သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း ကပ္ေရာဂါအေရးေပၚအေျခအေန August ထိ သက္တမ္းတိုး


ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (ဇြန္ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

ထိုင္းႏိုင္ငံမွာ COVID-19 ေၾကာင့္ ထုတ္ျပန္ထားတဲ့ အေရးေပၚေၾကညာခ်က္ကို ၾသဂုတ္လကုန္တဲ့အထိ သက္တမ္းတိုးမယ္လို႔ ဒီကေန႔ ေၾကညာပါတယ္။

တခ်ိန္ထဲမွာပဲ ျမန္မာႏိုင္ငံက ေ႐ႊ႕ေျပာင္းလုပ္သားေတြအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံေတြက ေ႐ႊ႕ေျပာင္းလုပ္သား ၁၂၀,၀၀၀ ေလာက္ကိုလည္း တျဖည္းျဖည္း ျပည္ဝင္ခြင့္ေပးမယ္လို႔ ေၾကညာပါတယ္။ စီးပြားေရး၊ က်န္းမာေရး၊ ႐ုပ္႐ွင္႐ိုက္ကူးေရးအတြက္ ထုိင္းႏိုင္ငံလာသူေတြအျပင္ ေ႐ႊ႕ေျပာင္းလုပ္သားေတြကိုလည္း ႏိုင္ငံထဲ ဝင္ခြင့္ျပဳမယ္လို႔ ထိုင္းအစိုးရ COVID-19 တံု႔ျပန္ေရးဆိုင္ရာ ေျပာခြင့္ရသူက ဒီကေန႔ ေျပာၾကားပါတယ္။

လယ္ယာစိုက္ပ်ဳိးေရးနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းေတြမွာ အလုပ္သမား လိုအပ္ခ်က္ေၾကာင့္ ျမန္မာ၊ Laos နဲ႔ Cambodia ႏိုင္ငံေတြက ေ႐ႊ႕ေျပာင္းလုပ္သားေတြကို တျဖည္းျဖည္းနဲ႔ လာခြင့္ျပဳမွာျဖစ္ၿပီး ထိုင္းႏိုင္ငံေရာက္တာနဲ႔ COVID-19 ေရာဂါ႐ွိ၊ မ႐ွိ စစ္ေဆးမႈေတြလုပ္သြားမယ္လို႔ ေျပာပါတယ္။

ထိုင္းႏိုင္ငံမွာ အေရးေပၚ အေျခအေနကို မတ္လကုန္ပိုင္းမွာ ထုတ္ျပန္ခဲ့ၿပီးေနာက္ ႏိုင္ငံျခားသားေတြျပည္ဝင္ခြင့္ ပိတ္ပင္ခဲ့တာပါ။ အဲဒီေနာက္ ျမန္မာႏိုင္ငံက ေ႐ႊ႕ေျပာင္းလုပ္သား အမ်ားအျပားလည္း ျမန္မာႏိုင္ငံ ျပန္လာခဲ့ၾကရပါတယ္။

ထိုင္းျပည္တြင္းမွာ COVID-19 ကပ္ေရာဂါကူးစက္သူ မ႐ွိေတာ့တာ ၂ လနီးပါး႐ွိေနခ်ိန္မွာ အေရးေပၚ အေျခအေနကို August လကုန္အထိ သက္တမ္းတိုးမယ့္ကိစၥအေပၚ ထိုင္းေတာ္ေတာ္မ်ားမ်ားက ေမးခြန္းထုတ္ေနၾကပါတယ္။ ခုလုိအစိုးရက သက္တမ္းတိုးမယ့္ကိစၥကို ထိုင္းလႊတ္ေတာ္က ခြင့္ျပဳ၊ မျပဳ ေ႐ွ႕သီတင္းပတ္မွာ ဆံုးျဖတ္မွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်း ကပ်ရောဂါအရေးပေါ်အခြေအနေ August ထိ သက်တမ်းတိုး

ထိုင်းနိုင်ငံမှာ COVID-19 ကြောင့် ထုတ်ပြန်ထားတဲ့ အရေးပေါ်ကြေညာချက်ကို သြဂုတ်လကုန်တဲ့အထိ သက်တမ်းတိုးမယ်လို့ ဒီကနေ့ ကြေညာပါတယ်။

တချိန်ထဲမှာပဲ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သား ၁၂၀,၀၀၀ လောက်ကိုလည်း တဖြည်းဖြည်း ပြည်ဝင်ခွင့်ပေးမယ်လို့ ကြေညာပါတယ်။ စီးပွားရေး၊ ကျန်းမာရေး၊ ရုပ်ရှင်ရိုက်ကူးရေးအတွက် ထိုင်းနိုင်ငံလာသူတွေအပြင် ရွှေ့ပြောင်းလုပ်သားတွေကိုလည်း နိုင်ငံထဲ ဝင်ခွင့်ပြုမယ်လို့ ထိုင်းအစိုးရ COVID-19 တုံ့ပြန်ရေးဆိုင်ရာ ပြောခွင့်ရသူက ဒီကနေ့ ပြောကြားပါတယ်။

လယ်ယာစိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်သမား လိုအပ်ချက်ကြောင့် မြန်မာ၊ Laos နဲ့ Cambodia နိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေကို တဖြည်းဖြည်းနဲ့ လာခွင့်ပြုမှာဖြစ်ပြီး ထိုင်းနိုင်ငံရောက်တာနဲ့ COVID-19 ရောဂါရှိ၊ မရှိ စစ်ဆေးမှုတွေလုပ်သွားမယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အရေးပေါ် အခြေအနေကို မတ်လကုန်ပိုင်းမှာ ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံခြားသားတွေပြည်ဝင်ခွင့် ပိတ်ပင်ခဲ့တာပါ။ အဲဒီနောက် မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သား အများအပြားလည်း မြန်မာနိုင်ငံ ပြန်လာခဲ့ကြရပါတယ်။

ထိုင်းပြည်တွင်းမှာ COVID-19 ကပ်ရောဂါကူးစက်သူ မရှိတော့တာ ၂ လနီးပါးရှိနေချိန်မှာ အရေးပေါ် အခြေအနေကို August လကုန်အထိ သက်တမ်းတိုးမယ့်ကိစ္စအပေါ် ထိုင်းတော်တော်များများက မေးခွန်းထုတ်နေကြပါတယ်။ ခုလိုအစိုးရက သက်တမ်းတိုးမယ့်ကိစ္စကို ထိုင်းလွှတ်တော်က ခွင့်ပြု၊ မပြု ရှေ့သီတင်းပတ်မှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG