သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားမှာ COVID-19 ထိန်းချုပ်ရေး ကန့်သတ်ချက်တချို့နဲ့ ပြန်လည်ချမှတ်


ဆိုးလ်လေဆိပ်မှာ တွေ့ရတဲ့ နှာခေါင်းစည်းတပ် ပြင်တွင်းခရီးသွားများ။ (မေ ၂၇၊ ၂၀၂၀)
ဆိုးလ်လေဆိပ်မှာ တွေ့ရတဲ့ နှာခေါင်းစည်းတပ် ပြင်တွင်းခရီးသွားများ။ (မေ ၂၇၊ ၂၀၂၀)

(Zawgyi / Unicode)

တောင်ကိုရီးယားမှာ ၅ လကျော်အတွင်း ကိုရိုနာဗိုင်းရပ်စ် တရက်တာ ကူးစက်မှုနှုန်း စံချိန်တင် မြင့်တက်ခဲ့တာကြောင့် စနေနေ့က ဆိုးလ်မြို့တော်နဲ့ အနီးတဝိုက်မှာ အသွားအလာ ကန့်သတ်ချက်တွေ တင်းကျပ်လိုက်ပါတယ်။ အခုလို ကန့်သတ်လိုက်တဲ့အထဲမှာ အားကစားပွဲတွေ၊ လူစုလူဝေး လုပ်တာတွေအပြင် လူချင်း ခပ်ခွာခွာနေကြဖို့ ပိုပြီးတင်းကျပ်တဲ့ စည်းကမ်းတွေကို အစိုးရက ချမှတ်လိုက်တာပါ။

စနေနေ့တရက်တည်း တောင်ကိုရီးယားမှာ ရောဂါကူးစက်သူ လူနာသစ် ၁၆၆ ယောက် တွေ့ရှိခဲ့တာဖြစ်ပြီး ဒါဟာ မတ်လအစောပိုင်းကတည်းက အခုထိ ၅ လကျော်အတွင်း တရက်တည်းမှာ ကူးစက်မှုအများဆုံး ဖြစ်ပါတယ်။

လက်ရှိမှာ နိုင်ငံတွင်း ရောဂါကူးစက်သူ ၁၅,၀၀၀ ကျော်နဲ့ သေဆုံးသူက ၃၀၅ ယောက် ရှိနေတာပါ။

တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတဲ့ အခြေအနေက အရေးကြီးတဲ့ အဆင့်တခုမှာ ရောက်နေကြောင်းနဲ့ ဆိုးလ်မြို့နဲ့ အနီးတဝိုက် ရောဂါထိန်းချုပ်ရေးကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ် Chung Sye-kyun က ကပ်ရောဂါထိန်းချုပ်ရေး အစိုးရ အစည်းအဝေးတခုမှာ ပြောသွားပါတယ်။

ခုနောက်ဆုံး ကူးစက်မှုသစ် အများစုဟာ ဆိုးလ်မြို့တော်နဲ့ တိုးချဲ့ဧရိယာတဝိုက်မှာ အဓိက ဖြစ်ပွားနေပြီး ဒီလို ကူးစက်မှုနှုန်း မြင့်တက်လာတဲ့အတွက် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ ဒီလို ရောဂါကူးစက် ပြန့်ပွားမှုတွေရှိနေပြီး လူစုလူဝေး မလုပ်ဖို့ တားမြစ်ထားတဲ့ ကြားကပဲ ထောင်နဲ့ချီတဲ့ လက်ယာယိမ်း ဆန္ဒပြသူတွေက သမ္မတ Moon Jae-in ရဲ့ ဗဟိုလက်ဝဲယိမ်း အစိုးရကို ဆန့်ကျင်ပြီး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေမှာ ပါဝင်သူ ၂၀,၀၀၀ လောက်ရှိတယ်လို့ Yonhap သတင်းဌာနက ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)







XS
SM
MD
LG