သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကာလအတြင္း ပုံမွန္၀င္ေငြမရွိသူေတြကုိ ဒုတိယအႀကိမ္ ေထာက္ပံ့ေၾကးေပး


(Zawgyi/Unicode)

COVID 19 ကပ္ေရာဂါကာလ စားဝတ္ေနေရးအတြက္ အခက္အခဲရွိေနၾကတဲ့ ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားေတြအတြက္ ဒုတိယအႀကိမ္ ေထာက္ပံ့ေၾကးေတြ စေပးေနတဲ့အေၾကာင္း မ အိမ့္သႏၲာထြန္း ေျပာျပပါမယ္။

COVID-19 ကပ္ေရာဂါအၾကပ္အတည္း ကာလမွာ ပုံမွန္၀င္ေငြမရွိဘဲ စားဝတ္ေနေရး အခက္အခဲ ေတြ႔ေနၾကတဲ့ အေျခခံလူတန္းစားေတြကို တစ္အိမ္ေထာင္ကို ေငြက်ပ္ ႏွစ္ေသာင္းႏႈန္းနဲ႔ ဒုတိယအႀကိမ္ ေထာက္ပံ့ေပးေနတာ ျဖစ္ပါတယ္။ ပထမတႀကိမ္ အကူအညီအျဖစ္ ရိကၡာေထာက္ပံ့ခဲ့တဲ့ အိမ္ေထာင္စု ၄ သန္းေလာက္အျပင္ ပထမတႀကိမ္ စာရင္းထဲမွာ မပါခဲ့သူေတြကုိ ေထာက္ပံ့ေပးေနတာပါ။

အေျခခံလူတန္းစားေတြ အမ်ားအျပားေနထုိင္တဲ့ ရန္ကုန္တုိင္း လႈိင္သာယာၿမိဳ႕နယ္အေနာက္ပိုင္းမွာ အိမ္ေထာင္စုေပါင္း ၄၆၀၀၀ေက်ာ္ကုိ ဒုတိယအႀကိမ္ အကူအညီေပးေနတဲ့ အေျခအေန ကုိေတာ့ လႈိင္သာယာၿမိဳ႕နယ္ အေနာက္ပိုင္းအုပ္ခ်ဳပ္ေရးမႈး ဦးေနမင္းထြန္းက ခုလိုေျပာျပပါတယ္။

“ကြၽန္ေတာ္တို႔ ပထမဦးဆုံး သၾကၤန္ကာလတုန္းက ဆန္၊ဆီ၊ဆား၊ ၾကက္သြန္၊ပဲ ေပါ့အဲ့ဒီ ဥစၥာရယ္၊ ေနာက္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ က်န္ခဲ့တဲ့သူေတြေပါ့ ၿပီးခဲ့တဲ့ ဇြန္လမွာ ၁၅၀၀၀ ေထာက္ပံ့တယ္။ အဲ့ဒီဥစၥာေတြကိုပဲ ႏွစ္မ်ိဳးစလုံးကို ေပါင္းၿပီးေတာ့ ခုတစ္ခါ ထပ္မံ ဒုတိယအႀကိမ္ေပါ့ ႏွစ္ေသာင္းႏႈန္း လက္ဝယ္အေရာက္ ေပးတာပါ။ အဲ့တာကေတာ့ ရပ္ကြက္ေတြခြဲေဝၿပီးေတာ့ သူ႔ရပ္ကြက္နဲ႔သူ ခြဲေဝၿပီး ေပးလိုက္တာခင္ဗ်။”

ဒုတိယအႀကိမ္ ေထာက္ပံ့မႈအစီအစဥ္ေတြ စတင္ေနၿပီျဖစ္တဲ့ ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ မွာေတာ့ ေထာက္ပံ့ေငြေပးခဲ့တဲ့ အိမ္ေထာင္စု ၃၅၀၀၀ေက်ာ္ ရွိခဲ့တယ္လို႔ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။ ပထမတႀကိမ္မွာတုန္းက ေထာက္ပံ့ရိကၡာ ၅ မ်ဳိး ေပးခဲ့ေပမဲ့ ဒီတႀကိမ္မွာေတာ့ ေငြသားေထာက္ပံ့ေပးတဲ့အတြက္ အကူအညီရတဲ့သူေတြအတြက္ ပိုၿပီး အဆင္ေျပႏိုင္တယ္လို႔လည္း ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ အရင္တစ္ေခါက္ ေပးတာက အမ်ားစုစားတဲ့ ဆန္မာေပါ့၊ ဆန္မာကို ကြၽန္ေတာ္တို႔ ေပးတာကိုး။ တစ္ခ်ိဳ႕ အေျခခံလူတန္းစားေတြက်ေတာ့ ထမင္းကိုပဲ အဓိက စားရတာဆိုေတာ့ ေပၚဆန္းေမႊးမွ စားတာ အဲ့တာေတာ့ သူတို႔မွာ အခက္အခဲရွိတာေပါ့။ ခုလို ေငြသားေပးတာက်ေတာ့ အသုံးမတည့္တဲ့ေနရာမရွိဘူး။ ပိုၿပီးေတာ့ လက္ေတြ႕က်တာေပါ့။”

ေထာက္ပံ့ေၾကးေငြကုိေတာ့ သက္ဆိုင္ရာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ ရာအိမ္မွဴး၊ ဆယ္အိမ္မွဴး ေတြကတဆင့္ ကိုဗစ္ ကပ္ေရာဂါကာလမွာ သတ္မွတ္စည္းကမ္းေတြနဲ႔ အညီ ေပးအပ္ေနတယ္ လို႔လည္း ဦးေတဇာေအာင္က ေျပာပါတယ္။

အေျခခံလူတန္းစားေတြအတြက္ အစိုးရကေထာက္ပံ့ေနသလုိ ေစတနာရွင္ေတြကလည္း ကူညီလွဴဒါန္းတာေတြ ရွိပါတယ္။

ကပ္ေရာဂါကာလမွာ ပုံမွန္၀င္ေငြမရွိတာေၾကာင့္ စား၀တ္ေနေရး အခက္ႀကံဳေနၾကတဲ့ ပ်ံက်ေဈးသည္၊ အငွားယာဥ္ေမာင္း၊ က်ပန္းလုပ္သား၊ ေရလုပ္သား၊ အလုပ္ၾကမ္းသမား၊ ၿခံလုပ္သား၊ ပုဂၢလိက လုပ္ငန္းေတြမွာလုပ္ကိုင္ေနတဲ့ ေန႔စား ဒါမွမဟုတ္ ယာယီဝန္ထမ္း၊ အျခားပုံမွန္ ဝင္ေငြမရွိတဲ့ အလုပ္သမားေတြနဲ႔ အလုပ္လက္မဲ့ ျဖစ္ေနသူေတြကုိ အေျခခံလူတန္းစားေတြအျဖစ္ သတ္မွတ္ၿပီး အစုိးရက ေထာက္ပံ့ေနတာပါ။

တခ်ိန္တည္းမွာပဲ ကပ္ေရာဂါနဲ႔ ႀကံဳရခ်ိန္မွာ လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ အိုးအိမ္စြန႔္ခြာ ထြက္ေျပး ေနၾကရသူေတြ၊ အသက္ ၂ ႏွစ္ေအာက္ ကေလးငယ္ေတြ၊ ကိုယ္ဝန္ေဆာင္မိခင္ေတြႏွင့္ သက္ႀကီးရြယ္အုိေတြကိုလည္း အစုိးရနဲ႔ ႏုိင္ငံတကာ အသုိင္းအ၀န္းက ေထာက္ပံ့ကူညီေနပါတယ္္။

တိုက္႐ိုက္ လင့္ခ္


.................

ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသူတွေကို ဒုတိယအကြိမ် ထောက်ပံ့ကြေးပေး

(Unicode)

COVID 19 ကပ်ရောဂါကာလ စားဝတ်နေရေးအတွက် အခက်အခဲရှိနေကြတဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် ဒုတိယအကြိမ် ထောက်ပံ့ကြေးတွေ စပေးနေတဲ့အကြောင်း မ အိမ့်သန္တာထွန်း ပြောပြပါမယ်။

COVID-19 ကပ်ရောဂါအကြပ်အတည်း ကာလမှာ ပုံမှန်ဝင်ငွေမရှိဘဲ စားဝတ်နေရေး အခက်အခဲ တွေ့နေကြတဲ့ အခြေခံလူတန်းစားတွေကို တစ်အိမ်ထောင်ကို ငွေကျပ် နှစ်သောင်းနှုန်းနဲ့ ဒုတိယအကြိမ် ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ ပထမတကြိမ် အကူအညီအဖြစ် ရိက္ခာထောက်ပံ့ခဲ့တဲ့ အိမ်ထောင်စု ၄ သန်းလောက်အပြင် ပထမတကြိမ် စာရင်းထဲမှာ မပါခဲ့သူတွေကို ထောက်ပံ့ပေးနေတာပါ။

အခြေခံလူတန်းစားတွေ အများအပြားနေထိုင်တဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အနောက်ပိုင်းမှာ အိမ်ထောင်စုပေါင်း ၄၆၀၀၀ကျော်ကို ဒုတိယအကြိမ် အကူအညီပေးနေတဲ့ အခြေအနေ ကိုတော့ လှိုင်သာယာမြို့နယ် အနောက်ပိုင်းအုပ်ချုပ်ရေးမှုး ဦးနေမင်းထွန်းက ခုလိုပြောပြပါတယ်။

“ကျွန်တော်တို့ ပထမဦးဆုံး သင်္ကြန်ကာလတုန်းက ဆန်၊ဆီ၊ဆား၊ ကြက်သွန်၊ပဲ ပေါ့အဲ့ဒီ ဥစ္စာရယ်၊ နောက် အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့တဲ့သူတွေပေါ့ ပြီးခဲ့တဲ့ ဇွန်လမှာ ၁၅၀၀၀ ထောက်ပံ့တယ်။ အဲ့ဒီဥစ္စာတွေကိုပဲ နှစ်မျိုးစလုံးကို ပေါင်းပြီးတော့ ခုတစ်ခါ ထပ်မံ ဒုတိယအကြိမ်ပေါ့ နှစ်သောင်းနှုန်း လက်ဝယ်အရောက် ပေးတာပါ။ အဲ့တာကတော့ ရပ်ကွက်တွေခွဲဝေပြီးတော့ သူ့ရပ်ကွက်နဲ့သူ ခွဲဝေပြီး ပေးလိုက်တာခင်ဗျ။”

ဒုတိယအကြိမ် ထောက်ပံ့မှုအစီအစဉ်တွေ စတင်နေပြီဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီခရိုင် မှာတော့ ထောက်ပံ့ငွေပေးခဲ့တဲ့ အိမ်ထောင်စု ၃၅၀၀၀ကျော် ရှိခဲ့တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ပထမတကြိမ်မှာတုန်းက ထောက်ပံ့ရိက္ခာ ၅ မျိုး ပေးခဲ့ပေမဲ့ ဒီတကြိမ်မှာတော့ ငွေသားထောက်ပံ့ပေးတဲ့အတွက် အကူအညီရတဲ့သူတွေအတွက် ပိုပြီး အဆင်ပြေနိုင်တယ်လို့လည်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

“ကျွန်တော်တို့ အရင်တစ်ခေါက် ပေးတာက အများစုစားတဲ့ ဆန်မာပေါ့၊ ဆန်မာကို ကျွန်တော်တို့ ပေးတာကိုး။ တစ်ချို့ အခြေခံလူတန်းစားတွေကျတော့ ထမင်းကိုပဲ အဓိက စားရတာဆိုတော့ ပေါ်ဆန်းမွှေးမှ စားတာ အဲ့တာတော့ သူတို့မှာ အခက်အခဲရှိတာပေါ့။ ခုလို ငွေသားပေးတာကျတော့ အသုံးမတည့်တဲ့နေရာမရှိဘူး။ ပိုပြီးတော့ လက်တွေ့ကျတာပေါ့။”

ထောက်ပံ့ကြေးငွေကိုတော့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး တွေကတဆင့် ကိုဗစ် ကပ်ရောဂါကာလမှာ သတ်မှတ်စည်းကမ်းတွေနဲ့ အညီ ပေးအပ်နေတယ် လို့လည်း ဦးတေဇာအောင်က ပြောပါတယ်။

အခြေခံလူတန်းစားတွေအတွက် အစိုးရကထောက်ပံ့နေသလို စေတနာရှင်တွေကလည်း ကူညီလှူဒါန်းတာတွေ ရှိပါတယ်။

ကပ်ရောဂါကာလမှာ ပုံမှန်ဝင်ငွေမရှိတာကြောင့် စားဝတ်နေရေး အခက်ကြုံနေကြတဲ့ ပျံကျဈေးသည်၊ အငှားယာဉ်မောင်း၊ ကျပန်းလုပ်သား၊ ရေလုပ်သား၊ အလုပ်ကြမ်းသမား၊ ခြံလုပ်သား၊ ပုဂ္ဂလိက လုပ်ငန်းတွေမှာလုပ်ကိုင်နေတဲ့ နေ့စား ဒါမှမဟုတ် ယာယီဝန်ထမ်း၊ အခြားပုံမှန် ဝင်ငွေမရှိတဲ့ အလုပ်သမားတွေနဲ့ အလုပ်လက်မဲ့ ဖြစ်နေသူတွေကို အခြေခံလူတန်းစားတွေအဖြစ် သတ်မှတ်ပြီး အစိုးရက ထောက်ပံ့နေတာပါ။

တချိန်တည်းမှာပဲ ကပ်ရောဂါနဲ့ ကြုံရချိန်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေကြရသူတွေ၊ အသက် ၂ နှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနှင့် သက်ကြီးရွယ်အိုတွေကိုလည်း အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ထောက်ပံ့ကူညီနေပါတယ်။

ဆက္စပ္သတင္းမ်ား ...

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG