သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္တြင္းကူးစက္သူ ၁ ဦး ျမန္မာက်န္းမာေရး၀န္ႀကီးဌာန အတည္ျပဳ


ရန္ကုန္ၿမိဳ႕မွာ အိမ္တိုင္ရာေရာက္ က်န္းမာေရး စစ္ေဆးေပးေနတဲ့ ျမင္ကြင္း။ (ေမ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

ျပည္ပခရီးသြားရာဇ၀င္မရွိဘဲ COVID-19 ေရာဂါပိုး ကူးစက္ခံရသူ ၁ ဦး ျမန္မာႏုိင္ငံမွာ ဒီေန႔ ေတြ႔ရွိခဲ့တယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီေန႔ ၾသဂုတ္လ ၁၆ ရက္ ည ၈ နာရီ သတင္းထုတ္ျပန္ခ်က္မွာ ေျပာလိုက္ပါတယ္။

ဒါဟာ ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၆ ရက္ေန႔က ျပည္ပခရီးသြားရာဇ၀င္ မရွိဘဲ ဗုိင္းရပ္စ္ကူးစက္ခံရသူတဦးကို ေက်ာက္ေတာ္ၿမိဳ႕မွာ ေနာက္ဆုံးအႀကိမ္ ေတြ႔ရွိခဲ့ၿပီးတဲ့ေနာက္ ၁ လအၾကာမွာ ပထမဆုံးအႀကိမ္ ျပန္ေတြ႔တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ျမန္မာႏုိင္ငံမွာ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၃၇၅ ေယာက္ ရွိသြားၿပီျဖစ္တယ္လို႔ က်န္းမာေရးဌာနက ေျပာပါတယ္။ ဓာတ္ခဲြနမူနာ ၆၃၄ ခုကို စမ္းသပ္စစ္ေဆးခဲ့တာမွာ ေရာဂါပိုးေတြ႔ရွိသူ ၁ ဦး ေတြ႔ရွိခဲ့တာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ဒီေန႔ ဗုိင္းရပ္စ္ကူးစက္ခံရသူကေတာ့ ရခုိင္ျပည္နယ္ စစ္ေတြၿမိဳ႕က အသက္ ၂၆ ႏွစ္အရြယ္ အမ်ိဳးသမီးတဦးျဖစ္ၿပီး ေစာင့္ၾကည့္လူနာျဖစ္တယ္လို႔ ေျပာပါတယ္။ သူမဟာ ျပည္ပခရီးသြားရာဇ၀င္ မရွိသလို ျပည္တြင္းမွာလည္း COVID-19 ေရာဂါ အတည္ျပဳလူနာနဲ႔ ထိေတြ႔ဆက္ဆံမႈ မရွိဘူးလို႔ ေျပာပါတယ္။

ဒီေန႔မွာ ဓာတ္ခဲြအတည္ျပဳ လူနာေဟာင္းေတြထဲက ၂ ႀကိမ္ဆက္တုိက္ ပိုးမေတြ႔သူ ၅ ဦး ထပ္ေတြ႔ခဲ့တာေၾကာင့္ ေရာဂါသက္သာ ေပ်ာက္ကင္းလာသူ ၃၂၉ ေယာက္ ရွိသြားၿပီျဖစ္ၿပီး ဒီထဲက ၃၂၁ ေယာက္ကို ေဆး႐ုံက ဆင္းခြင့္ေပးလိုက္ၿပီး သတ္မွတ္ထားတဲ့ ေနရာေတြမွာ အသြားအလာ ကန္႔သတ္ေစာင့္ၾကည့္ေနတယ္လို႔ ေျပာပါတယ္။

အခုခ်ိန္ထိေတာ့ ဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးတဲ့သူ ၆ ဦးရွိတယ္လို႔ အတည္ျပဳထားၿပီး မေန႔ ၾသဂုတ္လ ၁၅ ရက္ ေန႔လယ္ ၁၂ နာရီကေန ဒီေန႔ ေန႔လယ္အထိ ေစာင့္ၾကည့္လူနာ ၁၉ ဦးရွိတယ္လို႔ က်န္းမာေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

တခ်ိန္တည္းမွာပဲ COVID-19 ကူးစက္မႈ ဒုတိယလႈိင္း ျဖစ္လာႏုိင္တဲ့အတြက္ ျပည္သူေတြေရာ၊ ေရာဂါကာကြယ္ထိန္းခ်ဳပ္ လုပ္ေနတဲ့သူေတြပါ သတိနဲ႔ သြားလာေနထိုင္ၾကဖို႔ က်န္းမာေရး၀န္ႀကီးဌာနက ေရာဂါသတိေပးခ်က္တရပ္ ၾသဂုတ္လ ၁၅ ရက္ေန႔စဲြနဲ႔ ထုတ္ျပန္လိုက္ပါတယ္။

ဗုိင္းရပ္စ္ကူးစက္မႈ ပထမလႈိင္းအတြင္း ျမန္မာႏုိင္ငံမွာ ကူးစက္ခံရသူ အေရအတြက္က တျခားႏုိင္ငံေတြထက္စာရင္ အလြန္နည္းေပမယ့္ ဒီဗုိင္းရပ္စ္ရဲ႕ သေဘာသဘာ၀နဲ႔ ကူးစက္မႈပုံသဏၭာန္ေၾကာင့္ ဒုတိယလႈိင္းက ႀကီးမားႏုိင္ေၾကာင္း၊ ဒါေၾကာင့္ ျပည္သူေတြအေနနဲ႔ က်န္းမာေရး၀န္ႀကီးဌာနရဲ႕ လမ္းညႊန္ခ်က္ေတြကို ေသခ်ာ စနစ္တက်လိုက္နာၿပီး ေပါ့ေပါ့ဆဆ မေနၾကဖို႔ ေျပာၾကားလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ပြည်တွင်းကူးစက်သူ ၁ ဦး မြန်မာကျန်းမာရေးဝန်ကြီးဌာန အတည်ပြု

ပြည်ပခရီးသွားရာဇဝင်မရှိဘဲ COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၁ ဦး မြန်မာနိုင်ငံမှာ ဒီနေ့ တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ သြဂုတ်လ ၁၆ ရက် ည ၈ နာရီ သတင်းထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့က ပြည်ပခရီးသွားရာဇဝင် မရှိဘဲ ဗိုင်းရပ်စ်ကူးစက်ခံရသူတဦးကို ကျောက်တော်မြို့မှာ နောက်ဆုံးအကြိမ် တွေ့ရှိခဲ့ပြီးတဲ့နောက် ၁ လအကြာမှာ ပထမဆုံးအကြိမ် ပြန်တွေ့တာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၇၅ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။ ဓာတ်ခွဲနမူနာ ၆၃၄ ခုကို စမ်းသပ်စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့ရှိသူ ၁ ဦး တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့ ဗိုင်းရပ်စ်ကူးစက်ခံရသူကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့က အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး စောင့်ကြည့်လူနာဖြစ်တယ်လို့ ပြောပါတယ်။ သူမဟာ ပြည်ပခရီးသွားရာဇဝင် မရှိသလို ပြည်တွင်းမှာလည်း COVID-19 ရောဂါ အတည်ပြုလူနာနဲ့ ထိတွေ့ဆက်ဆံမှု မရှိဘူးလို့ ပြောပါတယ်။

ဒီနေ့မှာ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့သူ ၅ ဦး ထပ်တွေ့ခဲ့တာကြောင့် ရောဂါသက်သာ ပျောက်ကင်းလာသူ ၃၂၉ယောက် ရှိသွားပြီဖြစ်ပြီး ဒီထဲက ၃၂၁ ယောက်ကို ဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီး သတ်မှတ်ထားတဲ့ နေရာတွေမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

အခုချိန်ထိတော့ ဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ ၆ ဦးရှိတယ်လို့ အတည်ပြုထားပြီး မနေ့ သြဂုတ်လ ၁၅ ရက် နေ့လယ် ၁၂ နာရီကနေ ဒီနေ့ နေ့လယ်အထိ စောင့်ကြည့်လူနာ ၁၉ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တချိန်တည်းမှာပဲ COVID-19 ကူးစက်မှု ဒုတိယလှိုင်း ဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေရော၊ ရောဂါကာကွယ်ထိန်းချုပ် လုပ်နေတဲ့သူတွေပါ သတိနဲ့ သွားလာနေထိုင်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက ရောဂါသတိပေးချက်တရပ် သြဂုတ်လ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှု ပထမလှိုင်းအတွင်း မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ အရေအတွက်က တခြားနိုင်ငံတွေထက်စာရင် အလွန်နည်းပေမယ့် ဒီဗိုင်းရပ်စ်ရဲ့ သဘောသဘာဝနဲ့ ကူးစက်မှုပုံသဏ္ဌာန်ကြောင့် ဒုတိယလှိုင်းက ကြီးမားနိုင်ကြောင်း၊ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို သေချာ စနစ်တကျလိုက်နာပြီး ပေါ့ပေါ့ဆဆ မနေကြဖို့ ပြောကြားလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG