သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ ဖ်ားနာကုေဆးခန္းမ်ား အခမဲ့စစ္ေဆးကုသေပးေန


Fever Clinic မွာ စစ္ေဆးကုသေပးေနတဲ့ ေစတနာ့၀န္ထမ္းတခ်ိဳ႕။ (ဓာတ္ပံု -Community Fever Clinic - Yangon Network)

[Zawgyi/Unicode]

ကိုဗစ္ကာလအတြင္း ဖ်ားနာလူနာေတြအတြက္ အဓိကဖြင့္လွစ္ေပးထားတဲ့ Community Fever Clinic ေတြမွာ USAID အပါအဝင္ ႏုိင္ငံတကာနဲ႔ ျပည္တြင္းအလွဴရွင္ေတြရဲ႕ လွဴဒါန္းမႈေတြနဲ႔ ေစတနာ့ဝန္ထမ္းဆရာဝန္ေတြက တီဘီ၊ ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလံုးေရာဂါေတြကိုပါ အခမဲ့စစ္ေဆးကုသေပးေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က တင္ျပေပးပါမယ္။

Fever Clinic က ေစတနာ့၀န္ထမ္းတခ်ိဳ႕။ (ဓာတ္ပံု -Community Fever Clinic - Yangon Network)
Fever Clinic က ေစတနာ့၀န္ထမ္းတခ်ိဳ႕။ (ဓာတ္ပံု -Community Fever Clinic - Yangon Network)

ျမန္မာႏိုင္ငံတြင္းမွာ ကမာၻ႔ကပ္ေရာဂါ COVID-19 စတင္ကူးစက္မႈ ျဖစ္ပြားခ်ိန္ကစလို႔ ရန္ကုန္ျမိဳ႕တြင္းနဲ႔ ဆင္ေျခဖံုးၿမိဳ႕နယ္ေတြက က်န္းမာေရးေစာင့္ေရွာက္မႈအထူး လိုအပ္တဲ့ေနရာေတြမွာ အဓိက ဖ်ားနာလူနာေတြကို ဦးစားေပးၿပီး အထူးကု ဆရာဝန္ၾကီးေတြ ဆရာဝန္ေတြ သူနာျပဳေတြက ေစတနာ့ဝန္ထမ္းအျဖစ္နဲ႔ Fever Clinic ေဆးခန္းေတြမွာ ကုသေပးေနခဲ့တာပါ။ အခုဆိုရင္ေတာ့ ဒီအခမဲ့ ဖ်ားနာကုေဆးခန္းေတြမွာပဲ တီဘီေရာဂါစက္ေတြနဲ႔ စစ္ေဆးေပးသလို ဆီးခ်ိဳ၊ ႏွလံုးနဲ႔ ေသြးတိုးေရာဂါေတြကိုပါ တပါတည္း အခမဲ့ကုသေပးေနတယ္လို႔ Community Fever Clinic Network ရဲ႕ တာဝန္ခံဆရာဝန္ေဒါက္တာေက်ာ္မင္းထြန္းက ဗီြအိုေအျမန္မာပိုင္းကို ရွင္းျပပါတယ္။

"COVID ကာလျဖစ္လို႔ Mobile TB Teams ေတြက မ႐ိုက္ျဖစ္ဘူး။ လူစုလူေဝးျဖစ္မွာစိုးလို႔ေလ။ က်ေနာ္တို႔ Community Fever Clinic နဲ႔link ကေတာ့ အားလံုးအဖြဲ႔ ၅ ဖြဲ႔ေပါင္းၿပီးေတာ့ေဆးခန္းေတြမွာ ဓာတ္မွန္ရိုက္ဖို႔ လာကမ္းလွမ္းတယ္ေပါ့ေနာ္။ က်ေနာ္တို႔ဆီက ဖ်ားနာလူနာေတြ ေခ်ာင္းဆိုးလူနာေတြ သံသယလူနာေတြကို ရိုက္ဖို႔ က်န္းမာေရးဝန္ၾကီးကို စာတင္ၿပီးေတာ့ ခြင့္ျပဳခ်က္ရေတာ့ ရိုက္ျဖစ္တာေပါ့။ အဓိကကေတာ့ ဖ်ားနာလူနာကေန အဆုတ္ေရာဂါတြဲေနမွာစိုးတဲ့ ရည္ရြယ္ခ်က္ေပါ့ေနာ္။ အဓိက လူထုၾကားအျဖစ္မ်ားတဲ့ တီဘီလူနာကိုလည္း ရွာေဖြခ်င္လို႔ေလ။ အားလံုးေဒတာအရ တီဘီ႐ိုက္တာက ၄၀၀ ေလာက္ရွိပါၿပီ ၿမိဳ႕နယ္ေတြ အားလံုး႐ိုက္တာ အဲ့မွာ အေယာက္ ၅၀ ေလာက္ ထြက္တယ္။ တီဘီေပါ့စတစ္ေပါ့ေနာ္။ အခု က်ေနာ္တို႔ေတြ ေတာက္ေလွ်ာက္ ဆက္႐ိုက္ၿပီး စစ္ပါမယ္။Fever Clinic ေတြကလည္း ရွိဦးမယ္။ အဲ့မွာဆိုရင္လူနာက အစံုပဲ ဆီးခ်ိဳလည္းလာတယ္။ ေသြးတိုးေရာ ႏွလံုးလည္း လာတယ္။ အဲ့လိုအကုန္ကုလို႔ရေအာင္ Supporting Donation ေထာက္ပ့ံကူညီေပးေနတဲ့အလွဴရွင္ေတြလည္း အမ်ားၾကီးရွိတယ္။ ေဆးကုန္ရင္လည္းDonors ေတြရဲ႕Fund ေတြ အလွဴရွင္ေတြဆီက ေထာက္ပံ့ေငြေတြနဲ႔ ျပန္ျဖည့္ၿပီး ကုပါတယ္။ အဓိက Fever Clinic မွာ ဖ်ားတာတခုပဲ ကုေပးေနတာဆိုၿပီး ေၾကာက္ၿပီး မလာမွာစိုးလို႔။ အခုက တီဘီပါ ရွာေဖြေပးတယ္ဆိုၿပီး လုပ္ေတာ့ လူေတြက သေဘာက်ၾကၿပီး တီဘီလို႔ကိုယ့္ကိုကိုယ္သံသယရွိၿပီး လာ႐ိုက္ၾကတာေတြလည္းရွိတယ္။"

အေျခခံလူတန္းစားေပါင္းစံု ေနထိုင္ၿပီး က်န္းမာေရးေစာင့္ေရွာက္မႈ အထူးလိုအပ္တဲ့ ဆင္ေျခဖံုးရပ္ကြက္ေတြထဲ အထူးသျဖင့္ လိႈင္သာယာ၊ ေရႊျပည္သာနဲ႔ ၿမိဳ႕သစ္ေတြမွာလည္း ဖ်ားနာကုအခမဲ့ေဆးခန္းေတြမွာ ေစတနာ့ဝန္ထမ္းဆရာဝန္ေတြက အခမဲ့ ေဆးကုသေပးေနတာပါ။ လိႈင္သာယာၿမိဳ႕နယ္ၿမိဳ႕နယ္ခန္းမမွာ ဖြင့္လွစ္ထားတဲ့ Fever Clinic ေဆးခန္းရဲ႕ တာဝန္ခံဆရာဝန္ ေဒါက္တာေနမင္းထြဋ္က လူနာေတြကို ၾကည့္ရႈ႕ကုသေပးေနတဲ့အေျခအေနေျပာျပပါတယ္။

(ဓာတ္ပံု -Community Fever Clinic - Yangon Network)
(ဓာတ္ပံု -Community Fever Clinic - Yangon Network)

"လိႈင္သာယာမွာ ၄ လပိုင္း ၁၁ ရက္ေန႔ကတည္းက စဖြင့္ခဲ့ၿပီး အခုဆိုရင္ေတာ့ လူနာေပါင္း ၁,၅၀၀ ေလာက္ကို က်ေနာ္တို႔ၾကည့္ခဲ့ပါတယ္။ အခုခ်ိန္မွာ ကိုဗစ္ ေပါ့စတစ္ေတြ႔တဲ့လူနာက တေျဖးေျဖးနည္းလာတယ္။ ဒီအေျခအေနမွာ ေစာင့္ၾကည့္တဲ့အေနအထားနဲ႔ က်ေနာ္တို႔ Fever Clinic က ဆရာဝန္ေတြက အသင့္အေနအထားနဲ႔ ေနေနၾကပါတယ္။အဲ့လိုအသင့္ အေနအထားေနခ်ိန္မွာ က်ေနာ္တို႔ျပည္သူေတြမွာ ႏွလံုး ေသြးတိုး ေသြးခ်ိဳ ေဝဒနာခံစားေနရတဲ့ ျပည္သူေတြလည္း ရွိတာမို႔ ေနာက္ၿပီး ကိုဗစ္ကာလမွာ သူတို႔ျပေနတဲ့ေဆးခန္းေတြကလည္း ပိတ္သြားတယ္။ ေနာက္တခုက လိႈင္သာယာလို ေတာင္ဒဂံုလိုေနရာမွာရွိတဲ့ အခမဲ့ပရဟိတေဆးခန္းေတြကလည္း ကိုဗစ္ျဖစ္္တဲ့အေၾကာင့္မို႔လို႔ ပိတ္သြားရတယ္။ ဆိုေတာ့ ဒီအခမဲ့ေဆးခန္းေတြကို မွီခိုေနရတဲ့ ႏွလံုးေသြးတိုး ဆီးခ်ိဳေရာဂါသမားေတြကို က်ေနာ္တို႔ Fever Clinic က လက္လႊဲယူတဲ့သေဘာမ်ိဳး ဒီလူနာေတြကို ေနာက္ပိုင္းၾကည့္ေပးပါတယ္။ ျမန္မာႏုိင္ငံ ဆရာဝန္အသင္းရဲ႕ ဦးေဆာင္မႈနဲ႔ အမ်ိဳးသားတီဘီတုိက္ဖ်က္ေရးနဲ႔ပူးေပါင္းၿပီး လာသမွ် လူနာအကုန္လံုး မွာမွ တီဘီသံသယရွိတယ္ဆိုရင္ ဆရာဝန္ရဲ႕ဆံုးျဖတ္ခ်က္နဲ႔ ဓာတ္မွန္႐ိုက္ေပးေနပါတယ္။ ဒါေပမဲ့ ဒီလုပ္ငန္းေတြ လုပ္ေနေပမဲ့ က်ေနာ္တို႔ရဲ႕ မူလရည္ရြယ္ခ်က္ျဖစ္တဲ့ COVID 19 ကိုလည္း အလြတ္မခံပါဘူး ဘယ္ေလာက္ရာခိုင္ႏႈန္းမွာ ကိုဗစ္ျဖစ္ႏိုင္တယ္ ဆိုတဲ့သံသယကို ျပန္ၾကည့္လို႔ရေအာင္ စင္ကာပူက ဆရာဝန္ေတြ ထြင္ထားတဲ့ေဆာ့ဝဲလ္ေလး ရွိပါတယ္။ Fever Clinic Network ကို ေထာက္ပံ့ထားတာပါ။"

အခု ကမာၻ႔ကပ္ေရာဂါ COVID 19 ကိုရိုနာဗိုင္းရပ္စ္ ပိုးက ကူးစက္ပ်ံ႕ႏွံ႔ေနဆဲ ျဖစ္တာမို႔ ျပည္သူလူထုအေနနဲ႔ လူထူထပ္တဲ့ေနရာေတြကို ေရွာင္ရွားၾကဖို႔ မျဖစ္မေနသြားရမယ္ဆိုရင္လည္း Masks ႏွာေခါင္းစည္း မ်က္ႏွာကာေတြ တပ္ဆင္ၾကဖို႔ လက္ကို မၾကာခဏေဆးေၾကာၾကဖို႔ ေစတနာ့ဝန္ထမ္းဆရာဝန္ေတြက အထူးသတိေပးပါတယ္။

"ေလာေလာဆယ္ ႏုိင္ငံတကာမွာေတာ့ အခုထက္ထိျဖစ္ေနဆဲပဲ။ ကူးစက္မႈကလည္း မက်ေသးဘူး ဒါေၾကာင့္ မလိုအပ္ဘဲနဲ႔ အျပင္မသြားၾကပါနဲ႔ေပါ့ေနာ္။ က်န္းမာေရးဝန္ၾကီးဌာနရဲ႕ COVID 19 ကူးစက္မႈကာကြယ္ေရး ပညာေပး လမ္းညႊန္ခ်က္ေတြအတိုင္း အားလံုးေနထုိင္သင့္ပါတယ္။"

ဒါကေတာ့-ေဒါက္တာေက်ာ္မင္းထြန္း ပါ။ အခုလက္ရွိမွာေတာ့ အခမဲ့ေဆးခန္း Fever Clinic ေတြအမ်ားစုက တနလၤာကေန ေသာၾကာအထိ ဖြင့္လွစ္ေပးေနသလို တခ်ိဳ႕ေဆးခန္းေတြကေတာ့ စေန-တနဂၤေႏြမွာပါ ဖြင့္ပါတယ္။ ဒါေၾကာင့္ ျပည္သူလူထုအေနနဲ႔က်န္းမာေရးအကူအညီ အေရးေပၚလိုအပ္လာရင္- တီဘီေရာဂါရွိ-မရွိစစ္ခ်င္ရင္ မိမိတို႔ရဲ႕ ၿမိဳ႕နယ္ေတြမွာ ဖြင့္လွစ္ထားတဲ့ Fever Clinic ေတြမွာ လာေရာက္ကုသၾကဖို႔ ေစတနာ့ဝန္ထမ္းပရဟိတဆရာဝန္ေတြ ေဆးပညာရွင္ေတြက တိုက္တြန္းေနတာပါ။

ကမာၻ႔ကပ္ေရာဂါ COVID 19 ျဖစ္ပြားခ်ိန္ ျမန္မာျပည္သူေတြ ကူးစက္ ျပန္႔ပြားမႈ ကာကြယ္တဲ့အေနနဲ႔ ေနအိမ္ေတြမွာ ေနေနၾကရခ်ိန္ ျမန္မာႏုိင္ငံမွာ အျဖစ္မ်ားတဲ့ တီဘီေရာဂါျဖစ္ပြားမႈအတြက္ အမ်ိဳးသားတီဘီတိုက္ဖ်က္ေရးစီမံကိန္းကေန တီဘီေရာဂါရွာေဖြခ်ိန္မွာေတာ့ ေရာဂါအသစ္ေတြ႔ရွိမႈ ၂၀၁၉ ဧၿပီလထက္စာရင္ ေလ်ာ့က်သြားေပမဲ့လို႔ COVID 19 ေရာဂါကူးစက္မျပန္႔ပြားေရး လူထုအတြက္ အခမဲ့ေဆးကုသဝန္ေဆာင္မႈေပးေနတဲ့ ဒီ Fever Clinic ေတြနဲ႔ မိုဘိုင္းတီဘီအဖြဲ႔ေတြ ပူးေပါင္းေဆာင္ရြက္ေနေၾကာင္းနဲ႔ ျမန္မာႏိုင္ငံရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈ လိုအပ္ခ်က္ေတြ အတြက္ USAID အေမရိကန္ ဖြ႔ံၿဖိဳးေရးေအဂ်င္စီကလည္း ကူညီေထာက္ပံ့ေပးေနတယ္လို႔ ရန္ကုန္အေျခစိုက္ ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္သံ႐ံုးကလည္း သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာလ ဖျားနာကုဆေးခန်းများ အခမဲ့စစ်ဆေးကုသပေးနေ

ကိုဗစ်ကာလအတွင်း ဖျားနာလူနာတွေအတွက် အဓိကဖွင့်လှစ်ပေးထားတဲ့ Community Fever Clinic တွေမှာ USAID အပါအဝင် နိုင်ငံတကာနဲ့ ပြည်တွင်းအလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ စေတနာ့ဝန်ထမ်းဆရာဝန်တွေက တီဘီ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေကိုပါ အခမဲ့စစ်ဆေးကုသပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံတွင်းမှာ ကမ္ဘာ့ကပ်ရောဂါ COVID-19 စတင်ကူးစက်မှု ဖြစ်ပွားချိန်ကစလို့ ရန်ကုန်မြို့တွင်းနဲ့ ဆင်ခြေဖုံးမြို့နယ်တွေက ကျန်းမာရေးစောင့်ရှောက်မှုအထူး လိုအပ်တဲ့နေရာတွေမှာ အဓိက ဖျားနာလူနာတွေကို ဦးစားပေးပြီး အထူးကု ဆရာဝန်ကြီးတွေ ဆရာဝန်တွေ သူနာပြုတွေက စေတနာ့ဝန်ထမ်းအဖြစ်နဲ့ Fever Clinic ဆေးခန်းတွေမှာ ကုသပေးနေခဲ့တာပါ။ အခုဆိုရင်တော့ ဒီအခမဲ့ ဖျားနာကုဆေးခန်းတွေမှာပဲ တီဘီရောဂါစက်တွေနဲ့ စစ်ဆေးပေးသလို ဆီးချို၊ နှလုံးနဲ့ သွေးတိုးရောဂါတွေကိုပါ တပါတည်း အခမဲ့ကုသပေးနေတယ်လို့ Community Fever Clinic Network ရဲ့ တာဝန်ခံဆရာဝန်ဒေါက်တာကျော်မင်းထွန်းက ဗွီအိုအေမြန်မာပိုင်းကို ရှင်းပြပါတယ်။

"COVID ကာလဖြစ်လို့ Mobile TB Teams တွေက မရိုက်ဖြစ်ဘူး။ လူစုလူဝေးဖြစ်မှာစိုးလို့လေ။ ကျနော်တို့ Community Fever Clinic နဲ့link ကတော့ အားလုံးအဖွဲ့ ၅ ဖွဲ့ပေါင်းပြီးတော့ဆေးခန်းတွေမှာ ဓာတ်မှန်ရိုက်ဖို့ လာကမ်းလှမ်းတယ်ပေါ့နော်။ ကျနော်တို့ဆီက ဖျားနာလူနာတွေ ချောင်းဆိုးလူနာတွေ သံသယလူနာတွေကို ရိုက်ဖို့ ကျန်းမာရေးဝန်ကြီးကို စာတင်ပြီးတော့ ခွင့်ပြုချက်ရတော့ ရိုက်ဖြစ်တာပေါ့။ အဓိကကတော့ ဖျားနာလူနာကနေ အဆုတ်ရောဂါတွဲနေမှာစိုးတဲ့ ရည်ရွယ်ချက်ပေါ့နော်။ အဓိက လူထုကြားအဖြစ်များတဲ့ တီဘီလူနာကိုလည်း ရှာဖွေချင်လို့လေ။ အားလုံးဒေတာအရ တီဘီရိုက်တာက ၄၀၀ လောက်ရှိပါပြီ မြို့နယ်တွေ အားလုံးရိုက်တာ အဲ့မှာ အယောက် ၅၀ လောက် ထွက်တယ်။ တီဘီပေါ့စတစ်ပေါ့နော်။ အခု ကျနော်တို့တွေ တောက်လျှောက် ဆက်ရိုက်ပြီး စစ်ပါမယ်။Fever Clinic တွေကလည်း ရှိဦးမယ်။ အဲ့မှာဆိုရင်လူနာက အစုံပဲ ဆီးချိုလည်းလာတယ်။ သွေးတိုးရော နှလုံးလည်း လာတယ်။ အဲ့လိုအကုန်ကုလို့ရအောင် Supporting Donation ထောက်ပံ့ကူညီပေးနေတဲ့အလှူရှင်တွေလည်း အများကြီးရှိတယ်။ ဆေးကုန်ရင်လည်းDonors တွေရဲ့Fund တွေ အလှူရှင်တွေဆီက ထောက်ပံ့ငွေတွေနဲ့ ပြန်ဖြည့်ပြီး ကုပါတယ်။ အဓိက Fever Clinic မှာ ဖျားတာတခုပဲ ကုပေးနေတာဆိုပြီး ကြောက်ပြီး မလာမှာစိုးလို့။ အခုက တီဘီပါ ရှာဖွေပေးတယ်ဆိုပြီး လုပ်တော့ လူတွေက သဘောကျကြပြီး တီဘီလို့ကိုယ့်ကိုကိုယ်သံသယရှိပြီး လာရိုက်ကြတာတွေလည်းရှိတယ်။"

အခြေခံလူတန်းစားပေါင်းစုံ နေထိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အထူးလိုအပ်တဲ့ ဆင်ခြေဖုံးရပ်ကွက်တွေထဲ အထူးသဖြင့် လှိုင်သာယာ၊ ရွှေပြည်သာနဲ့ မြို့သစ်တွေမှာလည်း ဖျားနာကုအခမဲ့ဆေးခန်းတွေမှာ စေတနာ့ဝန်ထမ်းဆရာဝန်တွေက အခမဲ့ ဆေးကုသပေးနေတာပါ။ လှိုင်သာယာမြို့နယ်မြို့နယ်ခန်းမမှာ ဖွင့်လှစ်ထားတဲ့ Fever Clinic ဆေးခန်းရဲ့ တာဝန်ခံဆရာဝန် ဒေါက်တာနေမင်းထွဋ်က လူနာတွေကို ကြည့်ရှု့ကုသပေးနေတဲ့အခြေအနေပြောပြပါတယ်။

"လှိုင်သာယာမှာ ၄ လပိုင်း ၁၁ ရက်နေ့ကတည်းက စဖွင့်ခဲ့ပြီး အခုဆိုရင်တော့ လူနာပေါင်း ၁,၅၀၀ လောက်ကို ကျနော်တို့ကြည့်ခဲ့ပါတယ်။ အခုချိန်မှာ ကိုဗစ် ပေါ့စတစ်တွေ့တဲ့လူနာက တဖြေးဖြေးနည်းလာတယ်။ ဒီအခြေအနေမှာ စောင့်ကြည့်တဲ့အနေအထားနဲ့ ကျနော်တို့ Fever Clinic က ဆရာဝန်တွေက အသင့်အနေအထားနဲ့ နေနေကြပါတယ်။အဲ့လိုအသင့် အနေအထားနေချိန်မှာ ကျနော်တို့ပြည်သူတွေမှာ နှလုံး သွေးတိုး သွေးချို ဝေဒနာခံစားနေရတဲ့ ပြည်သူတွေလည်း ရှိတာမို့ နောက်ပြီး ကိုဗစ်ကာလမှာ သူတို့ပြနေတဲ့ဆေးခန်းတွေကလည်း ပိတ်သွားတယ်။ နောက်တခုက လှိုင်သာယာလို တောင်ဒဂုံလိုနေရာမှာရှိတဲ့ အခမဲ့ပရဟိတဆေးခန်းတွေကလည်း ကိုဗစ်ဖြစ်တဲ့အကြောင့်မို့လို့ ပိတ်သွားရတယ်။ ဆိုတော့ ဒီအခမဲ့ဆေးခန်းတွေကို မှီခိုနေရတဲ့ နှလုံးသွေးတိုး ဆီးချိုရောဂါသမားတွေကို ကျနော်တို့ Fever Clinic က လက်လွှဲယူတဲ့သဘောမျိုး ဒီလူနာတွေကို နောက်ပိုင်းကြည့်ပေးပါတယ်။ မြန်မာနိုင်ငံ ဆရာဝန်အသင်းရဲ့ ဦးဆောင်မှုနဲ့ အမျိုးသားတီဘီတိုက်ဖျက်ရေးနဲ့ပူးပေါင်းပြီး လာသမျှ လူနာအကုန်လုံး မှာမှ တီဘီသံသယရှိတယ်ဆိုရင် ဆရာဝန်ရဲ့ဆုံးဖြတ်ချက်နဲ့ ဓာတ်မှန်ရိုက်ပေးနေပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းတွေ လုပ်နေပေမဲ့ ကျနော်တို့ရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ COVID 19 ကိုလည်း အလွတ်မခံပါဘူး ဘယ်လောက်ရာခိုင်နှုန်းမှာ ကိုဗစ်ဖြစ်နိုင်တယ် ဆိုတဲ့သံသယကို ပြန်ကြည့်လို့ရအောင် စင်ကာပူက ဆရာဝန်တွေ ထွင်ထားတဲ့ဆော့ဝဲလ်လေး ရှိပါတယ်။ Fever Clinic Network ကို ထောက်ပံ့ထားတာပါ။"

(ဓာတ္ပံု -Community Fever Clinic - Yangon Network)
(ဓာတ္ပံု -Community Fever Clinic - Yangon Network)

အခု ကမ္ဘာ့ကပ်ရောဂါ COVID 19 ကိုရိုနာဗိုင်းရပ်စ် ပိုးက ကူးစက်ပျံ့နှံ့နေဆဲ ဖြစ်တာမို့ ပြည်သူလူထုအနေနဲ့ လူထူထပ်တဲ့နေရာတွေကို ရှောင်ရှားကြဖို့ မဖြစ်မနေသွားရမယ်ဆိုရင်လည်း Masks နှာခေါင်းစည်း မျက်နှာကာတွေ တပ်ဆင်ကြဖို့ လက်ကို မကြာခဏဆေးကြောကြဖို့ စေတနာ့ဝန်ထမ်းဆရာဝန်တွေက အထူးသတိပေးပါတယ်။

"လောလောဆယ် နိုင်ငံတကာမှာတော့ အခုထက်ထိဖြစ်နေဆဲပဲ။ ကူးစက်မှုကလည်း မကျသေးဘူး ဒါကြောင့် မလိုအပ်ဘဲနဲ့ အပြင်မသွားကြပါနဲ့ပေါ့နော်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ COVID 19 ကူးစက်မှုကာကွယ်ရေး ပညာပေး လမ်းညွှန်ချက်တွေအတိုင်း အားလုံးနေထိုင်သင့်ပါတယ်။"

ဒါကတော့-ဒေါက်တာကျော်မင်းထွန်း ပါ။ အခုလက်ရှိမှာတော့ အခမဲ့ဆေးခန်း Fever Clinic တွေအများစုက တနင်္လာကနေ သောကြာအထိ ဖွင့်လှစ်ပေးနေသလို တချို့ဆေးခန်းတွေကတော့ စနေ-တနင်္ဂနွေမှာပါ ဖွင့်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ကျန်းမာရေးအကူအညီ အရေးပေါ်လိုအပ်လာရင်- တီဘီရောဂါရှိ-မရှိစစ်ချင်ရင် မိမိတို့ရဲ့ မြို့နယ်တွေမှာ ဖွင့်လှစ်ထားတဲ့ Fever Clinic တွေမှာ လာရောက်ကုသကြဖို့ စေတနာ့ဝန်ထမ်းပရဟိတဆရာဝန်တွေ ဆေးပညာရှင်တွေက တိုက်တွန်းနေတာပါ။

ကမ္ဘာ့ကပ်ရောဂါ COVID 19 ဖြစ်ပွားချိန် မြန်မာပြည်သူတွေ ကူးစက် ပြန့်ပွားမှု ကာကွယ်တဲ့အနေနဲ့ နေအိမ်တွေမှာ နေနေကြရချိန် မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ တီဘီရောဂါဖြစ်ပွားမှုအတွက် အမျိုးသားတီဘီတိုက်ဖျက်ရေးစီမံကိန်းကနေ တီဘီရောဂါရှာဖွေချိန်မှာတော့ ရောဂါအသစ်တွေ့ရှိမှု ၂၀၁၉ ဧပြီလထက်စာရင် လျော့ကျသွားပေမဲ့လို့ COVID 19 ရောဂါကူးစက်မပြန့်ပွားရေး လူထုအတွက် အခမဲ့ဆေးကုသဝန်ဆောင်မှုပေးနေတဲ့ ဒီ Fever Clinic တွေနဲ့ မိုဘိုင်းတီဘီအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နေကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေ အတွက် USAID အမေရိကန် ဖွံ့ဖြိုးရေးအေဂျင်စီကလည်း ကူညီထောက်ပံ့ပေးနေတယ်လို့ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG