သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း လူေမွာင္ခိုေတြ ခုိးသြင္းတဲ့ ျမန္မာႏုိင္ငံသား ၁၁ ဦး အဖမ္းခံရ


ဇူလုိင္လ ၉ ရက္ေန႔က ဖမ္းမိတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား။ (ဓာတ္ပံု - Thai Police - ဇူလိုင္ ၀၉၊ ၂၀၂၀) thai myanmar trafficking

[Zawgyi/Unicode]

COVID-19 အေရးေပၚကာလ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားဆဲျဖစ္တဲ့ ထုိင္းႏုိင္ငံမွာ မၾကာေသးခင္ကစလုိ႔ လူေမွာင္ခုိမႈေတြကုိ တုိးျမွင့္ႏွိမ္နင္းလာေနရာက ျမန္မာႏုိင္ငံသားေတြလည္း ဆက္တုိက္ဆုိသလုိ ဖမ္းဆီးခံေနရတဲ့အေၾကာင္း ေျပာျပေပးခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

လူေမွာင္ခုိမႈေတြနဲ႔ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္မႈေတြကုိ ထိန္းခ်ဳပ္ဖုိ႔ ႀကိဳးစားေနခ်ိန္မွာပဲ ျမန္မာႏုိင္ငံနယ္စပ္မွာ အဖမ္းအဆီးေတြလည္း တုိးလာေနပါတယ္။ မေန႔တုန္းကလည္း ထိုင္းျမန္မာနယ္စပ္ တာ့ခ္ခရိုင္ မယ္လမျမိဳ႕နယ္ Ban Nah Chu ေက်းရြာအနီးမွာ အရွိန္ျပင္းျပင္းနဲ႔ ေမာင္းလာၿပီး၊ လုိင္စင္နံပတ္ျပားမပါတဲ့ ကားတစ္စင္းကုိ ထုိင္းအာဏာပုိင္ေတြ လုိက္လံဖမ္းဆီးရာက တရား၀င္ အေထာက္အထားမရွိတဲ့ ျမန္မာႏုိင္ငံသား ၁၁ ေယာက္ကုိ ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံသားေတြကုိေတာ့ ပစ္ကပ္ကားေနာက္ခန္းမွာ လွ်ိဳ႕၀ွက္တင္ေဆာင္လာတာလုိ႔လည္း ေရာင္ျခည္ဦး အလုပ္သမားအဖဲြ႔ရဲ ့မဲေဆာက္ရံုး ၀န္ခံ ဦးမိုးေက်ာ္က အခုလိုရွင္းျပပါတယ္။

"ထုိင္းရဲဌာနေတြက ဖမ္းဆီးႏုိင္ခဲ့တဲ့ျဖစ္စဥ္လူဦးေရက ၁၁ ဦးပါ မက ၇ ဦး၊ က်ားက ၄ ဦးပါတယ္။ ျဖစ္တဲ့ကားမွာက ျမန္မာေတြကို တာလပတ္အုပ္ျပိီး သယ္ေဆာင္လာတယ္။ တာ့ခ္ခရိုင္ မယ္လမျမိဳ႕နယ္ထဲမွာ ကားကုိ ေမာင္းလာတုန္း ထုိင္းရဲေတြ လ၀ကေတြက ေနာက္ကလိုက္ျပီး ဖမ္းခဲ့တာပါ။"

မေန႔တုန္းက ဖမ္းဆီးမႈအတြင္း ျမန္မာႏုိင္ငံသား ၁၁ ဦးနဲ႔ ထုိင္းႏုိင္ငံသား တဦးကို ဖမ္းဆီးမိခဲ့ေပမဲ့ ယာဥ္ေမာင္းျဖစ္သူကေတာ့ လြတ္ေျမာက္သြားတဲ့အတြက္ ဖမ္းဆီးႏုိင္ဖုိ႔ ႀကိဳးပမ္းေနတုန္းပဲလုိ႔လည္း ထုိင္းရဲတပ္ဖဲြ႔က ဒီကေန႔ပဲ သတင္းေထာက္ေတြကို ေျပာပါတယ္။ တပ္ခ႐ုိင္ထဲမွာပဲ မေန႔တုန္းကလည္း တရားမ၀င္နယ္စပ္ ျဖတ္ေက်ာ္၀င္လာသူ ျမန္မာႏုိင္ငံသား ၁၂ ေယာက္ ဖမ္းဆီးခံခဲ့ရတာပါ။

ျမန္မာအလုပ္သမားေတြကို လူေမွာင္ခိုသမားေတြက တာလဘတ္နဲ႔အုပ္ၿပီး သယ္ေဆာင္လာတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Thai Police - ဇူလိုင္ ၀၉၊ ၂၀၂၀)
ျမန္မာအလုပ္သမားေတြကို လူေမွာင္ခိုသမားေတြက တာလဘတ္နဲ႔အုပ္ၿပီး သယ္ေဆာင္လာတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Thai Police - ဇူလိုင္ ၀၉၊ ၂၀၂၀)

ထုိင္းႏုိင္ငံမွာ COVID ကပ္ေရာဂါႀကံဳခဲ့ရၿပီးေနာက္ အလုပ္လက္မဲ့ျဖစ္ၾကရတဲ့ ျမန္မာႏုိင္ငံသား အလုပ္သမားေတြ ေတာ္ေတာ္မ်ားမ်ား ေနရပ္ျပန္ခဲ့ၾကေပမဲ့ အခုအခါ ကပ္ေရာဂါကုိ ထိန္းခ်ဳပ္လာႏုိင္တဲ့အတြက္ ကန္႔သတ္မႈေတြ ေလွ်ာ့ေပါ့ေပးလာေနတာေၾကာင့္ အလုပ္အကုိင္ရဖုိ႔ ေမွ်ာ္လင့္ခ်က္နဲ႔ လူပဲြစားေတြကုိ အခေၾကးေငြေပးၿပီး တရားမ၀င္ ျပန္လာဖုိ႔ ႀကိဳးပမ္းမႈေတြ ရွိလာေနတယ္လုိ႔လည္း ဦးမုိးေက်ာ္က ေျပာပါတယ္။

"ထိုင္းႏုိင္ငံအတြင္းပုိင္းထဲမွာ ကိုဗစ္အေရးေပၚကာလမွာ အလုပ္အကုိင္ေတြျပတ္လို႔ ေနရပ္ရင္းကို ျပန္ၾကတယ္ဆိုတာ အသက္ရွင္ေနထုိင္ဖုိ႔ စား၀တ္ေနေရးအတြက္ ကိုယ့္ေဆြးမ်ိဳးေတြဆီကုိျပန္ၾကရတယ္။ အေရးေပၚကာလမွာပဲ ပဲြစားကုိ အကူညီယူျပီး လူေမွာင္ခိုမႈျဖစ္စဥ္အျဖစ္သားေကာင္ေတြအျဖစ္ ျပန္ေရာက္လာၾကတဲ့ အေျခအေနမ်ဳိးရွိတယ္။ ဒါဟာလည္းဘ၀ရပ္တည္ ရွင္သန္ေရးအတြက္ သူတို႔အလုပ္ေတြရမယ့္ ေနရာေတြကို အခက္အခဲေတြႀကားက ျပန္၀င္လာၾကတာျဖစ္ပါတယ္။"

မၾကာေသးခင္လေတြအတြင္း ျမန္မာႏုိင္ငံသားေတြ အပါအ၀င္ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္လာသူ ၃,၀၀၀ ေလာက္ကုိ ထုိင္းနုိင္ငံမွာ ဖမ္းဆီးမိခဲ့ၿပီးေနာက္ နယ္စပ္လုံၿခံဳေရးကုိ တုိးျမွင့္ထားၿပီး လူေမွာင္ခုိေတြရဲ႕ လႈပ္ရွားမႈေတြကုိ ေစာင့္ၾကည့္ထိန္းခ်ဳပ္ဖုိ႔လည္း ညႊန္ၾကားခ်က္ ထုတ္ျပန္ထားပါတယ္။

အေမရိကန္ႏုိင္ငံျခားေရး ၀န္ႀကီးဌာနရဲ႕ ၿပီးခဲ့တဲ့လထဲ ထုတ္ျပန္ခဲ့တဲ့ အစီရင္ခံစာမွာေတာ့ ျမန္မာႏိုင္ငံဟာ လူကုန္ကူးမႈ တိုက္ဖ်က္ေရးမွာ ထိထိေရာက္ေရာက္ ေဆာင္ရြက္မႈမရွိတဲ့ အနိမ့္ဆုံးအဆင့္ ႏုိင္ငံတႏုိင္ငံအျဖစ္ ထည့္သြင္းသတ္မွတ္ထားပါတယ္။ ျမန္မာႏုိင္ငံျခားေရး ၀န္ႀကီးဌာနကေတာ့ အစိုးရရဲ႕ ေဆာင္ရြက္ခ်က္ေတြမွာ ေအာင္ျမင္မႈေတြ ရွိခဲ့တာေတြကုိ ထင္ဟပ္မႈမရွိတဲ့အေပၚ စိတ္ပ်က္မိတယ္ဆုိၿပီး အေမရိကန္အစိုးရရဲ႕ အစီရင္ခံစာကုိ ပယ္ခ်ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်း လူမှောင်ခိုတွေ ခိုးသွင်းတဲ့ မြန်မာနိုင်ငံသား ၁၁ ဦး အဖမ်းခံရ

COVID-19 အရေးပေါ်ကာလ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားဆဲဖြစ်တဲ့ ထိုင်းနိုင်ငံမှာ မကြာသေးခင်ကစလို့ လူမှောင်ခိုမှုတွေကို တိုးမြှင့်နှိမ်နင်းလာနေရာက မြန်မာနိုင်ငံသားတွေလည်း ဆက်တိုက်ဆိုသလို ဖမ်းဆီးခံနေရတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လူမှောင်ခိုမှုတွေနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေချိန်မှာပဲ မြန်မာနိုင်ငံနယ်စပ်မှာ အဖမ်းအဆီးတွေလည်း တိုးလာနေပါတယ်။ မနေ့တုန်းကလည်း ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မယ်လမမြို့နယ် Ban Nah Chu ကျေးရွာအနီးမှာ အရှိန်ပြင်းပြင်းနဲ့ မောင်းလာပြီး၊ လိုင်စင်နံပတ်ပြားမပါတဲ့ ကားတစ်စင်းကို ထိုင်းအာဏာပိုင်တွေ လိုက်လံဖမ်းဆီးရာက တရားဝင် အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား ၁၁ ယောက်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေကိုတော့ ပစ်ကပ်ကားနောက်ခန်းမှာ လျှို့ဝှက်တင်ဆောင်လာတာလို့လည်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ရဲ့မဲဆောက်ရုံး ဝန်ခံ ဦးမိုးကျော်က အခုလိုရှင်းပြပါတယ်။

"ထိုင်းရဲဌာနတွေက ဖမ်းဆီးနိုင်ခဲ့တဲ့ဖြစ်စဉ်လူဦးရေက ၁၁ ဦးပါ မက ၇ ဦး၊ ကျားက ၄ ဦးပါတယ်။ ဖြစ်တဲ့ကားမှာက မြန်မာတွေကို တာလပတ်အုပ်ပြီး သယ်ဆောင်လာတယ်။ တာ့ခ်ခရိုင် မယ်လမမြို့နယ်ထဲမှာ ကားကို မောင်းလာတုန်း ထိုင်းရဲတွေ လဝကတွေက နောက်ကလိုက်ပြီး ဖမ်းခဲ့တာပါ။"

မနေ့တုန်းက ဖမ်းဆီးမှုအတွင်း မြန်မာနိုင်ငံသား ၁၁ ဦးနဲ့ ထိုင်းနိုင်ငံသား တဦးကို ဖမ်းဆီးမိခဲ့ပေမဲ့ ယာဉ်မောင်းဖြစ်သူကတော့ လွတ်မြောက်သွားတဲ့အတွက် ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေတုန်းပဲလို့လည်း ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့ပဲ သတင်းထောက်တွေကို ပြောပါတယ်။ တပ်ခရိုင်ထဲမှာပဲ မနေ့တုန်းကလည်း တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်လာသူ မြန်မာနိုင်ငံသား ၁၂ ယောက် ဖမ်းဆီးခံခဲ့ရတာပါ။

ထိုင်းနိုင်ငံမှာ COVID ကပ်ရောဂါကြုံခဲ့ရပြီးနောက် အလုပ်လက်မဲ့ဖြစ်ကြရတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေ တော်တော်များများ နေရပ်ပြန်ခဲ့ကြပေမဲ့ အခုအခါ ကပ်ရောဂါကို ထိန်းချုပ်လာနိုင်တဲ့အတွက် ကန့်သတ်မှုတွေ လျှော့ပေါ့ပေးလာနေတာကြောင့် အလုပ်အကိုင်ရဖို့ မျှော်လင့်ချက်နဲ့ လူပွဲစားတွေကို အခကြေးငွေပေးပြီး တရားမဝင် ပြန်လာဖို့ ကြိုးပမ်းမှုတွေ ရှိလာနေတယ်လို့လည်း ဦးမိုးကျော်က ပြောပါတယ်။

"ထိုင်းနိုင်ငံအတွင်းပိုင်းထဲမှာ ကိုဗစ်အရေးပေါ်ကာလမှာ အလုပ်အကိုင်တွေပြတ်လို့ နေရပ်ရင်းကို ပြန်ကြတယ်ဆိုတာ အသက်ရှင်နေထိုင်ဖို့ စားဝတ်နေရေးအတွက် ကိုယ့်ဆွေးမျိုးတွေဆီကိုပြန်ကြရတယ်။ အရေးပေါ်ကာလမှာပဲ ပွဲစားကို အကူညီယူပြီး လူမှောင်ခိုမှုဖြစ်စဉ် အဖြစ်သားကောင်တွေအဖြစ် ပြန်ရောက်လာကြတဲ့ အခြေအနေမျိုးရှိတယ်။ ဒါဟာလည်း ဘဝရပ်တည် ရှင်သန်ရေးအတွက် သူတို့အလုပ်တွေရမယ့် နေရာတွေကို အခက်အခဲတွေကြားက ပြန်ဝင်လာကြတာဖြစ်ပါတယ်။"

မကြာသေးခင်လတွေအတွင်း မြန်မာနိုင်ငံသားတွေ အပါအဝင် တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူ ၃,၀၀၀ လောက်ကို ထိုင်းနိုင်ငံမှာ ဖမ်းဆီးမိခဲ့ပြီးနောက် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ထားပြီး လူမှောင်ခိုတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ထိန်းချုပ်ဖို့လည်း ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့လထဲ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိတဲ့ အနိမ့်ဆုံးအဆင့် နိုင်ငံတနိုင်ငံအဖြစ် ထည့်သွင်းသတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေမှာ အောင်မြင်မှုတွေ ရှိခဲ့တာတွေကို ထင်ဟပ်မှုမရှိတဲ့အပေါ် စိတ်ပျက်မိတယ်ဆိုပြီး အမေရိကန်အစိုးရရဲ့ အစီရင်ခံစာကို ပယ်ချထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG