သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နဂုိကအားနည္းတဲ့ ျမန္မာ့က်န္းမာေရးေစာင့္ေရွာက္မႈ ကိုဗစ္ေၾကာင့္ ပိုအခက္ေတြ႔


ရန္ကုန္ၿမိဳ႕ရွိ Quarantine စင္တာတခုမွာ လုပ္အားေပး လုပ္ကိုင္ေနေသာ ေစတနာ့ ဆရာ၀န္တခ်ိဳ႕။ (ေမ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈ စနစ္နဲ႔ ပတ္သက္လို႔ စုိးရိမ္ေၾကာင္း ကုလသမဂၢက ဒီကေန႔ ရက္စဲြနဲ႔ ထုတ္ျပန္တဲ့ အစီရင္ခံစာအေပၚ က်န္းမာေရးဝန္ထမ္းေတြရဲ႕ သေဘာထားတုံ႔ျပန္ခ်က္ေတြကုိ ဗီြအုိေအျမန္မာပိုင္း သတင္းေထာက္စုစုက ေျပာျပေပးပါမယ္။

“အေရွ႕ေတာင္အာရွႏုိင္ငံေတြမွာ COVID- 19 ေၾကာင့္ သက္ေရာက္မႈ” လုိ႔အမည္ေပးထားတဲ့ ကုလသမဂၢရဲ႕ အစီရင္ခံစာထဲမွာ ျမန္မာႏုိင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ ကပ္ေရာဂါကာလ ျမန္မာႏုိင္ငံရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈအေျခအေန နိမ့္က်တဲ့အေပၚစုိးရိမ္ေၾကာင္း ေဖာ္ျပထားတာပါ။ COVID- 19 ကပ္ေရာဂါ မတိုင္ခင္ကတည္းက ပဋိပကၡေတြနဲ႔ သဘာဝေဘးအႏၱရာယ္ေတြေၾကာင့္ လူသားခ်င္းစာနာမႈဆုိင္ရာ အၾကပ္အတည္းေတြ ၾကံဳေနရတဲ့ ႏိုင္ငံတႏုိင္ငံအျဖစ္ စုိးရိမ္စရာေတြ ရွိေနတယ္လို႔ ဆုိထားပါတယ္။

ကပ္ေရာဂါကာလ ေစတနာ့ဝန္ထမ္း အကူအညီေပးေနတဲ့ Community Fever Clinic Network က ေဒါက္တာသစ္လြင္ကေတာ့ က်န္းမာေရးေစာင့္ေရွာက္မႈ အားနည္းခ်က္ေတြေၾကာင့္ အေရးေပၚ အေျခအေနနဲ႔ ႀကံဳရတဲ့ အခါမ်ဳိးမွာ အခက္အခဲေတြ ပုိႀကံဳရတယ္လုိ႔ VOA ကိုေျပာပါတယ္။

“ဒီကိုဗစ္ကာလအတြင္းမွာ ဆိုရင္လည္း က်ေနာ္တို႔က အဓိကအဲ့ျပႆနာေတြနဲ႔ ရင္ဆုိင္ရတာပဲေပါ့။ Social Distancing တို႔ဘာတို႔ ဒီကိစၥေတြမွာ နည္းနည္းေလး ခဲယဥ္းလာတာေတြ႕မယ္။ အလုပ္ခြင္မွာလည္း ဒီအတိုင္းရွိမယ္။ က်န္တဲ့ လူအမ်ားႀကီး စုေဝးေနတဲ့ေနရာေပါ့။ ဥပမာ- က်ဴးေက်ာ္တဲလိုေနရာမ်ိဳးေတြ။ အဲလိုကိစၥမ်ိဳးေတြမွာဆို အဲျပႆနာေတြက မ်ားတာပဲေပါ့ေနာ္။ က်န္းမာေရးဝန္ထမ္းဘက္ကို ၾကည့္လုိက္မယ္ဆုိရင္လည္း က်န္းမာေရးဝန္ထမ္းအင္အားနည္းတာေတာ့ အမွန္ပဲ။ အဲေတာ့ Fever Clinic ေတြ က်ေနာ္တို႔ဖြင့္ျဖစ္ရတဲ့ အေၾကာင္းရင္းကလည္း အဓိကအဲဒါပဲေပါ့။”

ျမန္မာႏုိင္ငံမွာ လူဦးေရလူ ၁၀,၀၀၀ ေလာက္အတြက္ ေဆး႐ုံမွာ လူနာကုတင္ ၉ လုံးႏႈန္းသာရွိၿပီး ကမာၻေပၚမွာ က်န္းမာေရး ေစာင့္ေရွာက္မႈ အဆင့္အနိမ့္ဆုံးစာရင္း၀င္ ႏုိင္ငံတႏုိင္ငံအျဖစ္ ရွိေနဆဲ ျဖစ္ေၾကာင္းလည္း ကုလသမဂၢရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ အေရွ႕ေတာင္အာရွ ၁၁ ႏုိင္ငံမွာ ျမန္မာႏုိင္ငံဟာ သားဖြားသူနာျပဳ အနည္းဆုံးႏုိင္ငံတႏုိင္ငံအျဖစ္ အဆင့္ ၁၀ မွာရွိေနၿပီး ဖိလစ္ပုိင္ကေတာ့ အဆင့္ ၁၁ နဲ႔ ေအာက္ဆုံးမွာရွိေနသလုိ၊ စကၤာပူႏုိင္ငံကေတာ့ ထိပ္ဆုံးေနရာမွာ ရွိေနတယ္လုိ႔လည္း ေျပာပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ တႏုိင္ငံလံုးအတုိင္းအတာနဲ႔ ေဆးရံုေပါင္း ၁,၁၆၈ ရံုအပါအဝင္၊ က်န္းမာေရးဌာနခြဲေပါင္း ၁၀,၉၉၀ ရွိေနၿပီး၊ ေဆးေပးခန္းကေတာ့ ၂၅၄ ခု ရွိပါတယ္။

ကေလးအထူးကုဆရာဝန္ႀကီး ပါေမာကၡေဒါက္တာေစာဝင္းကေတာ့ ျမန္မာႏုိင္ငံမွာ က်န္းမာေရး ေစာင့္ေရွာက္မႈေတြနဲ႔ က်န္းမာေရး ပညာေပးေရး လုပ္ငန္းေတြမွာ အားနည္းခ်က္ေတြ ရွိေနတယ္ဆုိတာကုိ လက္ခံေပမဲ့ လတ္တေလာ ႀကံဳေနရတဲ့ ကပ္ေရာဂါနဲ႔ ပတ္သက္လုိ႔ ရင္ဆုိင္ေျဖရွင္းမႈေတြမွာေတာ့ အားရစရာေကာင္းတယ္လုိ႔ ေျပာပါတယ္။

“က်န္းမာေရးျပႆနာေတြေတာ့ ရွိပါတယ္။ က်ေနာ္တို႔က်န္းမာေရး ဘတ္ဂ်က္အရမလံုေလာက္တာ၊ ဒီက်န္းမာေရးဝန္ထမ္း အင္အားနည္းတာ။ က်ေနာ္တို႔ရဲ႕ ကေလးအေသအေပ်ာက္ႏႈန္းတုိ႔ ဒါေတြက ပတ္ဝန္းက်င္ႏုိင္ငံတခ်ိဳ႕နဲ႔ စာရင္ေတာ့ မေကာင္းတာေတြရွိတယ္။ တခ်ိဳ႕ထက္လည္း ေကာင္းတာရွိတယ္ေပါ့ေနာ္။ ဒီျပႆနာေလးေတြေတာ့ ရွိပါတယ္။ ဒီဟာေတြကို က်ေနာ္တို႔ ရွင္းေနရတာေပါ့ေလ။ သုိ႔ေသာ္ ဒီကုိဗစ္ကုိ ကုိင္တြယ္ပံုနဲ႔ ပတ္သက္လို႔ေတာ့ က်ေနာ္တို႔ဆီကုိ မေကာင္းဘူးလို႔ ေျပာတာကို က်ေနာ္တုိ႔ လက္မခံႏုိင္ဘူး။”

ကုလသမဂၢရဲ႕ အစီရင္ခံစာမွာပဲ လက္နက္ကိုင္ပဋိပကၡေတြရွိေနတဲ့ ရခိုင္ျပည္နယ္လုိ ေဒသမ်ဳိးေတြမွာ ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ေရးနဲ႔ ေနာက္ဆက္တြဲ လူမႈစီးပြားအၾကပ္အတည္းေတြ ႀကံဳရႏုိင္သလုိ၊ ကပ္ေရာဂါထိန္းခ်ဳပ္ဖုိ႔ ႀကိဳးစားေနရတဲ့ အခ်ိန္မွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔အတူ ၿငိမ္းခ်မ္းေရးနဲ႔ လံုျခံဳေရးဆိုင္ရာစုိးရိမ္စရာေတြ ရွိေနတယ္လုိ႔လည္း သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Code]

နဂိုကအားနည်းတဲ့ မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှု ကိုဗစ်ကြောင့် ပိုအခက်တွေ့

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်နဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ကုလသမဂ္ဂက ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအပေါ် ကျန်းမာရေးဝန်ထမ်းတွေရဲ့ သဘောထားတုံ့ပြန်ချက်တွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပေးပါမယ်။

“အရှေ့တောင်အာရှနိုင်ငံတွေမှာ COVID- 19 ကြောင့် သက်ရောက်မှု” လို့အမည်ပေးထားတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ကပ်ရောဂါကာလ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ နိမ့်ကျတဲ့အပေါ်စိုးရိမ်ကြောင်း ဖော်ပြထားတာပါ။ COVID- 19 ကပ်ရောဂါ မတိုင်ခင်ကတည်းက ပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းတွေ ကြုံနေရတဲ့ နိုင်ငံတနိုင်ငံအဖြစ် စိုးရိမ်စရာတွေ ရှိနေတယ်လို့ ဆိုထားပါတယ်။

ကပ်ရောဂါကာလ စေတနာ့ဝန်ထမ်း အကူအညီပေးနေတဲ့ Community Fever Clinic Network က ဒေါက်တာသစ်လွင်ကတော့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်တွေကြောင့် အရေးပေါ် အခြေအနေနဲ့ ကြုံရတဲ့ အခါမျိုးမှာ အခက်အခဲတွေ ပိုကြုံရတယ်လို့ VOA ကိုပြောပါတယ်။

“ဒီကိုဗစ်ကာလအတွင်းမှာ ဆိုရင်လည်း ကျနော်တို့က အဓိကအဲ့ပြဿနာတွေနဲ့ ရင်ဆိုင်ရတာပဲပေါ့။ Social Distancing တို့ဘာတို့ ဒီကိစ္စတွေမှာ နည်းနည်းလေး ခဲယဉ်းလာတာတွေ့မယ်။ အလုပ်ခွင်မှာလည်း ဒီအတိုင်းရှိမယ်။ ကျန်တဲ့ လူအများကြီး စုဝေးနေတဲ့နေရာပေါ့။ ဥပမာ- ကျူးကျော်တဲလိုနေရာမျိုးတွေ။ အဲလိုကိစ္စမျိုးတွေမှာဆို အဲပြဿနာတွေက များတာပဲပေါ့နော်။ ကျန်းမာရေးဝန်ထမ်းဘက်ကို ကြည့်လိုက်မယ်ဆိုရင်လည်း ကျန်းမာရေးဝန်ထမ်းအင်အားနည်းတာတော့ အမှန်ပဲ။ အဲတော့ Fever Clinic တွေ ကျနော်တို့ဖွင့်ဖြစ်ရတဲ့ အကြောင်းရင်းကလည်း အဓိကအဲဒါပဲပေါ့။”

မြန်မာနိုင်ငံမှာ လူဦးရေလူ ၁၀,၀၀၀ လောက်အတွက် ဆေးရုံမှာ လူနာကုတင် ၉ လုံးနှုန်းသာရှိပြီး ကမ္ဘာပေါ်မှာ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အနိမ့်ဆုံးစာရင်းဝင် နိုင်ငံတနိုင်ငံအဖြစ် ရှိနေဆဲ ဖြစ်ကြောင်းလည်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာ မြန်မာနိုင်ငံဟာ သားဖွားသူနာပြု အနည်းဆုံးနိုင်ငံတနိုင်ငံအဖြစ် အဆင့် ၁၀ မှာရှိနေပြီး ဖိလစ်ပိုင်ကတော့ အဆင့် ၁၁ နဲ့ အောက်ဆုံးမှာရှိနေသလို၊ စင်္ကာပူနိုင်ငံကတော့ ထိပ်ဆုံးနေရာမှာ ရှိနေတယ်လို့လည်း ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆေးရုံပေါင်း ၁,၁၆၈ ရုံအပါအဝင်၊ ကျန်းမာရေးဌာနခွဲပေါင်း ၁၀,၉၉၀ ရှိနေပြီး၊ ဆေးပေးခန်းကတော့ ၂၅၄ ခု ရှိပါတယ်။

ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းကတော့ မြန်မာနိုင်ငံမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ ကျန်းမာရေး ပညာပေးရေး လုပ်ငန်းတွေမှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတာကို လက်ခံပေမဲ့ လတ်တလော ကြုံနေရတဲ့ ကပ်ရောဂါနဲ့ ပတ်သက်လို့ ရင်ဆိုင်ဖြေရှင်းမှုတွေမှာတော့ အားရစရာကောင်းတယ်လို့ ပြောပါတယ်။

“ကျန်းမာရေးပြဿနာတွေတော့ ရှိပါတယ်။ ကျနော်တို့ကျန်းမာရေး ဘတ်ဂျက်အရမလုံလောက်တာ၊ ဒီကျန်းမာရေးဝန်ထမ်း အင်အားနည်းတာ။ ကျနော်တို့ရဲ့ ကလေးအသေအပျောက်နှုန်းတို့ ဒါတွေက ပတ်ဝန်းကျင်နိုင်ငံတချို့နဲ့စာရင်တော့ မကောင်းတာတွေရှိတယ်။ တချို့ထက်လည်း ကောင်းတာရှိတယ်ပေါ့နော်။ ဒီပြဿနာလေးတွေတော့ ရှိပါတယ်။ ဒီဟာတွေကို ကျနော်တို့ ရှင်းနေရတာပေါ့လေ။ သို့သော် ဒီကိုဗစ်ကို ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့တော့ ကျနော်တို့ဆီကို မကောင်းဘူးလို့ ပြောတာကို ကျနော်တို့ လက်မခံနိုင်ဘူး။”

ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာပဲ လက်နက်ကိုင်ပဋိပက္ခတွေရှိနေတဲ့ ရခိုင်ပြည်နယ်လို ဒေသမျိုးတွေမှာ ရောဂါကူးစက်မှု ထိန်းချုပ်ရေးနဲ့ နောက်ဆက်တွဲ လူမှုစီးပွား အကြပ်အတည်းတွေ ကြုံရနိုင်သလို၊ ကပ်ရောဂါထိန်းချုပ်ဖို့ ကြိုးစားနေရတဲ့ အချိန်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့အတူ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာစိုးရိမ်စရာတွေ ရှိနေတယ်လို့လည်း သတိပေးထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG