[Zawgyi/Unicode]
ကို႐ိုနာဗုိင္းရပ္စ္ ကပ္ေရာဂါဟာ ကမၻာ့လူငယ္လူရြယ္ေတြၾကား ကူးစက္ပ်ံ ႔နွံ႔ေနတယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႔ WHO ကေျပာလိုက္ပါတယ္။
ကပ္ေရာဂါကူးစက္ပ်ံ ႔ႏွံ႔မႈဟာ ပုံစံေျပာင္းလာေနၿပီး ေဒသတြင္းက အသက္ ၂၀၊ ၃၀ နဲ႔ ၄၀ ၾကားလူငယ္ေတြၾကားမွာ ပိုးကူးစက္မႈျမင့္တင္လာတယ္လို႔ WHO ရဲ႕ အေနာက္ပစိဖိတ္ေဒသ ညႊန္ၾကားေရးမွဴး Dr. Takeshi Kasai က အဂၤါေန႔ အြန္လိုင္းသတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့တာပါ။ လူငယ္အေတာ္မ်ားမ်ားကေတာ့ ပိုးကူးခံထားရတာကို သတိမမူမိဘဲ ေရာဂါလကၡဏာျပတာမ်ိဳး သိပ္မရွိၾကသလို သူတို႔ကတဆင့္ တျခားလူေတြကို ကူးစက္ျပန္႔ႏွံ႔သြားေစတယ္လို႔လည္း Dr. Takeshi Kasai က ေျပာပါတယ္။
သက္ႀကီးရြယ္အိုေတြ၊ နာမက်န္းျဖစ္ေနသူေတြ၊ နာတာရွည္ေရာဂါ ခံစားေနရသူတြနဲ႔ လူဦးေရထူထပ္လွတဲ့ ၿမိဳ႕ျပေဒသတ၀ိုက္မွာ ပိုးကူးႏုိင္တဲ့အႏၱရာယ္သိပ္မ်ားေနၿပီလို႔လည္း သတိေပးခဲ့တာပါ။
အေမရိကန္ျပည္ေထာင္စုက အႀကီးဆုံးတကၠသိုလ္တခုျဖစ္တဲ့ North Carolina တကၠသိုလ္မွာ COVID-19 ကပ္ေရာဂါေၾကာင့္ လူကိုယ္တိုင္တက္ႏုိင္တဲ့ အတန္းေတြ ဖ်က္လိုက္ေၾကာင္းေၾကျငာလိုက္ၿပီးေနာက္မွာပဲ Dr Kasai ရဲ ႔ေျပာဆိုခ်က္ထြက္လာတာျဖစ္ပါတယ္။ ေဆာင္းဦးေပါက္္မွာစတင္တဲ့ စာသင္ႏွစ္စၿပီး တပတ္အၾကာမွာပဲ အတန္းအားလုံးပိ္တ္ေၾကာင္း North Carolina တကၠသိုလ္က ရုတ္တရက္ေၾကျငာလိုက္တာလည္း ျဖစ္ပါတယ္။
ေက်ာင္းသား ၁၇၇ ဦး ပိုးကူးခံထားရတာကို စစ္ေဆးေတြ႔ရွိခဲ့တယ္လို႔ တနလၤာေန႔မွာ တကၠသိုလ္တာ၀န္ရွိသူေတြ သတင္းထုတ္ျပန္ခဲ့တာပါ။ ပိုးကူးစက္ပ်ံ႕ႏွံ႔သြားႏုိင္တဲ့အတြက္ အျခားေက်ာင္းသား ၃၅၀ တို႔ကိုလည္း သီးျခားခြဲထားတယ္လို႔ ေျပာပါတယ္။
[Unicode Version]
လူငယ်တွေကြား ကိုဗစ်ကူးစက်မှုအန္တရာယ် WHO သတိပေး
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ ကမ္ဘာ့လူငယ်လူရွယ်တွေကြား ကူးစက်ပျံ့နှံ့နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပြောလိုက်ပါတယ်။
ကပ်ရောဂါကူးစက်ပျံ့နှံ့မှုဟာ ပုံစံပြောင်းလာနေပြီး ဒေသတွင်းက အသက် ၂၀၊ ၃၀ နဲ့ ၄၀ ကြားလူငယ်တွေကြားမှာ ပိုးကူးစက်မှုမြင့်တင်လာတယ်လို့ WHOရဲ့ အနောက်ပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး Dr. Takeshi Kasai က အင်္ဂါနေ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ လူငယ်အတော်များများကတော့ ပိုးကူးခံထားရတာကို သတိမမူမိဘဲ ရောဂါလက္ခဏာပြတာမျိုး သိပ်မရှိကြသလို သူတို့ကတဆင့် တခြားလူတွေကို ကူးစက်ပြန့်နှံ့သွားစေတယ်လို့လည်း Dr. Takeshi Kasai က ပြောပါတယ်။
သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်နေသူတွေ၊ နာတာရှည်ရောဂါ ခံစားနေရသူတွနဲ့ လူဦးရေထူထပ်လှတဲ့ မြို့ပြဒေသတဝိုက်မှာ ပိုးကူးနိုင်တဲ့အန္တရာယ်သိပ်များနေပြီလို့လည်း သတိပေးခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုက အကြီးဆုံးတက္ကသိုလ်တခုဖြစ်တဲ့ North Carolina တက္ကသိုလ်မှာ COVID-19 ကပ်ရောဂါကြောင့် လူကိုယ်တိုင်တက်နိုင်တဲ့ အတန်းတွေ ဖျက်လိုက်ကြောင်းကြေငြာလိုက်ပြီးနောက်မှာပဲ Dr Kasai ရဲ့ပြောဆိုချက်ထွက်လာတာဖြစ်ပါတယ်။ ဆောင်းဦးပေါက်မှာစတင်တဲ့ စာသင်နှစ်စပြီး တပတ်အကြာမှာပဲ အတန်းအားလုံးပိတ်ကြောင်း North Carolina တက္ကသိုလ်က ရုတ်တရက်ကြေငြာလိုက်တာလည်း ဖြစ်ပါတယ်။
ကျောင်းသား ၁၇၇ ဦး ပိုးကူးခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တနင်္လာနေ့မှာ တက္ကသိုလ်တာဝန်ရှိသူတွေ သတင်းထုတ်ပြန်ခဲ့တာပါ။ ပိုးကူးစက်ပျံ့နှံ့သွားနိုင်တဲ့အတွက် အခြားကျောင်းသား ၃၅၀ တို့ကိုလည်း သီးခြားခွဲထားတယ်လို့ ပြောပါတယ်။