သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၂ ဦးထပ္တိုး၊ ၃၄၈ ဦးရွိၿပီ


မေလးရွားျပန္ ျမန္မာႏိုင္ငံသားေတြကို COVID 19 စစ္ေဆးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ဇူလိုင္ ၂၂၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါပုိး ကူးစက္ခံရသူ ေနာက္ထပ္ ၂ ေယာက္ ထပ္ေတြ႔ရွိခဲ့တာေၾကာင့္ ေရာဂါကူးစက္သူ စုစုေပါင္း ၃၄၈ ေယာက္ ရွိသြားၿပီလို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီေန႔ ဇူလိုင္ ၂၅ ရက္ ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေျပာလိုက္ပါတယ္။

ဓာတ္ခဲြနမူနာ ၁,၁၈၁ ခုကို ဒီကေန႔ စမ္းသပ္စစ္ေဆးခဲ့တာမွာ ဗုိင္းရပ္စ္ကူးစက္ခံထားရသူ ၂ ေယာက္ ထပ္ၿပီးေတာ့ ေတြ႔ရွိခဲ့တာျဖစ္တယ္လို႔ က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။

ဒီေန႔ ေရာဂါပိုးေတြ႔ရွိသူ ၂ ေယာက္ဟာ မၾကာေသးခင္က အေမရိကန္နဲ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံေတြက ျပန္လာၾကတဲ့သူေတြျဖစ္ၿပီး အမ်ိဳးသမီးတဦး၊ အမ်ိဳးသားတဦး ျဖစ္တယ္လို႔ ေျပာပါတယ္။

အေမရိကန္က ျပန္လာတဲ့သူက ရန္ကင္းၿမိဳ႕နယ္မွာ ေနထုိင္သူ အသက္ ၆၅ ႏွစ္အရြယ္ အမ်ိဳးသမီးျဖစ္ၿပီး ဗဟန္းၿမိဳ႕နယ္မွာ အသြားအလာ ကန္႔သတ္ေစာင့္ၾကည့္ထားသူ ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံက ျပန္လာတဲ့သူကေတာ့ ေမာင္ေတာၿမိဳ႕နယ္က အသက္ ၃၆ ႏွစ္အရြယ္ အမ်ိဳးသားျဖစ္ၿပီး ေမာင္ေတာၿမိဳ႕နယ္မွာပဲ အသြားအလာ ကန္႔သတ္ထားရွိသူ ျဖစ္ပါတယ္။

သူတုိ႔ကိုေတာ့ သတ္မွတ္ထားတဲ့ ေ၀ဘာဂီေဆး႐ုံနဲ႔ ေမာင္ေတာခ႐ုိင္ ေဆး႐ုံေတြမွာ သီးျခားစီ ဆက္လက္ကုသမႈေတြ လုပ္သြားမွာျဖစ္တယ္လို႔ ဆုိပါတယ္။

ဒီေန႔မွာ ေရာဂါအတည္ျပဳ လူနာေဟာင္းေတြထဲက ေဆးကုသမႈခံယူၿပီး ၂ ႀကိမ္ဆက္တုိက္ ဗုိင္းရပ္စ္ပိုးမေတြ႔ရွိဘဲ ေရာဂါေပ်ာက္ကင္းလာသူ ၂ ဦး ထပ္ေတြ႔တာေၾကာင့္ အခုဆုိရင္ ေရာဂါေပ်ာက္ကင္းလာသူ စုစုေပါင္း ၂၈၈ ေယာက္ရွိၿပီ ျဖစ္ပါတယ္။ အဲဒီထဲက ၂၆၉ ေယာက္ကိုေတာ့ ေဆး႐ုံကေန ဆင္းခြင့္ျပဳလုိက္ၿပီး သတ္မွတ္ထားတဲ့ ေနရာေတြမွာ အသြားအလာ ကန္႔သတ္ၿပီး ဆက္လက္ ေစာင့္ၾကည့္ေနတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ ဇူလိုင္လ ၂၄ ရက္ ေန႔လယ္ ၁၂ နာရီကေန ဒီေန႔ ေန႔လယ္ ၁၂ နာရီအထိ ေစာင့္ၾကည့္လူနာအသစ္ ၂၀ ရွိတယ္လို႔ ေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ COVID-19 ေၾကာင့္ ေသဆုံးသူ ၆ ဦးရွိတယ္လို႔ အတည္ျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

မြန်မာ COVID-19 ကူးစက်သူ ၂ ဦးထပ်တိုး၊ ၃၄၈ ဦးရှိပြီ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်ခံရသူ နောက်ထပ် ၂ ယောက် ထပ်တွေ့ရှိခဲ့တာကြောင့် ရောဂါကူးစက်သူ စုစုပေါင်း ၃၄၈ ယောက် ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ ဇူလိုင် ၂၅ ရက် ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။

ဓာတ်ခွဲနမူနာ ၁,၁၈၁ ခုကို ဒီကနေ့ စမ်းသပ်စစ်ဆေးခဲ့တာမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၂ ယောက် ထပ်ပြီးတော့ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီနေ့ ရောဂါပိုးတွေ့ရှိသူ ၂ ယောက်ဟာ မကြာသေးခင်က အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ပြန်လာကြတဲ့သူတွေဖြစ်ပြီး အမျိုးသမီးတဦး၊ အမျိုးသားတဦး ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်က ပြန်လာတဲ့သူက ရန်ကင်းမြို့နယ်မှာ နေထိုင်သူ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ဗဟန်းမြို့နယ်မှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာတဲ့သူကတော့ မောင်တောမြို့နယ်က အသက် ၃၆ နှစ်အရွယ် အမျိုးသားဖြစ်ပြီး မောင်တောမြို့နယ်မှာပဲ အသွားအလာ ကန့်သတ်ထားရှိသူ ဖြစ်ပါတယ်။

သူတို့ကိုတော့ သတ်မှတ်ထားတဲ့ ဝေဘာဂီဆေးရုံနဲ့ မောင်တောခရိုင် ဆေးရုံတွေမှာ သီးခြားစီ ဆက်လက်ကုသမှုတွေ လုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့မှာ ရောဂါအတည်ပြု လူနာဟောင်းတွေထဲက ဆေးကုသမှုခံယူပြီး ၂ ကြိမ်ဆက်တိုက် ဗိုင်းရပ်စ်ပိုးမတွေ့ရှိဘဲ ရောဂါပျောက်ကင်းလာသူ ၂ ဦး ထပ်တွေ့တာကြောင့် အခုဆိုရင် ရောဂါပျောက်ကင်းလာသူ စုစုပေါင်း ၂၈၈ ယောက်ရှိပြီ ဖြစ်ပါတယ်။ အဲဒီထဲက ၂၆၉ ယောက်ကိုတော့ ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီး သတ်မှတ်ထားတဲ့ နေရာတွေမှာ အသွားအလာ ကန့်သတ်ပြီး ဆက်လက် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၂၄ ရက် နေ့လယ် ၁၂ နာရီကနေ ဒီနေ့ နေ့လယ် ၁၂ နာရီအထိ စောင့်ကြည့်လူနာအသစ် ၂၀ ရှိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ၆ ဦးရှိတယ်လို့ အတည်ပြုထားပါတယ်။

XS
SM
MD
LG