သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းပစ္ခတ္မႈအတြက္ စစ္တပ္ကို ျပည္သူ ျပစ္တင္ေ၀ဖန္


ပစ္ခတ္မႈ ျဖစ္ပြားခဲ့သည့္ Terminal 21 ေဈးဝယ္စင္တာမွ ထြက္ခြာလာသည့္ ထုိင္းတပ္ဖြဲ႔ဝင္မ်ား။ (ေဖေဖာ္ဝါရီ ၉၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင္းႏိုင္ငံက လုံၿခံဳေရးတပ္ဖြဲ႔၀င္တဦး လူအမ်ားအျပားကို ေသနတ္နဲ႔ ပစ္ခတ္သတ္ျဖတ္မႈေတြ က်ဴးလြန္ၿပီးတဲ့ေနာက္မွာ ထိုင္းစစ္တပ္ဟာ ျပည္သူလူထုရဲ႕ ျပစ္တင္ေ၀ဖန္မႈကို ခံခဲ့ရပါတယ္။

ထုိင္းစစ္တပ္ရဲ႕ အဂတိလိုက္စားမႈနဲ႔ လုံၿခံဳေရး လစ္ဟင္းခဲ့မႈအေပၚမွာ အဓိကထား ျပစ္တင္ခဲ့ၾကတာျဖစ္ၿပီး တိုင္းျပည္ ၿငိမ္းခ်မ္းေရးနဲ႔ ၿငိမ္၀ပ္ပိျပားေရးဆိုတဲ့ ထုိင္းစစ္တပ္ရဲ႕ ေႂကြးေၾကာ္သံဟာလည္း အဓိပၸာယ္မဲ့ ျဖစ္ေစခဲ့ပါတယ္။

ဒီအေျခအေနဟာ ထုိင္းစစ္တပ္အေပၚ ေ၀ဖန္ ေျပာၾကားေနသူ အတိုက္အခံေတြအတြက္ စည္း႐ုံးလႈံ႔ေဆာ္ေရး အေကာင္းဘက္ကို ဦးတည္ေစမွာ ျဖစ္တယ္လို႔ ေလ့လာသုံးသပ္သူေတြက ေျပာပါတယ္။

ဒါေပမယ့္ အခု ပစ္ခတ္သတ္ျဖတ္မႈ ျဖစ္ၿပီးတဲ့ေနာက္ပိုင္း ျပဳျပင္ေျပာင္းလဲေရးေတြ လုပ္မယ္လို႔ ေျပာတဲ့ ထိုင္းစစ္တပ္ေခါင္းေဆာင္ Apirat Kongsompong ရဲ႕ ေျပာစကားကေတာ့ ဒီ့ထက္ပို ဘာမွ ျဖစ္လာမွာမဟုတ္ဘူးလို႔လည္း ဆိုပါတယ္။

ပစ္ခတ္မႈေတြ မျပဳလုပ္ခင္ နာရီပိုင္းအလိုမွာပဲ ထိုင္းတပ္ၾကပ္ႀကီး Jakrapanth ဟာ သူ႔ရဲ႕ အထက္အရာရွိ၊ အထက္အရာရွိရဲ႕ ေယာကၡမတို႔နဲ႔ အိမ္အေရာင္းအ၀ယ္နဲ႔ လိမ္လည္မႈအေၾကာင္းကို အြန္လိုင္းမွာ တင္ခဲ့တာ ျဖစ္ပါတယ္။

ထုိင္း ကာကြယ္ေရး၀န္ႀကီးဌာန ေျပာခြင့္ရ Khongcheap Tantravenich ကေတာ့ အခုပစ္ခတ္မႈဟာ ထိုင္းစစ္တပ္အေပၚ တခ်ဳိ႕ ထိုင္းလူထုရဲ႕ ယုံၾကည္မႈ က်ဆင္းေစမွာ ျဖစ္ေပမယ့္ ထုိင္းစစ္တပ္တခုလုံး အေပၚမွာေတာ့ အျပစ္တင္မွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။

--------------------------------------

(Unicode)

ထိုင်းပစ်ခတ်မှုအတွက် စစ်တပ်ကို ပြည်သူ ပြစ်တင်ဝေဖန်

ထိုင်းနိုင်ငံက လုံခြုံရေးတပ်ဖွဲ့ဝင်တဦး လူအများအပြားကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ ကျူးလွန်ပြီးတဲ့နောက်မှာ ထိုင်းစစ်တပ်ဟာ ပြည်သူလူထုရဲ့ ပြစ်တင်ဝေဖန်မှုကို ခံခဲ့ရပါတယ်။

ထိုင်းစစ်တပ်ရဲ့ အဂတိလိုက်စားမှုနဲ့ လုံခြုံရေး လစ်ဟင်းခဲ့မှုအပေါ်မှာ အဓိကထား ပြစ်တင်ခဲ့ကြတာဖြစ်ပြီး တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ ငြိမ်ဝပ်ပိပြားရေးဆိုတဲ့ ထိုင်းစစ်တပ်ရဲ့ ကြွေးကြော်သံဟာလည်း အဓိပ္ပာယ်မဲ့ ဖြစ်စေခဲ့ပါတယ်။

ဒီအခြေအနေဟာ ထိုင်းစစ်တပ်အပေါ် ဝေဖန် ပြောကြားနေသူ အတိုက်အခံတွေအတွက် စည်းရုံးလှုံ့ဆော်ရေး အကောင်းဘက်ကို ဦးတည်စေမှာ ဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ဒါပေမယ့် အခု ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပြီးတဲ့နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ ပြောတဲ့ ထိုင်းစစ်တပ်ခေါင်းဆောင် Apirat Kongsompong ရဲ့ ပြောစကားကတော့ ဒီ့ထက်ပို ဘာမှ ဖြစ်လာမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ပစ်ခတ်မှုတွေ မပြုလုပ်ခင် နာရီပိုင်းအလိုမှာပဲ ထိုင်းတပ်ကြပ်ကြီး Jakrapanth ဟာ သူ့ရဲ့ အထက်အရာရှိ၊ အထက်အရာရှိရဲ့ ယောက္ခမတို့နဲ့ အိမ်အရောင်းအဝယ်နဲ့ လိမ်လည်မှုအကြောင်းကို အွန်လိုင်းမှာ တင်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Khongcheap Tantravenich ကတော့ အခုပစ်ခတ်မှုဟာ ထိုင်းစစ်တပ်အပေါ် တချို့ ထိုင်းလူထုရဲ့ ယုံကြည်မှု ကျဆင်းစေမှာ ဖြစ်ပေမယ့် ထိုင်းစစ်တပ်တခုလုံး အပေါ်မှာတော့ အပြစ်တင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG