သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုိ႐ုိနာဗုိင္းရပ္စ္ ၁၅ ေပေလာက္အထိ ကူးစက္ႏုိင္ေၾကာင္း ေလ့လာခ်က္သစ္ ေတြ႔ရွိ


အိႏၵိယႏုိင္ငံ မြမ္ဘုိင္းၿမိဳ႕မွာ ေဒသခံေတြကုိ ကုိယ္အပူခ်ိန္ တုိင္းတာေပးေနတဲ့ က်န္းမာေရးဝန္ထမ္းအခ်ဳိ႕။ (ၾသဂုတ္ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ုိနာဗုိင္းရပ္စ္ အမႈန္ငယ္ေလးေတြဟာ ေရာဂါကူးစက္ခံရထားရသူထံကေန ၄.၈ မီတာ (၁၅ ေပေက်ာ္) ေလာက္အထိ ပ်ံ႕ႏွံ႔ကူးစက္ႏုိင္တာကို ေလ့လာေတြ႔ရွိခဲ့ရေၾကာင္း အေမရိကန္ သိပၸံပညာရွင္ေတြက ေျပာလိုက္ပါတယ္။

အေစာပုိင္းမွာ က်ယ္က်ယ္ျပန္႔ျပန္႔ လက္ခံထားၾကသလုိ လူတေယာက္နဲ႔ တေယာက္ၾကား ၂ မီတာ (၆ ေပေက်ာ္) ခြာၿပီး ေနၾကဖုိ႔ အႀကံျပဳခ်က္ဟာ မွားယြင္းေနၿပီး စိတ္မခ်ရတဲ့အတြက္ လူအမ်ားအျပား စုေ၀းတဲ့ ေနရာမ်ဳိးမွာ ေရာဂါကူးႏုိင္တဲ့ အႏၱရာယ္ ရွိတယ္လုိ႔လည္း ေျပာပါတယ္။

ဖေလာ္ရီဒါတကၠသိုလ္ရဲ႕ Health Shands ေဆး႐ုံက သုေတသန ေလ့လာမႈကိုေတာ့ တျခားသုေတသီေတြက ထပ္မံဆန္းစစ္မႈေတြ မလုပ္ရေသးပါဘူး။

တခ်ိန္တည္းမွာပဲ လူေတြရဲ႕ တံေတြးနဲ႔ သြားရည္ေတြကေန COVID-19 ေရာဂါပိုးရွိမရွိ စမ္းသပ္စစ္ေဆးတာေတြကို အေရးေပၚအေနနဲ႔ အသုံးျပဳဖို႔ အေမရိကန္ရဲ႕ အစားအစာနဲ႔ ေဆး၀ါးစီမံကြပ္ကဲေရးအဖဲြ႔ (FDA) က မေန႔ကပဲ အတည္ျပဳလိုက္ပါတယ္။ ဒီစမ္းသပ္စစ္ေဆးမႈကို Yale တကၠသုိလ္က တီထြင္ထုတ္လုပ္ခဲ့ၿပီး အေမရိကန္ ဘတ္စကက္ေဘာအဖဲြ႔ခ်ဳပ္က ေငြေၾကးကမကထလုပ္ၿပီး ကူညီခဲ့တာပါ။

SalivaDirect လို႔ေခၚတဲ့ ဒီစမ္းသပ္မႈကို ဗုိင္းရပ္စ္ပုိးရွိတယ္လို႔ ယူဆရသူေတြရဲ႕ တံေတြးေတြကို အသုံးျပဳထုတ္လုပ္ထားၿပီး ဒါဟာဆုိရင္ တံေတြးကေန စမ္းသပ္စစ္ေဆးတဲ့ နည္းေတြထဲမွာ FDA က အတည္ျပဳခဲ့တဲ့ ၅ ခုေျမာက္ စစ္ေဆးနည္းလည္း ျဖစ္ပါတယ္။

ဒီစမ္းသပ္မႈက ပိုၿပီးေတာ့ ျမန္ဆန္႐ုိးရွင္းၿပီး အေျဖကိုလည္း ၂၄ နာရီအတြင္း ရရွိသလို ၁၀ ေဒၚလာေလာက္ပဲ ကုန္က်တာေၾကာင့္ ေစ်းလည္းသက္သာၿပီး လူရဲ႕တံေတြးကိုပဲ သုံးၿပီး စမ္းတာေၾကာင့္ ႏွာေခါင္းထဲကိုထည့္ၿပီး စစ္ေဆးစရာ မလိုဘူးလို႔လည္း ဆုိပါတယ္။

ကမာၻတ၀န္းမွာ COVID-19 ေရာဂါကူးစက္ခံရသူ ၂၁ သန္းေက်ာ္ရွိၿပီး အေမရိကန္ျပည္ေထာင္စုမွာေတာ့ ၅.၃ သန္းေက်ာ္နဲ႔ ေရာဂါကူးစက္မႈ အမ်ားဆုံးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ၁၅ ပေလောက်အထိ ကူးစက်နိုင်ကြောင်း လေ့လာချက်သစ် တွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ် အမှုန်ငယ်လေးတွေဟာ ရောဂါကူးစက်ခံရထားရသူထံကနေ ၄.၈ မီတာ (၁၅ ပေကျော်) လောက်အထိ ပျံ့နှံ့ကူးစက်နိုင်တာကို လေ့လာတွေ့ရှိခဲ့ရကြောင်း အမေရိကန် သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။

အစောပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသလို လူတယောက်နဲ့ တယောက်ကြား ၂ မီတာ (၆ ပေကျော်) ခွာပြီး နေကြဖို့ အကြံပြုချက်ဟာ မှားယွင်းနေပြီး စိတ်မချရတဲ့အတွက် လူအများအပြား စုဝေးတဲ့ နေရာမျိုးမှာ ရောဂါကူးနိုင်တဲ့ အန္တရာယ် ရှိတယ်လို့လည်း ပြောပါတယ်။

ဖလော်ရီဒါတက္ကသိုလ်ရဲ့ Health Shands ဆေးရုံက သုတေသန လေ့လာမှုကိုတော့ တခြားသုတေသီတွေက ထပ်မံဆန်းစစ်မှုတွေ မလုပ်ရသေးပါဘူး။

တချိန်တည်းမှာပဲ လူတွေရဲ့ တံတွေးနဲ့ သွားရည်တွေကနေ COVID-19ရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးတာတွေကို အရေးပေါ်အနေနဲ့ အသုံးပြုဖို့ အမေရိကန်ရဲ့ အစားအစာနဲ့ ဆေးဝါးစီမံကွပ်ကဲရေးအဖွဲ့ (FDA) က မနေ့ကပဲ အတည်ပြုလိုက်ပါတယ်။ ဒီစမ်းသပ်စစ်ဆေးမှုကို Yale တက္ကသိုလ်က တီထွင်ထုတ်လုပ်ခဲ့ပြီး အမေရိကန် ဘတ်စကက်ဘောအဖွဲ့ချုပ်က ငွေကြေးကမကထလုပ်ပြီး ကူညီခဲ့တာပါ။

SalivaDirect လို့ခေါ်တဲ့ ဒီစမ်းသပ်မှုကို ဗိုင်းရပ်စ်ပိုးရှိတယ်လို့ ယူဆရသူတွေရဲ့ တံတွေးတွေကို အသုံးပြုထုတ်လုပ်ထားပြီး ဒါဟာဆိုရင် တံတွေးကနေ စမ်းသပ်စစ်ဆေးတဲ့ နည်းတွေထဲမှာ FDA က အတည်ပြုခဲ့တဲ့ ၅ ခုမြောက် စစ်ဆေးနည်းလည်း ဖြစ်ပါတယ်။

ဒီစမ်းသပ်မှုက ပိုပြီးတော့ မြန်ဆန်ရိုးရှင်းပြီး အဖြေကိုလည်း ၂၄ နာရီအတွင်း ရရှိသလို ၁၀ ဒေါ်လာလောက်ပဲ ကုန်ကျတာကြောင့် ဈေးလည်းသက်သာပြီး လူရဲ့တံတွေးကိုပဲ သုံးပြီး စမ်းတာကြောင့် နှာခေါင်းထဲကိုထည့်ပြီး စစ်ဆေးစရာ မလိုဘူးလို့လည်း ဆိုပါတယ်။

ကမ္ဘာတဝန်းမှာ COVID-19 ရောဂါကူးစက်ခံရသူ ၂၁ သန်းကျော်ရှိပြီး အမေရိကန်ပြည်ထောင်စုမှာတော့ ၅.၃ သန်းကျော်နဲ့ ရောဂါကူးစက်မှု အများဆုံးဖြစ်ပါတယ်။

XS
SM
MD
LG