သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူ ၂၀ ေက်ာ္ ေသဆံုးေစတဲ့ ပစ္ခတ္သူ ထိုင္းစစ္သား အေသဖမ္းမိ


ပစ္ခတ္မႈျဖစ္သည့္ Terminal 21 ေဈးဝယ္စင္တာအတြင္း ပိတ္မိေနသူမ်ား လြတ္ေျမာက္ေရး ကူညီေပးေနသည့္ ထုိင္းလုံၿခဳံေရးတပ္ဖြဲ႔ဝင္မ်ား။ (ေဖေဖာ္ဝါရီ ၉၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္း နခြန္းရခ်က္ဆီးမား ၿမိဳ႕မွာ မေန႔က လူ ၂၀ ေက်ာ္ကို ပစ္သတ္ၿပီး Terminal 21 ေစ်း၀ယ္ စင္တာ ထဲမွာ ပုန္းေအာင္းေနတဲ့ စစ္သားကို လံုျခံဳေရးတပ္ဖြဲ႕က အေသပစ္ခတ္ဖမ္းဆီးရမိပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ Jakrapanth Thomma ဟာ သူ႔အထက္အရာ႐ွိကို စစ္တပ္စခန္းထဲမွာ ပစ္သတ္ျပီး လက္နက္ေတြကို Humvee ကားနဲ႕ သယ္လာျပီးေနာက္ ေစ်း၀ယ္ စင္တာ ထဲမွာ ပစ္ခတ္မႈေတြကို ဆက္တိုက္လုပ္ခဲ့တာပါ။ အစပိုင္းမွာ သူက ပစ္ခတ္မႈေတြကို Facebook ကေန တိုက္႐ိုက္လႊင့္ခဲ့တာကို Facebook က ျဖဳတ္ခ်ခဲ့ပါတယ္။


ပစ္ခတ္မႈေၾကာင့္ ၂၆ ဦးေသဆံုးျပီး ေသဆံုးသူေတြထဲ အသက္ ၁၃ နွစ္အရြယ္လူငယ္တဦးလည္း ပါ၀င္ပါတယ္။ အနည္းဆံုး ရ ဦးဒဏ္ရာရျပီး ၂ ဦးက ဦးေႏွာက္ခြဲစိတ္မႈျပဳလုပ္ရတယ္လို႕ ထိုင္း ၀န္ၾကီးခ်ဳပ္ Prayut Chan-O-Cha က ေျပာပါတယ္။

ပစ္ခတ္မႈျဖစ္ပြားခဲ့သည့္ Terminal 21 ေဈးဝယ္စင္တာ။
ပစ္ခတ္မႈျဖစ္ပြားခဲ့သည့္ Terminal 21 ေဈးဝယ္စင္တာ။

ဒီျဖစ္ရပ္ဟာ ထိုင္းႏိုင္ငံမွာ မၾကံဳဖူးတဲ့ ျဖစ္ရပ္အျဖစ္ ၀န္ၾကီးခ်ဳပ္ Prayut Chan-O-Cha က ေျပာပါတယ္။ ဒီလိုျဖစ္ရပ္မ်ိဳးဟာ ပထမဆံုးနဲ႕ ေနာက္ဆံုးျဖစ္ဖို႕ ေမွ်ာ္လင့္ေၾကာင္းလည္း သူကေျပာပါတယ္။

ဇန္န၀ါရီလတုန္းကလည္း ထိုင္းႏိုင္ငံမွာ ရတနာပစၥည္းအေရာင္းဆိုင္ လုယက္မႈအတြင္း မ်က္နွာဖံုးတပ္ ေသနတ္သမားတဦးပစ္ခတ္မႈေၾကာင့္ ကေလးငယ္တဦးအပါအ၀င္ လူ ၃ ဦးေသဆံုးခဲ့ပါတယ္။

------------------------------

(Unicode)

လူ ၂၀ ကျော် သေဆုံးစေတဲ့ ပစ်ခတ်သူ ထိုင်းစစ်သား အသေဖမ်းမိ

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းရချက်ဆီးမား မြို့မှာ မနေ့က လူ ၂၀ ကျော်ကို ပစ်သတ်ပြီး Terminal 21 ဈေးဝယ် စင်တာ ထဲမှာ ပုန်းအောင်းနေတဲ့ စစ်သားကို လုံခြုံရေးတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီးရမိပါတယ်။

အသက် ၃၂ နှစ်အရွယ် Jakrapanth Thomma ဟာ သူ့အထက်အရာရှိကို စစ်တပ်စခန်းထဲမှာ ပစ်သတ်ပြီး လက်နက်တွေကို Humvee ကားနဲ့ သယ်လာပြီးနောက် ဈေးဝယ် စင်တာ ထဲမှာ ပစ်ခတ်မှုတွေကို ဆက်တိုက်လုပ်ခဲ့တာပါ။

အစပိုင်းမှာ သူက ပစ်ခတ်မှုတွေကို Facebook ကနေ တိုက်ရိုက်လွှင့်ခဲ့တာကို Facebook က ဖြုတ်ချခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် ၂၆ ဦးသေဆုံးပြီး သေဆုံးသူတွေထဲ အသက် ၁၃ နှစ်အရွယ်လူငယ်တဦးလည်း ပါဝင်ပါတယ်။

အနည်းဆုံး ရ ဦးဒဏ်ရာရပြီး ၂ ဦးက ဦးနှောက်ခွဲစိတ်မှုပြုလုပ်ရတယ်လို့ ထိုင်း ဝန်ကြီးချုပ် Prayut Chan-O-Cha က ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံမှာ မကြုံဖူးတဲ့ ဖြစ်ရပ်အဖြစ် ဝန်ကြီးချုပ် Prayut Chan-O-Cha က ပြောပါတယ်။ ဒီလိုဖြစ်ရပ်မျိုးဟာ ပထမဆုံးနဲ့ နောက်ဆုံးဖြစ်ဖို့ မျှော်လင့်ကြောင်းလည်း သူကပြောပါတယ်။

ဇန်နဝါရီလတုန်းကလည်း ထိုင်းနိုင်ငံမှာ ရတနာပစ္စည်းအရောင်းဆိုင် လုယက်မှုအတွင်း မျက်နှာဖုံးတပ် သေနတ်သမားတဦးပစ်ခတ်မှုကြောင့် ကလေးငယ်တဦးအပါအဝင် လူ ၃ ဦးသေဆုံးခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG