သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူ ၂၀ ေက်ာ္ ေသဆုံးတဲ့ ပစ္ခတ္မႈက်ဴးလြန္သူ ထုိင္းစစ္သား လြတ္ေျမာက္ေနဆဲ


ပစ္ခတ္မႈျဖစ္ပြားသည့္ Terminal 21 ေဈးဝယ္စင္တာ။

(Zawgyi / Unicode)

ထိုင္းႏုိင္ငံေျမာက္ပိုင္းက ခိုရတ္လို႔ အသိမ်ားၾကတဲ့ နခြန္းရခ်က္ဆီးမားၿမိဳ႕မွာ လူ ၂၀ ကို ပစ္သတ္ၿပီး ေရွာ့ပင္းေမာလ္ထဲမွာ ပုန္းေအာင္းေနတဲ့ စစ္သားကို တနဂၤေႏြေန႔ မနက္ပိုင္းက ၀င္ေရာက္စီးနင္းတာမွာ လံုၿခံဳေရးတပ္ဖြဲ႔၀င္တဦး ေသဆံုးခဲ့ရတာေၾကာင့္ အခုဆိုရင္ ေသဆံုးသူ ၂၁ ဦးထိ ရွိသြားၿပီလို႔ က်န္းမာေရး၀န္ႀကီးက ေျပာပါတယ္။

ပစ္ခတ္မႈျဖစ္ပြားသည့္ Terminal 21 ေဈးဝယ္စင္တာ။ (ဓာတ္ပုံ - AFP)
ပစ္ခတ္မႈျဖစ္ပြားသည့္ Terminal 21 ေဈးဝယ္စင္တာ။ (ဓာတ္ပုံ - AFP)

ေနာက္ထပ္ လံုၿခံဳေရးတပ္ဖြဲ႔၀င္ ၂ ဦး ဒဏ္ရာရထားေၾကာင္းလည္း က်န္းမာေရး၀န္ႀကီး Anutin Charnvirakul က ေျပာပါတယ္။

တနဂၤေႏြေန႔ မနက္ပိုင္းမွာေတာ့ ခုိရတ္ၿမိဳ႕တြင္းက Terminal 21 ေရွာ့ပင္းေမာလ္ႀကီးထဲမွာ ေပါက္ကြဲသံေတြ၊ ေသနတ္ပစ္ခတ္သံေတြ ထြက္ေပၚေနပါတယ္။ Terminal 21 ေရွာ့ပင္းေမာလ္ႀကီး အျပင္မွာေတာ့ ရဲ ဒုတိယဗိုလ္မွဴးႀကီး Poonsap Prasertsak က အခုလို ေျပာပါတယ္။

“ေရွာ့ပင္းေမာလ္ထဲကေန မထြက္ႏုိင္ေသးတဲ့ လူတခ်ိဳ႕ ရွိေနဆဲျဖစ္ၿပီး သူတို႔အတြက္ စိုးရိမ္တယ္။ လံုၿခံဳေရးတပ္ဖြဲ႔ေတြက အထဲမွာ ပိတ္မိေနသူေတြနဲ႔ ဆက္သြယ္ေနၿပီး သူတို႔ရွိတဲ့ေနရာကို သိရေအာင္ လုပ္ေနပါတယ္။ ပိတ္မိေနသူေတြကေတာ့ စိုးရိမ္ေၾကာက္ရြံ႕ေနၾကၿပီး သူတို႔ကို စိတ္ေအးေအးထားၾကဖို႔ ေရာက္တဲ့ေနရာမွာပဲ ရွိေနၾကဖို႔နဲ႔ ေနရာမွာ ၀ပ္ေနၾကဖို႔ ေျပာဆိုထားပါတယ္။”

ထုိင္းရဲတပ္ဖြဲ႔က ထုတ္ျပန္သည့္ ေသနတ္ပစ္ခတ္မႈျဖင့္ လြတ္ေျမာက္ေနဆဲ ထုိင္းစစ္သား႐ုပ္ပုံ။ (ေဖေဖာ္ဝါရီ ၈၊ ၂၀၂၀)
ထုိင္းရဲတပ္ဖြဲ႔က ထုတ္ျပန္သည့္ ေသနတ္ပစ္ခတ္မႈျဖင့္ လြတ္ေျမာက္ေနဆဲ ထုိင္းစစ္သား႐ုပ္ပုံ။ (ေဖေဖာ္ဝါရီ ၈၊ ၂၀၂၀)

ေသနတ္သမားရွိေနတဲ့ Terminal 21 ေဈးဝယ္စင္တာႀကီးထဲကေန လြတ္ေျမာက္လာသူ Sumana Jeerawattanasuk ကလည္း အခုလို ေျပာပါတယ္။

“အျပင္ကို ထြက္ခ်င္ေနတဲ့လူေတြ ေရွာ့ပင္းေမာလ္ႀကီးထဲမွာ ရွိေနဆဲပဲ။ သူတို႔ ထြက္လို႔ ေဘးကင္းပါ့မလားဆိုတာ မေသခ်ာလို႔ ရဲေတြလာတဲ့အထိ တခ်ိဳ႕က ေစာင့္ေနၾကတာပါ။”

ခိုရတ္ၿမိဳ႕မွာ စေနေန႔ ေန႔ခင္းပိုင္းက စစ္သားတဦးက အိမ္တလံုးမွာ စၿပီး ေသနတ္နဲ႔ ပစ္ၿပီးေနာက္ စစ္တပ္စခန္းတခုမွာ ပစ္ခတ္ခဲ့တာပါ။ အဲဒီေနာက္မွာေတာ့ Terminal 21 ေရွာ့ပင္းေမာလ္ႀကီးထဲကို ေရာက္သြားတာ ျဖစ္ပါတယ္။ ေတြ႔ရာလူေတြကို ေသနတ္နဲ႔ ပစ္ခတ္တာေၾကာင့္ အခုထိ အနည္းဆံုး လူ ၂၁ ဦး ေသဆံုးၿပီး ၃၃ ဦး ဒဏ္ရာရရွိထားပါတယ္။

--------------------------------

(Unicode)

လူ ၂၀ ကျော် သေဆုံးတဲ့ ပစ်ခတ်မှုကျူးလွန်သူ ထိုင်းစစ်သား လွတ်မြောက်နေဆဲ

ထိုင်းနိုင်ငံမြောက်ပိုင်းက ခိုရတ်လို့ အသိများကြတဲ့ နခွန်းရချက်ဆီးမားမြို့မှာ လူ ၂၀ ကို ပစ်သတ်ပြီး ရှော့ပင်းမောလ်ထဲမှာ ပုန်းအောင်းနေတဲ့ စစ်သားကို တနင်္ဂနွေနေ့ မနက်ပိုင်းက ဝင်ရောက်စီးနင်းတာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ရတာကြောင့် အခုဆိုရင် သေဆုံးသူ ၂၁ ဦးထိ ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

နောက်ထပ် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရထားကြောင်းလည်း ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ပြောပါတယ်။

တနင်္ဂနွေနေ့ မနက်ပိုင်းမှာတော့ ခိုရတ်မြို့တွင်းက Terminal 21 ရှော့ပင်းမောလ်ကြီးထဲမှာ ပေါက်ကွဲသံတွေ၊ သေနတ်ပစ်ခတ်သံတွေ ထွက်ပေါ်နေပါတယ်။ Terminal 21 ရှော့ပင်းမောလ်ကြီး အပြင်မှာတော့ ရဲ ဒုတိယဗိုလ်မှူးကြီး Poonsap Prasertsak က အခုလို ပြောပါတယ်။

“ရှော့ပင်းမောလ်ထဲကနေ မထွက်နိုင်သေးတဲ့ လူတချို့ ရှိနေဆဲဖြစ်ပြီး သူတို့အတွက် စိုးရိမ်တယ်။ လုံခြုံရေးတပ်ဖွဲ့တွေက အထဲမှာ ပိတ်မိနေသူတွေနဲ့ ဆက်သွယ်နေပြီး သူတို့ရှိတဲ့နေရာကို သိရအောင် လုပ်နေပါတယ်။ ပိတ်မိနေသူတွေကတော့ စိုးရိမ်ကြောက်ရွံ့နေကြပြီး သူတို့ကို စိတ်အေးအေးထားကြဖို့ ရောက်တဲ့နေရာမှာပဲ ရှိနေကြဖို့နဲ့ နေရာမှာ ဝပ်နေကြဖို့ ပြောဆိုထားပါတယ်။”

သေနတ်သမားရှိနေတဲ့ Terminal 21 ဈေးဝယ်စင်တာကြီးထဲကနေ လွတ်မြောက်လာသူ Sumana Jeerawattanasuk ကလည်း အခုလို ပြောပါတယ်။

“အပြင်ကို ထွက်ချင်နေတဲ့လူတွေ ရှော့ပင်းမောလ်ကြီးထဲမှာ ရှိနေဆဲပဲ။ သူတို့ ထွက်လို့ ဘေးကင်းပါ့မလားဆိုတာ မသေချာလို့ ရဲတွေလာတဲ့အထိ တချို့က စောင့်နေကြတာပါ။”

ခိုရတ်မြို့မှာ စနေနေ့ နေ့ခင်းပိုင်းက စစ်သားတဦးက အိမ်တလုံးမှာ စပြီး သေနတ်နဲ့ ပစ်ပြီးနောက် စစ်တပ်စခန်းတခုမှာ ပစ်ခတ်ခဲ့တာပါ။ အဲဒီနောက်မှာတော့ Terminal 21 ရှော့ပင်းမောလ်ကြီးထဲကို ရောက်သွားတာ ဖြစ်ပါတယ်။ တွေ့ရာလူတွေကို သေနတ်နဲ့ ပစ်ခတ်တာကြောင့် အခုထိ အနည်းဆုံး လူ ၂၁ ဦး သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG