သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမ၀တီခ်စ္ၾကည္ေရးတံတား ျပန္ဖြင့္ဖုိ႔ ထုိင္းနဲ႔ ျမန္မာ ညွိႏႈိင္းေန


ျမ၀တီခ်စ္ၾကည္ေရးတံတားအမွတ္ ( ၂) ( ဓါတ္ပံု-Myanmar Hotelier Association-Golden Triangle Zone)

(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါကာလမွာ ယာယီပိတ္ထားတဲ့ ျမန္မာနဲ႔ ထိုင္း ၂ ႏိုင္ငံ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္း ျပန္ဖြင့္ႏိုင္ေရး ေရွ႕သီတင္းထဲ ေဆြးေႏြးဖို႔ စီစဥ္ေနတဲ့အေၾကာင္း ကိုေဇာ္ထက္ ေျပာျပပါမယ္။

ကပ္ေရာဂါကူးစက္မႈေတြ ေလ်ာ့ပါးလာတာနဲ႔အမွ် ကန႔္သတ္ခ်က္ေတြကို ေျဖေလွ်ာ့ေပးလာခ်ိန္မွာ ျမန္မာနဲ႔ထိုင္း ၂ ႏိုင္ငံၾကား အဓိက ကုန္သြယ္ေရးလမ္းေၾကာင္းတခုျဖစ္တဲ့ ျမဝတီနဲ႔ မဲေဆာက္ၿမိဳ႕ၾကား ခ်စ္ၾကည္ေရးတံတား အမွတ္ (၁) ကို ျပန္ဖြင့္ဖို႔ ညႇိႏႈိင္းေနၾကတာပါ။ လက္တေလာ ခ်စ္ၾကည္ေရးတံတားအမွတ္ ( ၂) ကေန ကုန္သြယ္ခြင့္ျပဳထားေပမဲ့ မဲေဆာက္ၿမိဳ႕နဲ႔ အလွမ္းေဝးေနတာေၾကာင့္ အမွတ္ (၁) တံတာကိုပါ ျပန္ဖြင့္ႏိုင္ဖို႔ ၂ ႏိုင္ငံတာဝန္ရွိသူေတြ ညႇိႏႈိင္းေနတာလို႔လည္း ျမဝတီခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး ဦးေတဇာေအာင္က ေျပာပါတယ္။

“ ဒါကက်ေနာ္တို႔ ႏွစ္ဘက္က သေဘာတူတယ္ဆိုရင္ အဲဒီလုပ္ငန္း စလုပ္မွာေပါ့ခင္ဗ်။ ကုန္သြယ္မႈ သီးသန႔္အတြက္ ထပ္ၿပီးေတာ့ ေဒသတြင္းပစၥည္း ကုန္သြယ္မႈ တံတား (၁) ကိုျပန္ၿပီးေတာ့ စတင္အသုံးျပဳမွာခင္ဗ်။ တံတားေတာ့ မဖြင့္ေသးဘူးေပါ့၊ တံတား ဖြင့္လို႔ေတာ့ မရေသးဘူး။”

အမွတ္ ( ၁) တံတား ျပန္ဖြင့္မယ္ ဆိုေပမဲ့လည္း အကန႔္အသတ္ေတြနဲ႔သာ ခြင့္ျပဳမွာ ျဖစ္တာေၾကာင့္ ဒီကိစၥေတြကို ေရွ႕သီတင္းပတ္ ေတြ႕ဆုံတဲ့အခါ အဓိက ေဆြးေႏြးမယ္လို႔လည္း ေျပာပါတယ္။

" အဓိကေတာ့ ေဒသသုံးေပါ့၊ ေဒသသုံးပစၥည္း အမယ္ ၁၄၆ မ်ိဳးရွိတယ္၊ အဂၤါေန႔ေလာက္ စၿပီးလုပ္ျဖစ္တယ္ ဆိုရင္လည္း custom duty ( အေကာက္ခြန္) ပုံမွန္အတိုင္းပဲ ျဖစ္ေနဦးမယ္။ ဒါေပမဲ့ က်ေနာ္တို႔ ( အစည္းအေဝးမွာ) ခြင့္ျပဳခ်က္ ရရင္ေတာ့ ႏႈန္းတား ေလ်ာ့သြားမွာေပါ့ခင္ဗ်။"

မၾကာေသးခင္စလို႔ ကပ္ေရာဂါ ကူးစက္မႈေတြ ေလ်ာ့က်လာတဲ့ ထိုင္းႏိုင္ငံဟာ ျမန္မာႏိုင္ငံ အပါအဝင္ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ ဆက္သြယ္ထားတဲ့ နယ္စပ္ဂိတ္ ၃၇ ခုကိုျပန္ဖြင့္ေပးခဲ့ေပမဲ့ ခရီးသြားဧည့္သည္ေတြ ဝင္ေရာက္တာကိုေတာ့ တားျမစ္ထားဆဲျဖစ္ပါတယ္။ ၂ ႏိုင္ငံ ကုန္သြယ္ေရးမွာ အဓိကက်တဲ့ လမ္းေၾကာင္းတခုျဖစ္တဲ့ ထိုင္းႏိုင္ငံမဲေဆာက္ၿမိဳ႕နဲ႔ ျမန္မာႏိုင္ငံ ျမဝတီၿမိဳ႕ၾကား ကုန္သြယ္မႈ ပမာဏဟာ ၂၀၁၉ ကေန ၂၀၂၀ ေမလအထိ အေမရိကန္ေဒၚလာ သန္း ၈၀၀ ေက်ာ္ရွိတယ္လို႔လည္း ျမန္မာအစိုးရရဲ႕ ကိန္းဂဏန္းေတြမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

မြဝတီချစ်ကြည်ရေးတံတား ပြန်ဖွင့်ဖို့ ထိုင်းနဲ့ မြန်မာ ညှိနှိုင်းနေ

(Unicode)

COVID-19 ကပ်ရောဂါကာလမှာ ယာယီပိတ်ထားတဲ့ မြန်မာနဲ့ ထိုင်း ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်ရေး ရှေ့သီတင်းထဲ ဆွေးနွေးဖို့ စီစဉ်နေတဲ့အကြောင်း ကိုဇော်ထက် ပြောပြပါမယ်။

ကပ်ရောဂါကူးစက်မှုတွေ လျော့ပါးလာတာနဲ့အမျှ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးလာချိန်မှာ မြန်မာနဲ့ထိုင်း ၂ နိုင်ငံကြား အဓိက ကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်တဲ့ မြဝတီနဲ့ မဲဆောက်မြို့ကြား ချစ်ကြည်ရေးတံတား အမှတ် (၁) ကို ပြန်ဖွင့်ဖို့ ညှိနှိုင်းနေကြတာပါ။ လက်တလော ချစ်ကြည်ရေးတံတားအမှတ် ( ၂) ကနေ ကုန်သွယ်ခွင့်ပြုထားပေမဲ့ မဲဆောက်မြို့နဲ့ အလှမ်းဝေးနေတာကြောင့် အမှတ် (၁) တံတာကိုပါ ပြန်ဖွင့်နိုင်ဖို့ ၂ နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းနေတာလို့လည်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

“ ဒါကကျနော်တို့ နှစ်ဘက်က သဘောတူတယ်ဆိုရင် အဲဒီလုပ်ငန်း စလုပ်မှာပေါ့ခင်ဗျ။ ကုန်သွယ်မှု သီးသန့်အတွက် ထပ်ပြီးတော့ ဒေသတွင်းပစ္စည်း ကုန်သွယ်မှု တံတား (၁) ကိုပြန်ပြီးတော့ စတင်အသုံးပြုမှာခင်ဗျ။ တံတားတော့ မဖွင့်သေးဘူးပေါ့၊ တံတား ဖွင့်လို့တော့ မရသေးဘူး။”

အမှတ် ( ၁) တံတား ပြန်ဖွင့်မယ် ဆိုပေမဲ့လည်း အကန့်အသတ်တွေနဲ့သာ ခွင့်ပြုမှာ ဖြစ်တာကြောင့် ဒီကိစ္စတွေကို ရှေ့သီတင်းပတ် တွေ့ဆုံတဲ့အခါ အဓိက ဆွေးနွေးမယ်လို့လည်း ပြောပါတယ်။

" အဓိကတော့ ဒေသသုံးပေါ့၊ ဒေသသုံးပစ္စည်း အမယ် ၁၄၆ မျိုးရှိတယ်၊ အင်္ဂါနေ့လောက် စပြီးလုပ်ဖြစ်တယ် ဆိုရင်လည်း custom duty ( အကောက်ခွန်) ပုံမှန်အတိုင်းပဲ ဖြစ်နေဦးမယ်။ ဒါပေမဲ့ ကျနော်တို့ ( အစည်းအဝေးမှာ) ခွင့်ပြုချက် ရရင်တော့ နှုန်းတား လျော့သွားမှာပေါ့ခင်ဗျ။"

မကြာသေးခင်စလို့ ကပ်ရောဂါ ကူးစက်မှုတွေ လျော့ကျလာတဲ့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်သွယ်ထားတဲ့ နယ်စပ်ဂိတ် ၃၇ ခုကိုပြန်ဖွင့်ပေးခဲ့ပေမဲ့ ခရီးသွားဧည့်သည်တွေ ဝင်ရောက်တာကိုတော့ တားမြစ်ထားဆဲဖြစ်ပါတယ်။ ၂ နိုင်ငံ ကုန်သွယ်ရေးမှာ အဓိကကျတဲ့ လမ်းကြောင်းတခုဖြစ်တဲ့ ထိုင်းနိုင်ငံမဲဆောက်မြို့နဲ့ မြန်မာနိုင်ငံ မြဝတီမြို့ကြား ကုန်သွယ်မှု ပမာဏဟာ ၂၀၁၉ ကနေ ၂၀၂၀ မေလအထိ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရှိတယ်လို့လည်း မြန်မာအစိုးရရဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG