္ပါတယ္။ စပိန္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ သီတင္း ၂ ပတ္မွာ တေန႔ကို ေရာဂါ အကူးစက္ခံရသူ ၃၅၀၀ ပ်မ္းမ ွ်နဲ႔ ငါးေသာင္းေလာက္ အကူးစက္ခံခဲ့ရတာပါ။

ဒီကပ္ေရာဂါ အတြက္ ေရာဂါ ရွိမရွိ စမ္းသပ္မႈေတြ၊ လူနာေတြကို သီးျခားခြဲထားၿပီး ျပဳစုတာေတြနဲ႔ ေရာဂါရွိသူနဲ႔ ထိေတြ႔ဆက္ဆံခဲ့သူေတြကို ေစာင့္ၾကည့္ ေနာက္ေယာင္ခံလိုက္တာနဲ႔ သီးျခားေနခိုင္းတာေတြ လို လုပ္သင့္တာ အားလံုးကို အစိုးရေတြက လုပ္ေဆာင္ရမွာ ျဖစ္ေၾကာင္း WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ အႀကီးအကဲ Tedros Adhanom Ghebreyesus ကေျပာပါတယ္။

ကန္နဲ႔ ကေနဒါနယ္စပ္ကုိ ေနာက္တလ ထပ္ပိတ္ထားမည္
please wait

No media source currently available

0:00 0:01:27 0:00
တိုက္႐ိုက္ လင့္ခ္


..............

ကန်နဲ့ ကနေဒါနယ်စပ်ကို နောက်တလ ထပ်ပိတ်ထားမည်

(Unicode)

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး အဖြစ် ဆက်ရှိနေဆဲ ဖြစ်တဲ့အတွက် (မသွားမဖြစ်ကိစ္စရပ်တွေကလွဲပြီး) အမေရိကန်နဲ့ ကနေဒါ ၂ နိုင်ငံ နယ်စပ်ကို နောက်တလထပ်ပြီး ဆက်ပိတ်ထားမှာ ဖြစ်ကြောင်း ကနေဒါက သောကြာနေ့မှာ ကြေညာပါတယ်။

ကနေဒါနိုင်ငံဘက်မှာ ဒီရောဂါ ကူးစက်မှု အတွက် ထိန်းချုပ်မှု အောင်မြင်နေတာကြောင့် ကူးစက်မှု မထိန်းချုပ်နိုင်တဲ့ အမေရိကန်နဲ့ နယ်စပ်လမ်းကြောင်း တွေ ပြန်ဖွင့်မှာကို ကနေဒါ နိုင်ငံသား အများက စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။

Johns Hopkins တက္ကသိုလ် ကကောက်ယူတဲ့ စစ်တမ်းအရ ကနေဒါမှာ ဒီရောဂါ ကူးစက်ခံရသူ တသိန်း ကျော် (၁၂၃,၀၀၀) နဲ့ သေဆုံးရသူ ၉ ၀၀၀ ကျော်ပဲ ရှိပေမယ့် အမေရိကန် ဘက်မှာတော့ ကူးစက်ခံရသူ ၅.၂ သန်းကျော် နဲ့ သေဆုံးရသူ တသိန်း၇ သောင်းနီးပါး (၁၆၇,၀၀၀) ရှိနေတာပါ။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ကြာသပတေးနေ့က အကူးစက်ခံရသူ နောက်ထပ် ရှစ်ထောင်လောက်နဲ့ သေဆုံးသူ ၂၀၀ နီးပါး ရှိခဲ့ပါတယ်။

အမေရိကန်နဲ့ နယ်စပ်ကျော်ဖြတ်မှုအတွက် မက်ဆီကိုက အလားတူ ကြေညာချက် ထုတ်ပြန်ပြီး နောက်တရက်မှာပဲ ကနေဒါက မတ်လထဲမှာ နယ်စပ်ကျော်ဖြတ်မှု ကန့်သတ်ချက် ထုတ်ပြန်လိုက်တာပါ။

စပိန်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တိုးလာတာကြောင့် သောကြာနေ့မှာပဲ စပိန်ကျန်းမာရေးဝန်ကြီး Salvador Illa က ကန့်သတ်မှု အသစ်တွေ ကြေညာလိုက်ပါတယ်။ နိုင်ငံတွင်း ဒစ်စကိုနဲ့ ညကလပ်အားလုံး ပိတ်ထားဖို့နဲ့ လူအများ သွားလာတဲ့ နေရာတွေမှာ အနည်းဆုံး ၃ ပေ မခွါနိုင်ရင် ဆေးလိပ်မသောက်ဖို့လည်း တားမြစ်လိုက်ပါတယ်။ စပိန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်မှာ တနေ့ကို ရောဂါ အကူးစက်ခံရသူ ၃၅၀၀ ပျမ်းမ ျှနဲ့ ငါးသောင်းလောက် အကူးစက်ခံခဲ့ရတာပါ။

ဒီကပ်ရောဂါ အတွက် ရောဂါ ရှိမရှိ စမ်းသပ်မှုတွေ၊ လူနာတွေကို သီးခြားခွဲထားပြီး ပြုစုတာတွေနဲ့ ရောဂါရှိသူနဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေကို စောင့်ကြည့် နောက်ယောင်ခံလိုက်တာနဲ့ သီးခြားနေခိုင်းတာတွေ လို လုပ်သင့်တာ အားလုံးကို အစိုးရတွေက လုပ်ဆောင်ရမှာ ဖြစ်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus ကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG