[Zawgyi/Unicode]
အိႏၵိယႏိုင္ငံမွာေတာ့ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ေသာၾကာေန႔တရက္ထဲ ေသဆုံးသူ ၁၀,၀၇ ရွိတ့ဲအတြက္ ကမၻာမွာ ေသဆုံးသူအမ်ားဆုံး စတုတၳေျမာက္ႏုိင္ငံျဖစ္လာပါတယ္။ အေမရိကန္၊ ဘရာဇီးလ္းနဲ႔ မကၠဆီကိုႏုိင္ငံေတြကေတာ့ ေသဆုံးသူအမ်ားဆုံးရွိတဲ့ ထိပ္က ၃ ႏုိင္ငံပါ။
ေသာၾကာတရက္ထဲ ပိုးကူးခံရသူ ၆၄,၅၀၀ ေက်ာ္ရွိတဲ့အတြက္လည္း အိႏၵိယမွာ ပိုးကူးခံရသူ စုစုေပါင္း ၂.၄ သန္းေက်ာ္သြားပါၿပီ။ ပိုးကူးခံထားရသူအေနနဲ႔ဆိုရင္ေတာ့ အေမရိကန္နဲ႔ ဘရာဇီးလ္ၿပီးရင္ အိႏၵိယက တတိယအမ်ားဆုံးပါ။ အိႏၵိယက ပိုးကူးခံရသူ ၇၀ ရာခိုင္ႏႈန္း ေက်ာ္ကေတာ့ သက္သာသြားၾကပါၿပီ။ ကပ္ေရာဂါကန္႔သတ္ခ်က္ေတြ ေျဖေလ ွ်ာ့ၿပီး လုပ္ငန္းေတြ ျပန္ဖြင့္ခြင့္ျပဳလိုက္တဲ့အခ်ိန္မွာ ပိုးကူးစက္မႈတရွိန္ထိုး ျမင့္တက္လာတာျဖစ္ပါတယ္။ ေျမေအာက္ရထားလိုင္းေတြ၊ ေက်ာင္းေတြနဲ႔ ရုပ္ရွင္ရုံေတြကိုေတာ့ ပိတ္ထားပါေသးတယ္။
အာရွပစိဖိတ္နုိင္ငံေတြထဲမွာဆိုရင္ေတာ့ ေတာင္ကိုရီးယားမွာ တရက္ထဲအမ်ားဆုံး ပိုးကူးခံရသူ ၁၀၃ ဦးေတြ႔ရွိခဲ့ပါတယ္။ အမ်ားစုကေတာ့ ဆိုးလ္္ၿမိဳ ႔က ျဖစ္တာေၾကာင့္ အနီးတ၀ုိက္က ခရစ္ယာန္ဘုရားေက်ာင္းေတြကို အုပ္ခ်ဳပ္ေရးမွဴးက၂ ပတ္ၾကာ ပိတ္ထားလိုက္ပါတယ္။
ေတာင္ကိုရီးယားမွာ ခရစ္ယာန္ဘုရားေက်ာင္းေတြကေန အဓိကပိုးကူးစက္ေနတာပါ။ နယူးဇီလန္ႏုိင္ငံမွာေတာ့ ၃ လေက်ာ္အတြင္း ျပည္တြင္းပိုးကူးခံရသူ ၃၀ ေက်ာ္ထိျပန္ေတြ႔လာတဲ့အတြက္ Auckland ၿမိဳ ႔မွာ ခ်မွတ္ထားတဲ့ သြားလာကန္႔သတ္မႈ ေနာက္ထပ္ ၁၂ ရက္တိုးလိုက္ပါတယ္။ ေဟာင္ေကာင္မွာေတာ့ မေန႔က ပိုးကူးသူအသစ္ ၆၉ ဦးနဲ႔ ေသဆုံးသူ ၃ ဦးရွိခဲ့တာပါ။
ဖိလစ္ပိုင္မွာလည္း ဒီကေန႔ ပိုးကူးသူ ၆,၂၁၆ ဦးတိုးလာေၾကာင့္ စုစုေပါင္း ၁၅၀,၀၀၀ ေက်ာ္ရွိေၾကာင္း အစိုးရထုတ္ျပန္ခ်က္မွာေဖာ္ျပပါတယ္။ အင္ဒိုနီးရွားမွာေတာ့ ဒီကေန႔ပိုးကူးခံရသူ ၂,၃၀၇ ဦးနဲ႔ေသဆုံးသူ ၅၃ ဦးရွိေၾကာင္း COVID-19 ကိုင္တြယ္ထိန္းခ်ဳပ္ေရး တာ၀န္ရွိသူေတြကေျပာပါတယ္။
[Unicode Version]
အိန္ဒိယနိုင်ငံ ကိုဗစ်ကြောင့် ကမ္ဘာမှာသေဆုံးမှု စတုတ္ထအများဆုံးဖြစ်လာ
အိန္ဒိယနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သောကြာနေ့တရက်ထဲ သေဆုံးသူ ၁၀,၀၇ ရှိတဲ့အတွက် ကမ္ဘာမှာ သေဆုံးသူအများဆုံး စတုတ္ထမြောက်နိုင်ငံဖြစ်လာပါတယ်။ အမေရိကန်၊ ဘရာဇီးလ်းနဲ့ မက္ကဆီကိုနိုင်ငံတွေကတော့ သေဆုံးသူအများဆုံးရှိတဲ့ ထိပ်က ၃ နိုင်ငံပါ။
သောကြာတရက်ထဲ ပိုးကူးခံရသူ ၆၄,၅၀၀ ကျော်ရှိတဲ့အတွက်လည်း အိန္ဒိယမှာ ပိုးကူးခံရသူ စုစုပေါင်း ၂.၄ သန်းကျော်သွားပါပြီ။ ပိုးကူးခံထားရသူအနေနဲ့ဆိုရင်တော့ အမေရိကန်နဲ့ ဘရာဇီးလ်ပြီးရင် အိန္ဒိယက တတိယအများဆုံးပါ။ အိန္ဒိယက ပိုးကူးခံရသူ ၇၀ ရာခိုင်နှုန်း ကျော်ကတော့ သက်သာသွားကြပါပြီ။ ကပ်ရောဂါကန့်သတ်ချက်တွေ ဖြေလေ ျှာ့ပြီး လုပ်ငန်းတွေ ပြန်ဖွင့်ခွင့်ပြုလိုက်တဲ့အချိန်မှာ ပိုးကူးစက်မှုတရှိန်ထိုး မြင့်တက်လာတာဖြစ်ပါတယ်။ မြေအောက်ရထားလိုင်းတွေ၊ ကျောင်းတွေနဲ့ ရုပ်ရှင်ရုံတွေကိုတော့ ပိတ်ထားပါသေးတယ်။
အာရှပစိဖိတ်နိုင်ငံတွေထဲမှာဆိုရင်တော့ တောင်ကိုရီးယားမှာ တရက်ထဲအများဆုံး ပိုးကူးခံရသူ ၁၀၃ ဦးတွေ့ရှိခဲ့ပါတယ်။ အများစုကတော့ ဆိုးလ်မြို့က ဖြစ်တာကြောင့် အနီးတဝိုက်က ခရစ်ယာန်ဘုရားကျောင်းတွေကို အုပ်ချုပ်ရေးမှူးက၂ ပတ်ကြာ ပိတ်ထားလိုက်ပါတယ်။
တောင်ကိုရီးယားမှာ ခရစ်ယာန်ဘုရားကျောင်းတွေကနေ အဓိကပိုးကူးစက်နေတာပါ။ နယူးဇီလန်နိုင်ငံမှာတော့ ၃ လကျော်အတွင်း ပြည်တွင်းပိုးကူးခံရသူ ၃၀ ကျော်ထိပြန်တွေ့လာတဲ့အတွက် Auckland မြို့မှာ ချမှတ်ထားတဲ့ သွားလာကန့်သတ်မှု နောက်ထပ် ၁၂ ရက်တိုးလိုက်ပါတယ်။ ဟောင်ကောင်မှာတော့ မနေ့က ပိုးကူးသူအသစ် ၆၉ ဦးနဲ့ သေဆုံးသူ ၃ ဦးရှိခဲ့တာပါ။
ဖိလစ်ပိုင်မှာလည်း ဒီကနေ့ ပိုးကူးသူ ၆,၂၁၆ ဦးတိုးလာကြောင့် စုစုပေါင်း ၁၅၀,၀၀၀ ကျော်ရှိကြောင်း အစိုးရထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ အင်ဒိုနီးရှားမှာတော့ ဒီကနေ့ပိုးကူးခံရသူ ၂,၃၀၇ ဦးနဲ့သေဆုံးသူ ၅၃ ဦးရှိကြောင်း COVID-19 ကိုင်တွယ်ထိန်းချုပ်ရေး တာဝန်ရှိသူတွေကပြောပါတယ်။