သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်စပ်မှာ တရားမဝင် ဝင်ရောက်သူ အများအပြား ထပ်မံဖမ်းဆီးခံရ


ပထုံဌာနီခရိုင်က ဈေးကြီးမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားများ။ (ဓာတ်ပုံ - Thai Police)
ပထုံဌာနီခရိုင်က ဈေးကြီးမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားများ။ (ဓာတ်ပုံ - Thai Police)

(Zawgyi / Unicode)

မြန်မာနိုင်ငံနဲ့ နယ်စပ်မှာ ထိုင်းနိုင်ငံက လုံခြုံရေး တင်းကျပ်နေချိန်မှာပဲ မြန်မာနိုင်ငံသား အများအပြား အပါအဝင် တရားမဝင် ဝင်ရောက်လာသူတွေကို ထိုင်းအာဏာပိုင်တွေက ဆက်တိုက်ဆိုသလို ဖမ်းဆီးနေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

မိုးရေးမြစ်ခေါ် သောင်ရင်းမြစ်ကိုဖြတ်ပြီး ခိုးဝင်လာလို့ ဖမ်းဆီးခံရတဲ့ တရုတ်နိုင်ငံသားများ။ (ဇူလိုင် ၁၂၊ ၂၀၂၀။ ဓာတ်ပုံ - Thai Police)
မိုးရေးမြစ်ခေါ် သောင်ရင်းမြစ်ကိုဖြတ်ပြီး ခိုးဝင်လာလို့ ဖမ်းဆီးခံရတဲ့ တရုတ်နိုင်ငံသားများ။ (ဇူလိုင် ၁၂၊ ၂၀၂၀။ ဓာတ်ပုံ - Thai Police)


မြန်မာနိုင်ငံ မြဝတီမြို့ကနေ ထိုင်းနိုင်ငံနယ်စပ်ကို တောလမ်းကနေ ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၅၀ ထက်မနည်းကို ဖမ်းဆီးမိခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ တရုတ်နိုင်ငံသား ၁၆ ယောက်ကိုလည်း ထိုင်းနယ်ခြားစောင့် ရဲကင်းအဖွဲ့က ဖမ်းဆီးမိခဲ့တာပါ။

မြန်မာနိုင်ငံသား ၅၀ ထက် မနည်းကိုတော့ မနေ့တုန်းကပဲ မဲဆောက်မြို့ ထစိုင်လွတ်နယ်မြေ ကျေးရွာအုပ်စု အမှတ် ၆ ရပ်ကွက်မှာ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့ဝင် စုပေါင်းအင်အား ၁၀၀ လောက်က ပိတ်ဆို့ရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ COVID-19 ကပ်ရောဂါကာလ ကန့်သတ်ချက်တွေ ရှိနေဆဲအချိန်မှာ နယ်စပ်ဖြတ်ကျော် ဝင်လာကြတဲ့ မြန်မာအလုပ်သမားတွေ ဒီရက်ပိုင်းအတွင်း ဆက်တိုက် ဖမ်းဆီးခံနေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ AAC အလုပ်သမားကူညီရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလိုပြောပါတယ်။

“ကိုဗစ်မဖြစ်ခင်အတောအတွင်း ကိုဗစ်အတောအတွင်း မြန်မာနိုင်ငံထဲကို စာအုပ်သက်တမ်း ပြန်တိုးတဲ့သူတွေ၊ မိသားစုကိစ္စတွေနဲ့ ပြန်တဲ့သူတွေဟာ ပြည်တွင်းမှာလည်း ရပ်တည်လို့မရဘူး။ နဂိုကတည်းက ရှိရင်းစွဲသူတွေတောင် အလုပ်အကိုင်မရှိလို့ ပြည်တွင်းမှာ ရပ်တည်လို့မရလို့ ထိုင်းမှာ အလုပ်လုပ်ကိုင် စားသောက်နေကြရတာလေ။ ထိုင်းက ခနပြန်လာတဲ့သူတွေက ပိုဆိုးတာပေါ့။ တရားဝင် နယ်စပ်ဂိတ်တွေကလည်း ပိတ်ထားတယ်ဆိုတော့ လူပွဲစား လူကယ်ရီတွေနဲ့ ခိုးဝင်ကြတယ်။ ဒီတော့ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးတယ်။ အရေးပေါ်ဥပဒေနဲ့ ထောင်တွေလည်းကျတယ်။”

မိုးရေးမြစ်ခေါ် သောင်ရင်းမြစ်ကို ဖြတ်ပြီးကူးနေစဉ် ဖမ်းမိတဲ့ တရုတ်နိုင်ငံသားတွေကိုတော့ မဲဆောက်မြို့ ရဲစခန်းကို ခေါ်ဆောင်သွားပြီး ဘာသာပြန်နဲ့ စစ်ဆေးနေပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့ကလည်း တရုတ်နိုင်ငံသား ၂ ဦးကို ကားထဲမှာဖွက်ပြီး သယ်လာတဲ့ ထိုင်းအမျိုးသမီးတဦး မောင်းလာတဲ့ကားကို တာ့ခ်ခရိုင် နယ်ခြားစစ်ဆေးရေးဂိတ်မှာ ဖမ်းမိခဲ့ပါတယ်။

ဒီတရုတ်နိုင်ငံသားတွေကိုတော့ တဦးကို ဘတ်ငွေ ၁၅,၀၀၀ နဲ့ ငွေယူပြီး သယ်ဆောင်လာခဲ့တာလို့ ထွက်ဆိုပါတယ်။

အခုကာလမှာ ထိုင်းနယ်စပ်မှာ အဖမ်းအဆီးတွေကို တင်းတင်းကျပ်ကျပ် လုပ်လာသလို ဘန်ကောက်မြို့နဲ့ ၁၈ မိုင်အကွာ ပထုံဌာနီခရိုင်က ဈေးကြီးတခုမှာ ဈေးရောင်းနေတဲ့ မြန်မာနဲ့ နိုင်ငံခြားသား ၂၀၀ ကျော် ဖမ်းဆီးရာမှာ မြန်မာနိုင်ငံသား အထောက်အထားမဲ့ ၁၀၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)











XS
SM
MD
LG