သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အလုပ်လက်မဲ့တွေကို သီတင်းတပတ် ဒေါ်လာ ၄၀၀ ပေးဖို့ သမ္မတ ညွှန်ကြား


အလုပ်လက်မဲ့ ဖြစ်နေတဲ့ အမေရိကန်တွေအတွက် စီးပွားရေး ထောက်ကူ ပံ့ပိုးပေးမှုဆိုင်ရာ အမိန့်ညွှန်ကြားချက်ကို လက်မှတ်ထိုးနေတဲ့ Donald Trump. (သြဂုတ် ၈၊ ၂၀၂၀)
အလုပ်လက်မဲ့ ဖြစ်နေတဲ့ အမေရိကန်တွေအတွက် စီးပွားရေး ထောက်ကူ ပံ့ပိုးပေးမှုဆိုင်ရာ အမိန့်ညွှန်ကြားချက်ကို လက်မှတ်ထိုးနေတဲ့ Donald Trump. (သြဂုတ် ၈၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကပ်ဘေးကြောင့် အလုပ်လက်မဲ့ ဖြစ်နေတဲ့ သန်းနဲ့ချီတဲ့ အမေရိကန်တွေအတွက် စီးပွားရေး ထောက်ကူ ပံ့ပိုးပေးမှုဆိုင်ရာ သမ္မတရဲ့ အမိန့်ညွှန်ကြားချက်ကို အမေရိကန်သမ္မတ Donald Trump က စနေနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါပြီ။

နယူးဂျာစီပြည်နယ် Bedminster က သူ့ရဲ့ ဂေါ့ဖ်ကွင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ညွှန်ကြားချက်မှာပါတဲ့ အချက်လေးချက်ကို ရှင်းပြခဲ့ပါတယ်။

အရင်က သီတင်းတပတ်ကို ဒေါ်လာ ၆၀၀ ပေးနေတဲ့ အလုပ်လက်မဲ့ ခံစားခွင့်ကို အခုအခါမှာ သီတင်းတပတ် ဒေါ်လာ ၄၀၀ ဆက်လက်ပေးမှာဖြစ်ပြီး ပြည်နယ်တွေက ၂၅ ရာခိုင်နှုန်း ကျခံရမှာဖြစ်ပြီး ပြည်ထောင်စုအစိုးရက ၇၅ ရာခိုင်နှုန်း ကျခံမှာဖြစ်ပါတယ်။

COVID-19 ထောက်ပံ့ရေးအစီအစဉ် လွှတ်တော်သဘောတူညီချက်မရသေး
please wait

No media source currently available

0:00 0:03:52 0:00

ဒေါ်လာ ၁၀၀,၀၀၀ အောက် ဝင်ငွေရှိတဲ့ အမေရိကန်တွေကိုတော့ အခွန်သက်သာခွင့်ပေးမှာ ဖြစ်ပါတယ်။ နောက် ကျောင်းသားချေးငွေတွေ ပြန်ဆပ်နေတာကို ဆိုင်းငံ့ပေးထားမှာ ဖြစ်ပါတယ်။ နောက် အိမ်တွေကနေ ဖယ်ရှားခိုင်းတာကို ဆိုင်းငံ့ထားချက်ကိုလည်း သက်တမ်းတိုးလိုက်ပါတယ်။

ကပ်ဘေးရောဂါနဲ့ မဆိုင်တာတွေကို ကူညီပံ့ပိုးမှုဆိုင်ရာ ဥပဒေကြမ်းမှာ ဒီမိုကရက် လွှတ်တော်အမတ်တွေက ထည့်တယ်လို့ သမ္မတ Trump က စွပ်စွဲပါတယ်။

ဒီမိုကရက်တွေဖြစ်ကြတဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi နဲ့ အထက်လွှတ်တော်အမတ် အနည်းစုခေါင်းဆောင် Chuck Schumer တို့က မူလ အဆိုပြုထားတဲ့ ဒေါ်လာ ၃ ဒသမ ၄ ထရီလီယံ တန်ဖိုးရှိ ကိုရိုနာဗိုင်းရပ်စ် ကူညီ ထောက်ပံ့ရေး အစီအစဉ်ကို သုံးပုံတပုံနီးပါး လျှော့ချမယ်၊ ရီပတ်ဘလစ်ကန်တွေဘက်က အဆိုပြုထားတဲ့ ဒေါ်လာ ၁ ထရီလီယံကို ထပ်တိုးပေးဖို့ သဘောတူရမယ်ဆိုပြီး သောကြာနေ့က ကမ်းလှမ်းခဲ့တာပါ။

ဒါပေမယ့်လည်း အစိုးရဘက်က စေ့စပ်ညှိနှိုင်းသူတွေဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin နဲ့ အိမ်ဖြူတော် အရာရှိချုပ် Mark Meadows တို့က ဒီမိုကရက်တွေရဲ့ ကမ်းလှမ်းချက်ကို လက်မခံခဲ့ကြပါဘူး။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)









XS
SM
MD
LG