(Zawgyi / Unicode)
ျမန္မာႏိုင္ငံနဲ႔ နယ္စပ္ ထိုင္းႏုိင္ငံဘက္ျခင္းမွာ ကိုဗစ္ အေရးေပၚကာလအတြင္း ကင္းလွည့္စစ္ေဆးတာေတြ ပိုၿပီး တင္းက်ပ္လာတဲ့အျပင္ နယ္စပ္ၿခံစည္း႐ိုး ခတ္တာေတြပါ လုပ္ေနပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအိုေအ ျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။
ထိုင္း-ျမန္မာနယ္စပ္ ခ်င္း႐ုိင္ခ႐ုိင္နဲ႔ တာ့ခ္ခ႐ုိင္အတြင္းမွာ ေရႊ႕ေျပာင္းအလုပ္သမားေတြ ခုိး၀င္မႈမရိွေအာင္ဆိုၿပီး နယ္စပ္မွာ သံဆူးႀကိဳး အကာအရံေတြနဲ႔ တားဆီးလုပ္ေဆာင္ေနရာမွာ အဲဒီ နယ္ေျမခံတိုင္းမွဴး ဗိုလ္ခ်ဳပ္ေတြကိုယ္တိုင္ ဇူလိုင္လ ၁၀ ရက္က သြားေရာက္စစ္ေဆးခဲ့ၾကပါတယ္။
တာ့ခ္ခ႐ုိင္အတြင္းမွာေတာ့ နေလစြမ္တပ္ ဗိုလ္ခ်ဳပ္ Ukrit Natut Khamhaeng က လာေရာက္စစ္ေဆးခဲ့ၿပီး ခ်င္း႐ုိင္ခ႐ုိင္မွာေတာ့ ဗိုလ္ခ်ဳပ္ Thanthaphon Kosayasevi က လာေရာက္စစ္ေဆးခဲ့ၿပီး ထုိင္းဘာသာနဲ႔ အခုလိုေျပာသြားပါတယ္။
“အခုလို နယ္ျခားမ်ဥ္းတေလွ်ာက္မွာ အတားအဆီးေတြနဲ႔ ကင္းလွည့္ စစ္ေဆးမႈေတြ တိုးျမႇင့္လုပ္ေဆာင္ေနတာဟာ COVID-19 ေရာဂါ ထိန္းခ်ဳပ္ေရးရဲ႕ လုပ္ေဆာင္မႈ တစိတ္တပိုင္း ျဖစ္ပါတယ္။ မယ္ဆိုင္နယ္ျခားတေလွ်ာက္က ေနရာ ၂၂ ေနရာမွာ CCTV တိုးျမႇင့္တပ္ဆင္ထားၿပီး ဒ႐ုန္း ကင္းေထာက္ယာဥ္ငယ္ေတြနဲ႔ပါ ခိုး၀င္လာမယ့္သူေတြကို ေစာင့္ၾကည့္ဖို႔အတြက္ ျပင္ဆင္ထားပါတယ္။”
ဒီရက္ပုိင္းအတြင္း ခ်င္း႐ုိင္ခ႐ုိင္ မယ္ဆိုင္ၿမိဳ႕ဘက္ကို ခိုး၀င္လာတဲ့ ျမန္မာႏုိင္ငံသားေတြကိုေတာ့ ထိုင္းဘတ္ေငြ ၅,၀၀၀ ဒဏ္႐ုိက္ခံရမွာျဖစ္ေၾကာင္း အမိန္႔ထုတ္ျပန္ထားပါတယ္။
ဒီရက္ပုိင္းအတြင္းမွာ ျမန္မာအမ်ားစုပါတဲ့ ႏုိင္ငံျခားသား ၃,၀၀၀ ထက္မနည္းကိုလည္း ထုိင္းဘက္က ဖမ္းဆီးထားတယ္လို႔ ဆိုပါတယ္။
----------------------------
(Unicode)
မြန်မာနဲ့နယ်စပ် ထိုင်းဘက်ခြမ်းမှာ သံဆူးကြိုးခတ်ပြီး လုံခြုံရေးတင်းကျပ်ထား
မြန်မာနိုင်ငံနဲ့ နယ်စပ် ထိုင်းနိုင်ငံဘက်ခြင်းမှာ ကိုဗစ် အရေးပေါ်ကာလအတွင်း ကင်းလှည့်စစ်ဆေးတာတွေ ပိုပြီး တင်းကျပ်လာတဲ့အပြင် နယ်စပ်ခြံစည်းရိုး ခတ်တာတွေပါ လုပ်နေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်နဲ့ တာ့ခ်ခရိုင်အတွင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ခိုးဝင်မှုမရှိအောင်ဆိုပြီး နယ်စပ်မှာ သံဆူးကြိုး အကာအရံတွေနဲ့ တားဆီးလုပ်ဆောင်နေရာမှာ အဲဒီ နယ်မြေခံတိုင်းမှူး ဗိုလ်ချုပ်တွေကိုယ်တိုင် ဇူလိုင်လ ၁၀ ရက်က သွားရောက်စစ်ဆေးခဲ့ကြပါတယ်။
တာ့ခ်ခရိုင်အတွင်းမှာတော့ နလေစွမ်တပ် ဗိုလ်ချုပ် Ukrit Natut Khamhaeng က လာရောက်စစ်ဆေးခဲ့ပြီး ချင်းရိုင်ခရိုင်မှာတော့ ဗိုလ်ချုပ် Thanthaphon Kosayasevi က လာရောက်စစ်ဆေးခဲ့ပြီး ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။
“အခုလို နယ်ခြားမျဉ်းတလျှောက်မှာ အတားအဆီးတွေနဲ့ ကင်းလှည့် စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတာဟာ COVID-19 ရောဂါ ထိန်းချုပ်ရေးရဲ့ လုပ်ဆောင်မှု တစိတ်တပိုင်း ဖြစ်ပါတယ်။ မယ်ဆိုင်နယ်ခြားတလျှောက်က နေရာ ၂၂ နေရာမှာ CCTV တိုးမြှင့်တပ်ဆင်ထားပြီး ဒရုန်း ကင်းထောက်ယာဉ်ငယ်တွေနဲ့ပါ ခိုးဝင်လာမယ့်သူတွေကို စောင့်ကြည့်ဖို့အတွက် ပြင်ဆင်ထားပါတယ်။”
ဒီရက်ပိုင်းအတွင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ဘက်ကို ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ ထိုင်းဘတ်ငွေ ၅,၀၀၀ ဒဏ်ရိုက်ခံရမှာဖြစ်ကြောင်း အမိန့်ထုတ်ပြန်ထားပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ မြန်မာအများစုပါတဲ့ နိုင်ငံခြားသား ၃,၀၀၀ ထက်မနည်းကိုလည်း ထိုင်းဘက်က ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။