(Zawgyi / Unicode)
အိႏၵိယႏိုင္ငံမွာ COVID-19 ေရာဂါကာကြယ္ေဆး စမ္းသပ္မႈ ၃ ခုကို လုပ္ေနတယ္လို႔ ဝန္ႀကီးခ်ဳပ္ Narendra Modi က လြတ္လပ္ေရးေန႔ မိန္႔ခြန္းမွာ ေျပာၾကားသြားပါတယ္။
သိပၸံပညာရွင္ေတြက ေဆးကို အတည္ျပဳတာနဲ႔ အေျမာက္အျမား ထုတ္လုပ္ဖုိ႔ အသင့္ပဲလို႔ သမိုင္းဝင္ Red Fort အနီေရာင္ခံတပ္ႀကီးေနရာမွာ က်င္းပတဲ့ ၇၄ ႏွစ္ျပည့္ လြတ္လပ္ေရးေန႔ အခမ္းအနားမွာ ဝန္ႀကီးခ်ဳပ္ Modi က ေျပာၾကားသြားခဲ့ပါတယ္။
လူဦးေရ ၁ ဘီလ်ံေက်ာ္တဲ့ ႏုိင္ငံထဲက လူတိုင္းအတြက္ National Digital Health က်န္းမာေရးဌာနက က်န္းမာေရးဆိုင္ရာ ID အေထာက္အထားေတြကို လုပ္သြားမယ္လို႔လည္း ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။ လူတုိင္းရဲ႕ က်န္းမာေရး စစ္ေဆးမႈ၊ ေဆးမွတ္တမ္း၊ ေရာဂါသတ္မွတ္ခ်က္ စတာေတြကို မွတ္တမ္းတင္ဖုိ႔ျဖစ္တယ္လို႔ ဆိုပါတယ္။
အိႏၵိယႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 အတည္ျပဳလူနာ ၆ ေသာင္းခဲြေက်ာ္ရွိၿပီး ႏိုင္ငံတဝန္း စုစုေပါင္း ကူးစက္သူ ၂ သန္းခြဲေက်ာ္သြားၿပီလို႔ က်န္းမာေရးဌာနက ဒီကေန႔ အတည္ျပဳပါတယ္။
---------------------------
(Unicode)
အိန္ဒိယမှာ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှု ၃ ခုလုပ်နေ
အိန္ဒိယနိုင်ငံမှာ COVID-19 ရောဂါကာကွယ်ဆေး စမ်းသပ်မှု ၃ ခုကို လုပ်နေတယ်လို့ ဝန်ကြီးချုပ် Narendra Modi က လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။
သိပ္ပံပညာရှင်တွေက ဆေးကို အတည်ပြုတာနဲ့ အမြောက်အမြား ထုတ်လုပ်ဖို့ အသင့်ပဲလို့ သမိုင်းဝင် Red Fort အနီရောင်ခံတပ်ကြီးနေရာမှာ ကျင်းပတဲ့ ၇၄ နှစ်ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဝန်ကြီးချုပ် Modi က ပြောကြားသွားခဲ့ပါတယ်။
လူဦးရေ ၁ ဘီလျံကျော်တဲ့ နိုင်ငံထဲက လူတိုင်းအတွက် National Digital Health ကျန်းမာရေးဌာနက ကျန်းမာရေးဆိုင်ရာ ID အထောက်အထားတွေကို လုပ်သွားမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ လူတိုင်းရဲ့ ကျန်းမာရေး စစ်ဆေးမှု၊ ဆေးမှတ်တမ်း၊ ရောဂါသတ်မှတ်ချက် စတာတွေကို မှတ်တမ်းတင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာ ၆ သောင်းခွဲကျော်ရှိပြီး နိုင်ငံတဝန်း စုစုပေါင်း ကူးစက်သူ ၂ သန်းခွဲကျော်သွားပြီလို့ ကျန်းမာရေးဌာနက ဒီကနေ့ အတည်ပြုပါတယ်။