သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းမွာ ႏုိင္ငံျခားသားေတြ အလုပ္လုပ္ခြင့္ရေပမယ့္ တရားမ၀င္ ၀င္လာသူေတြကုိ ဖမ္းဆီးေနဆဲ


ထုိင္းေျမာက္ပုိင္းကေန တရားမ၀င္၀င္လာတဲ့ အသက္ မျပည့္ေသးတဲျမန္မာမိန္းေလးေတြကုိ ကုိဗစ္ကာလမွာ ဖမ္းဆီးမိခဲ့ပံု (ဓါတ္ပံု -ထုိင္းစစ္တပ္)

(Zawgyi/ Unicode)

ထုိင္းႏုိင္ငံမွာ ျမန္မာႏုိင္ငံသားေတြ အပါအ၀င္ ႏုိင္ငံျခားသား ေရႊ႕ေျပာင္းအလုပ္သမားေတြကုိ လုပ္ငန္းခြင္တခ်ဳိ႕မွာ အကန္႔အသတ္နဲ႔ အလုပ္လုပ္ခြင့္ျပဳမွာျဖစ္ေၾကာင္း ထုိင္းအာဏာပုိင္ေတြ ေၾကညာလုိက္သလုိ၊ တရားမ၀င္ ၀င္လာသူေတြကုိေတာ့ ဆက္တုိက္ဆုိသလုိ ဖမ္းဆီးအေရးယူေနတဲ့အေၾကာင္း ေျပာျပပါမယ္။ VOA ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ထုိင္းျမန္မာနယ္စပ္ကေန သတင္းေပးပုိ႔တာ ျဖစ္ပါတယ္။

COVID-19 ကပ္ေရာဂါကူးစက္မႈေတြ ေလ်ာ့ပါးလာတာနဲ႔အမွ် ကန္႔သတ္ခ်က္ေတြ ေလွ်ာ့ေပါ့လာေနတဲ့ ထုိင္းႏုိင္ငံမွာ ျမန္မာအပါအ၀င္ ေရႊ႕ေျပာင္းအလုပ္သမားေတြကုိ အလုပ္လုပ္ခြင့္ျပဳမယ့္အေၾကာင္း ထုိင္းအစုိးရ တာ၀န္ရွိသူေတြ ေၾကညာလုိက္တာပါ။

ဒါေပမဲ့လည္း အကန္႔အသတ္နဲ႔သာ လုပ္ကုိင္ခြင့္ရွိဦးမွာ ျဖစ္ေၾကာင္းလည္း ထုိင္းႏုိင္ငံ COVID-19 ကူးစက္ေရာဂါတိုက္ဖ်က္ကာကြယ္ေရး စီမံခန႔္ခြဲမႈဗဟိုဌာန (CCSA) ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ ထ၀ီစင္က သတင္းေထာက္ေတြကုိ ဒီသီတင္းပတ္ထဲမွာပဲ ေျပာခဲ့ပါတယ္။

“ႏို္င္ငံျခားသားအလုပ္သမားေတြကုိေဆာက္လုပ္ေရးနဲ႔ စားေသာက္ဆိုင္ လုပ္ငန္းေတြမွာ အလုပ္လုပ္ခြင့္ဗီဇာ ခြင့္ျပဳေပးမွာျဖစ္ေၾကာင္း” ေျပာဆုိသြားတာပါ။

အလုပ္လုပ္ခြင့္ရမယ့္ ႏုိင္ငံျခားသား အလုပ္သမားေတြ အေနနဲ႔ က်န္းမာေရးေထာက္ခံခ်က္အျပင္ ကပ္ေရာဂါကူးစက္မႈ ကင္းရွင္းေၾကာင္း ၁၄ ရက္ ၾကာ ေစာင္ၾကည့္စစ္ေဆးမႈေတြကုိ အလုပ္ရွင္က တာ၀န္ယူရမွာပါ။

အလုပ္ရွင္ေတြအေနနဲ႔ အလုပ္သမားေတြ အတြက္ က်န္းမာေရး အာမခံေၾကးေတြေပးေဆာင္ရမယ့္ စည္းကမ္းခ်က္ေတြ အပါအ၀င္ တျခားကန္႔သတ္ခ်က္ေတြလည္း ပါလာတာေၾကာင့္ လုပ္ငန္းရွင္ေတြကေတာ့ အစီအစဥ္သစ္အေပၚ တြန္႔ဆုတ္ေနၾကပါတယ္။ တခ်ိန္တည္းမွာပဲ ထုိင္းႏုိင္ငံမွာ အလုပ္အကုိင္အခြင့္အလမ္းေတြ ရႏုိင္ဖုိ႔ ေမွ်ာ္လင့္ခ်က္နဲ႔ တရားမ၀င္ ၀င္ေရာက္ေနၾကတဲ့ ျမန္မာႏုိင္ငံသားေတြ အပါအ၀င္ ႏုိင္ငံျခားသား အလုပ္သမားေတြကုိေတာ့ ထုိင္းအာဏာပုိင္ေတြ ဆက္တုိက္ဆုိသလုိ ႏွိမ္နင္းေနတာပါ။

မတ္လကေန ဇူလိုင္လဆန္းအထိ တရားမ၀င္ ၀င္ေရာက္လာသူ ၁၁၀၀၀ ေက်ာ္ ဖမ္းဆီးမိခဲ့တဲ့ အထဲမွာ ျမန္မာႏုိင္ငံသား ၆ ေထာင္ေက်ာ္ ပါ၀င္ေၾကာင္းလည္း ထုိင္းလူ၀င္မႈ ႀကီးၾကပ္ေရးဌာနက သတင္းထုတ္ျပန္ ထားပါတယ္။

“ကိုဗစ္-၁၉ကာလအတြင္းမွာ နိုင္ငံျခားသား အလုပ္သမားေတြ ျပည္ေတာ္ျပန္ သြားျပီး နည္းလမ္းမ်ိဳးစံုနဲ ့ ထိုင္းနိုင္ငံအတြင္ ျပန္လည္ခိုး၀င္လာေနပါတယ္။ ထိုင္းနိုင္ငံက ေရာဂါပိုးထိန္းခ်ဳပ္နိုင္ျပီး နိုုင္ငံအတြင္း ပိုးကူးစက္မွုမရွိတာ ရက္၅၀ ေက်ာ္လာေပမယ့္ နိုင္ငံအျပင္ကေန ၀င္ေရာက္လာတဲ့ တရားမ၀င္ အလုပ္သမားေတြမွာ ေရာဂါပိုးေတြ ပါလာမွာကို ထိန္းခ်ဳပ္ ကာကြယ္တဲ့အေနနဲ ့ေရာ ကိုဗစ္ကာလမွာ လူကုန္ကူးတဲ့လုပ္ငန္းေတြလူလိမ္ပြဲစားေတြပိုမ်ားလာေနတာ ကို တာဆီးနိုင္ေအာင္ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္ဆိုျပီး” ထိုင္းလူ၀င္မွုၾကီးၾကပ္ေရးဗ်ဴရို အၾကီးအကဲ ဒုဗိုလ္ခ်ဳပ္ စြန္ဖုန္းခ်င္ဒူ၀င္ ေျပာသြာတာပါ

လူကုန္ကူးသူေတြအျဖစ္နဲ႔ သံသယရွိသူ ၁၅ ဦးနဲ ့ တရားမ၀င္ အလုပ္သမားေတြကို ေနထိုင္ခြင့္ေပးထားသူ ထိုင္းအိမ္ရွင္ ၅၁ဦးကိုလည္း ဖမ္းဆီးအေရးယူခဲ့ေၾကာင္းလည္း ထိုင္းအစိုးရရဲ ့ ထုတ္ျပန္ခ်က္ေတြမွာ ေဖၚျပထားပါတယ္။

ဒီရက္ပုိင္းအတြင္းမွာပဲ ဆာမြန္ဆာခြန္းခရိုင္ မဟာခ်ိဳင္ ေဒသက ျမန္မာေတြေနတဲ့ အလုပ္သမားတန္းလ်ားေတြ ၀င္ေရာက္ဖမ္းဆီးရာမွာ ရာနဲ႔ ခ်ီရိွတဲ့ ျမန္မာႏုိင္ငံသားေတြ ဖမ္းဆီးခံခဲ့ရသလုိ၊ နယ္စပ္မွာလည္း အဖမ္းအဆီးေတြ ရွိေနေၾကာင္း အလုပ္သမားကူညီေရးအဖြဲ ့ ျဖစ္တဲ့ AAC မဟာမိတ္အဖြဲ ့က ေျပာေရးဆုိခြင့္ရွိသူ ကိုရဲမင္းက ေျပာပါတယ္။

“ေရႊ႕ေျပာင္းအလုပ္သမားေတြ အေထာက္အထားမျပည့္စံုတာေတြ ခိုး၀င္တာေတြကုိ ဗစ္ေရာဂါျပန္႔ပြားမွာ စိုးရိမ္တာေတြနဲ႔ ပုိျပီးဖမ္းဆီးလာတာေတြ ့ရတယ္။ ဒီလပုိင္းမွာလည္းျမန္မာႏိုင္ငံမွာ အလုပ္အကုိင္အခြင့္အလန္း ေတြမရွိ ကိုဗစ္ကာလမွာျပန္သြားသူေတြ ေနထုိင္ခြင့္ေတြပတ္စပုိ႔ေတြ ရွိရဲ့သားနဲ့ နယ္စပ္မွာတံတားေတြက မဖြင့္ေတာ့ လူေမွာင္ခုိ္သမားေတြနဲ႔႔ ခိုးျပီးျပန္၀င္ၾကေတာ့ ဖမ္းဆီးခံရတယ္။ နယ္စပ္မွာ ထုိင္းစစ္တပ္က ကင္းလွည့္းျပီး တင္းတင္းၾကပ္ၾကပ္ဖမ္းဆီးေနတယ္ထိုင္းႏိုင္ငံမွာ ကိုဗစ္ေတြ ျဖစ္ေနတယ္။ အဖမ္းအဆီးေတြလည္း မ်ားေနရဲ႕သားနဲ႔ဘာေႀကာင့္ျပန္၀င္သလဲ ေလ့လာၾကည့္ေတာ့
ျမန္မာနိုင္ငံမွာ အလုပ္အကုိင္အခြင့္အလန္းေတြ မရွိေတာ့ျပန္၀င္ႀကတာျဖစ္ေနတယ္ အခုဆိုရင္ေထာင္ ၄လက်တာ၊ ၆လက်တာေတြ ျဖစ္ေနတယ္။”

ျပည္ပကေရာက္လာသူ ၅ ေယာက္မွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ႔ရွိေၾကာင္း ဒီကေန႔ပဲ အတည္ျပဳခဲ့တဲ့ ထုိင္းႏုိင္ငံမွာ ျပည္တြင္းကူးစက္မႈကေတာ့ မရွိသေလာက္ပါ။ ထုိင္းႏုိင္ငံမွာ ကပ္ေရာဂါစတင္ျဖစ္ပြားခ်ိန္ကစလုိ႔ ေသဆုံးသူ ၅၈ ေယာက္ အပါအ၀င္ ကူးစက္သူ စုစုေပါင္းကေတာ့ ၃၂၅၅ ေယာက္ရွိေၾကာင္းလည္း က်န္းမာေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ထိုင်းမှာ နိုင်ငံခြားသားတွေ အလုပ်လုပ်ခွင့်ရပေမယ့် တရားမဝင် ဝင်လာသူတွေကို ဖမ်းဆီးနေဆဲ
( Unicode)

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို လုပ်ငန်းခွင်တချို့မှာ အကန့်အသတ်နဲ့ အလုပ်လုပ်ခွင့်ပြုမှာဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေ ကြေညာလိုက်သလို၊ တရားမဝင် ဝင်လာသူတွေကိုတော့ ဆက်တိုက်ဆိုသလို ဖမ်းဆီးအရေးယူနေတဲ့အကြောင်း ပြောပြပါမယ်။ VOA မြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့တာ ဖြစ်ပါတယ်။


COVID-19 ကပ်ရောဂါကူးစက်မှုတွေ လျော့ပါးလာတာနဲ့အမျှ ကန့်သတ်ချက်တွေ လျှော့ပေါ့လာနေတဲ့ ထိုင်းနိုင်ငံမှာ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်လုပ်ခွင့်ပြုမယ့်အကြောင်း ထိုင်းအစိုးရ တာဝန်ရှိသူတွေ ကြေညာလိုက်တာပါ။

ဒါပေမဲ့လည်း အကန့်အသတ်နဲ့သာ လုပ်ကိုင်ခွင့်ရှိဦးမှာ ဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံ COVID-19 ကူးစက်ရောဂါတိုက်ဖျက်ကာကွယ်ရေး စီမံခန့်ခွဲမှုဗဟိုဌာန (CCSA) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထဝီစင်က သတင်းထောက်တွေကို ဒီသီတင်းပတ်ထဲမှာပဲ ပြောခဲ့ပါတယ်။



“နိုင်ငံခြားသားအလုပ်သမားတွေကိုဆောက်လုပ်ရေးနဲ့ စားသောက်ဆိုင် လုပ်ငန်းတွေမှာ အလုပ်လုပ်ခွင့်ဗီဇာ ခွင့်ပြုပေးမှာဖြစ်ကြောင်း” ပြောဆိုသွားတာပါ။

အလုပ်လုပ်ခွင့်ရမယ့် နိုင်ငံခြားသား အလုပ်သမားတွေ အနေနဲ့ ကျန်းမာရေးထောက်ခံချက်အပြင် ကပ်ရောဂါကူးစက်မှု ကင်းရှင်းကြောင်း ၁၄ ရက် ကြာ စောင်ကြည့်စစ်ဆေးမှုတွေကို အလုပ်ရှင်က တာဝန်ယူရမှာပါ။

အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားတွေ အတွက် ကျန်းမာရေး အာမခံကြေးတွေပေးဆောင်ရမယ့် စည်းကမ်းချက်တွေ အပါအဝင် တခြားကန့်သတ်ချက်တွေလည်း ပါလာတာကြောင့် လုပ်ငန်းရှင်တွေကတော့ အစီအစဉ်သစ်အပေါ် တွန့်ဆုတ်နေကြပါတယ်။ တချိန်တည်းမှာပဲ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရနိုင်ဖို့ မျှော်လင့်ချက်နဲ့ တရားမဝင် ဝင်ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကိုတော့ ထိုင်းအာဏာပိုင်တွေ ဆက်တိုက်ဆိုသလို နှိမ်နင်းနေတာပါ။

မတ်လကနေ ဇူလိုင်လဆန်းအထိ တရားမဝင် ဝင်ရောက်လာသူ ၁၁၀၀၀ ကျော် ဖမ်းဆီးမိခဲ့တဲ့ အထဲမှာ မြန်မာနိုင်ငံသား ၆ ထောင်ကျော် ပါဝင်ကြောင်းလည်း ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန် ထားပါတယ်။

“ကိုဗစ်-၁၉ကာလအတွင်းမှာ နိုင်ငံခြားသား အလုပ်သမားတွေ ပြည်တော်ပြန် သွားပြီး နည်းလမ်းမျိုးစုံနဲ့ ထိုင်းနိုင်ငံအတွင် ပြန်လည်ခိုးဝင်လာနေပါတယ်။ ထိုင်းနိုင်ငံက ရောဂါပိုးထိန်းချုပ်နိုင်ပြီး နိုင်ငံအတွင်း ပိုးကူးစက်မှုမရှိတာ ရက်၅၀ ကျော်လာပေမယ့် နိုင်ငံအပြင်ကနေ ဝင်ရောက်လာတဲ့ တရားမဝင် အလုပ်သမားတွေမှာ ရောဂါပိုးတွေ ပါလာမှာကို ထိန်းချုပ် ကာကွယ်တဲ့အနေနဲ့ရော ကိုဗစ်ကာလမှာ လူကုန်ကူးတဲ့လုပ်ငန်းတွေလူလိမ်ပွဲစားတွေပိုများလာနေတာ ကို တာဆီးနိုင်အောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်ဆိုပြီး” ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရို အကြီးအကဲ ဒုဗိုလ်ချုပ် စွန်ဖုန်းချင်ဒူဝင် ပြောသွာတာပါ

လူကုန်ကူးသူတွေအဖြစ်နဲ့ သံသယရှိသူ ၁၅ ဦးနဲ့ တရားမဝင် အလုပ်သမားတွေကို နေထိုင်ခွင့်ပေးထားသူ ထိုင်းအိမ်ရှင် ၅၁ဦးကိုလည်း ဖမ်းဆီးအရေးယူခဲ့ကြောင်းလည်း ထိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာ ဖေါ်ပြထားပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ ဆာမွန်ဆာခွန်းခရိုင် မဟာချိုင် ဒေသက မြန်မာတွေနေတဲ့ အလုပ်သမားတန်းလျားတွေ ဝင်ရောက်ဖမ်းဆီးရာမှာ ရာနဲ့ ချီရှိတဲ့ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံခဲ့ရသလို၊ နယ်စပ်မှာလည်း အဖမ်းအဆီးတွေ ရှိနေကြောင်း အလုပ်သမားကူညီရေးအဖွဲ့ ဖြစ်တဲ့ AAC မဟာမိတ်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက ပြောပါတယ်။

“ရွှေ့ပြောင်းအလုပ်သမားတွေ အထောက်အထားမပြည့်စုံတာတွေ ခိုးဝင်တာတွေကို ဗစ်ရောဂါပြန့်ပွားမှာ စိုးရိမ်တာတွေနဲ့ ပိုပြီးဖမ်းဆီးလာတာတွေ့ရတယ်။ ဒီလပိုင်းမှာလည်းမြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလန်း တွေမရှိ ကိုဗစ်ကာလမှာပြန်သွားသူတွေ နေထိုင်ခွင့်တွေပတ်စပို့တွေ ရှိရဲ့သားနဲ့ နယ်စပ်မှာတံတားတွေက မဖွင့်တော့ လူမှောင်ခိုသမားတွေနဲ့ ခိုးပြီးပြန်ဝင်ကြတော့ ဖမ်းဆီးခံရတယ်။ နယ်စပ်မှာ ထိုင်းစစ်တပ်က ကင်းလှည့်းပြီး တင်းတင်းကြပ်ကြပ်ဖမ်းဆီးနေတယ်ထိုင်းနိုင်ငံမှာ ကိုဗစ်တွေ ဖြစ်နေတယ်။ အဖမ်းအဆီးတွေလည်း များနေရဲ့သားနဲ့ဘာကြောင့်ပြန်ဝင်သလဲ လေ့လာကြည့်တော့
မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလန်းတွေ မရှိတော့ပြန်ဝင်ကြတာဖြစ်နေတယ် အခုဆိုရင်ထောင် ၄လကျတာ၊ ၆လကျတာတွေ ဖြစ်နေတယ်။”

ပြည်ပကရောက်လာသူ ၅ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိကြောင်း ဒီကနေ့ပဲ အတည်ပြုခဲ့တဲ့ ထိုင်းနိုင်ငံမှာ ပြည်တွင်းကူးစက်မှုကတော့ မရှိသလောက်ပါ။ ထိုင်းနိုင်ငံမှာ ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကစလို့ သေဆုံးသူ ၅၈ ယောက် အပါအဝင် ကူးစက်သူ စုစုပေါင်းကတော့ ၃၂၅၅ ယောက်ရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG