သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းေျမာက္ပိုင္း ျမန္မာနယ္စပ္မွာ သံဆူးႀကိဳး ကာရံ


ထုိင္းေျမာက္ပုိင္း ခ်င္ရိုင္းခရိုင္မဲဆုိင္နယ္စပ္မွာ သံဆူးႀကိဳးေတြကာရံေနတဲ့ထုိင္းစစ္သားမ်ား။

[Zawgyi/Unicode]

ျမန္မာႏိုင္ငံဘက္က တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ ၀င္ေရာက္သူေတြကုိ တားဆီးဖုိ႔ ထိုင္းႏုိင္ငံေျမာက္ပုိင္းမွာ စစ္တပ္က သံဆူးႀကိဳးေတြ ကာရံေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းေတာင္ပုိင္း ကမ္ခ်နဘူရီခရိုင္ထဲကုိ ခိုး၀င္လာတဲ့ ျမန္မာႏိုင္ငံသားမ်ားကို ဖမ္းမိတဲ့ ျမင္ကြင္း။
ထိုင္းေတာင္ပုိင္း ကမ္ခ်နဘူရီခရိုင္ထဲကုိ ခိုး၀င္လာတဲ့ ျမန္မာႏိုင္ငံသားမ်ားကို ဖမ္းမိတဲ့ ျမင္ကြင္း။

ထိုင္းႏုိင္ငံေျမာက္ပိုင္း ခ်င္းရိုင္ခရိုင္ မယ္ဆိုင္ဘက္ကုိ ရွမ္းျပည္နယ္ တာခ်ိီလိတ္ဘက္ကေန တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ ၀င္ေရာက္လာၾကတဲ့ ျမန္မာႏုိင္ငံသားေတြကုိ ဆက္တုိက္ဆုိသလုိ ဖမ္းဆီးမိၿပီးေနာက္ တားဆီးဖုိ႔ ထုိင္းအာဏာပုိင္ေတြ ႀကိဳးပမ္းလာၾကတာပါ။ ဇြန္လေႏွာင္းပုိင္းနဲ႔ ဇူလိုင္လဆန္းမွာပဲ ထုိင္းႏိုင္ငံထဲကုိ နယ္စပ္ကေန တရားမ၀င္ ၀င္လာတဲ့ ျမန္မာႏုိင္ငံသားေတြကို ဖမ္းဆီးမိခဲ့တာ ၂၈ ႀကိမ္အထိ ရွိခဲ့ေၾကာင္းလည္း ထုိင္းနယ္ျခားေစာင့္တပ္က ေျပာပါတယ္။

အခုလို သံဆူးၾကိဳး အကာအရံေတြနဲ ့လံုျခံဳေရးတိုးျမွင့္ရတာဟာ ေဒသခံျပည္သူတြရဲ႕ ေတာင္းဆိုမႈေတြေၾကာင့္ျဖစ္ပါတယ္။ COVID -19 ကပ္ေရာဂါ တိုက္ဖ်က္ဖုိ႔ ႀကိဳးပမ္းေနတဲ့ ကာလျဖစ္တာေၾကာင့္ နယ္စပ္ကေန တရားမ၀င္ ၀င္လာသူေတြဆီကေန ေရာဂါပိုးေတြပါလာျပီး ေဒသအတြင္း ကူးစက္ပ်ံ႕ႏွံ႔မယ့္ အႏၱရာယ္ကုိ ၾကိဳတင္ကာကြယ္တာလည္း ျဖစ္ပါတယ္။ အခုလို နယ္စပ္လမ္းေတြမွာ သံဆူးၾကိဳးေတြ ကာရံတာနဲ႔ ပတ္သက္ျပီး ျမန္မာအာဏာပိုင္ေတြကိုလည္း ရွင္လင္းတင္ျပခဲ့တဲ့အေၾကာင္း ထုိင္းနယ္ျခားေစာင့္ ဗိုလ္ခ်ဳပ္ထနပ္ဖြန္ Maj. Gen. Thanthaphon Kosayasevi ထိုင္းဘာသာနဲ႔ ေျပာသြားတာပါ။

ထိုင္းနိုင္ငံ COVID-19 ကူးစက္ေရာဂါ တိုက္ဖ်က္ကာကြယ္ေရး စီမံခန႔္ခြဲမႈဗဟိုဌာန (CCSA)ရဲ႕ မေန႔တုန္းက သတင္းစာရွင္းလင္းပြဲမွာ အိမ္နီးခ်င္းနိုင္ငံေတြက နယ္စပ္ေတြကေန တရားမ၀င္ ၀င္လာၾကတဲ့ ျမန္မာအပါအ၀င္ နိုင္ငံျခားသား ၃,၀၀၀ ေလာက္ကို ဖမ္းဆီးမိခဲ့ေၾကာင္း ေျပာဆုိခဲ့ပါတယ္။

အဖဲြ႔ရဲ႕ ေျပာခြင့္ရသူ Dr. Taweesilp Visanuyothin ကေတာ့ ထုိင္းႏုိင္ငံထဲမွာ COVID-19 ေရာဂါကူးဆက္မႈ ကင္းရွင္းသြားေပမဲ့ တရားမ၀င္ ၀င္ေရာက္လာသူေတြဆီကေန ေရာဂါပုိးေတြ ပါလာၿပီး ကူးစက္မွာ စုိးရိမ္ရတာေၾကာင့္ ကာကြယ္ တားဆီးဖုိ႔ စီစဥ္ေနရတယ္လုိ႔ ေျပာပါတယ္။

ထိုင္းျမန္မာနယ္စပ္ ထုိင္းေျမာက္ပိုင္းနယ္ျခား တေလွ်ာက္မွာလည္း ထိုင္းစစ္တပ္ေတြဟာ မဲဆိုင္-တာခ်ီလိတ္ ျခားထားတဲ့ မယ္ဆိုင္ေခ်ာင္း တေလွ်ာက္မွာ အေ၀းထိန္း ဒရုန္းကင္းေထာက္ယာဥ္ငယ္သံုးၿပီး ေစာင့္ၾကည့္ေနသလို တပ္ဖြဲ႔လိုက္ လွည့္ကင္းေတြနဲ႔လည္း နယ္စပ္၀င္ေပါက္ေတြကို တုိးျမွင့္ စစ္ေဆးေစာင့္ၾကည့္ေနတာပါ။

အခုအခါမွာေတာ့ ႏွစ္နိုင္ငံထိစပ္ေနတဲ့ နယ္ျခား ေနရာ ေပါင္း ၁၇ ေနရာကို ထိုင္းနယ္ျခားေစာင့္ တပ္ရင္းေတြက သံဆူးၾကိဳး အကာအရံေတြနဲ႔ တားဆီးထားၿပီး၊ သြားလာ၀င္ထြက္တတ္တဲ့ ေနရာေတြမွာလည္း ေနေရာင္ျခည္စြမ္းအင္သံုး မီးတိုင္ေတြကုိ တပ္ဆင္ေနပါတယ္။

ထိုင္းနိုင္ငံမွာ COVID-19 ေရာဂါကူးစက္မႈေတြကုိ ထိမ္းခ်ဳပ္နိုင္ျပီလို႔ အစုိးရက ေၾကညာထားၿပီး အေရးေပၚကာလ ကန္႔သတ္တားဆီးမႈေတြ ေျဖေလ်ာ့ေပးေနသလုိ လုပ္ငန္းေတြကိုလည္း ျပန္လည္လုပ္ကုိင္ခြင့္ျပဳေနပါၿပီ။

စီးပြားေရးလုပ္ငန္းေတြ ျပန္လည္စတင္ေနခ်ိန္မွာပဲ ျပည္ပႏုိင္ငံေတြက အလုပ္သမားေတြလည္း ထုိင္းႏုိင္ငံထဲ ျပန္၀င္ဖုိ႔ ႀကိဳးစားေနၾကတယ္လုိ႔ ထုိင္းသတင္းေတြမွာ ေဖာ္ျပေနၾကတာပါ။ ျမန္မာႏုိင္ငံသားေတြဟာလည္း အလုပ္အကုိင္ရႏုိင္ဖုိ႔ ေမွ်ာ္လင့္ခ်က္နဲ႔ ထိုင္းႏုိင္ငံေျမာက္ပိုင္း ခ်င္းရိုင္ခရိုင္က ေတာလမ္းေတြအပါအ၀င္ နယ္စပ္ေတြကေန ပုံစံမ်ဳိးစုံနဲ႔ ၀င္ေရာက္ဖုိ႔ ႀကိဳးပမ္းေနၾကသလုိ၊ လူေမွာင္ခုိေတြ အခေၾကးေငြေပးၿပီး ၀င္ေရာက္ဖုိ႔ ႀကိဳးစားသူေတြလည္း ရွိေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းမြောက်ပိုင်း မြန်မာနယ်စပ်မှာ သံဆူးကြိုး ကာရံ

မြန်မာနိုင်ငံဘက်က တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူတွေကို တားဆီးဖို့ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ စစ်တပ်က သံဆူးကြိုးတွေ ကာရံနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်ဘက်ကို ရှမ်းပြည်နယ် တာချီလိတ်ဘက်ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသားတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးမိပြီးနောက် တားဆီးဖို့ ထိုင်းအာဏာပိုင်တွေ ကြိုးပမ်းလာကြတာပါ။ ဇွန်လနှောင်းပိုင်းနဲ့ ဇူလိုင်လဆန်းမှာပဲ ထိုင်းနိုင်ငံထဲကို နယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးမိခဲ့တာ ၂၈ ကြိမ်အထိ ရှိခဲ့ကြောင်းလည်း ထိုင်းနယ်ခြားစောင့်တပ်က ပြောပါတယ်။

အခုလို သံဆူးကြိုး အကာအရံတွေနဲ့လုံခြုံရေးတိုးမြှင့်ရတာဟာ ဒေသခံပြည်သူတွရဲ့ တောင်းဆိုမှုတွေကြောင့်ဖြစ်ပါတယ်။ COVID -19 ကပ်ရောဂါ တိုက်ဖျက်ဖို့ ကြိုးပမ်းနေတဲ့ ကာလဖြစ်တာကြောင့် နယ်စပ်ကနေ တရားမဝင် ဝင်လာသူတွေဆီကနေ ရောဂါပိုးတွေပါလာပြီး ဒေသအတွင်း ကူးစက်ပျံ့နှံ့မယ့် အန္တရာယ်ကို ကြိုတင်ကာကွယ်တာလည်း ဖြစ်ပါတယ်။ အခုလို နယ်စပ်လမ်းတွေမှာ သံဆူးကြိုးတွေ ကာရံတာနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေကိုလည်း ရှင်လင်းတင်ပြခဲ့တဲ့အကြောင်း ထိုင်းနယ်ခြားစောင့် ဗိုလ်ချုပ်ထနပ်ဖွန် Maj. Gen. Thanthaphon Kosayasevi ထိုင်းဘာသာနဲ့ ပြောသွားတာပါ။

ထိုင်းနိုင်ငံ COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ကာကွယ်ရေး စီမံခန့်ခွဲမှုဗဟိုဌာန (CCSA)ရဲ့ မနေ့တုန်းက သတင်းစာရှင်းလင်းပွဲမှာ အိမ်နီးချင်းနိုင်ငံတွေက နယ်စပ်တွေကနေ တရားမဝင် ဝင်လာကြတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား ၃,၀၀၀ လောက်ကို ဖမ်းဆီးမိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

အဖွဲ့ရဲ့ ပြောခွင့်ရသူ Dr. Taweesilp Visanuyothin ကတော့ ထိုင်းနိုင်ငံထဲမှာ COVID-19 ရောဂါကူးဆက်မှု ကင်းရှင်းသွားပေမဲ့ တရားမဝင် ဝင်ရောက်လာသူတွေဆီကနေ ရောဂါပိုးတွေ ပါလာပြီး ကူးစက်မှာ စိုးရိမ်ရတာကြောင့် ကာကွယ် တားဆီးဖို့ စီစဉ်နေရတယ်လို့ ပြောပါတယ်။

ထိုင်းမြန်မာနယ်စပ် ထိုင်းမြောက်ပိုင်းနယ်ခြား တလျှောက်မှာလည်း ထိုင်းစစ်တပ်တွေဟာ မဲဆိုင်-တာချီလိတ် ခြားထားတဲ့ မယ်ဆိုင်ချောင်း တလျှောက်မှာ အဝေးထိန်း ဒရုန်းကင်းထောက်ယာဉ်ငယ်သုံးပြီး စောင့်ကြည့်နေသလို တပ်ဖွဲ့လိုက် လှည့်ကင်းတွေနဲ့လည်း နယ်စပ်ဝင်ပေါက်တွေကို တိုးမြှင့် စစ်ဆေးစောင့်ကြည့်နေတာပါ။

အခုအခါမှာတော့ နှစ်နိုင်ငံထိစပ်နေတဲ့ နယ်ခြား နေရာ ပေါင်း ၁၇ နေရာကို ထိုင်းနယ်ခြားစောင့် တပ်ရင်းတွေက သံဆူးကြိုး အကာအရံတွေနဲ့ တားဆီးထားပြီး၊ သွားလာဝင်ထွက်တတ်တဲ့ နေရာတွေမှာလည်း နေရောင်ခြည်စွမ်းအင်သုံး မီးတိုင်တွေကို တပ်ဆင်နေပါတယ်။

ထိုင်းနိုင်ငံမှာ COVID-19 ရောဂါကူးစက်မှုတွေကို ထိမ်းချုပ်နိုင်ပြီလို့ အစိုးရက ကြေညာထားပြီး အရေးပေါ်ကာလ ကန့်သတ်တားဆီးမှုတွေ ဖြေလျော့ပေးနေသလို လုပ်ငန်းတွေကိုလည်း ပြန်လည်လုပ်ကိုင်ခွင့် ပြုနေပါပြီ။

စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်နေချိန်မှာပဲ ပြည်ပနိုင်ငံတွေက အလုပ်သမားတွေလည်း ထိုင်းနိုင်ငံထဲ ပြန်ဝင်ဖို့ ကြိုးစားနေကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြနေကြတာပါ။ မြန်မာနိုင်ငံသားတွေဟာလည်း အလုပ်အကိုင်ရနိုင်ဖို့ မျှော်လင့်ချက်နဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်က တောလမ်းတွေအပါအဝင် နယ်စပ်တွေကနေ ပုံစံမျိုးစုံနဲ့ ဝင်ရောက်ဖို့ ကြိုးပမ်းနေကြသလို၊ လူမှောင်ခိုတွေ အခကြေးငွေပေးပြီး ဝင်ရောက်ဖို့ ကြိုးစားသူတွေလည်း ရှိနေကြပါတယ်။

XS
SM
MD
LG