သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါကာလသတ္မွတ္ခ်က္ ႏိုင္ငံတြင္းလိုက္နာသူေလ်ာ့နည္းလာ


COVID 19 ကူးစက္မႈကို ကာကြယ္ဖို႔ ႏွာေခါင္းစည္းနဲ႔ Face Shield တပ္ထားတဲ့ အမ်ိဳးသမီးတဦးကို ရန္ကုန္ၿမိဳ႕ရွိ ေစ်းတခုမွာေတြ႔ရ။ (ဧၿပီ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံက အမ်ားျပည္သူၾကားမွာ COVID 19 ကပ္ေရာဂါကာကြယ္ေရး ေပါ့ေလ်ာ့လာတဲ့အေပၚ က်န္းမာေရး၀န္ႀကီးကုိယ္တုိင္ သတိေပးေနရတာ ဘယ္လုိအေၾကာင္းေတြေၾကာင့္လဲဆုိတာကုိ ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက သတင္းေပးပို႔ထားပါတယ္။

ကမာၻတ၀န္း ကပ္ေရာဂါကူးစက္မႈေတြ ဆက္လက္ ျဖစ္ပြားေနတဲ့အတြက္ သတိထားဖုိ႔ လုိအပ္ေနေပမဲ့ ျမန္မာႏုိင္ငံက အမ်ားျပည္သူၾကား ကာကြယ္ေရး အစီအမံေတြကုိ လုိက္နာဖုိ႔ ပ်က္ကြက္ေနတဲ့အေပၚ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ေဒါက္တာျမင့္ေထြးက သတိေပးလိုက္တာပါ။ ေရာဂါလကၡဏာမျပဘဲ ပုိးကူးစက္ေနသူေတြ ရွိႏုိင္တာေၾကာင့္ အႏၱရာယ္ရွိေနဆဲ ျဖစ္ေပမဲ့ အမ်ားျပည္သူၾကား ႏွာေခါင္းစည္း အကာအကြယ္ အသုံးျပဳတာမ်ဳိးေတြ မေတြ႔ရေၾကာင္လည္း ၀န္ႀကီးေဒါက္တာျမင့္ေထြးက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကိုဗစ္ကာလ ႐ုပ္ရွင္ဆိုင္ရာေဆြးေႏြးပြဲမွာ ေျပာဆုိသြားပါတယ္။

အေထြေထြေရာဂါကု ဆရာဝန္ ေဒါက္တာမိုးေအာင္ေက်ာ္ႏိုင္ကေတာ့ ျမန္မာႏုိင္ငံမွာ အတည္ျပဳလူနာ အမ်ားစုဟာ ျပည္ပက ျပန္လာသူေတြ ျဖစ္ေနတာက စုိးရိမ္စိတ္ေလ်ာ့ပါးလာတဲ့ အေၾကာင္းရင္းတခုလုိ႔ ျမင္ပါတယ္။

“လူေတြဘာလို႔ ေပါ့ေပါ့ေလ်ာ့ေလ်ာ့ ျဖစ္လာသလဲဆိုေတာ့ ဆရာတို႔တိုင္းျပည္မွာက Positive ျဖစ္တဲ့ Case ေတြကို ၾကည့္လိုက္ရင္ ေနာက္ပိုင္းေတြမွာ ဒီ Quarantine Center ေတြမွာ ထားတဲ့သူ၊ ထိန္းခ်ဳပ္ထားတဲ့သူေတြမွာပဲ ပိုးေတြေတြတာ အဓိကျဖစ္တယ္ေပ့ါေႏွာ္။ ဒီ Community ကိုယ့္ရဲ႕ လူထုၾကားထဲမွာ သိပ္မေတြ႕ရေတာ့ဘူးေပါ့ေနာ္။ မေတြ႕ရေတာ့တဲ့အခါက်ေတာ့ လူေတြရဲ႕ စိတ္ထဲမွာက ကိုယ့္ရဲ႕ ပတ္ဝန္းက်င္မွာ ပိုးမရွိေတာ့ဘူးလို႔ အဲ့လိုယူဆၾကတဲ့ အတြက္ေၾကာင့္မို႔လို႔ တခ်ိဳ႕ေတြ ေပါ့ေပါ့ေလ်ာ့ေလ်ာ့ျဖစ္လာတယ္။ လူစုလူေဝးေတြျဖစ္လာတယ္။ အျပင္ထြက္တဲ့လူေတြမွာေတာင္ Mask ေတြ မတပ္တဲ့သူေတြ ေတြ႕လာတယ္။ အထူးသျဖင့္ ရန္ကုန္ေပါ့ေနာ္။ ရန္ကုန္လို႔ဘာလို႔ေျပာလဲ ဆိုေတာ့ ရန္ကုန္က Positive Case ေတြ အမ်ားဆုံးနဲ႔ ေတြ႔တဲ့ေနရာျဖစ္တဲ့ခါက်ေတာ့ေပါ့ေနာ္။”

က်န္မားေရး၀န္ႀကီးဌာနကေတာ့ အမ်ားျပည္သူၾကား သြားလာရာမွာ ႏွာေခါင္းစည္းသုံးဖုိ႔ လူစုလူေ၀းေရွာင္ဖို႔ တုိက္တြန္းထားသလုိ ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြကုိလည္း ဒီလကုန္အထိ သက္တမ္းတုိးထားပါတယ္။ ဒါေပမဲ့လည္း ေရာဂါပုိးစစ္ေဆးေတြ႔ရွိတဲ့ အတည္ျပဳလူနာ အမ်ားစုဟာ ျပည္ပႏုိင္ငံေတြက ျပန္လာသူေတြ ျဖစ္ေနတဲ့အတြက္ ျပည္တြင္းမွာ ကူးစက္မႈအႏၱရာယ္ကုိ ဒီပလိုမာေက်ာင္းသူ မသူသူသန္႔စင္ တုိ႔လုိ တခ်ဳိ႕လူေတြကေတာ့ မစုိးရိမ္ၾကပါဘူး။

“အဓိက အမအေနနဲ႔ စိုးရိမ္မႈ မရွိဘူးဆိုတာက ျပည္တြင္းကူးစက္မႈမရွိတဲ့ေၾကာင့္မို႔အမအေနနဲ႔ စိုးရိမ္မႈ မရွိတာေပါ့။ ဘာလို႔လည္းဆိုေတာ့ ခုအခ်ိန္မွာ ႏိုင္ငံေတာ္အစိုးရကလည္း Quarantine ေတြကို ေသေသခ်ာခ်ာ အဲ့လို လုပ္ေနတဲ့အတြက္ေၾကာင့္မို႔လို႔ ဒီျပည္တြင္းမွာရွိတဲ့ျပည္သူေတြကေနတဆင့္ မကူးစက္ႏိုင္ေတာ့ဘူးလို႔ အမအေနနဲ႔ ယူဆတယ္ေပါ့ေနာ္။ ျပည္တြင္းကူးစက္မႈကလည္း မရွိသေလာက္ရွားတဲ့အတြက္ေၾကာင့္မို႔လို႔ အမအေနနဲ႔ စိုးရိမ္မႈကေတာ့ လုံးဝမရွိေတာ့ဘူး။ ဒါေပမဲ့ ကာကြယ္ဖို႔ကေတာ့ ဒါကေတာ့ ထုတ္ျပန္ထားတဲ့အတိုင္းေပါ့၊ Mask တပ္တာတို႔ ဘာတို႔ေတာ့ လုပ္ရမွာေပါ့။ ဒါေပမဲ့ အဲ့ဒါႀကီးကိုလည္း အရမ္းႀကီး Mask မရွိရင္ေတာ့ ေရာဂါပိုးကူးေတာ့မွာပဲဆိုတဲ့ စိတ္မ်ိဳးေတာ့လည္း မရွိပါဘူး။”

အခုအခ်ိန္အထိ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူ ေျခာက္ ဦးအပါအ၀င္ ကူးစက္သူ အတည္ျပဳလူနာ ၃၅၀ ေက်ာ္ရွိပါတယ္။ ဒီအထဲမွာ ေဆးကုသမႈခံယူၿပီး ေရာဂါပိုးကင္းစင္လာသူ ၂၉၃ ဦး ရွိေၾကာင္းလည္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကပ်ရောဂါကာလသတ်မှတ်ချက် နိုင်ငံတွင်းလိုက်နာသူလျော့နည်းလာ

မြန်မာနိုင်ငံက အများပြည်သူကြားမှာ COVID 19 ကပ်ရောဂါကာကွယ်ရေး ပေါ့လျော့လာတဲ့အပေါ် ကျန်းမာရေးဝန်ကြီးကိုယ်တိုင် သတိပေးနေရတာ ဘယ်လိုအကြောင်းတွေကြောင့်လဲဆိုတာကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။

ကမ္ဘာတဝန်း ကပ်ရောဂါကူးစက်မှုတွေ ဆက်လက် ဖြစ်ပွားနေတဲ့အတွက် သတိထားဖို့ လိုအပ်နေပေမဲ့ မြန်မာနိုင်ငံက အများပြည်သူကြား ကာကွယ်ရေး အစီအမံတွေကို လိုက်နာဖို့ ပျက်ကွက်နေတဲ့အပေါ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေးလိုက်တာပါ။ ရောဂါလက္ခဏာမပြဘဲ ပိုးကူးစက်နေသူတွေ ရှိနိုင်တာကြောင့် အန္တရာယ်ရှိနေဆဲ ဖြစ်ပေမဲ့ အများပြည်သူကြား နှာခေါင်းစည်း အကာအကွယ် အသုံးပြုတာမျိုးတွေ မတွေ့ရကြောင်လည်း ဝန်ကြီးဒေါက်တာမြင့်ထွေးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုဗစ်ကာလ ရုပ်ရှင်ဆိုင်ရာဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။

အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာမိုးအောင်ကျော်နိုင်ကတော့ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ အများစုဟာ ပြည်ပက ပြန်လာသူတွေ ဖြစ်နေတာက စိုးရိမ်စိတ်လျော့ပါးလာတဲ့ အကြောင်းရင်းတခုလို့ မြင်ပါတယ်။

“လူတွေဘာလို့ ပေါ့ပေါ့လျော့လျော့ ဖြစ်လာသလဲဆိုတော့ ဆရာတို့တိုင်းပြည်မှာက Positive ဖြစ်တဲ့ Case တွေကို ကြည့်လိုက်ရင် နောက်ပိုင်းတွေမှာ ဒီ Quarantine Center တွေမှာ ထားတဲ့သူ၊ ထိန်းချုပ်ထားတဲ့သူတွေမှာပဲ ပိုးတွေတွေတာ အဓိကဖြစ်တယ်ပေ့ါနှော်။ ဒီ Community ကိုယ့်ရဲ့ လူထုကြားထဲမှာ သိပ်မတွေ့ရတော့ဘူးပေါ့နော်။ မတွေ့ရတော့တဲ့အခါကျတော့ လူတွေရဲ့ စိတ်ထဲမှာက ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ပိုးမရှိတော့ဘူးလို့ အဲ့လိုယူဆကြတဲ့ အတွက်ကြောင့်မို့လို့ တချို့တွေ ပေါ့ပေါ့လျော့လျော့ဖြစ်လာတယ်။ လူစုလူဝေးတွေဖြစ်လာတယ်။ အပြင်ထွက်တဲ့လူတွေမှာတောင် Mask တွေ မတပ်တဲ့သူတွေ တွေ့လာတယ်။ အထူးသဖြင့် ရန်ကုန်ပေါ့နော်။ ရန်ကုန်လို့ဘာလို့ပြောလဲ ဆိုတော့ ရန်ကုန်က Positive Case တွေ အများဆုံးနဲ့ တွေ့တဲ့နေရာဖြစ်တဲ့ခါကျတော့ပေါ့နော်။”

ကျန်မားရေးဝန်ကြီးဌာနကတော့ အများပြည်သူကြား သွားလာရာမှာ နှာခေါင်းစည်းသုံးဖို့ လူစုလူဝေးရှောင်ဖို့ တိုက်တွန်းထားသလို ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကိုလည်း ဒီလကုန်အထိ သက်တမ်းတိုးထားပါတယ်။ ဒါပေမဲ့လည်း ရောဂါပိုးစစ်ဆေးတွေ့ရှိတဲ့ အတည်ပြုလူနာ အများစုဟာ ပြည်ပနိုင်ငံတွေက ပြန်လာသူတွေ ဖြစ်နေတဲ့အတွက် ပြည်တွင်းမှာ ကူးစက်မှုအန္တရာယ်ကို ဒီပလိုမာကျောင်းသူ မသူသူသန့်စင် တို့လို တချို့လူတွေကတော့ မစိုးရိမ်ကြပါဘူး။

“အဓိက အမအနေနဲ့ စိုးရိမ်မှု မရှိဘူးဆိုတာက ပြည်တွင်းကူးစက်မှုမရှိတဲ့ကြောင့်မို့အမအနေနဲ့ စိုးရိမ်မှု မရှိတာပေါ့။ ဘာလို့လည်းဆိုတော့ ခုအချိန်မှာ နိုင်ငံတော်အစိုးရကလည်း Quarantine တွေကို သေသေချာချာ အဲ့လို လုပ်နေတဲ့အတွက်ကြောင့်မို့လို့ ဒီပြည်တွင်းမှာရှိတဲ့ပြည်သူတွေကနေတဆင့် မကူးစက်နိုင်တော့ဘူးလို့ အမအနေနဲ့ ယူဆတယ်ပေါ့နော်။ ပြည်တွင်းကူးစက်မှုကလည်း မရှိသလောက်ရှားတဲ့အတွက်ကြောင့်မို့လို့ အမအနေနဲ့ စိုးရိမ်မှုကတော့ လုံးဝမရှိတော့ဘူး။ ဒါပေမဲ့ ကာကွယ်ဖို့ကတော့ ဒါကတော့ ထုတ်ပြန်ထားတဲ့အတိုင်းပေါ့၊ Mask တပ်တာတို့ ဘာတို့တော့ လုပ်ရမှာပေါ့။ ဒါပေမဲ့ အဲ့ဒါကြီးကိုလည်း အရမ်းကြီး Mask မရှိရင်တော့ ရောဂါပိုးကူးတော့မှာပဲဆိုတဲ့ စိတ်မျိုးတော့လည်း မရှိပါဘူး။”

အခုအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ခြောက် ဦးအပါအဝင် ကူးစက်သူ အတည်ပြုလူနာ ၃၅၀ ကျော်ရှိပါတယ်။ ဒီအထဲမှာ ဆေးကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူ ၂၉၃ ဦး ရှိကြောင်းလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်ရှင်။

XS
SM
MD
LG