သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းျပန္ဝင္တဲ့ ျမန္မာေရႊ႕ေျပာင္းလုပ္သားေတြ ကိုဗစ္ေစာင့္ၾကည့္မယ္


ထုိင္းႏုိင္ငံကေန ေနရပ္ျပန္ၾကတဲ့ ေရႊ႕ေျပာင္း ျမန္မာအလုပ္သမားမ်ား (ဇူလုိင္ ၂၅၊ ၂၀၂၀။ ဓာတ္ပုံ - ျမန္မာျပည္သားမ်ားအေရး ပူးတဲြလႈပ္ရွားမႈ ေကာ္မတီ)

(Zawgyi / Unicode)

ထိုင္းကုိျပန္လာၾကမယ့္ ျမန္မာအလုပ္သမား ၁၀၀,၀၀၀ ေက်ာ္ကုိ ကိုဗစ္ ေစာင့္ၾကည့္စင္တာေတြမွာထားဖို႔ ထိုင္းအစိုးရက စီစဥ္ေနပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအုိေအ ျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏုိင္ငံမွာ COVID-19 ေရာဂါကို ထိန္းခ်ဳပ္ႏုိင္ၿပီး ႏုိင္ငံအတြင္း ေရာဂါကူးဆက္မႈ မရွိတာ ရက္ေပါင္း ၅၀ ေက်ာ္လာၿပီျဖစ္လို႔ ထိုင္းအစိုးရအေနနဲ႔ စီးပြားေရး လုပ္ငန္းေတြ ျပန္ဖြင့္ေပးခဲ့ၿပီး ကိုဗစ္ကာလအတြင္း ေနရပ္ျပန္သြားခဲ့ၾကတဲ့ ျမန္မာ၊ လာအို၊ ကေမၻာဒီးယား အလုပ္သမားေတြ ျပန္လာႏုိင္ၿပီျဖစ္ေၾကာင္း ျပည္ထဲေရး ၀န္ႀကီးဌာနက အခုရက္ပိုင္းအတြင္းမွာ ခြင့္ျပဳလိုက္တာပါ။

မဲေဆာက္ခ႐ုိင္ ၿမိဳ႕ေတာ္၀န္ Dr. Terdkiat Chinsornan ကေတာ့ သတင္းေထာက္ေတြကို ထုိင္းဘာသာနဲ႔ အခုလုိေျပာသြားပါတယ္။

“လက္ရိွအေျခအေနမွာလည္း ေရာဂါထိန္းခ်ဳပ္ႏိုင္ၿပီ။ မဲေဆာက္မွာလည္း ကုိဗစ္ကင္းလြတ္နယ္ေျမပါပဲ။ ျမန္မာဘက္ကလည္း ကိုဗစ္ထိန္းခ်ဳပ္ေရးနဲ႔ ပတ္သက္လို႔ ထိထိေရာက္ေရာက္ လုပ္ေနတာ ေတြ႔ရပါတယ္။ ထုိင္းႏုိင္ငံအေနနဲ႔ကေတာ့ ႀကိဳတင္ကာကြယ္တဲ့ အေနနဲ႔ မျဖစ္မေန ၁၄ ရက္ ေစာင့္ၾကည့္တာေတာ့ လုပ္ရပါမယ္။ ဒါကေတာ့ က်ေနာ္တို႔ႏုိင္ငံက ခ်မွတ္ထားတဲ့ မူအရ ျဖစ္ပါတယ္။ ေစာင့္ၾကည့္စင္တာေတြမွာ အဆင္ေျပစြာ ေနႏိုင္ဖို႔ လုပ္ငန္းရွင္ေတြနဲ႔ စီစဥ္ေဆာင္ရြက္ေနၿပီ ျဖစ္ပါတယ္။”

တေန႔ကို အလုပ္သမား ၄၀၀ ေစာင့္ၾကည့္စခန္း၀င္ ေဆးစစ္ႏုိင္ဖို႔အတြက္ နယ္ေျမအတြင္းက အေဆာက္အဦပိုင္ရွင္ေတြ၊ လုပ္ငန္းရွင္ေတြ၊ တည္းခိုခန္းပိုင္ရွင္ေတြနဲ႔ ေဆြးေႏြးမႈလုပ္ေနၿပီး ၁၄ ရက္ၾကာ ေစာင့္ၾကည့္ကာလ ကုန္က်စရိတ္ကို အလုပ္သမားေတြကို ငွားရမ္းတဲ့ လုပ္ငန္းရွင္ေတြက တာ၀န္ယူရမွာလို႔လည္း ဆိုပါတယ္။

မဲေဆာက္ၿမိဳ႕ မယ္ပနယ္ေျမမွာရွိတဲ့ ကုန္ေလွာင္႐ုံေတြ၊ ပိတ္သိမ္းထားတဲ့ စက္႐ုံေတြနဲ႔ ဟုိတယ္တခ်ိဳ႕မွာထားၿပီး ေဆးစစ္ေစာင့္ၾကည့္မႈေတြ လုပ္မွာျဖစ္တယ္လို႔ မဲေဆာက္ခ႐ုိင္ ၿမိဳ႕ေတာ္၀န္ Dr. Terdkiat Chinsornan က သတင္းေထာက္ေတြကို ဇူလိုင္လ ၂၄ ရက္ေန႔ ကိုဗစ္စင္တာ အလုပ္႐ုံေဆြးေႏြးပြဲမွာ ေျပာသြားပါတယ္။

အလုပ္သမားေတြကို ကိုဗစ္ေရာဂါ ေစာင့္ၾကည့္မယ့္ အစီအစဥ္ အေသးစိတ္ကို ျမန္မာျပည္သားမ်ားအေရး ပူးတဲြလႈပ္ရွားမႈ ေကာ္မတီ ဥကၠ႒ ဦးမုိးႀကိဳးက အခုလို ရွင္းျပပါတယ္။

“MOU နဲ႔ ျပန္၀င္လာၾကမယ့္ ႏုိင္ငံျခားသား အလုပ္သမား ႏွစ္သန္းေက်ာ္၊ အလုပ္သမား ႏွစ္မ်ိဳးႏွစ္စားရွိတယ္။ CI တို႔ PJ စာအုပ္စာတမ္း ကုိင္ေဆာင္ၿပီး သက္တမ္းတိုးထားတဲ့ ထုိင္းႏိုင္ငံက ျပန္သြားတဲ့ သူတို႔ကုိလည္း ျပန္၀င္ခြင့္ျပဳမွာ ျဖစ္သလို ျမန္မာႏိုင္ငံက တရား၀င္ေအဂ်င္စီ ထုိင္းေအဂ်င္စီတုိ႔နဲ႔ အလုပ္လုပ္ၾကမယ့္ MOU ၀င္ၾကမယ့္သူေတြကို ခြင့္ျပဳေပးမွာျဖစ္တယ္။ အေထြေထြကုန္က်စရိတ္က ေရႊ႕ေျပာင္းအလုပ္သမား တေယာက္ကုိ ဘတ္ ၁၀,၀၀၀ ေက်ာ္ က်မယ္။ အကုန္လံုး အလုပ္ရွင္က က်ခံရမယ္။

“အလုပ္ရွင္က အလုပ္သမားနဲ႔ ပတ္သက္တဲ့ ခရီးသြားေထာက္ခံစာ၊ ကုိဗစ္နဲ႔ပတ္သက္တဲ့ က်န္းမာေရး ေထာက္ခံစာ လုပ္ေပးရမယ္။ လုပ္သားေတြရဲ႕ ၁၄ ရက္စာ ေစာင့္ၾကည့္ ကုန္က်စရိတ္ လုပ္ေပးရမယ္။ အလုပ္သမားေတြကုိ အလုပ္႐ုံေရာက္တဲ့အထိ ႀကိဳပုိ႔လုပ္ေပးရမယ္။ ေနာက္ဆံုးအခ်က္တခ်က္ တုိးတယ္၊ စမတ္ဖုန္းေတြမွာ ထုိင္ခ်နလို႔ေခၚတဲ့ Application ထည့္ထားရမယ္။ ထိုင္းအလုပ္သမား၀န္ႀကီးဌာနက အဲဒီလို ေစ့ေစ့စပ္စပ္ လုပ္ထားတယ္။”

ကုန္က်စရိတ္ကုိ ထုိင္းလုပ္ငန္းရွင္ေတြက အလုပ္သမားေတြရဲ႕ လုပ္အားခေတြထဲက ျဖတ္တာမ်ိဳးကို ႀကံဳရႏိုင္တာနဲ႔ ပတ္သက္လုိ႔လည္း ေမးၾကည့္တဲ့အခါမွာေတာ့ ဦးမိုးႀကိဳးက အခုလိုေျဖပါတယ္။

“အလုပ္သမားေတြဆီက ျပန္မေတာင္းရဘူးလို႔ ထုိင္းအလုပ္သမား၀န္ႀကီးဌာနက ညႊန္ၾကားခ်က္ ထုတ္ထားတယ္။ လုပ္ငန္းခြင္ကို ေရာက္တဲ့အခါ အလုပ္သမားေတြ ဘယ္လိုႀကံဳေတြ႔မလဲဆိုတာ အဲဒါကုိေတာ့ လူ႔အခြင့္အေရး ေစာင့္ၾကည့္တဲ့အဖဲြ႔ေတြက လိုအပ္သလို ေစာင့္ၾကည့္ၿပီး အကာအကြယ္ ေပးရမွာေပါ့။”

ျမန္မာႏုိင္ငံမွာရတဲ့ လုပ္အားခနဲ႔ ထိုင္းမွာရတဲ့ လုပ္အားခဟာ ၃ ဆေလာက္ ကြာတဲ့အတြက္ ျမန္မာအလုပ္သမားေတြ ထိုင္းမွာ အလုပ္လာလုပ္ၾကတာပါ။

လက္ရိွမွာေတာ့ ျမန္မာႏုိင္ငံကေန ထုိင္းကို ျပန္လာၾကမယ့္ အလုပ္သမား ၁၅၀,၀၀၀ ရွိေနၿပီလို႔ ထိုင္းအလုပ္သမားေရးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

ထိုင်းပြန်ဝင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ကိုဗစ်စောင့်ကြည့်မယ်

ထိုင်းကိုပြန်လာကြမယ့် မြန်မာအလုပ်သမား ၁၀၀,၀၀၀ ကျော်ကို ကိုဗစ် စောင့်ကြည့်စင်တာတွေမှာထားဖို့ ထိုင်းအစိုးရက စီစဉ်နေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ COVID-19 ရောဂါကို ထိန်းချုပ်နိုင်ပြီး နိုင်ငံအတွင်း ရောဂါကူးဆက်မှု မရှိတာ ရက်ပေါင်း ၅၀ ကျော်လာပြီဖြစ်လို့ ထိုင်းအစိုးရအနေနဲ့ စီးပွားရေး လုပ်ငန်းတွေ ပြန်ဖွင့်ပေးခဲ့ပြီး ကိုဗစ်ကာလအတွင်း နေရပ်ပြန်သွားခဲ့ကြတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား အလုပ်သမားတွေ ပြန်လာနိုင်ပြီဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက အခုရက်ပိုင်းအတွင်းမှာ ခွင့်ပြုလိုက်တာပါ။

မဲဆောက်ခရိုင် မြို့တော်ဝန် Dr. Terdkiat Chinsornan ကတော့ သတင်းထောက်တွေကို ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

“လက်ရှိအခြေအနေမှာလည်း ရောဂါထိန်းချုပ်နိုင်ပြီ။ မဲဆောက်မှာလည်း ကိုဗစ်ကင်းလွတ်နယ်မြေပါပဲ။ မြန်မာဘက်ကလည်း ကိုဗစ်ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် လုပ်နေတာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ကတော့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ မဖြစ်မနေ ၁၄ ရက် စောင့်ကြည့်တာတော့ လုပ်ရပါမယ်။ ဒါကတော့ ကျနော်တို့နိုင်ငံက ချမှတ်ထားတဲ့ မူအရ ဖြစ်ပါတယ်။ စောင့်ကြည့်စင်တာတွေမှာ အဆင်ပြေစွာ နေနိုင်ဖို့ လုပ်ငန်းရှင်တွေနဲ့ စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။”

တနေ့ကို အလုပ်သမား ၄၀၀ စောင့်ကြည့်စခန်းဝင် ဆေးစစ်နိုင်ဖို့အတွက် နယ်မြေအတွင်းက အဆောက်အဦပိုင်ရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ တည်းခိုခန်းပိုင်ရှင်တွေနဲ့ ဆွေးနွေးမှုလုပ်နေပြီး ၁၄ ရက်ကြာ စောင့်ကြည့်ကာလ ကုန်ကျစရိတ်ကို အလုပ်သမားတွေကို ငှားရမ်းတဲ့ လုပ်ငန်းရှင်တွေက တာဝန်ယူရမှာလို့လည်း ဆိုပါတယ်။

မဲဆောက်မြို့ မယ်ပနယ်မြေမှာရှိတဲ့ ကုန်လှောင်ရုံတွေ၊ ပိတ်သိမ်းထားတဲ့ စက်ရုံတွေနဲ့ ဟိုတယ်တချို့မှာထားပြီး ဆေးစစ်စောင့်ကြည့်မှုတွေ လုပ်မှာဖြစ်တယ်လို့ မဲဆောက်ခရိုင် မြို့တော်ဝန် Dr. Terdkiat Chinsornan က သတင်းထောက်တွေကို ဇူလိုင်လ ၂၄ ရက်နေ့ ကိုဗစ်စင်တာ အလုပ်ရုံဆွေးနွေးပွဲမှာ ပြောသွားပါတယ်။

အလုပ်သမားတွေကို ကိုဗစ်ရောဂါ စောင့်ကြည့်မယ့် အစီအစဉ် အသေးစိတ်ကို မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလို ရှင်းပြပါတယ်။

“MOU နဲ့ ပြန်ဝင်လာကြမယ့် နိုင်ငံခြားသား အလုပ်သမား နှစ်သန်းကျော်၊ အလုပ်သမား နှစ်မျိုးနှစ်စားရှိတယ်။ CI တို့ PJ စာအုပ်စာတမ်း ကိုင်ဆောင်ပြီး သက်တမ်းတိုးထားတဲ့ ထိုင်းနိုင်ငံက ပြန်သွားတဲ့ သူတို့ကိုလည်း ပြန်ဝင်ခွင့်ပြုမှာ ဖြစ်သလို မြန်မာနိုင်ငံက တရားဝင်အေဂျင်စီ ထိုင်းအေဂျင်စီတို့နဲ့ အလုပ်လုပ်ကြမယ့် MOU ဝင်ကြမယ့်သူတွေကို ခွင့်ပြုပေးမှာဖြစ်တယ်။ အထွေထွေကုန်ကျစရိတ်က ရွှေ့ပြောင်းအလုပ်သမား တယောက်ကို ဘတ် ၁၀,၀၀၀ ကျော် ကျမယ်။ အကုန်လုံး အလုပ်ရှင်က ကျခံရမယ်။

“အလုပ်ရှင်က အလုပ်သမားနဲ့ ပတ်သက်တဲ့ ခရီးသွားထောက်ခံစာ၊ ကိုဗစ်နဲ့ပတ်သက်တဲ့ ကျန်းမာရေး ထောက်ခံစာ လုပ်ပေးရမယ်။ လုပ်သားတွေရဲ့ ၁၄ ရက်စာ စောင့်ကြည့် ကုန်ကျစရိတ် လုပ်ပေးရမယ်။ အလုပ်သမားတွေကို အလုပ်ရုံရောက်တဲ့အထိ ကြိုပို့လုပ်ပေးရမယ်။ နောက်ဆုံးအချက်တချက် တိုးတယ်၊ စမတ်ဖုန်းတွေမှာ ထိုင်ချနလို့ခေါ်တဲ့ Application ထည့်ထားရမယ်။ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အဲဒီလို စေ့စေ့စပ်စပ် လုပ်ထားတယ်။”

ကုန်ကျစရိတ်ကို ထိုင်းလုပ်ငန်းရှင်တွေက အလုပ်သမားတွေရဲ့ လုပ်အားခတွေထဲက ဖြတ်တာမျိုးကို ကြုံရနိုင်တာနဲ့ ပတ်သက်လို့လည်း မေးကြည့်တဲ့အခါမှာတော့ ဦးမိုးကြိုးက အခုလိုဖြေပါတယ်။

“အလုပ်သမားတွေဆီက ပြန်မတောင်းရဘူးလို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ထားတယ်။ လုပ်ငန်းခွင်ကို ရောက်တဲ့အခါ အလုပ်သမားတွေ ဘယ်လိုကြုံတွေ့မလဲဆိုတာ အဲဒါကိုတော့ လူ့အခွင့်အရေး စောင့်ကြည့်တဲ့အဖွဲ့တွေက လိုအပ်သလို စောင့်ကြည့်ပြီး အကာအကွယ် ပေးရမှာပေါ့။”

မြန်မာနိုင်ငံမှာရတဲ့ လုပ်အားခနဲ့ ထိုင်းမှာရတဲ့ လုပ်အားခဟာ ၃ ဆလောက် ကွာတဲ့အတွက် မြန်မာအလုပ်သမားတွေ ထိုင်းမှာ အလုပ်လာလုပ်ကြတာပါ။

လက်ရှိမှာတော့ မြန်မာနိုင်ငံကနေ ထိုင်းကို ပြန်လာကြမယ့် အလုပ်သမား ၁၅၀,၀၀၀ ရှိနေပြီလို့ ထိုင်းအလုပ်သမားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG