သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တကျော့ပြန် ကိုဗစ်ကူးစက်မှုကြောင့် နယူးဇီလန်ရွေးကောက်ပွဲရက်ရွှေ့


နယူးဇီလန် ဝန်ကြီးချုပ် Jacinda Arden (သြဂုတ် ၁၂၊ ၂၀၂၀)
နယူးဇီလန် ဝန်ကြီးချုပ် Jacinda Arden (သြဂုတ် ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

နယူးဇီလန် ဝန်ကြီးချုပ် Jacinda Arden
နယူးဇီလန် ဝန်ကြီးချုပ် Jacinda Arden

နယူးဇီလန်နိုင်ငံက အကြီးဆုံးမြိုးဖြစ်တဲ့ Auckland မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတိုးလာနေတဲ့အတွက် မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲကို ဝန်ကြီးချုပ် Jacinda Arden က သီတင်း ၄ ပတ်နောက်ဆုတ်လိုက်ပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကျင်းပဖို့ လျာထားတဲ့ အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာလ ၁၇ ရက်နေ့ထိ ရွှေ့ဆိုင်းလိုက်တာပါ။ နယူးဇီလန်ဥပဒေအရ ဝန်ကြီးချုပ်အနေနဲ့ ရွေးကောက်ပွဲကို ၂ လလောက်ထိ ရက် ရွှေ့နိုင်ပါတယ်။ Auckland မြို့မှာ ပြီးခဲ့တဲ့တပတ်က ပိုးကူးစက်မှု တိုးလာတဲ့အတွက် သီတင်း၂ ပတ်ကြာ သွားလာကန့်သတ်မှုတွေ ချမှတ်ခဲ့တာကြောင့် မဲဆွယ်စည်းရုံးပွဲတွေလည်း ရပ်နားထားရပါတယ်။

ဒါကြောင့်လည်း ရွေးကောက်ပွဲကို ရက်ရွှေ့ပေးဖို့ အတိုက်အခံပါတီက မေတ္တာရပ်ခံထားတာပါ။ ဒီမတိုင်ခင်မှာတော့ နယူးဇီလန်မှာ ရက်ပေါင်း ၁၀၀ ကျော် ပိုးကူးစက်မှုမရှိခဲ့ဘဲ လူတွေလည်း ပုံမှန်အတိုင်းသွားလာခဲ့ကြပါတယ်။

ပိုးကူးစက်ခံရမှာကို စိုးရိမ်စရာမလိုဘဲ စားသောက်ဆိုင်တွေ၊ အားကစားကွင်းတွေနဲ့ ကျောင်းတွေကို ပြန်ဖွင့်ခဲ့တာဖြစ်ပါတယ်။ အဲဒီကာလအတွင်း ပြည်ပက ပြန်လာသူတွေမှာ ပိုးကူးစက်ခံထားရတာတွေရှိပေမဲ့ နယ်စပ်မှာ ၁၄ ရက်ကြာ သီးခြားခွဲထားပြီးမှာ ပြည်ဝင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ပြည်ပကနေ ပိုး ကူးစက်မှုတွေ ပြန်ရောက်လာတာဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေယုံကြည်နေပြီး ဘယ်လိုကူးစက်ခံရသလဲဆိုတာ စုံစမ်းစစ်ဆေးနေပါတယ်။ အထွေထွေ ရွေးကောက်ပွဲကို ဒီထက် နောက်ထပ်နောက်မကျစေရပါဘူးလို့ ဝန်ကြီးချုပ် Jacinda Ardern ကပြောပါတယ်။ ဒီကနေ့ တနင်္လာနေ့မှာ ပိုးကူးခံရသူ နောက်ထပ် ၉ ဦးတွေ့ရှိခဲ့တာကြောင့် နယူးဇီလန်မှာ လက်ရှိ ပိုးကူးခံရသူစုစုပေါင်း ၇၈ ဦး ရှိလာတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG