သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၅ သောင်းကျော်ရှိ


အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမှာ ဒေသခံတွေကို COVID-19 ကူးစက်မှုရှိမရှိ စစ်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (သြဂုတ် ၇၊ ၂၀၂၀)
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမှာ ဒေသခံတွေကို COVID-19 ကူးစက်မှုရှိမရှိ စစ်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (သြဂုတ် ၇၊ ၂၀၂၀)

[Zawgyi/Unicode]

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရက်ထဲသေဆုံးသူ ၉၀၀ ကျော်တိုးလာတဲ့အတွက် သေဆုံးသူစုစုပေါင်း ၅၀,၀၀၀ ကျော်သွားပြီလို့ အိန္ဒိယတာဝန်ရှိသူတွေက တနင်္လာနေ့မှာ ပြောပါတယ်။

အမေရိကန်၊ ဘရာဇီးလ်နဲ့ မက္ကဆီကိုနိုင်ငံပြီးရင် အိန္ဒိယဟာ ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ကမ္ဘာမှာအများဆုံးပါ။ အမေရိကန်ပြည်ထောင်စုမှာလည်း ပိုးကူးစက်မှုတွေ တိုးလာနေတာပါ။ ကူးစက်ရောဂါဆိုင်ရာ ပညာရှင်တွေကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးခံရပြီး ပြန်လည်သက်သာသွားသူတွေအနေနဲ့ နောက်ထပ်တနှစ်လောက်တော့ ပိုးကူးခံရမှာမဟုတ်ဘူးလို့ ခန့်မှန်းနေကြပါတယ်။

ရောဂါကူးစက်ခံရသူ လူနာဟောင်းတွေအနေနဲ့ ၃ လအတွင်း ကူးစက်မှုကနေ ခုခံနိုင်စွမ်း ရှိကြောင်း အမေရိကန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ဌာန CDC ရဲ့ တွေ့ရှိချက်နဲ့ ပတ်သက်လို့ အစားအစာနဲ့ ဆေးဝါးထိန်းချုပ် ကွပ်ကဲရေးဌာန (FDA) အရာရှိဟောင်း Dr. Scott Gottlieb က CBS ရုပ်သံရဲ့ Face the Nation အစီအစဉ်မှာ တနင်္ဂနွေနေ့က ပြောဆိုရာမှာတော့ လူနာဟောင်းတွေဟာ ၆ လကနေ တနှစ်လောက်ထိ ခုခံစွမ်းရှိနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်လို့ ဆရာဝန်တွေ နားမလည်နိုင်သေးတာတွေ အများအပြားရှိနေပါသေးတယ်လို့လည်း Dr Gobblieb ကပြောဆိုခဲ့တာပါ။

အမေရိကန် John Hopkins တက္ကသိုလ်စစ်တမ်းအရ ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ ၂၁.၆ သန်းကျော်နဲ့ သေဆုံးသူ ၇၈၀,၀၀၀ ကျော်ရှိနေတာမှာ အမေရိကန်ပြည်ထောင်စုကတော့ ပိုးကူးခံခဲ့ရသူ ၅.၄ သန်းကျော်နဲ့သေဆုံးသူက ၁၇၀,၀၀၀ ကျော်ရှိပြီး ကူးစက်ခံထားရသူတွေရော သေဆုံးသူပါ ကမ္ဘာမှာ အများဆုံးဖြစ်ပါတယ်။

ဝါရှင်တန်တက္ကသိုလ်ကတော့ စက်တင်ဘာလ ၁ ရက်နေ့အရောက်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့သေဆုံးရတဲ့အမေရိကန်နိုင်ငံသား ၁၈၆,၀၀၀ လောက်ထိရှိနိုင်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့အရောက်မှာ သေဆုံးသူစုစုပေါင်း ၃၉၀,၀၀၀ ကျော်သွားနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၅ သောင်းကျော်ရှိ
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]




အစားအစာနဲ့ ဆေးဝါးထိန်းချုပ် ကွပ်ကဲရေးဌာန (FDA) အရာရှိဟောင်း Dr. Scott Gottlieb
အစားအစာနဲ့ ဆေးဝါးထိန်းချုပ် ကွပ်ကဲရေးဌာန (FDA) အရာရှိဟောင်း Dr. Scott Gottlieb




XS
SM
MD
LG