[Zawgyi/Unicode]
ထိုင္းနိုင္ငံေတာင္ပိုင္းမွာ လူကုန္ကူးသူေတြ စြန္႔ပစ္သြားခဲ့တဲ့့ ျမန္မာႏိုင္ငံသား ၃၀ ေက်ာ္ကုိ ထုိင္းအာဏာပုိင္ေတြ ေတြ႔ရွိခဲ့တဲ့အတြက္ ထိန္းသိမ္းလုိက္ၿပီး COVID-19 ကပ္ေရာဂါ ကူးစက္သူအျဖစ္ သံသယရွိသူတခ်ဳိ႕ကုိလည္း စစ္ေဆးေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။
ထိုင္းနိုင္ငံေတာင္ပိုင္း ခြ်န္ဖြန္းခရိုင္ Pak Nam စားအုန္းဆီ စိုက္ခင္းထဲမွာ လူကုန္သူးေတြက စြန္႔ပစ္သြားခဲ့တဲ့ မေလးရွားႏုိင္ငံကေန တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္လာတဲ့ ျမန္မာနိုင္ငံသား ၃၂ ဦးကုိ ထုိင္းအာဏာပုိင္ေတြ မေန႔ကပဲ ေတြ႔ရွိၿပီး ထိန္းသိမ္းလုိက္တာ ျဖစ္ပါတယ္။
ကပ္ေရာဂါကာလ မေလးရွားႏုိင္ငံမွာ အလုပ္အကုိင္ အခက္အခဲနဲ႔ အဖမ္းအဆီးေတြေၾကာင့္ ျမန္မာႏုိင္ငံသားေတြ တရားမ၀င္နယ္စပ္ေတြကေန ျပန္ဖုိ႔ႀကိဳးစားရာက အခုလုိ ဖမ္းဆီးခံေနရတာလုိ႔လည္း ထိုင္းႏုိင္ငံအေျခစိုက္ ျမန္မာအလုပ္သမား ကူညီေရးအဖဲြ ့AAC က ကုိရဲမင္းက ေျပာပါတယ္။
"ကိုဗစ္ကာလ အၾကပ္အတည္းႀကီးမွာ အလုပ္လက္မဲ့ေတြလည္း မ်ားလာတယ္။ ရပ္တည္လို့လည္း မရၾကေတာ့ဘူး။ အခုဆိုရင္မေန႔ကပဲ မေလးရွားကေန ျမန္မာျပည္ကုိ ျပန္တာ ထုိင္းကုိ ခိုးျဖတ္ျပီး ျပန္တာ လူပဲြစား လူကုန္ကူးသူေတြက ပုိ႔ေပးတာ မေလးကေန ျမန္မာျပည္ျပန္အေရာက္ထိ တဦးကို ဘတ္ ၂၀,၀၀၀ ေပးရတယ္လို႔ ဆိုတယ္။ အားလံုးဖမ္းမိတာ ၃၂ ေယာက္ရွိတယ္။ ထိုင္းႏိုင္ငံ ခြ်န္ဖြန္း ပါနန္းမွာ ဖမ္းမိတာ။ အဲဒီထဲမွာ ကုိယ္၀န္ေဆာင္ေတြ ေလး ဦးလည္းပါတယ္။ မေလးရွားမွာ ျပန္ႀကမယ့္သူေတြ စာရင္းတင္ထားတာ ၇,၀၀၀ ေက်ာ္တယ္လုိ႔ သိရတယ္။ အခုဆိုရင္ ပုိေတာင္မ်ားလာအုန္းမယ္။ အခုလိုမ်ိဳးဆိုရင္ ခိုး၀င္မယ္၊ ေထာင္က်မယ္။ ျမန္မာျပည္ကုိ ျပန္မယ့္သူေတြအတြက္ အိမ္ျပန္ခရီးက လွမွာ မဟုတ္ဘူး။ ဒီလိုအျဖစ္အပ်က္ေတြကိုုပဲ ရင္ဆုိင္ရအုန္းမယ္။ အခုဆိုရင္ ကုိယ္၀န္ေဆာင္ေတြလည္း ပါတယ္။ အခ်ဳပ္ထဲေထာင္ထဲမွာ ေနရအုန္းမယ္။ သူတုိ႔အတြက္ကေတာ့ အေတာ္ခက္ခဲသြားျပီ။"
အခုဖမ္းမိတဲ့ မေလးရွားျပန္ ျမန္မာအလုပ္သမားေတြဟာ စားအုန္းဆီျခံထဲမွာ ပုန္းေနၾကတာကို ထုိင္းရြာသားေတြကေတြ ့ရွိခဲ့ျပီး အာဏာပိုင္ေတြကို သတင္းေပးခဲ့လို႔ နယ္ေျမရဲေတြနဲ႔ က်န္းမာေရးအဖြဲ႔က ျမန္မာနိုင္ငံသားေတြကို သြားေရာက္ရွာေဖြ ထိန္းသိမ္းခဲ့တာပါ။သူတို႔ဟာ ျမန္မာျပည္ကုိ ျပန္ႏိုင္ဖို႔ လူကုန္ကူးပြဲစားေတြနဲ ့ ဆက္သြယ္ျပီး ထိုင္းမေလးနယ္စပ္ စေဒါင္ကေန ျမန္မာနိုင္ငံအတြင္းထဲကုိ ျပန္၀င္ဖို႔ ႀကိဳးစားခဲ့တာျဖစ္ပါတယ္။
ထိန္းသိမ္းခံခဲ့ရတဲ့ ျမန္မာနိုင္ငံသား ၃၂ ဦးမွာထဲမွာ ကုိယ္၀န္ေဆာင္အမ်ိိဳးသမီး တဦးအပါအ၀င္ ၇ ဦးကေတာ့ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈ သံသယ လကၡဏာေတြ ေတြ႔ရတာေၾကာင့္ စစ္ေဆးဖုိ႔ ေဒသခံေဆး႐ုံကုိ ပုိ႔ေဆာင္ခဲ့သလုိ က်န္တဲ့သူေတြကုိေတာ့ ေရာဂါကူးစက္မႈရွိ၊ မရွိ ၁၄ ရက္ၾကာ ေရာဂါေစာင့္ၾကည့္စစ္ေဆးမယ့္ ေနရာကို ပို႔ေဆာင္ထားပါတယ္။ ကပ္ေရာဂါကာလ အခက္အခဲႀကံဳေနရတဲ့ မေလးရွားေရာက္ ျမန္မာႏုိင္ငံသားေတြ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ၿပီး ေနရပ္ျပန္ဖုိ႔ ႀကိဳးစားၾကရာက ထုိင္းႏုိင္ငံေတာင္ပုိင္းမွာ ဖမ္းဆီးခံေနရတာ အခုဆုိရင္ ၁၀၀ ေက်ာ္ထက္မနည္း ရွိေနပါၿပီ။
ကပ္ေရာဂါကာလ ျပည္ပမွာ ေသာင္တင္ေနသူေတြ ေနရပ္ျပန္ႏုိင္ေရး ျမန္မာအစုိးရက စီစဥ္ေနတာေတြ ရွိေပမဲ့ မေလးရွားႏုိင္ငံ ေရာက္ေနသူေတြကေတာ့ အခက္အခဲေတြ ႀကံဳေနရတုန္းပဲလုိ႔လည္း အလုပ္သမားေရး လႈပ္ရွားသူ ကုိရဲမင္းက ေျပာပါတယ္။
"ကုိဗစ္ကာလမွာ တျခားႏုိင္ငံေတြဆုိလည္း သူမ်ားတုိင္းျပည္မွာ ဒုကၡေရာက္ေနတယ္ဆုိရင္လည္း ျပန္ေခၚေပးတာပဲ။ ထုိင္းဆုိလည္း ျပန္ေခၚေပးတာပဲ။ မေလးမွာဆုိရင္ အခ်ဳပ္ထဲက ျမန္မာ ၃,၀၀၀ ေလာက္ကုိ မေလးရွားအစုိးရ ျပန္ပုိ႔ေပးမယ္လို႔ ကမ္းလွမ္းတာတယ္လို႔ သိရတယ္။ ျမန္မာဘက္က ေစာင့္ၾကည့္စင္တာေတြပဲ မျပည့္စံု၊ မလံုေလာက္လုိ႔လား မသိဘူး။ မေလးရွားဘက္က ျပန္ပို႔ေပးမယ္ဆုိတာေတာင္ ျမန္မာဘက္က အခက္အခဲျဖစ္ေနတာေတြကိုေတြ႔ေနရတယ္။"
မေလးရွားႏုိင္ငံမွာ တရားမ၀င္ေနထုိင္ေနၾကတဲ့ ျမန္မာႏုိင္ငံသားေတြထဲက ေနရပ္ျပန္ဖုိ႔ ျမန္မာသံ႐ုံးကုိ စာရင္းေပးထားသူ ၈,၀၀၀ ေလာက္ ရွိေနသလုိ၊ လူ၀င္မႈႀကီးၾကပ္ေရး ထိန္း သိမ္းေရးစခန္းေတြမွာ ဖမ္းဆီးခံထားရသူ ျမန္မာ ၃,၀၀၀ ေလာက္ ရွိမယ္လုိ႔လည္း ျမန္မာအစုိးရ တာ၀န္ရွိသူေတြနဲ႔ အလုပ္သမားေရး လႈပ္ရွားသူေတြက ခန္႔မွန္းထားပါတယ္။ ဒါေပမဲ့လည္း ကပ္ေရာဂါကာလ အခက္အခဲေတြ ႀကံဳရခ်ိန္မွာ မေလးရွားႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားေတြ ေနရပ္ျပန္ေရး အစီအစ ဥ္မွာ စိန္ေခၚမႈေတြ ရွိေနေၾကာင္း သမၼတ႐ုံးေျပာခြင့္ရဦးေဇာ္ေဌးက မၾကာေသးခင္က သတင္းစာရွင္းလင္းပဲြမွာ ေျပာဆုိထားပါတယ္ရွင္။
[Unicode Version]
မလေးရှားကနေ ထိုင်းဖြတ်ပြီး မြန်မာနိုင်ငံပြန်မယ့်သူတွေ ထိုင်းမှာအဖမ်းခံရ
ထိုင်းနိုင်ငံတောင်ပိုင်းမှာ လူကုန်ကူးသူတွေ စွန့်ပစ်သွားခဲ့တဲ့ မြန်မာနိုင်ငံသား ၃၀ ကျော်ကို ထိုင်းအာဏာပိုင်တွေ တွေ့ရှိခဲ့တဲ့အတွက် ထိန်းသိမ်းလိုက်ပြီး COVID-19 ကပ်ရောဂါ ကူးစက်သူအဖြစ် သံသယရှိသူတချို့ကိုလည်း စစ်ဆေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖွန်းခရိုင် Pak Nam စားအုန်းဆီ စိုက်ခင်းထဲမှာ လူကုန်သူးတွေက စွန့်ပစ်သွားခဲ့တဲ့ မလေးရှားနိုင်ငံကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၃၂ ဦးကို ထိုင်းအာဏာပိုင်တွေ မနေ့ကပဲ တွေ့ရှိပြီး ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။
ကပ်ရောဂါကာလ မလေးရှားနိုင်ငံမှာ အလုပ်အကိုင် အခက်အခဲနဲ့ အဖမ်းအဆီးတွေကြောင့် မြန်မာနိုင်ငံသားတွေ တရားမဝင်နယ်စပ်တွေကနေ ပြန်ဖို့ကြိုးစားရာက အခုလို ဖမ်းဆီးခံနေရတာလို့လည်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမား ကူညီရေးအဖွဲ့AAC က ကိုရဲမင်းက ပြောပါတယ်။
"ကိုဗစ်ကာလ အကြပ်အတည်းကြီးမှာ အလုပ်လက်မဲ့တွေလည်း များလာတယ်။ ရပ်တည်လို့လည်း မရကြတော့ဘူး။ အခုဆိုရင်မနေ့ကပဲ မလေးရှားကနေ မြန်မာပြည်ကို ပြန်တာ ထိုင်းကို ခိုးဖြတ်ပြီး ပြန်တာ လူပွဲစား လူကုန်ကူးသူတွေက ပို့ပေးတာ မလေးကနေ မြန်မာပြည်ပြန်အရောက်ထိ တဦးကို ဘတ် ၂၀,၀၀၀ ပေးရတယ်လို့ ဆိုတယ်။ အားလုံးဖမ်းမိတာ ၃၂ ယောက်ရှိတယ်။ ထိုင်းနိုင်ငံ ချွန်ဖွန်း ပါနန်းမှာ ဖမ်းမိတာ။ အဲဒီထဲမှာ ကိုယ်ဝန်ဆောင်တွေ လေး ဦးလည်းပါတယ်။ မလေးရှားမှာ ပြန်ကြမယ့်သူတွေ စာရင်းတင်ထားတာ ၇,၀၀၀ ကျော်တယ်လို့ သိရတယ်။ အခုဆိုရင် ပိုတောင်များလာအုန်းမယ်။ အခုလိုမျိုးဆိုရင် ခိုးဝင်မယ်၊ ထောင်ကျမယ်။ မြန်မာပြည်ကို ပြန်မယ့်သူတွေအတွက် အိမ်ပြန်ခရီးက လှမှာ မဟုတ်ဘူး။ ဒီလိုအဖြစ်အပျက်တွေကိုပဲ ရင်ဆိုင်ရအုန်းမယ်။ အခုဆိုရင် ကိုယ်ဝန်ဆောင်တွေလည်း ပါတယ်။ အချုပ်ထဲထောင်ထဲမှာ နေရအုန်းမယ်။ သူတို့အတွက်ကတော့ အတော်ခက်ခဲသွားပြီ။"
အခုဖမ်းမိတဲ့ မလေးရှားပြန် မြန်မာအလုပ်သမားတွေဟာ စားအုန်းဆီခြံထဲမှာ ပုန်းနေကြတာကို ထိုင်းရွာသားတွေကတွေ့ရှိခဲ့ပြီး အာဏာပိုင်တွေကို သတင်းပေးခဲ့လို့ နယ်မြေရဲတွေနဲ့ ကျန်းမာရေးအဖွဲ့က မြန်မာနိုင်ငံသားတွေကို သွားရောက်ရှာဖွေ ထိန်းသိမ်းခဲ့တာပါ။ သူတို့ဟာ မြန်မာပြည်ကို ပြန်နိုင်ဖို့ လူကုန်ကူးပွဲစားတွေနဲ့ ဆက်သွယ်ပြီး ထိုင်းမလေးနယ်စပ် စဒေါင်ကနေ မြန်မာနိုင်ငံအတွင်းထဲကို ပြန်ဝင်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။
ထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၃၂ ဦးမှာထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး တဦးအပါအဝင် ၇ ဦးကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သံသယ လက္ခဏာတွေ တွေ့ရတာကြောင့် စစ်ဆေးဖို့ ဒေသခံဆေးရုံကို ပို့ဆောင်ခဲ့သလို ကျန်တဲ့သူတွေကိုတော့ ရောဂါကူးစက်မှုရှိ၊ မရှိ ၁၄ ရက်ကြာ ရောဂါစောင့်ကြည့်စစ်ဆေးမယ့် နေရာကို ပို့ဆောင်ထားပါတယ်။ ကပ်ရောဂါကာလ အခက်အခဲကြုံနေရတဲ့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး နေရပ်ပြန်ဖို့ ကြိုးစားကြရာက ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖမ်းဆီးခံနေရတာ အခုဆိုရင် ၁၀၀ ကျော်ထက်မနည်း ရှိနေပါပြီ။
ကပ်ရောဂါကာလ ပြည်ပမှာ သောင်တင်နေသူတွေ နေရပ်ပြန်နိုင်ရေး မြန်မာအစိုးရက စီစဉ်နေတာတွေ ရှိပေမဲ့ မလေးရှားနိုင်ငံ ရောက်နေသူတွေကတော့ အခက်အခဲတွေ ကြုံနေရတုန်းပဲလို့လည်း အလုပ်သမားရေး လှုပ်ရှားသူ ကိုရဲမင်းက ပြောပါတယ်။
"ကိုဗစ်ကာလမှာ တခြားနိုင်ငံတွေဆိုလည်း သူများတိုင်းပြည်မှာ ဒုက္ခရောက်နေတယ်ဆိုရင်လည်း ပြန်ခေါ်ပေးတာပဲ။ ထိုင်းဆိုလည်း ပြန်ခေါ်ပေးတာပဲ။ မလေးမှာဆိုရင် အချုပ်ထဲက မြန်မာ ၃,၀၀၀ လောက်ကို မလေးရှားအစိုးရ ပြန်ပို့ပေးမယ်လို့ ကမ်းလှမ်းတာတယ်လို့ သိရတယ်။ မြန်မာဘက်က စောင့်ကြည့်စင်တာတွေပဲ မပြည့်စုံ၊ မလုံလောက်လို့လား မသိဘူး။ မလေးရှားဘက်က ပြန်ပို့ပေးမယ်ဆိုတာတောင် မြန်မာဘက်က အခက်အခဲဖြစ်နေတာတွေကိုတွေ့နေရတယ်။"
မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေထဲက နေရပ်ပြန်ဖို့ မြန်မာသံရုံးကို စာရင်းပေးထားသူ ၈,၀၀၀ လောက် ရှိနေသလို၊ လူဝင်မှုကြီးကြပ်ရေး ထိန်း သိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံထားရသူ မြန်မာ ၃,၀၀၀ လောက် ရှိမယ်လို့လည်း မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ အလုပ်သမားရေး လှုပ်ရှားသူတွေက ခန့်မှန်းထားပါတယ်။ ဒါပေမဲ့လည်း ကပ်ရောဂါကာလ အခက်အခဲတွေ ကြုံရချိန်မှာ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ရေး အစီအစ ဉ်မှာ စိန်ခေါ်မှုတွေ ရှိနေကြောင်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက မကြာသေးခင်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်ရှင်။