သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေၾကာင့္ ပုဂံကေရွးေဟာင္းဘုရားတခ်ဳိ႕ ၀င္ေရာက္ခြင့္ပိတ္


ကုိဗစ္ေၾကာင့္ ပိတ္ထားဖို႔ ၫႊန္ၾကားခံရတဲ့ အာနႏၵာဘုရား ေစတီပုထိုး (ဓါတ္ပံု-ဇြန္လိုင္လ ၆ ရက္ေန႔ ၂၀၁၉ )

(Zawgyi/Unicode)

ေရွးေဟာင္းၿမိဳ႕ေတာ္ပုဂံေဒသရွိ နာမည္ႀကီး ေစတီပုထိုး ၁၇ ဆူကို ဒီေန႔ကစၿပီး ဝင္ေရာက္ဖူးေျမာ္ခြင့္ ပိတ္လိုက္သလို အနီးအနားက ေစ်းဆိုင္ေတြကိုပါ ေရာင္းခ်ခြင့္ေတြ ပိတ္လိုက္တဲ့အေၾကာင္း မေမခ ေျပာျပေပးပါမယ္။

ေရွးေဟာင္းၿမိဳ႕ေတာ္ ပုဂံေဒသရွိ နာမည္ႀကီး ေစတီပုထိုး ၁၇ဆူကို ဝင္ေရာက္ဖူးေျမာ္ခြင့္ မျပဳဖို႔နဲ႔ ေဒသခံေစ်းသည္ေတြ ေရာင္းခ်ျခင့္ေတြကိုပါ ကပ္ေရာဂါ ကူးစက္မႈ ထိန္းခ်ဳပ္တဲ့အေနနဲ႔ ပိတ္လိုက္တာျဖစ္ေၾကာင္း ေဒသခံ တဦးျဖစ္တဲ့ ဦးေမာင္ေမာင္ဦးက ေျပာပါတယ္။
“ဘုရားေဘးက ေစ်းဆိုင္ေတြကိုေတာ့ ခ႐ိုင္စည္ပင္ရဲ႕ ညြန္ၾကားခ်က္အရ ပိတ္ပါဆိုတဲ့ စာကေတာ့ ထြက္တယ္။ စာကေတာ့ အခုပိတ္လိုက္တဲ့ ၁၇ဆူ ရဲ႕ ေဘးက စားေသာက္ဆိုင္ အမွတ္တရပစၥည္းေတြ အေရာင္းဆိုင္အကုန္လံုးကို ပိတ္ခိုင္းထားတဲ့ စာကေတာ့ ထြက္တယ္။”

တရားဝင္ ဖြင့္ခြင့္မေပးေသးတဲ့ ဘုရားေတြမွာ ဧည့္သည္ေတြနဲ႔ စည္ကားလာေနတာေၾကာင့္ က်န္းမာေရးအတြက္ စိုးရိမ္တာေၾကာင့္ ပိတ္ထားဖို႔ ၫႊန္ၾကားခဲ့တာ ျဖစ္ေၾကာင္းလည္း ပုဂံေရွးေဟာင္းအေမြအႏွစ္ ထိန္းသိမ္းေရးေကာ္မတီ ဒုတိယဥကၠ႒၊ မႏၲေလးတိုင္းေဒသႀကီး စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးျမတ္သူကို ကိုးကားၿပီး ျပည္တြင္းသတင္းတခ်ိဳ႕က ေဖာ္ျပခဲ့ၾကတာပါ။

ဒါေပမဲ့လည္း COVID-19 ကပ္ေရာဂါ ကာလမွာ သြားလာလႈပ္ရွားမႈေတြ ကန႔္သတ္ထားတာေၾကာင့္ ဝင္ေငြထိခိုက္ေနတဲ့ ေဒသခံေတြကေတာ့ အခုၫႊန္ၾကားခ်က္ေၾကာင့္ အခက္အခဲ ျဖစ္ေနရတယ္လို႔ ေျပာပါတယ္။ ပုဂံေဒသခံ ဦးေမာင္ေမာင္ဦးကေတာ့ က်န္းမာေရးအတြက္ ကာကြယ္ေရး အစီအမံေတြနဲ႔ ခြင့္ျပဳမယ္ဆိုရင္ ျဖစ္ႏိုင္တဲ့နည္းလမ္းေတြ ရွိတယ္လို႔ ျမင္ပါတယ္။

“သူတို႔ေျပာတာကေတာ့ က်န္းမာေရးေၾကာင့္ ပိတ္တာလို႔ ေျပာေပမယ့္ တကယ္တမ္းကေတာ့အလုပ္မလုပ္ခ်င္တာ။ ေျပာရမယ္ဆိုရင္ ေျခေထာက္နဲ႔ ဝယ္လာတဲ့ ဖိနပ္ကမေတာ္လို႔ ေျခေထာက္ျဖတ္ရတဲ့သေဘာ သူတို႔လုပ္တာ။ အဓိက အေျခခံလူတန္းစားေတြကို ၾကည့္မယ္ဆို လုပ္ရတာအမ်ားႀကီးရွိတယ္။ ဥပမာ ဘုရားတဆူကို တခ်ိန္ထဲမွာ လူတရာေက်ာ္ သြင္းမယ္။ သြင္းႏိုင္ေအာင္ Volunteer ေတြေခၚလိုက္။က်ေနာ္တို႔ ပုဂံမွာအမ်ားႀကီး ရွိတယ္ အဲဒါမ်ိဳးေတြ တာ၀န္ရွိတဲ့သူေတြကေနၿပီးေတာ့ က်ပ္က်ပ္မတ္မတ္နဲ႔ လူေတြ ဒီလိုမစုရဘူး ဒီလိုမသြားရဘူး ကားေတြဆိုရင္လည္း ဘယ္ေလာက္ဆိုရင္ ၀င္ခြင့္ေပးမယ္ ဆိုတာမ်ိဳးေတြလည္း လုပ္လိုက္ရင္ အဆင္ေျပႏိုင္မယ့္ဟာေတြ ရွိပါတယ္။ ဒါေပမယ့္ အဲလိုမ်ိဳးျပည္သူအေပၚကို ေစတနာရွိရွိမလုပ္ေပးခ်င္ဘူးဒ ၿပီးေတာ့ ပိတ္လိုက္ၿပီဆိုတဲ့ သေဘာမ်ိဳးေတြလည္း ရွိတယ္ ”

ပိတ္ထားဖို႔ ၫႊန္ၾကားခဲ့တဲ့ ပုဂံေစတီပုထိုး ၁၇ ဆူထဲမွာေတာ့ အာနႏၵာ၊ သဗၺဳညဳ၊ ေဂါေဓာပလႅင္၊ ထီးလိုမင္းလို၊ ဓမၼရံႀကီး၊ ေ႐ႊဆံေတာ္ စတဲ့ လူသိမ်ားထင္ရွားရွိတဲ့ ဘုရားေတြလည္း ပါဝင္ပါတယ္။ ၫႊန္ၾကားခ်က္နဲ႔ ပတ္သက္လို႔ ပုဂံယဥ္ေက်းမႈ ဌာနကို ဆက္သြယ္ရာမွာေတာ့ ေစတီပုထိုး ၁၇ဆူ ပိတ္လိုက္ေၾကာင္း အတည္ျပဳေပမယ့္ တာဝန္ခံမရွိတာေၾကာင့္ အေသးစိတ္မေျပာႏိုင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ဟိုတယ္လုပ္ငန္းရွင္တဦး လည္းျဖစ္၊ ဟိုတယ္လုပ္ငန္းရွင္မ်ား အသင္းဒုဥကၠဌ ဦးခင္ေအာင္ထြန္း ကေတာ့ ခရီးသြားလုပ္ငန္းအေပၚ သက္ေရာက္မႈ မရွိေအာင္ တာဝန္ရွိသူေတြအေနနဲ႔ စနစ္တက် စီမံခန႔္ခြဲေစခ်င္တယ္လို႔ ေျပာပါတယ္။

“ ဒါေၾကာင့္ impact (႐ိုက္ခတ္မႈ) ေတာ့ရွိတာယ္။ ဒီအပိုင္းက ဘုရားေတြဆိုတာက လူေတြဝင္ၾကတယ္။ အေစာပိုင္းထဲက ဒီလို၀င္မယ္ဆိုရင္ Temperature တိုင္းဖို႔ ၊ လက္ေဆးဖို႔ ၊ လူအေရအတြက္ အကန္႔အသတ္နဲ႔ ေပါ့ေလ သေဘာက ဒီအထဲကို ၂၀၀ ပဲ ေပး၀င္တယ္ဆိုရင္၂၀ ထြက္သြားမွ ေနာက္လူ ၂၀ ေပး၀င္ဖို႔ ဒါေတြကို ျပင္ဆင္လုပ္ထားသင့္တာေပါ့ေနာ္။ ပူးေပါင္းေဆာင္ရြက္မႈ အားနည္းတာေတြ ေခတ္အဆက္ဆက္ က်ေနာ္တို႔ ႀကံဳလာခဲ့ရတဲ့ ပံုစံေပါ့ဗ်ာ ဒါေတြအားနည္းတာေပါ့။ကိုဗစ္နဲ႔ ယွဥ္တြဲ ေနထိုင္သြားရမွာပဲ။ က်ေနာ္တို႔ အိမ္နီးနားခ်င္းႏိုင္ငံေတြလည္း ျဖစ္ေနတယ္ဆိုတာ က်ေနာ္တို႔ သတိထားမိပါတယ္။ကိုဗစ္ေၾကာင့္ မေသဘဲ၊ ငတ္လို႔ ေသႏိုင္တယ္ သေဘာေျပာျပတာပါ။ စကားလံုးေတာ့ နည္းနည္း႐ိုင္းသြားတာေပါ့ေလ။ ဒါက အႏၱရာယ္ႀကီးလို႔ စီးပြားေရးလုပ္ငန္းေတြကို ပိတ္ထားလို႔ မရဘူးေပါ့ေနာ္ ဒီေနရာမွာ ေသေသခ်ာခ်ာ ေလွ်ာက္လွမ္းႏိုင္ဖို႔ အေရးႀကီးတာေပါ့ေနာ္။”

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ပထမဆုံးလူနာကို အတည္ျပဳခဲ့ၿပီး ေနာက္တလျဖစ္တဲ့ ဧၿပီလထဲမွာပဲ ခရီးသြားေတြနဲ႔ စည္ကားေလ့ရွိတဲ့ ပုဂံေဒသမွာလည္း ဧည့္သည္ေတြ လည္ပတ္ခြင့္၊ ေစ်းေရာင္းခ်ခြင့္ေတြကို ပိတ္လိုက္တာပါ။ ဒါေပမဲ့လည္း ျမန္မာႏိုင္ငံတြင္းမွာ ကူးစက္မႈေတြ မေတြ႕ရသေလာက္ ေလ်ာ့နည္းလာခ်ိန္မွာပဲ ဇူလိုင္လကစလို႔ ပုဂံေဒသက ဘုရားတခ်ိဳ႕က တာဝန္ရွိသူ ေဂါပကအဖြဲ႕ေတြက တျဖည္းျဖည္းခ်င္း ျပန္လည္ခြင့္ျပဳေပးခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ကိုဗစ်ကြောင့် ပုဂံကရှေးဟောင်းဘုရားတချို့ ဝင်ရောက်ခွင့်ပိတ်

(Unicode)

ရှေးဟောင်းမြို့တော်ပုဂံဒေသရှိ နာမည်ကြီး စေတီပုထိုး ၁၇ ဆူကို ဒီနေ့ကစပြီး ဝင်ရောက်ဖူးမြော်ခွင့် ပိတ်လိုက်သလို အနီးအနားက ဈေးဆိုင်တွေကိုပါ ရောင်းချခွင့်တွေ ပိတ်လိုက်တဲ့အကြောင်း မမေခ ပြောပြပေးပါမယ်။

ရှေးဟောင်းမြို့တော်ပုဂံဒေသရှိ နာမည်ကြီး စေတီပုထိုး ၁၇ဆူကို ဝင်ရောက်ဖူးမြော်ခွင့် မပြုဖို့နဲ့ ဒေသခံဈေးသည်တွေ ရောင်းချခြင့်တွေကိုပါ ကပ်ရောဂါ ကူးစက်မှု ထိန်းချုပ်တဲ့အနေနဲ့ ပိတ်လိုက်တာဖြစ်ကြောင်း ဒေသခံ တဦးဖြစ်တဲ့ ဦးမောင်မောင်ဦးက ပြောပါတယ်။
“ဘုရားဘေးက ဈေးဆိုင်တွေကိုတော့ ခရိုင်စည်ပင်ရဲ့ ညွန်ကြားချက်အရ ပိတ်ပါဆိုတဲ့ စာကတော့ ထွက်တယ်။ စာကတော့ အခုပိတ်လိုက်တဲ့ ၁၇ဆူ ရဲ့ ဘေးက စားသောက်ဆိုင် အမှတ်တရပစ္စည်းတွေ အရောင်းဆိုင်အကုန်လုံးကို ပိတ်ခိုင်းထားတဲ့ စာကတော့ ထွက်တယ်။”

တရားဝင် ဖွင့်ခွင့်မပေးသေးတဲ့ ဘုရားတွေမှာ ဧည့်သည်တွေနဲ့ စည်ကားလာနေတာကြောင့် ကျန်းမာရေးအတွက် စိုးရိမ်တာကြောင့် ပိတ်ထားဖို့ ညွှန်ကြားခဲ့တာ ဖြစ်ကြောင်းလည်း ပုဂံရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူကို ကိုးကားပြီး ပြည်တွင်းသတင်းတချို့က ဖော်ပြခဲ့ကြတာပါ။

ဒါပေမဲ့လည်း COVID-19 ကပ်ရောဂါ ကာလမှာ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတာကြောင့် ဝင်ငွေထိခိုက်နေတဲ့ ဒေသခံတွေကတော့ အခုညွှန်ကြားချက်ကြောင့် အခက်အခဲ ဖြစ်နေရတယ်လို့ ပြောပါတယ်။ ပုဂံဒေသခံ ဦးမောင်မောင်ဦးကတော့ ကျန်းမာရေးအတွက် ကာကွယ်ရေး အစီအမံတွေနဲ့ ခွင့်ပြုမယ်ဆိုရင် ဖြစ်နိုင်တဲ့နည်းလမ်းတွေ ရှိတယ်လို့ မြင်ပါတယ်။

“သူတို့ပြောတာကတော့ ကျန်းမာရေးကြောင့် ပိတ်တာလို့ ပြောပေမယ့် တကယ်တမ်းကတော့အလုပ်မလုပ်ချင်တာ။ ပြောရမယ်ဆိုရင် ခြေထောက်နဲ့ ဝယ်လာတဲ့ ဖိနပ်ကမတော်လို့ ခြေထောက်ဖြတ်ရတဲ့သဘော သူတို့လုပ်တာ။ အဓိက အခြေခံလူတန်းစားတွေကို ကြည့်မယ်ဆို လုပ်ရတာအများကြီးရှိတယ်။ ဥပမာ ဘုရားတဆူကို တချိန်ထဲမှာ လူတရာကျော် သွင်းမယ်။ သွင်းနိုင်အောင် Volunteer တွေခေါ်လိုက်။ကျနော်တို့ ပုဂံမှာအများကြီး ရှိတယ် အဲဒါမျိုးတွေ တာဝန်ရှိတဲ့သူတွေကနေပြီးတော့ ကျပ်ကျပ်မတ်မတ်နဲ့ လူတွေ ဒီလိုမစုရဘူး ဒီလိုမသွားရဘူး ကားတွေဆိုရင်လည်း ဘယ်လောက်ဆိုရင် ဝင်ခွင့်ပေးမယ် ဆိုတာမျိုးတွေလည်း လုပ်လိုက်ရင် အဆင်ပြေနိုင်မယ့်ဟာတွေ ရှိပါတယ်။ ဒါပေမယ့် အဲလိုမျိုးပြည်သူအပေါ်ကို စေတနာရှိရှိမလုပ်ပေးချင်ဘူးဒ ပြီးတော့ ပိတ်လိုက်ပြီဆိုတဲ့ သဘောမျိုးတွေလည်း ရှိတယ် ”

ပိတ်ထားဖို့ ညွှန်ကြားခဲ့တဲ့ ပုဂံစေတီပုထိုး ၁၇ ဆူထဲမှာတော့ အာနန္ဒာ၊ သဗ္ဗုညု၊ ဂေါဓောပလ္လင်၊ ထီးလိုမင်းလို၊ ဓမ္မရံကြီး၊ ရွှေဆံတော် စတဲ့ လူသိများထင်ရှားရှိတဲ့ ဘုရားတွေလည်း ပါဝင်ပါတယ်။ ညွှန်ကြားချက်နဲ့ ပတ်သက်လို့ ပုဂံယဉ်ကျေးမှု ဌာနကို ဆက်သွယ်ရာမှာတော့ စေတီပုထိုး ၁၇ဆူ ပိတ်လိုက်ကြောင်း အတည်ပြုပေမယ့် တာဝန်ခံမရှိတာကြောင့် အသေးစိတ်မပြောနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဟိုတယ်လုပ်ငန်းရှင်တဦး လည်းဖြစ်၊ ဟိုတယ်လုပ်ငန်းရှင်များ အသင်းဒုဥက္ကဌ ဦးခင်အောင်ထွန်း ကတော့ ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှု မရှိအောင် တာဝန်ရှိသူတွေအနေနဲ့ စနစ်တကျ စီမံခန့်ခွဲစေချင်တယ်လို့ ပြောပါတယ်။

“ ဒါကြောင့် impact (ရိုက်ခတ်မှု) တော့ရှိတာယ်။ ဒီအပိုင်းက ဘုရားတွေဆိုတာက လူတွေဝင်ကြတယ်။ အစောပိုင်းထဲက ဒီလိုဝင်မယ်ဆိုရင် Temperature တိုင်းဖို့ ၊ လက်ဆေးဖို့ ၊ လူအရေအတွက် အကန့်အသတ်နဲ့ ပေါ့လေ သဘောက ဒီအထဲကို ၂၀၀ ပဲ ပေးဝင်တယ်ဆိုရင်၂၀ ထွက်သွားမှ နောက်လူ ၂၀ ပေးဝင်ဖို့ ဒါတွေကို ပြင်ဆင်လုပ်ထားသင့်တာပေါ့နော်။ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာတွေ ခေတ်အဆက်ဆက် ကျနော်တို့ ကြုံလာခဲ့ရတဲ့ ပုံစံပေါ့ဗျာ ဒါတွေအားနည်းတာပေါ့။ကိုဗစ်နဲ့ ယှဉ်တွဲ နေထိုင်သွားရမှာပဲ။ ကျနော်တို့ အိမ်နီးနားချင်းနိုင်ငံတွေလည်း ဖြစ်နေတယ်ဆိုတာ ကျနော်တို့ သတိထားမိပါတယ်။ကိုဗစ်ကြောင့် မသေဘဲ၊ ငတ်လို့ သေနိုင်တယ် သဘောပြောပြတာပါ။ စကားလုံးတော့ နည်းနည်းရိုင်းသွားတာပေါ့လေ။ ဒါက အန္တရာယ်ကြီးလို့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ထားလို့ မရဘူးပေါ့နော် ဒီနေရာမှာ သေသေချာချာ လျှောက်လှမ်းနိုင်ဖို့ အရေးကြီးတာပေါ့နော်။”

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ပထမဆုံးလူနာကို အတည်ပြုခဲ့ပြီး နောက်တလဖြစ်တဲ့ ဧပြီလထဲမှာပဲ ခရီးသွားတွေနဲ့ စည်ကားလေ့ရှိတဲ့ ပုဂံဒေသမှာလည်း ဧည့်သည်တွေ လည်ပတ်ခွင့်၊ ဈေးရောင်းချခွင့်တွေကို ပိတ်လိုက်တာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံတွင်းမှာ ကူးစက်မှုတွေ မတွေ့ရသလောက် လျော့နည်းလာချိန်မှာပဲ ဇူလိုင်လကစလို့ ပုဂံဒေသက ဘုရားတချို့က တာဝန်ရှိသူ ဂေါပကအဖွဲ့တွေက တဖြည်းဖြည်းချင်း ပြန်လည်ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG