သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံပစ္ခတ္မႈ လူ ၁၀ ဦးမက ေသဆံုး


ဘန္ေကာက္ၿမိဳ႕တြင္ တာဝန္ထမ္းေဆာင္ေနသည့္ ထုိင္းရဲတပ္ဖြဲ႔ဝင္အခ်ဳိ႕။ (မတ္ ၂၄၊ ၂၀၁၉)

(Zawgyi / Unicode)

ထုိင္းႏုိင္ငံေျမာက္ပုိင္း Nakhon Ratchasima ခ႐ုိင္ထဲက ေစ်း၀ယ္စင္တာႀကီးတခုမွာ ဒီကေန႔ ညေနခင္းမွာပဲ စစ္သားတဦးရဲ႕ ေသနတ္နဲ႔ ပစ္ခတ္မႈေၾကာင့္ လူ ၁၀ ဦးထက္မနည္း ေသဆုံးၿပီး အေတာ္မ်ားမ်ား ထိခုိက္ဒဏ္ရာ ရသြားတယ္လို႔ ထုိင္းရဲတို႔က ေျပာပါတယ္။

ထိခိုက္ဒဏ္ရာရသြားသူ အေရအတြက္ အတိအက်ကိုေတာ့ မသိရေသးပါဘူး။

ဘန္ေကာက္ၿမိဳ႕ေျမာက္ဘက္ မုိင္ ၁၆၀ အကြာေလာက္မွာရွိတဲ့ Korat ၿမိဳ႕မွာ ပစ္ခတ္မႈ ျဖစ္ပြားခဲ့တာပါ။

နာမည္မေဖာ္လိုတဲ့ ထုိင္းရဲအရာရွိတေယာက္ရဲ႕ အဆိုအရ ေသနတ္သမားဟာ သူ႔တပ္ရင္းကေန ေသနတ္တလက္ကိုယူၿပီး Terminal 21 ေစ်း၀ယ္စင္တာကို ကားေမာင္းလာခဲ့တာျဖစ္ၿပီး လမ္းတေလွ်ာက္ ပစ္ခတ္ခဲ့တယ္လို႔ ဆိုပါတယ္။

လူမႈကြန္ရက္ေတြမွာေတြ႔ရတဲ့ ေစ်း၀ယ္စင္တာ အျပင္ဘက္ကေန ႐ုိက္ထားတဲ့ ပစ္ခတ္မႈ ဗြီဒီယိုဖုိင္ေတြမွာေတာ့ ကားရပ္နားကြင္းေတြထဲ လူေတြ ထြက္ေျပးပုန္းေအာင္းေနတာကို ေတြ႔ရပါတယ္။

ေသနတ္သမားကို ဖမ္းဆီးမိဖို႔နဲ႔ ေစ်း၀ယ္သူေတြကို ကယ္ထုတ္ဖို႔ ေစ်း၀ယ္စင္တာကိုေရာ အျပင္က လမ္းေတြကိုပါ ပိတ္ထားလိုက္ပါတယ္။

ေသနတ္သမားအျဖစ္ သံသယရွိထားသူဟာ Jakrapanth Thomma ဆိုသူျဖစ္တယ္လို႔ ထုိင္းကာကြယ္ေရး၀န္ႀကီးဌာန ေျပာခြင့္ရ ဗုိလ္မွဴးႀကီး Kongcheep Tantrawanich က ေျပာပါတယ္။ ေစ်း၀ယ္စင္တာကို ထုိင္းရဲနဲ႔ စစ္ဘက္တပ္ဖြဲ႔ေတြ ၀ုိင္းထားၾကတယ္လို႔လည္း သူကေျပာပါတယ္။

------------------------

(Unicode)

ထိုင်းနိုင်ငံပစ်ခတ်မှု လူ ၁၀ ဦးမက သေဆုံး

ထိုင်းနိုင်ငံမြောက်ပိုင်း Nakhon Ratchasima ခရိုင်ထဲက ဈေးဝယ်စင်တာကြီးတခုမှာ ဒီကနေ့ ညနေခင်းမှာပဲ စစ်သားတဦးရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး အတော်များများ ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ထိုင်းရဲတို့က ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသွားသူ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

ဘန်ကောက်မြို့မြောက်ဘက် မိုင် ၁၆၀ အကွာလောက်မှာရှိတဲ့ Korat မြို့မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

နာမည်မဖော်လိုတဲ့ ထိုင်းရဲအရာရှိတယောက်ရဲ့ အဆိုအရ သေနတ်သမားဟာ သူ့တပ်ရင်းကနေ သေနတ်တလက်ကိုယူပြီး Terminal 21 ဈေးဝယ်စင်တာကို ကားမောင်းလာခဲ့တာဖြစ်ပြီး လမ်းတလျှောက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

လူမှုကွန်ရက်တွေမှာတွေ့ရတဲ့ ဈေးဝယ်စင်တာ အပြင်ဘက်ကနေ ရိုက်ထားတဲ့ ပစ်ခတ်မှု ဗွီဒီယိုဖိုင်တွေမှာတော့ ကားရပ်နားကွင်းတွေထဲ လူတွေ ထွက်ပြေးပုန်းအောင်းနေတာကို တွေ့ရပါတယ်။

သေနတ်သမားကို ဖမ်းဆီးမိဖို့နဲ့ ဈေးဝယ်သူတွေကို ကယ်ထုတ်ဖို့ဈေးဝယ်စင်တာကိုရော အပြင်က လမ်းတွေကိုပါ ပိတ်ထားလိုက်ပါတယ်။

သေနတ်သမားအဖြစ် သံသယရှိထားသူဟာ Jakrapanth Thomma ဆိုသူဖြစ်တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်မှူးကြီး Kongcheep Tantrawanich က ပြောပါတယ်။ ဈေးဝယ်စင်တာကို ထိုင်းရဲနဲ့ စစ်ဘက်တပ်ဖွဲ့တွေ ဝိုင်းထားကြတယ်လို့လည်း သူကပြောပါတယ်။

ထိုင္းႏိုင္ငံပစ္ခတ္မႈ လူ ၁၀ ဦးမက ေသဆံုး
please wait

No media source currently available

0:00 0:00:59 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG