သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တေက်ာ့ျပန္ ကုိဗစ္ကူးစက္မႈ သတိျပဳဖုိ႔ က်န္းမာေရးတာ၀န္ရွိသူေတြ သတိေပး


ရန္ကုန္ၿမိဳ႕ရွိ လိႈင္တကၠသိုလ္ တခုက Quarantin စင္တာ တခုမွာ COVID 19 ေရာဂါရွိ၊ မရွိ စစ္ေဆးေပးေနတဲ့ က်န္းမာေရး၀န္ထမ္းမ်ား။ (ဇူလိုင္ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ေဒသတြင္းႏုိင္ငံေတြအပါအဝင္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ COVID- 19 ကပ္ေရာဂါ တေက်ာ့ျပန္ျဖစ္ပြားေနတာေၾကာင့္ ျမန္မာႏုိင္ငံမွာလည္း ကုိဗစ္ဒုတိယလႈိင္း ျပန္မစႏုိင္ဖုိ႔ ေနာက္ဆံုးေတြ႕ရွိထားတဲ့ အတည္ျပဳလူနာနဲ႔ ထိေတြ႕ခဲ့သူေတြကုိ ရွာေဖြေနၿပီး ဓာတ္ခြဲစစ္ေဆးဖုိ႔ ေဆာင္ရြက္ေနတဲ့အေျခအေနကုိ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက ေျပာေျပေပးပါမယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ မနက္ပုိင္းအထိ ထုတ္ျပန္ခ်က္အရ ေသဆံုးသူ ၆ ဦးအပါအဝင္ ကူးစက္သူ ၃၇၀ ေက်ာ္ေလာက္ ရွိေနတာပါ။ ေနာက္ဆံုးေတြ႕ရွိထားတဲ့ အတည္ျပဳလူနာ နံပတ္ ၃၇၅ ဟာဆုိရင္ ျပည္တြင္းကူးစက္ခံထားရသူျဖစ္ၿပီးေတာ့ ဒါဟာ ျပည္တြင္းကူးစက္မႈ မရွိတာ ၁ လေက်ာ္လာၿပီးတဲ့ေနာက္မွာ ပထမဆံုးျပန္ေတြ႕တာပဲ ျဖစ္ပါတယ္။

ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္ခံခဲ့ရတဲ့ ဒီလူနာနဲ႔ ပတ္သက္ၿပီး ေရာဂါအတည္ျပဳႏုိင္ခဲ့ၿပီျဖစ္လုိ႔ သူသြားခဲ့တဲ့ေနရာနဲ႔ သူနဲ႔ထိေတြ႕ခဲ့သူေတြကုိ အသြားအလာကန္႔သတ္ထားၿပီး ဓာတ္ခြဲနမူနာရယူၿပီး စစ္ေဆးသြားမယ္လို႔ ရခိုင္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ေဒါက္တာစုိးဝင္းပုိင္က ေျပာပါတယ္။

“ပံုမွန္ပဲ သူက။ ဒါေပမဲ့ ၁၂ရက္ေန႔မွာ နည္းနည္းေလး အနံ႔မရတာတို႔၊ ႏွာေခ် ေခ်ာင္းဆိုးတာတို႔ အဲလိုလကၡဏာေလးေတြ ျပလာလို႔ သူ႔ဘာသာ သူလာျပတာ ေဆးရံုကို။ လာျပေတာ့ က်ေနာ္တို႔က ေဆးရံုထဲမွာထားတယ္။ ေဆးရံုမွာ သံသယလူနာထားတဲ့ေနရာရွိတယ္။ အတည္ျပဳလူနာထားတဲ့ ေနရာရွိတယ္။ အဲထဲမွာထည့္ၿပီးေတာ့ ႏွာေခါင္းတို႔ပတ္ယူတယ္။ ၁၄ ရက္ေန႔က သူေဆးရံုတက္တယ္။ ၁၅ ရက္ေန႔ ဓာတ္ခြဲနမူနာယူတယ္။ ၁၆ ရက္ေန႔ အေျဖထြက္တယ္။”

အဲဒီလူနာဟာ ၿပီးခဲ့တဲ့့ ၃၁ ရက္ေန႔တုန္းက ေက်ာက္ျဖဴကုိသြားခဲ့ၿပီး အခုလ ၂ ရက္ေန႔မွာ စစ္ေတြကုိျပန္လာခဲ့တာပါ။ အဲဒီေနာက္မွာပဲ ပုဏၰားကၽြန္းကို ဘုရားဖူးသြားခဲ့ၿပီး သူသြားခဲ့တဲ့ ၿမိဳ႕နယ္ ၃ ခုက ထိေတြ႕မႈရွိခဲ့သူေတြနဲ႔ အနီးကပ္ေနထုိင္ခဲ့တဲ့ မိသားစုဝင္ေတြကုိ အသြားအလာကန္႔သတ္ထားၿပီး ႏွာေခါင္းတို႔ပတ္ယူ စစ္ေဆးသြားဖုိ႔ ျပင္ဆင္ေနၿပီလို႔ ေဒါက္တာစုိးဝင္းပိုင္ကေျပာပါတယ္။

ကုိဗစ္ကပ္ေရာဂါနဲ႔ ပတ္သက္ရင္ ျပည္တြင္းထဲမွာ ခ်မွတ္ထားတဲ့ေဆာင္ရန္ ေရွာင္ရန္အခ်က္ေတြကို ဧၿပီလနဲ႔ ေမလေတြေလာက္မွာ ျပည္သူေတြလုိက္နာမႈအားေကာင္းခဲ့ေပမယ့္ ဇြန္နဲ႔ ဇူလိုင္လလယ္ေလာက္ကစၿပီး လုိက္နာမႈအားနည္းလာတာဟာ ဒီကပ္ေရာဂါနဲ႔ပတ္သက္လုိ႔ စုိးရိမ္စရာျဖစ္လာတယ္လို႔ က်န္းမာေရးတာဝန္ရွိသူေတြက ေထာက္ျပေျပာဆုိထားပါတယ္။

ျပည္တြင္းကူးစက္ခံရသူ မရွိတာ ၁လေက်ာ္ၾကာသြားတဲ့ေနာက္ အခုျပန္ေတြ႕လာတာဟာ ကုိဗစ္ဒုတိယလႈိင္းရဲ႕အစလို႔ မဆိုသာေပမယ့္လို႔ ထိေတြ႕ခဲ့သူစာရင္းကို ေသခ်ာလိုက္ေနတဲ့အေၾကာင္း က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ေျပာခြင့္ရွိသူ ေဒါက္တာသန္းႏုိင္စုိးက VOA ကိုေျပာပါတယ္။

“အဲလုိမ်ိဳးမျဖစ္ဖုိ႔ဆုိတာ Contact Tracing လိုက္ႏုိင္တဲ့ေပၚမွာလည္း မူတည္တယ္။ ပူးေပါင္းေဆာင္ရြက္မႈေပၚမွာလည္း မူတည္တယ္။ Contact Tracing သာေကာင္းေကာင္းလိုက္ႏုိင္ရင္ ဒီမီးပြားေလးက မီးပြားဘဝမွာပဲ ၿငိမ္းသြားမယ္။ မီးေတာက္ႀကီးျဖစ္လာမွာ မဟုတ္ဘူး။ အဲဒီ Contact Tracing လုပ္ႏုိင္ေအာင္လို႔ က်ေနာ္တို႔က အေတြ႕အၾကံဳေတာ္ေတာ္ရွိေနၿပီလုိ႔ ေျပာလို႔ရမယ္။ အခုဆိုရင္ ရခိုင္ကုိ က်ေနာ္တုိ႔ဆီက ညႊန္ၾကားေရးမွဴး (ကူးစက္ ဗဟုိ) ကဦးေဆာင္တဲ့ အဖြဲ႕ဆင္းသြားၿပီ။ အဲဒီမွာ ပူးေပါင္းေဆာင္ရြက္ေနၿပီ။ အဲဒီမွာ Contact Tracing အားေကာင္းရင္ အားေကာင္းသလို ဒီ Case ကေန ဆက္လက္ျဖစ္လာမွာကို ထိန္းခ်ဳပ္ႏုိင္မွာျဖစ္တယ္။”

ျမန္မာႏုိင္ငံဟာ ကိုဗစ္ကပ္ေရာဂါ ပထမလိႈင္းကို ေက်ာ္ျဖတ္ႏုိင္ခဲ့ၿပီျဖစ္ေပမယ့္ တေက်ာ့ျပန္ျဖစ္လာႏိုင္တဲ့ ဒုတိယလႈိင္းအတြက္ကုိလည္း တံု႔ျပန္ေဆာင္ရြက္ႏုိင္ေအာင္ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။ ျပည္သူေတြအေနနဲ႔ လူစုလူေဝးရွိတဲ့ေနရာေတြကိုေရွာင္ၾကဥ္ၿပီး၊ တဦးနဲ႔တဦးခပ္ခြာခြာေနတာ၊ အျပင္သြားရင္ ႏွာေခါင္းစည္းတပ္တာနဲ႔ လက္ကုိဆပ္ျပာနဲ႔ စနစ္တက်သန္႔စင္ေဆးေၾကာဖုိ႔။ အဲဒီအေျခခံအခ်က္ေတြကုိ ဆက္ၿပီးလိုက္နာေနဖို႔လိုတယ္လို႔ က်န္းမာေရးတာဝန္ရွိသူေတြက တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တကျော့ပြန် ကိုဗစ်ကူးစက်မှု သတိပြုဖို့ ကျန်းမာရေးတာဝန်ရှိသူတွေ သတိပေး

ဒေသတွင်းနိုင်ငံတွေအပါအဝင် နိုင်ငံတော်တော်များများမှာ COVID- 19 ကပ်ရောဂါ တကျော့ပြန်ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံမှာလည်း ကိုဗစ်ဒုတိယလှိုင်း ပြန်မစနိုင်ဖို့ နောက်ဆုံးတွေ့ရှိထားတဲ့ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေကို ရှာဖွေနေပြီး ဓာတ်ခွဲစစ်ဆေးဖို့ ဆောင်ရွက်နေတဲ့အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြေပေးပါမယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ သေဆုံးသူ ၆ ဦးအပါအဝင် ကူးစက်သူ ၃၇၀ ကျော်လောက် ရှိနေတာပါ။ နောက်ဆုံးတွေ့ရှိထားတဲ့ အတည်ပြုလူနာနံပတ် ၃၇၅ ဟာဆိုရင် ပြည်တွင်းကူးစက်ခံထားရသူဖြစ်ပြီးတော့ ဒါဟာ ပြည်တွင်းကူးစက်မှုမရှိတာ ၁ လကျော်လာပြီးတဲ့နောက်မှာ ပထမဆုံးပြန်တွေ့တာပဲ ဖြစ်ပါတယ်။

စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဒီလူနာနဲ့ ပတ်သက်ပြီး ရောဂါအတည်ပြုနိုင်ခဲ့ပြီဖြစ်လို့ သူသွားခဲ့တဲ့နေရာနဲ့ သူနဲ့ထိတွေ့ခဲ့သူတွေကို အသွားအလာကန့်သတ်ထားပြီး ဓာတ်ခွဲနမူနာရယူပြီး စစ်ဆေးသွားမယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

“ပုံမှန်ပဲ သူက။ ဒါပေမဲ့ ၁၂ရက်နေ့မှာ နည်းနည်းလေး အနံ့မရတာတို့၊ နှာချေ ချောင်းဆိုးတာတို့ အဲလိုလက္ခဏာလေးတွေ ပြလာလို့ သူ့ဘာသာ သူလာပြတာ ဆေးရုံကို။ လာပြတော့ ကျနော်တို့က ဆေးရုံထဲမှာထားတယ်။ ဆေးရုံမှာ သံသယလူနာထားတဲ့နေရာရှိတယ်။ အတည်ပြုလူနာထားတဲ့ နေရာရှိတယ်။ အဲထဲမှာထည့်ပြီးတော့ နှာခေါင်းတို့ပတ်ယူတယ်။ ၁၄ ရက်နေ့က သူဆေးရုံတက်တယ်။ ၁၅ ရက်နေ့ ဓာတ်ခွဲနမူနာယူတယ်။ ၁၆ ရက်နေ့ အဖြေထွက်တယ်။”

အဲဒီလူနာဟာ ပြီးခဲ့တဲ့ ၃၁ ရက်နေ့တုန်းက ကျောက်ဖြူကိုသွားခဲ့ပြီး အခုလ ၂ ရက်နေ့မှာ စစ်တွေကိုပြန်လာခဲ့တာပါ။ အဲဒီနောက်မှာပဲ ပုဏ္ဏားကျွန်းကို ဘုရားဖူးသွားခဲ့ပြီး သူသွားခဲ့တဲ့ မြို့နယ် ၃ ခုက ထိတွေ့မှုရှိခဲ့သူတွေနဲ့ အနီးကပ်နေထိုင်ခဲ့တဲ့ မိသားစုဝင်တွေကို အသွားအလာကန့်သတ်ထားပြီး နှာခေါင်းတို့ပတ်ယူ စစ်ဆေးသွားဖို့ ပြင်ဆင်နေပြီလို့ ဒေါက်တာစိုးဝင်းပိုင်ကပြောပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်ရင် ပြည်တွင်းထဲမှာ ချမှတ်ထားတဲ့ဆောင်ရန် ရှောင်ရန်အချက်တွေကို ဧပြီလနဲ့ မေလတွေလောက်မှာ ပြည်သူတွေလိုက်နာမှုအားကောင်းခဲ့ပေမယ့် ဇွန်နဲ့ ဇူလိုင်လလယ်လောက်ကစပြီး လိုက်နာမှုအားနည်းလာတာဟာ ဒီကပ်ရောဂါနဲ့ပတ်သက်လို့ စိုးရိမ်စရာဖြစ်လာတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ထောက်ပြပြောဆိုထားပါတယ်။

ပြည်တွင်းကူးစက်ခံရသူ မရှိတာ ၁လကျော်ကြာသွားတဲ့နောက် အခုပြန်တွေ့လာတာဟာ ကိုဗစ်ဒုတိယလှိုင်းရဲ့အစလို့ မဆိုသာပေမယ့်လို့ ထိတွေ့ခဲ့သူစာရင်းကို သေချာလိုက်နေတဲ့အကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက VOA ကိုပြောပါတယ်။

“အဲလိုမျိုးမဖြစ်ဖို့ဆိုတာ Contact Tracing လိုက်နိုင်တဲ့ပေါ်မှာလည်း မူတည်တယ်။ ပူးပေါင်းဆောင်ရွက်မှုပေါ်မှာလည်း မူတည်တယ်။ Contact Tracing သာကောင်းကောင်းလိုက်နိုင်ရင် ဒီမီးပွားလေးက မီးပွားဘဝမှာပဲ ငြိမ်းသွားမယ်။ မီးတောက်ကြီးဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီ Contact Tracing လုပ်နိုင်အောင်လို့ ကျနော်တို့က အတွေ့အကြုံတော်တော်ရှိနေပြီလို့ ပြောလို့ရမယ်။ အခုဆိုရင် ရခိုင်ကို ကျနော်တို့ဆီက ညွှန်ကြားရေးမှူး (ကူးစက် ဗဟို) ကဦးဆောင်တဲ့ အဖွဲ့ဆင်းသွားပြီ။ အဲဒီမှာ ပူးပေါင်းဆောင်ရွက်နေပြီ။ အဲဒီမှာ Contact Tracing အားကောင်းရင် အားကောင်းသလို ဒီ Case ကနေ ဆက်လက်ဖြစ်လာမှာကို ထိန်းချုပ်နိုင်မှာဖြစ်တယ်။”

မြန်မာနိုင်ငံဟာ ကိုဗစ်ကပ်ရောဂါ ပထမလှိုင်းကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပေမယ့် တကျော့ပြန်ဖြစ်လာနိုင်တဲ့ ဒုတိယလှိုင်းအတွက်ကိုလည်း တုံ့ပြန်ဆောင်ရွက်နိုင်အောင် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပြည်သူတွေအနေနဲ့ လူစုလူဝေးရှိတဲ့နေရာတွေကိုရှောင်ကြဉ်ပြီး၊ တဦးနဲ့တဦးခပ်ခွာခွာနေတာ၊ အပြင်သွားရင် နှာခေါင်းစည်းတပ်တာနဲ့ လက်ကိုဆပ်ပြာနဲ့ စနစ်တကျသန့်စင်ဆေးကြောဖို့။ အဲဒီအခြေခံအချက်တွေကို ဆက်ပြီးလိုက်နာနေဖို့လိုတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

XS
SM
MD
LG