သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကာလ ပုဂံေဒသဘုရားေတြ ေဖာက္ထြင္းခံေနရ


ပုဂံေရွးေဟာင္းေစတီပုထိုးမ်ား။ (ဒီဇင္ဘာ ၂၈၊ ၂၀၁၀)

[Zawgyi/Unicode]

COVID ျဖစ္ပြားေနတဲ့ကာလ လူအသြားအလာနည္းပါးခ်ိန္မွာ ကမၻာ့ေရွးေဟာင္းအေမြအႏွစ္ေဒသျဖစ္တဲ့ ပုဂံေရွးေဟာင္းဇုန္အတြင္းက ဘုရားေတြကို မသမာသူေတြက ေဖာက္ထြင္းေနတယ္ဆိုတဲ့သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ျပေပးပါမယ္။

ပုဂံေရွးေဟာင္းဇုန္အတြင္းက ဘုရားေတြ ေဖာက္ထြင္းထားတာကို ပုဂံ၊ ေညာင္ဦး ဧည့္လမ္းၫႊန္မ်ား အသင္းက အဖဲြ႕၀င္ေတြ ေစတနာ၀န္ထမ္း ကင္းလွည့္ၾကည့္ရႈစဥ္ ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ေလာေလာဆယ္မွာ ေဖာက္ထြင္းခံထားရတဲ့ဘုရား ရွစ္ဆူေလာက္ရွိေနေၾကာင္း ပုဂံ-ေညာင္ဦး ဧည့္လမ္းၫႊန္မ်ား အသင္းက ျပန္ၾကားေရးတာ၀န္ခံ ဦးထက္ထြန္းေအာင္က အခုလို ေျပာပါတယ္။

“က်ေနာ္တို႔ အခု လက္ရွိ ေတြ႕ထားတာေပါ့ေနာ္။ ရွစ္ ဆူျဖစ္သြားၿပီ မေန႔က ငါးဆူ၊ ဒီေန႔ သံုးဆူ။ ဘယ္ေန႔ ဘယ္အခ်ိန္က ဘယ္ႏွစ္ဆူေဖာက္ထားတာလဲေတာ့ မသိဘူး။ ပုဂံက ဧရိယာက်ယ္ျပန္႔ေတာ့ က်ေနာ္တို႔က တတ္ႏိုင္သေလာက္ ပတ္ၾကည့္ေနတာ။ အခုေဖာက္ထားတာကေတာ့ သူတို႔က ရည္ရြယ္ခ်က္ ရွိရွိနဲ႔ ဘုရား အသစ္ေတြေပါ့ေနာ္။ ၁၉၉၀ ေနာက္ပိုင္းမွာ ျပန္လည္ျပဳျပင္ထားတဲ့ ဘုရားေတြ။ အဲဒီတုန္းက ဘာေတြလုပ္တာလဲဆို ဘုရားျပဳျပင္တဲ့ ဘုရားအလႈရွင္ေတြက ဌာပနာထည့္တယ္။ ၿပီးလို႔ရွိရင္ အေနကဇာတင္တယ္ေပါ့ေနာ္။ အဲဒါမ်ိဳးေတြ လုပ္ၾကတာေပါ့။ အဲလို ဘုရားအသစ္ေတြ ဌာပနာရွိမယ္လို႔ ခန္႔မွန္းၿပီးေတာ့ ခိုးတဲ့သူေတြက ရည္ရြယ္ခ်က္ရွိရွိနဲ႔ အဲလို ဘုရားေတြကို ေဖာက္တာေပါ့။”

ဒီလ၈ရက္ေန႔က ေဖာက္ထြင္းခံရေၾကာင္း ေတြ႕ရွိတဲ့ ဘုရား ငါး ဆူဟာ ရြာေဟာင္းႀကီးဘုရား ေျမာက္ဘက္ ဘုရားအစုကျဖစ္ၿပီး ၉ ရက္ေန႔မွာ ထပ္မံေတြ႕ရွိတဲ့ဘုရား သံုး ဆူကေတာ့ စူဠာမဏိနဲ႔ ဓမၼရံႀကီး ဘုရားႏွစ္ဆူအၾကားက ျဖစ္ေၾကာင္းနဲ႔ ထပ္မံေတြ႕ရွိတာေတြလည္း ရွိေနေၾကာင္း ေျပာပါတယ္။

ဘုရားေတြ အေဖာက္ခံရတဲ့အေၾကာင္းကို ေဒသဆိုင္ရာအာဏာပိုင္အဖဲြ႕အစည္းေတြကို အေၾကာင္းၾကားခဲ့ရာမွာ သက္ဆိုင္တာ၀န္ရွိသူေတြက စစ္ေဆးၾကည့္ရႈတာေတြ ေဆာင္ရြက္ေနေၾကာင္း ေျပာပါတယ္။

လက္ရွိေဆာင္ရြက္ေနတဲ့အေျခအေနကို ေရွးေဟာင္းသုေတသနနဲ႔ အမ်ိဳးသားျပတုိက္ဦးစီးဌာန ပုဂံဌာနခဲြက ၫႊန္ၾကားေရးမွဴး ေဒါက္တာသန္းထိုက္က VOA ကို အခုလို ေျပာပါတယ္။

“က်ေနာ္တို႔က မေန႔က ေတြ႕ ေတြ႕ၿပီးခ်င္း ဘုရား ငါး ဆူ အေဖာက္ခံရတယ္ဆိုတဲ့ သတင္းရရခ်င္း က်ေနာ္တို႔က ခ႐ိုင္အဆင့္ ဌာနဆိုင္ရာေတြအကုန္လံုးနဲ႔ ဌာနစံု ပူးေပါင္းကြင္းဆင္းတဲ့ လုပ္ငန္းေတြ လုပ္တယ္။ ခ႐ိုင္ရဲတပ္ဖဲြ႕မွဴးေတြလည္း ပါတယ္။ နယ္ေျမရဲတပ္ဖဲြ႕မွဴးေတြလည္း ပါတယ္။ သူတို႔လည္း အားလံုး သိၿပီးၿပီ။ က်ေနာ္တို႔အေနနဲ႔လည္း တရား၀င္ ဥပေဒေၾကာင္းအရ အေရးယူေဆာင္ရြက္ႏိုင္ဖို႔ဆိုၿပီးေတာ့ အမႈဖြင့္ လုပ္ငန္းေဆာင္ရြက္ထားၿပီးလည္း ျဖစ္ပါတယ္ဗ်။”

အခုလို ေဖာက္ထြင္းတာဟာ ျပည္တြင္း၊ ျပည္ပ ခရီးသြားေတြ အလာနည္းတာေၾကာင့္ ပုဂံ၊ ေညာင္ဦးေဒသမွာ စီးပြားေရးလုပ္ငန္းေတြ က်ဆင္းတာနဲ႔ COVID ေရာဂါေၾကာင့္ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားတာကို အခြင့္ေကာင္းယူေဆာင္ရြက္တာျဖစ္ႏိုင္ေၾကာင္း သံုးသပ္ပါတယ္။

ပုဂံ၊ ေညာင္ဦးေဒသ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္ေတြ မပ်က္ဆီးေစေရးအတြက္ လံုျခံဳေရးအဖဲြ႕၊ ေရွးေဟာင္းသုေတသနဌာနနဲ႔ ပုဂံ၊ေညာင္ဦးဧည့္လမ္းၫႊန္မ်ားအသင္းတို႔ ပူးေပါင္းၿပီး တစ္ရက္ကို ၄ ႀကိမ္ေလာက္ ကင္းလွည့္ေဆာင္ရြက္ေနေၾကာင္း ေဒါက္တာသန္းထိုက္က ေျပာပါတယ္။

ေရွးေဟာင္းအေမြအႏွစ္ေတြ မေပ်ာက္ပ်က္ေစဖို႔ ဆိုရင္ လံုျခံဳေရးအေလးထားမႈအျပင္ အသိပညာေပးမႈေတြကို က်ယ္က်ယ္ျပန္႔ျပန္႔လုပ္ဖို႔ လိုအပ္ေနေၾကာင္းလည္း အခုလို ဆက္ေျပာပါတယ္။

“လံုျခံဳေရးကလည္း တစ္ပိုင္းေပါ့ေနာ္။ တစ္ခုကလည္း ခုနကလို အဖ်က္အေမွာင့္လုပ္တဲ့ လူေတြရဲ႕ စိတ္ထဲမွာ အေမြအႏွစ္ေတြကို ထိန္းသိမ္းေစာင့္ေရွာက္တတ္တဲ့ စိတ္ေပါ့။ ဒီလိုဟာမိ်ဳး အဓိက လိုအပ္ပါတယ္။ အမွန္ကေတာ့ ေဒသခံ လူ႔အဖဲြ႕အစည္း ဒီလိုလုပ္တဲ့ လူေတြ အကုန္လံုးက အစ ခ်စ္တဲ့စိတ္ျဖစ္လာေအာင္၊ ကာကြယ္ထိန္းသိမ္းေစာင့္ေရွာက္တဲ့စိတ္ ျဖစ္လာမွပဲ ဒီအေမြအႏွစ္ေတြက ေရရွည္ထိန္းသိမ္း ကာကြယ္ေစာင့္ေရွာက္ႏိုင္မွာေပါ့ေလ။ က်ေနာ္တို႔က သူတို႔ကိုလည္း ဒီလို အသိပညာေတြနားလည္ၿပီးေတာ့ ထိန္းသိမ္းတတ္တဲ့ စိတ္ေလးျဖစ္လာေအာင္လည္း က်ေနာ္တို႔က ပူးေပါင္းေဆာင္ရြက္ၿပီးေတာ့ သူတို႔ကို Awareness လုပ္ဖို႔ ရွိပါတယ္။ ဒါေတြက တစ္ပိုင္းေပါ့။”

ဒီကေန႔မနက္ပိုင္းကလည္း ပုဂံေဒသမွာ အေကာင္းဆံုး နံရံေဆးေရးပန္းခ်ီကားေတြ ရွိတဲ့ ေလာကထိပ္ပန္ဘုရားအ၀င္မွာရွိတဲ့ ေနေရာင္ကာ ဝါးယင္းလိတ္ေတြကို မီးေလာင္မႈတစ္ခုျဖစ္ပြားခဲ့ပါတယ္။ ဒီမီးကိုေတာ့ ရိႈ႕မီးအျဖစ္ယူဆၿပီး ဒါဟာ ဖ်က္ဆီးလိုတဲ့ စိတ္နဲ႔ လုပ္တာလို႔ ေဒသခံေတြက သံုးသပ္ၾကပါတယ္။

ပုဂံ၊ ေညာင္ဦးေဒသဟာ ေရွးေဟာင္းဘုရားအဆူေပါင္း ၃,၀၀၀ ေက်ာ္ေလာက္ တည္ရွိေနတာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ ဇူလိုင္လက ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ ယဥ္ေက်းမႈဆိုင္ရာအဖြဲ႔ UNESCO က ကမာၻ႔ယဥ္ေက်းမႈ အေမြအႏွစ္စာရင္း (World Heritage List) အျဖစ္ အသိအမွတ္ျပဳ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာလ ပုဂံဒေသဘုရားတွေ ဖောက်ထွင်းခံနေရ

COVID ဖြစ်ပွားနေတဲ့ကာလ လူအသွားအလာနည်းပါးချိန်မှာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဒေသဖြစ်တဲ့ ပုဂံရှေးဟောင်းဇုန်အတွင်းက ဘုရားတွေကို မသမာသူတွေက ဖောက်ထွင်းနေတယ်ဆိုတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

ပုဂံရှေးဟောင်းဇုန်အတွင်းက ဘုရားတွေ ဖောက်ထွင်းထားတာကို ပုဂံ၊ ညောင်ဦး ဧည့်လမ်းညွှန်များ အသင်းက အဖွဲ့ဝင်တွေ စေတနာဝန်ထမ်း ကင်းလှည့်ကြည့်ရှုစဉ် တွေ့ရှိခဲ့တာဖြစ်ပါတယ်။

လောလောဆယ်မှာ ဖောက်ထွင်းခံထားရတဲ့ဘုရား ရှစ်ဆူလောက်ရှိနေကြောင်း ပုဂံ-ညောင်ဦး ဧည့်လမ်းညွှန်များ အသင်းက ပြန်ကြားရေးတာဝန်ခံ ဦးထက်ထွန်းအောင်က အခုလို ပြောပါတယ်။

“ကျနော်တို့ အခု လက်ရှိ တွေ့ထားတာပေါ့နော်။ ရှစ် ဆူဖြစ်သွားပြီ မနေ့က ငါးဆူ၊ ဒီနေ့ သုံးဆူ။ ဘယ်နေ့ ဘယ်အချိန်က ဘယ်နှစ်ဆူဖောက်ထားတာလဲတော့ မသိဘူး။ ပုဂံက ဧရိယာကျယ်ပြန့်တော့ ကျနော်တို့က တတ်နိုင်သလောက် ပတ်ကြည့်နေတာ။ အခုဖောက်ထားတာကတော့ သူတို့က ရည်ရွယ်ချက် ရှိရှိနဲ့ ဘုရား အသစ်တွေပေါ့နော်။ ၁၉၉၀ နောက်ပိုင်းမှာ ပြန်လည်ပြုပြင်ထားတဲ့ ဘုရားတွေ။ အဲဒီတုန်းက ဘာတွေလုပ်တာလဲဆို ဘုရားပြုပြင်တဲ့ ဘုရားအလှုရှင်တွေက ဌာပနာထည့်တယ်။ ပြီးလို့ရှိရင် အနေကဇာတင်တယ်ပေါ့နော်။ အဲဒါမျိုးတွေ လုပ်ကြတာပေါ့။ အဲလို ဘုရားအသစ်တွေ ဌာပနာရှိမယ်လို့ ခန့်မှန်းပြီးတော့ ခိုးတဲ့သူတွေက ရည်ရွယ်ချက်ရှိရှိနဲ့ အဲလို ဘုရားတွေကို ဖောက်တာပေါ့။”

ဒီလ၈ရက်နေ့က ဖောက်ထွင်းခံရကြောင်း တွေ့ရှိတဲ့ ဘုရား ငါး ဆူဟာ ရွာဟောင်းကြီးဘုရား မြောက်ဘက် ဘုရားအစုကဖြစ်ပြီး ၉ ရက်နေ့မှာ ထပ်မံတွေ့ရှိတဲ့ဘုရား သုံး ဆူကတော့ စူဠာမဏိနဲ့ ဓမ္မရံကြီး ဘုရားနှစ်ဆူအကြားက ဖြစ်ကြောင်းနဲ့ ထပ်မံတွေ့ရှိတာတွေလည်း ရှိနေကြောင်း ပြောပါတယ်။

ဘုရားတွေ အဖောက်ခံရတဲ့အကြောင်းကို ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေကို အကြောင်းကြားခဲ့ရာမှာ သက်ဆိုင်တာဝန်ရှိသူတွေက စစ်ဆေးကြည့်ရှုတာတွေ ဆောင်ရွက်နေကြောင်း ပြောပါတယ်။

လက်ရှိဆောင်ရွက်နေတဲ့အခြေအနေကို ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က VOA ကို အခုလို ပြောပါတယ်။

“ကျနော်တို့က မနေ့က တွေ့ တွေ့ပြီးချင်း ဘုရား ငါး ဆူ အဖောက်ခံရတယ်ဆိုတဲ့ သတင်းရရချင်း ကျနော်တို့က ခရိုင်အဆင့် ဌာနဆိုင်ရာတွေအကုန်လုံးနဲ့ ဌာနစုံ ပူးပေါင်းကွင်းဆင်းတဲ့ လုပ်ငန်းတွေ လုပ်တယ်။ ခရိုင်ရဲတပ်ဖွဲ့မှူးတွေလည်း ပါတယ်။ နယ်မြေရဲတပ်ဖွဲ့မှူးတွေလည်း ပါတယ်။ သူတို့လည်း အားလုံး သိပြီးပြီ။ ကျနော်တို့အနေနဲ့လည်း တရားဝင် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နိုင်ဖို့ဆိုပြီးတော့ အမှုဖွင့် လုပ်ငန်းဆောင်ရွက်ထားပြီးလည်း ဖြစ်ပါတယ်ဗျ။”

အခုလို ဖောက်ထွင်းတာဟာ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ အလာနည်းတာကြောင့် ပုဂံ၊ ညောင်ဦးဒေသမှာ စီးပွားရေးလုပ်ငန်းတွေ ကျဆင်းတာနဲ့ COVID ရောဂါကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကို အခွင့်ကောင်းယူဆောင်ရွက်တာဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

ပုဂံ၊ ညောင်ဦးဒေသ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ မပျက်ဆီးစေရေးအတွက် လုံခြုံရေးအဖွဲ့၊ ရှေးဟောင်းသုတေသနဌာနနဲ့ ပုဂံ၊ညောင်ဦးဧည့်လမ်းညွှန်များအသင်းတို့ ပူးပေါင်းပြီး တစ်ရက်ကို ၄ ကြိမ်လောက် ကင်းလှည့်ဆောင်ရွက်နေကြောင်း ဒေါက်တာသန်းထိုက်က ပြောပါတယ်။

ရှေးဟောင်းအမွေအနှစ်တွေ မပျောက်ပျက်စေဖို့ ဆိုရင် လုံခြုံရေးအလေးထားမှုအပြင် အသိပညာပေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ လိုအပ်နေကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“လုံခြုံရေးကလည်း တစ်ပိုင်းပေါ့နော်။ တစ်ခုကလည်း ခုနကလို အဖျက်အမှောင့်လုပ်တဲ့ လူတွေရဲ့ စိတ်ထဲမှာ အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်တတ်တဲ့ စိတ်ပေါ့။ ဒီလိုဟာမျိုး အဓိက လိုအပ်ပါတယ်။ အမှန်ကတော့ ဒေသခံ လူ့အဖွဲ့အစည်း ဒီလိုလုပ်တဲ့ လူတွေ အကုန်လုံးက အစ ချစ်တဲ့စိတ်ဖြစ်လာအောင်၊ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်တဲ့စိတ် ဖြစ်လာမှပဲ ဒီအမွေအနှစ်တွေက ရေရှည်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်မှာပေါ့လေ။ ကျနော်တို့က သူတို့ကိုလည်း ဒီလို အသိပညာတွေနားလည်ပြီးတော့ ထိန်းသိမ်းတတ်တဲ့ စိတ်လေးဖြစ်လာအောင်လည်း ကျနော်တို့က ပူးပေါင်းဆောင်ရွက်ပြီးတော့ သူတို့ကို Awareness လုပ်ဖို့ ရှိပါတယ်။ ဒါတွေက တစ်ပိုင်းပေါ့။”

ဒီကနေ့မနက်ပိုင်းကလည်း ပုဂံဒေသမှာ အကောင်းဆုံး နံရံဆေးရေးပန်းချီကားတွေ ရှိတဲ့ လောကထိပ်ပန်ဘုရားအဝင်မှာရှိတဲ့ နေရောင်ကာ ဝါးယင်းလိတ်တွေကို မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒီမီးကိုတော့ ရှို့မီးအဖြစ်ယူဆပြီး ဒါဟာ ဖျက်ဆီးလိုတဲ့ စိတ်နဲ့ လုပ်တာလို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

ပုဂံ၊ ညောင်ဦးဒေသဟာ ရှေးဟောင်းဘုရားအဆူပေါင်း ၃,၀၀၀ ကျော်လောက် တည်ရှိနေတာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လက ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ UNESCO က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း (World Heritage List) အဖြစ် အသိအမှတ်ပြု သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG