သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အစိုးရႏုတ္ထြက္ေရး ထိုင္းျပည္သူေတြ လမ္းေပၚထြက္ ဆႏၵျပ


ဘန္ေကာက္ၿမိဳ႕က ဒီမိုကေရစီ အထိမ္းအမွတ္ အေဆာက္အဦအနီး ျပဳလုပ္ခဲ့တဲ့ ဆႏၵျပပြဲ။ (ဇူလုိင္ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

မေန႔ စေနေန႔ ညေနပိုင္းက ထိုင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕ေတာ္မွာ ရာနဲ႔ခ်ီရွိတဲ့ ထိုင္းလူငယ္ေတြ ဆႏၵျပပြဲတခု ျပဳလုပ္ခဲ့ၿပီး ထိုင္းအစိုးရ ႏုတ္ထြက္ေပးဖို႔နဲ႔ ပါလီမန္ကို ဖ်က္သိမ္းေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ လူစုလူေဝးမလုပ္ဖို႔ တားျမစ္ထားတာကို အာခံျပဳလုပ္တဲ့ ဒီဆႏၵျပပြဲဟာ ၂၀၁၄ ခုႏွစ္က ထိုင္းစစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အႀကီးမားဆုံး လမ္းေပၚ ဆႏၵျပမႈလည္း ျဖစ္ပါတယ္။

ေက်ာင္းသားေတြ ဦးေဆာင္ၿပီး ဘန္ေကာက္ၿမိဳ႕က ဒီမိုကေရစီ အထိမ္းအမွတ္ အေဆာက္အဦနားမွာ ျပဳလုပ္ခဲ့တဲ့ အဲဒီဆႏၵျပပြဲကို တက္ေရာက္ခဲ့သူေတြက ဝန္ႀကီးခ်ဳပ္ Prayth Chan-ocha အစိုးရအေပၚ ေဝဖန္ ေျပာဆိုခဲ့ၾကသလို ဆႏၵျပပြဲကို ဦးေဆာင္က်င္းပသူေတြက အခ်က္ ၃ ခ်က္ကို ေတာင္းဆိုခဲ့ၾကတာပါ။

ပါလီမန္ကို ဖ်က္သိမ္းေပးဖို႔၊ အစိုးရကို ေဝဖန္သူေတြကို အေႏွာင့္အယွက္ေပးတာေတြကို ရပ္ဆိုင္းပစ္ဖို႔နဲ႔ အရပ္သားအစိုးရကို ျဖဳတ္ခ်ခဲ့တဲ့ စစ္တပ္က ေရးဆြဲထားတဲ့ အေျခခံဥပေဒကို ျပင္ဆင္ဖို႔ ေတာင္းဆိုခဲ့ၾကတာပါ။

ဆႏၵျပပြဲ အနီးဝန္းက်င္မွာ ရဲတပ္ဖြဲ႔ဝင္ေတြ ရွိေနေပမယ့္ ႏွိမ္နင္းတာေတာ့ မရွိခဲ့ပါဘူး။

မၾကာေသးခင္လေတြထဲ ဝန္ႀကီးခ်ဳပ္ Prayuth အေပၚ လူထုရဲ႕ ဆန္႔က်င္မႈေတြ ႀကီးထြားလာေနခဲ့တာပါ။ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ထိုင္းအစိုးရအတြင္း သေဘာထားကြဲလြဲမႈေတြ ျဖစ္ပြားခဲ့ၿပီးတဲ့ေနာက္ ဘ႑ာေရးဝန္ႀကီး အပါအဝင္ အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးေတြ ႏုတ္ထြက္ခဲ့ၾကပါေသးတယ္။

၂၀၁၄ ခုႏွစ္က ထိုင္းစစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ထိုင္းစီးပြားေရး က်ဆင္းမႈနဲ႔အတူ ဥပေဒသစ္ေတြေအာက္မွာ လြတ္လပ္ခြင့္ေတြ ေလ်ာ့နည္း က်ဆင္းလာခဲ့ပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ထိုင္းစီးပြားေရးက ၁၀ ရာခိုင္ႏႈန္းအထိ က်ဆင္းမယ္လို႔လည္း ခန္႔မွန္းထားသလို လာမယ့္ စက္တင္ဘာလမွာ ေက်ာင္းၿပီးဆုံးမယ့္ တကၠသိုလ္ဘြဲ႔ရ ေတာ္ေတာ္မ်ားမ်ား အလုပ္လက္မဲ့ ျပႆနာနဲ႔ ရင္ဆိုင္ၾကရမယ္လို႔ ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

အစိုးရနုတ်ထွက်ရေး ထိုင်းပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြ

မနေ့ စနေနေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ရာနဲ့ချီရှိတဲ့ ထိုင်းလူငယ်တွေ ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့ပြီး ထိုင်းအစိုးရ နုတ်ထွက်ပေးဖို့နဲ့ ပါလီမန်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးမလုပ်ဖို့ တားမြစ်ထားတာကို အာခံပြုလုပ်တဲ့ ဒီဆန္ဒပြပွဲဟာ ၂၀၁၄ ခုနှစ်က ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကြီးမားဆုံး လမ်းပေါ် ဆန္ဒပြမှုလည်း ဖြစ်ပါတယ်။

ကျောင်းသားတွေ ဦးဆောင်ပြီး ဘန်ကောက်မြို့က ဒီမိုကရေစီ အထိမ်းအမှတ် အဆောက်အဦနားမှာ ပြုလုပ်ခဲ့တဲ့ အဲဒီဆန္ဒပြပွဲကို တက်ရောက်ခဲ့သူတွေက ဝန်ကြီးချုပ် Prayth Chan-ocha အစိုးရအပေါ် ဝေဖန် ပြောဆိုခဲ့ကြသလို ဆန္ဒပြပွဲကို ဦးဆောင်ကျင်းပသူတွေက အချက် ၃ ချက်ကို တောင်းဆိုခဲ့ကြတာပါ။

ပါလီမန်ကို ဖျက်သိမ်းပေးဖို့၊ အစိုးရကို ဝေဖန်သူတွေကို အနှောင့်အယှက်ပေးတာတွေကို ရပ်ဆိုင်းပစ်ဖို့နဲ့ အရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်တပ်က ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုခဲ့ကြတာပါ။

ဆန္ဒပြပွဲ အနီးဝန်းကျင်မှာ ရဲတပ်ဖွဲ့ဝင်တွေ ရှိနေပေမယ့် နှိမ်နင်းတာတော့ မရှိခဲ့ပါဘူး။

မကြာသေးခင်လတွေထဲ ဝန်ကြီးချုပ် Prayuth အပေါ် လူထုရဲ့ ဆန့်ကျင်မှုတွေ ကြီးထွားလာနေခဲ့တာပါ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထိုင်းအစိုးရအတွင်း သဘောထားကွဲလွဲမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဘဏ္ဍာရေးဝန်ကြီး အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ နုတ်ထွက်ခဲ့ကြပါသေးတယ်။

၂၀၁၄ ခုနှစ်က ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းစီးပွားရေး ကျဆင်းမှုနဲ့အတူ ဥပဒေသစ်တွေအောက်မှာ လွတ်လပ်ခွင့်တွေ လျော့နည်း ကျဆင်းလာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ထိုင်းစီးပွားရေးက ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းမယ်လို့လည်း ခန့်မှန်းထားသလို လာမယ့် စက်တင်ဘာလမှာ ကျောင်းပြီးဆုံးမယ့် တက္ကသိုလ်ဘွဲ့ရ တော်တော်များများ အလုပ်လက်မဲ့ ပြဿနာနဲ့ ရင်ဆိုင်ကြရမယ်လို့ ခန့်မှန်းထားပါတယ်။

XS
SM
MD
LG