သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏုိင္ငံထဲ တရားမဝင္ ဝင္ေရာက္မႈနဲ႔ ျမန္မာႏုိင္ငံသားေတြ အဖမ္းခံရ


ထုိင္း - ျမန္မာနယ္စပ္လမ္းေတြကေန ခိုး၀င္လာတဲ့ ျမန္မာႏိုင္ငံသားမ်ား ဖမ္းဆီးခံရတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Thai Police - ဇူလိုင္ ၉၊ ၂၀၂၀)

[Zawgyi/Unicode]

ထုိင္းႏို္င္ငံနယ္စပ္မွာ တရားမ၀င္ ၀င္ေရာက္လာသူ ျမန္မာႏိုင္ငံသား ၁၂ ဦးနဲ႔ ဗီဇာသက္တမ္းေက်ာ္လြန္ ေနထုိင္ေနတဲ့ တရုတ္ႏိုင္ငံသား သံုး ဦး ဖမ္းဆီးခံလိုက္ရတဲ့သတင္းကို တင္ျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

COVID-19 ကပ္ေရာဂါ အေရးေပၚကာလအတြင္း နယ္စပ္အ၀င္ေတြကို ပိတ္ဆို႔ကန္႔သတ္ထားခ်ိန္မွာ တရားမ၀င္ ၀င္ေရာက္လာတဲ့ နိုင္ငံျခားသားေတြကုိ ထုိင္းအာဏာပုိင္ေတြက ႏွိမ္နင္းေနရာမွာ ျမန္မာႏုိင္ငံသား ၁၂ ဦးလည္း ဒီကေန႔ပဲ အဖမ္းခံခဲ့ရပါတယ္။ တာ့ခ္ခရိုင္ဖုတ္ဖ ျမိဳ႕နယ္ အမွတ္ ၁ နယ္ေျမ ရဲတပ္ဖြဲ႔က ၀ါေလ ေက်းရြာမွာ ျမန္မာႏိုင္ငံဘက္ကေန တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္လာတဲ့ အသက္ ၁၈ ႏွစ္ကေန ၃၅ အရြယ္ အမ်ိဳးသား ၇ ဦး၊
အမ်ိဳသမီး ၅ ဦးကုိ ဖမ္းဆီးခဲ့တာပါ။ ရဲတပ္ဖြဲ႔က ျမန္မာနိုင္ငံသားေတြ တည္းခိုေနတဲ့ ေနအိမ္တလံုးကို ၀ိုင္း၀န္းပိတ္ဆို႔ ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ အားလံုးဟာ တရား၀င္ ခရီးသြားခြင့္ အေထာက္အထား မရွိၾကဘဲ ေတာလမ္းေတြအတိုင္း ကုန္းလမ္းခရီးနဲ႔ ထိုင္းနိုင္ငံကုိ ၀င္ေရာက္လာတာပါ။ သူတုိ႔လာေရာက္တဲ့ အေၾကာင္းရင္းကုိေတာ့ တိတိက်က် မသိရေသးပါဘူး။

ျမန္မာျပည္သားမ်ားအေရး ပူးတဲြလႈပ္ရွားမႈေကာ္မတီ ဥကၠ႒ ဦးမိုးႀကိဳးကေတာ့ ထုိင္းႏုိင္ငံမွာ ကပ္ေရာဂါကာလ အေရးေပၚ ကန္႔သတ္ခ်က္ေတြကုိ ေလွ်ာ့ေပါ့ေပးၿပီး စာသင္ေက်ာင္းေတြ ျပန္ဖြင့္ေနခ်ိန္မွာ ျမန္မာႏုိင္ငံဘက္က ေက်ာင္းလာတက္တဲ့ ေက်ာင္းသားေတြကုိ လာပုိ႔ၾကတဲ့ မိဘေတြနဲ႔ ေန႔စားအလုပ္သမားေတြလည္း မၾကာခဏ ဖမ္းဆီးမႈေတြ ႀကံဳေနရတယ္လို႔ ေျပာပါတယ္။

"၀ါးေလးတို႔ ေက်ာက္ခက္တုိ႔ဘက္မွာ ဒီလို ကူးသန္းသြားလာေနတာ ၾကာျပီ။ စိုက္ပ်ိဳးေရးလုပ္သားတခ်ိဳ႕ကလည္း ျမန္မာဘက္မွာ မိမိတို႔ကေလးေတြ ပညာသင္ၾကားဖို႔တုိ႔ တခ်ဳိ႕က်ေတာ့လည္း သူတို႔ကေလးေတြ ထုိင္းဘက္မွာ ပညာသင္ၾကားဖို႔တို႔ဆိုျပီး ကူးသန္းသြားလာမႈေတြ ရွိေနတာပဲ ကင္းလွည့္တဲ့ ထိုင္းတပ္မေတာ္အထူးအဖဲြ႔ေတြ နယ္ျခားေစာင့္အဖဲြ႔ေတြ ပါမယ္။ သူတို႔ကေတာ့ ကုိဗစ္ အေရးေပၚကာလ စီမံခ်က္ဥပေဒနဲ႔ပဲ အေရးယူခံရမွာေပါ့။"

အလားတူ မဲေဆာက္ျမိဳ႕လယ္မွာ ေနထိုင္ေနတဲ့ တရုတ္နိုင္ငံသား သံုးဦးကိုလည္း ဗီဇာ ရက္လြန္ ေနထိုင္ေနမႈနဲ ့ ဒီေန႔ပဲ ဖမ္းဆီးအေရးယူခဲ့ပါတယ္။

ျပီးခဲ့တဲ့ ရက္ေတြအတြင္းမွာပဲ ထုိင္းျမန္မာနယ္ျခား တေလွ်ာက္မွာ လံုျခံဳေရးကုိ တင္းႀကပ္စြာခ်ထားျပီး ကုိဗစ္ ကပ္ေရာဂါပုိးထိန္းခ်ဳပ္ေရးအတြက္ တခ်ိဳ႕ေနရာေတြမွာ သံဆူးႀကိဳးေတြပါကာရံျပီး ဖမ္းဆီးစစ္ေဆးမႈေတြကို တင္းတင္းၾကပ္ၾကပ္ စီစဥ္ေဆာင္ရြက္မႈေတြ လုပ္လာတာပါ။

ထိုင္းျမန္မာနယ္စပ္တေလွ်ာက္ တရားမ၀င္လမ္းေတြကေန ျပန္လည္၀င္ေရာက္လာတဲ့ သူေတြကုိ နယ္စပ္မွာ ဖမ္းမမိခဲ့ရင္ေတာင္မွ ရပ္ရြာေတြက သတင္းေပးခဲ့ရင္လည္း ေနထုိင္ရာေနရာေတြအထိ လိုက္လံဖမ္းဆီးတာေတြလည္း လုပ္လာပါတယ္။ အခုလို နိုင္ငံျခားသားေတြကို ေစာင့္ၾကည့္ ရွာေဖြစစ္ေဆးမွုေတြ ျပဳလုပ္ေနတာဟာ ထိုင္း လူ၀င္မႈႀကီးၾကပ္ေရးဌာန အၾကီးအကဲရဲ႕ ညႊန္ၾကားခ်က္ေၾကာင့္လို႔လည္း ထုိင္းသတင္းေတြမွာ ေဖာ္ျပေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ မြန်မာနိုင်ငံသားတွေ အဖမ်းခံရ

ထိုင်းနိုင်ငံနယ်စပ်မှာ တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၂ ဦးနဲ့ ဗီဇာသက်တမ်းကျော်လွန် နေထိုင်နေတဲ့ တရုတ်နိုင်ငံသား သုံး ဦး ဖမ်းဆီးခံလိုက်ရတဲ့သတင်းကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

COVID-19 ကပ်ရောဂါ အရေးပေါ်ကာလအတွင်း နယ်စပ်အဝင်တွေကို ပိတ်ဆို့ကန့်သတ်ထားချိန်မှာ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ထိုင်းအာဏာပိုင်တွေက နှိမ်နင်းနေရာမှာ မြန်မာနိုင်ငံသား ၁၂ ဦးလည်း ဒီကနေ့ပဲ အဖမ်းခံခဲ့ရပါတယ်။ တာ့ခ်ခရိုင်ဖုတ်ဖ မြို့နယ် အမှတ် ၁ နယ်မြေ ရဲတပ်ဖွဲ့က ဝါလေ ကျေးရွာမှာ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ အသက် ၁၈ နှစ်ကနေ ၃၅ အရွယ် အမျိုးသား ၇ ဦး၊
အမျိုသမီး ၅ ဦးကို ဖမ်းဆီးခဲ့တာပါ။ ရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားတွေ တည်းခိုနေတဲ့ နေအိမ်တလုံးကို ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အားလုံးဟာ တရားဝင် ခရီးသွားခွင့် အထောက်အထား မရှိကြဘဲ တောလမ်းတွေအတိုင်း ကုန်းလမ်းခရီးနဲ့ ထိုင်းနိုင်ငံကို ဝင်ရောက်လာတာပါ။ သူတို့လာရောက်တဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးကတော့ ထိုင်းနိုင်ငံမှာ ကပ်ရောဂါကာလ အရေးပေါ် ကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးပြီး စာသင်ကျောင်းတွေ ပြန်ဖွင့်နေချိန်မှာ မြန်မာနိုင်ငံဘက်က ကျောင်းလာတက်တဲ့ ကျောင်းသားတွေကို လာပို့ကြတဲ့ မိဘတွေနဲ့ နေ့စားအလုပ်သမားတွေလည်း မကြာခဏ ဖမ်းဆီးမှုတွေ ကြုံနေရတယ်လို့ ပြောပါတယ်။

"ဝါးလေးတို့ ကျောက်ခက်တို့ဘက်မှာ ဒီလို ကူးသန်းသွားလာနေတာ ကြာပြီ။ စိုက်ပျိုးရေးလုပ်သားတချို့ကလည်း မြန်မာဘက်မှာ မိမိတို့ကလေးတွေ ပညာသင်ကြားဖို့တို့ တချို့ကျတော့လည်း သူတို့ကလေးတွေ ထိုင်းဘက်မှာ ပညာသင်ကြားဖို့တို့ဆိုပြီး ကူးသန်းသွားလာမှုတွေ ရှိနေတာပဲ ကင်းလှည့်တဲ့ ထိုင်းတပ်မတော်အထူးအဖွဲ့တွေ နယ်ခြားစောင့်အဖွဲ့တွေ ပါမယ်။ သူတို့ကတော့ ကိုဗစ် အရေးပေါ်ကာလ စီမံချက်ဥပဒေနဲ့ပဲ အရေးယူခံရမှာပေါ့။"

အလားတူ မဲဆောက်မြို့လယ်မှာ နေထိုင်နေတဲ့ တရုတ်နိုင်ငံသား သုံးဦးကိုလည်း ဗီဇာ ရက်လွန် နေထိုင်နေမှုနဲ့ ဒီနေ့ပဲ ဖမ်းဆီးအရေးယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာပဲ ထိုင်းမြန်မာနယ်ခြား တလျှောက်မှာ လုံခြုံရေးကို တင်းကြပ်စွာချထားပြီး ကိုဗစ် ကပ်ရောဂါပိုးထိန်းချုပ်ရေးအတွက် တချို့နေရာတွေမှာ သံဆူးကြိုးတွေပါကာရံပြီး ဖမ်းဆီးစစ်ဆေးမှုတွေကို တင်းတင်းကြပ်ကြပ် စီစဉ်ဆောင်ရွက်မှုတွေ လုပ်လာတာပါ။

ထိုင်းမြန်မာနယ်စပ်တလျှောက် တရားမဝင်လမ်းတွေကနေ ပြန်လည်ဝင်ရောက်လာတဲ့ သူတွေကို နယ်စပ်မှာ ဖမ်းမမိခဲ့ရင်တောင်မှ ရပ်ရွာတွေက သတင်းပေးခဲ့ရင်လည်း နေထိုင်ရာနေရာတွေအထိ လိုက်လံဖမ်းဆီးတာတွေလည်း လုပ်လာပါတယ်။ အခုလို နိုင်ငံခြားသားတွေကို စောင့်ကြည့် ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတာဟာ ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲရဲ့ ညွှန်ကြားချက်ကြောင့်လို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြနေပါတယ်။

XS
SM
MD
LG