သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယျပန္တဦး ကိုဗစ္ဓါတ္ခြဲအတည္ျပဳ


ပိုးသတ္ေဆးဖ်န္းေနတဲ့ ၀န္ထမ္းတခ်ိဳ႕နဲ႔ ႏွာေခါင္းစည္းတပ္ထားတဲ့ လမ္းသြားလမ္းလာ အမ်ိဳးသမီး တဦးတို႔ကို ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုအတြင္းတြင္ ေတြ႔ရ။ (မတ္ ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ COVID-19 အတည္ျပဳလူနာ တစ္ ေယာက္ထပ္တိုးတဲ့အတြက္ စုစုေပါင္း ေရာဂါျဖစ္သူ ၃၆၁ ေယာက္႐ွိပါတယ္။ ဒီေန႔ အတည္ျပဳလူနာသစ္ဟာ အိႏၵိယႏိုင္ငံကျပန္လာတဲ့ ရန္ကုန္တိုင္း ရန္ကင္းၿမိဳ႕နယ္က အမ်ဳိးသားျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ဒီေန႔ ၾသဂုတ္လ ၁၂ ရက္ေန႔အတြက္ COVID-19 ေရာဂါနမူနာေတြကို ရန္ကုန္ၿမိဳ႕ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာနမွာ ပထမအသုတ္ ဓာတ္ခြဲ နမူနာ ၅၇၉ ခု၊ ေဆးသုေတသနဦးစီးဌာနမွာ ဓာတ္ခြဲနမူနာ ၂၀၅ ခု၊ မႏၱေလးၿမိဳ႕ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဌာနမွာ ဓာတ္ခြဲနမူနာ ၁၃၁ ခုနဲ႔ ေမာ္လၿမိဳင္ၿမိဳ႕ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲဌာနမွာ ဓာတ္ခြဲနမူနာ ၂၅၄ ခု စုစုေပါင္း ၁,၁၆၉ ခု ကို ညေနပိုင္းမွာ စစ္ေဆးၿပီးစီးခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ဒီေန႔ည ၈ နာရီအထိ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ ၃၆၁ ေယာက္႐ွိပါတယ္။ ေရာဂါပိုးကင္းစင္သြားသူကေတာ့ ၃၁၈ ေယာက္႐ွိၿပီး ေျခာက္ ေယာက္ေသဆံုးခဲ့ပါတယ္။

[Unicode Version]

အိန္ဒိယပြန်တဦး ကိုဗစ်ဓါတ်ခွဲအတည်ပြု

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ တစ် ယောက်ထပ်တိုးတဲ့အတွက် စုစုပေါင်း ရောဂါဖြစ်သူ ၃၆၁ ယောက်ရှိပါတယ်။ ဒီနေ့ အတည်ပြုလူနာသစ်ဟာ အိန္ဒိယနိုင်ငံကပြန်လာတဲ့ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်က အမျိုးသားဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒီနေ့ သြဂုတ်လ ၁၂ ရက်နေ့အတွက် COVID-19 ရောဂါနမူနာတွေကို ရန်ကုန်မြို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ ပထမအသုတ် ဓာတ်ခွဲ နမူနာ ၅၇၉ ခု၊ ဆေးသုတေသနဦးစီးဌာနမှာ ဓာတ်ခွဲနမူနာ ၂၀၅ ခု၊ မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဌာနမှာ ဓာတ်ခွဲနမူနာ ၁၃၁ ခုနဲ့ မော်လမြိုင်မြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှာ ဓာတ်ခွဲနမူနာ ၂၅၄ ခု စုစုပေါင်း ၁,၁၆၉ ခု ကို ညနေပိုင်းမှာ စစ်ဆေးပြီးစီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒီနေ့ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၆၁ ယောက်ရှိပါတယ်။ ရောဂါပိုးကင်းစင်သွားသူကတော့ ၃၁၈ ယောက်ရှိပြီး ခြောက် ယောက်သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG