သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံတြင္းပိတ္မိႏိုင္ငံျခားသားမ်ား ဗီဇာသက္တမ္းထပ္တိုးခြင့္ေပး


ကိုဗစ္ကာလ အတြင္းမွာ ထိုင္းနိုင္ငံမွာ ဗီဇာသက္တမ္းတိုးေနၾကတဲ့ နိုင္ငံျခားသားမ်ား။ (ဇူလိုင္ ၂၀၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ကပ္ေရာဂါကာလ ထုိင္းႏုိင္ငံမွာ ေရာက္ေနၾကတဲ့ ျမန္မာႏုိင္ငံသားေတြအပါအ၀င္ ႏုိင္ငံျခားသားေတြ ဗီဇာသက္တမ္း ဆက္တုိးခြင့္ရမယ့္အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ထုိင္းျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ကပ္ေရာဂါအေရးေပၚကာလ ထိုင္းနိုင္ငံမွာ ပိတ္မိေနတဲ့ ျမန္မာအပါအ၀င္ ႏိုင္ငံျခားသားေတြရဲ႕ ျပည္၀င္ခြင့္ဗီဇာသက္တမ္းကုိ စက္တင္ဘာ ၂၆ ရက္ေန႔အထိ သက္တမ္းတုိးေပးမယ့္အေၾကာင္း ထုိင္းလူ၀င္မႈႀကီးၾကပ္ေရးဌာနက ေၾကညာလုိက္တာပါ။

ဗီဇာသက္တမ္းကုန္တဲ့ နိုင္ငံျခားသားေတြအေနနဲ ့ မိမိေရာက္ရွိေနတဲ့ နယ္ေျမခံ လူ၀င္မႈၾကီးၾကပ္ေရးရံုးေတြမွာ သြားေရာက္ဆက္သြယ္ေလွ်ာက္ထားနိုင္သလုိ တတ္နိုင္သမွ် အျမန္ဆံုး ဆက္သြယ္ၾကဖို႔ ထိုင္းလူ၀င္မႈႀကီးၾကပ္ေရးဌာန အႀကီးအကဲ Sompong Chingduang က ေသာၾကာေန႔က ထုိင္းေတာင္ပုိင္း အပမ္းေျဖေဒသ ဖူးခက္ခရိုင္ကုိ လာရင္းနဲ႔ ေျပာဆိုသြားတာပါ။

ဒီအတြက္ ျမန္မာအလုပ္သမားေတြ အပါအ၀င္ ထုိင္းႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားေတြလည္း ဗီဇာသက္တမ္း တုိးခြင့္ရေတာ့မွာျဖစ္ေၾကာင္း အလုပ္သမားကူညီေရးအဖဲြ႔တခု ျဖစ္တဲ့ AAC မဟာမိတ္အဖဲြ႔ေျပာေရးဆုိခြင့္ရွိသူ ကုိရဲမင္းက ေျပာပါတယ္။

"ထုိင္းေရာက္ ျမန္မာႏို္င္ငံသားေတြအတြက္ အေရးႀကီးတဲ့သတင္းပါပဲ၊ ထုိင္းေရာက္ ျမန္မာႏိုင္ငံသားေတြ ကုိင္ေဆာင္ထားတဲ့ ဗီဇာေပါင္းစံုကုိ လာမယ့္ ၈ လပုိင္းက ၁ ရက္ေန႔က ၉ လပုိင္း ၂၆ ရက္ေန႔အထိ ဗီဇာသက္တမ္းတိုးေပးေတာ့မယ္ ဗီဇာေပါင္းစံုေပါ့ေနာ္။ ေက်ာင္းသားဗီဇာပါမယ္၊ အလည္ဗီဇာ၊ သက္ႀကီးရြယ္အုိဗီဇာ၊ ေဆးလာကုတဲ့ဗီဇာ၊ ထုိင္းမွာျမန္မာအလုပ္သမားေတြ မ်ားေတာ့ အလုပ္သမားဗီဇာေတြပါမယ္စတဲ့ ဗီဇာအားလံုးပါမယ္။ အဲဒီေနာက္ပုိင္းမွာ သက္တမ္း မတုိးေတာ့ရင္ေတာ့ စာအုပ္ေတြကို Black list လုပ္မယ္လို႔ ထုိင္းလ၀က ေျပာထားတယ္။ ကုိဗစ္ကာလတုန္းကေတာ့ ေျဖေလ်ာ့ေပးတဲ့အေနနဲ႔ သက္တမ္းကို တလတုိးေပးတာ ႏွစ္ လ တုိးေပးတာေတြကို လုပ္ေပးတယ္။ အခုေတာ့ကေတာ့ သက္တမ္းတိုးေပးျပီ။ ထုိင္းေရာက္ ျမန္မာႏို္င္ငံသားေတြအေနနဲ႔ ဗီဇာေတြကို အခ်ိန္မွီ တိုးၾကပါလုိ႔ ေျပာျပခ်င္ပါတယ္။"

ကိုဗစ္ကာလ အတြင္းမွာ ထိုင္းနိုင္ငံမွာ ဗီဇာသက္တမ္းတိုးေနၾကတဲ့ နိုင္ငံျခားသားမ်ား။ (ဇူလိုင္ ၂၀၊ ၂၀၂၀)
ကိုဗစ္ကာလ အတြင္းမွာ ထိုင္းနိုင္ငံမွာ ဗီဇာသက္တမ္းတိုးေနၾကတဲ့ နိုင္ငံျခားသားမ်ား။ (ဇူလိုင္ ၂၀၊ ၂၀၂၀)

ဗီဇာသက္တမ္းတိုးမယ့္ နိုင္ငံျခားသားေတြအေနနဲ႔ ဘာေၾကာင့္ ပိတ္မိေနလဲဆိုတာကိုေတာ့ အေၾကာင္းျပခ်က္နဲ႔ ေလွ်ာက္ထားရမယ္လို႔ ဆုိပါတယ္။ တကယ္လို႔ နိုင္ငံျခားသားေတြဟာ သက္မွတ္ခ်ိန္ကာလအတြင္း သတင္းေပးပုိ႔ေလွ်ာက္ထားဖို႔ ပ်က္ကြက္ခဲ့မယ္ဆိုရင္ စက္တင္ဘာလ ၂၆ ရက္ေန ့ေနာက္ပိုင္းမွာ တရားမ၀င္ Black list အမည္မည္းအျဖစ္ စာရင္းသြင္းခံရမွာျဖစ္ပါတယ္။

ထိုင္းႏိုင္ငံတြင္းကေန ေနရပ္ျပန္ဖို႔အတြက္ ေလေၾကာင္းလိုင္းမရွိလို႔ အခက္အခဲ ရွိေနသူေတြ၊ တခ်ိဳ႕ႏိုင္ငံေတြကလည္း ကုိဗစ္ကာလမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပိတ္ဆို႔ထားတာေၾကာင့္ ႏိုင္ငံရင္း ျပန္မရျဖစ္ေနတဲ့ နိုင္ငံျခားေတြအတြက္လည္း ကာလတို ေနထိုင္ခြင့္ဗီဇာ ေပးဖို ့အတြက္လည္း လႊတ္ေတာ္အစည္းအေ၀းမွာ တင္ျပမွာျဖစ္တဲ့အေၾကာင္း လ၀က ဗ်ဴရိုအၾကီးအကဲ ဒုဗိုလ္ခ်ဳပ္ စြန္ဖုန္းက ေျပာဆုိထားပါတယ္။

COVID 19 အေရးေပၚကာလအတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထိုင္းနိုင္ငံအတြင္းဆက္လက္ ေနထိုင္ေနၾကတဲ့ ျမန္မာအပါအ၀င္ နိုင္ငံျခားသားေတြ ၅၀၀,၀၀၀ ေလာက္ ရွိမယ္လုိ႔လည္း ထုိင္းအစုိးရက ခန္႔မွန္းထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းနိုင်ငံတွင်းပိတ်မိနိုင်ငံခြားသားများ ဗီဇာသက်တမ်းထပ်တိုးခွင့်ပေး

COVID-19 ကပ်ရောဂါကာလ ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေ ဗီဇာသက်တမ်း ဆက်တိုးခွင့်ရမယ့်အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါအရေးပေါ်ကာလ ထိုင်းနိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားတွေရဲ့ ပြည်ဝင်ခွင့်ဗီဇာသက်တမ်းကို စက်တင်ဘာ ၂၆ ရက်နေ့အထိ သက်တမ်းတိုးပေးမယ့်အကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ကြေညာလိုက်တာပါ။

ဗီဇာသက်တမ်းကုန်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ မိမိရောက်ရှိနေတဲ့ နယ်မြေခံ လူဝင်မှုကြီးကြပ်ရေးရုံးတွေမှာ သွားရောက်ဆက်သွယ်လျှောက်ထားနိုင်သလို တတ်နိုင်သမျှ အမြန်ဆုံး ဆက်သွယ်ကြဖို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲ Sompong Chingduang က သောကြာနေ့က ထိုင်းတောင်ပိုင်း အပမ်းဖြေဒေသ ဖူးခက်ခရိုင်ကို လာရင်းနဲ့ ပြောဆိုသွားတာပါ။

ဒီအတွက် မြန်မာအလုပ်သမားတွေ အပါအဝင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေလည်း ဗီဇာသက်တမ်း တိုးခွင့်ရတော့မှာဖြစ်ကြောင်း အလုပ်သမားကူညီရေးအဖွဲ့တခု ဖြစ်တဲ့ AAC မဟာမိတ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက ပြောပါတယ်။

"ထိုင်းရောက် မြန်မာနိုင်ငံသားတွေအတွက် အရေးကြီးတဲ့သတင်းပါပဲ၊ ထိုင်းရောက် မြန်မာနိုင်ငံသားတွေ ကိုင်ဆောင်ထားတဲ့ ဗီဇာပေါင်းစုံကို လာမယ့် ၈ လပိုင်းက ၁ ရက်နေ့က ၉ လပိုင်း ၂၆ ရက်နေ့အထိ ဗီဇာသက်တမ်းတိုးပေးတော့မယ် ဗီဇာပေါင်းစုံပေါ့နော်။ ကျောင်းသားဗီဇာပါမယ်၊ အလည်ဗီဇာ၊ သက်ကြီးရွယ်အိုဗီဇာ၊ ဆေးလာကုတဲ့ဗီဇာ၊ ထိုင်းမှာမြန်မာအလုပ်သမားတွေ များတော့ အလုပ်သမားဗီဇာတွေပါမယ်စတဲ့ ဗီဇာအားလုံးပါမယ်။ အဲဒီနောက်ပိုင်းမှာ သက်တမ်း မတိုးတော့ရင်တော့ စာအုပ်တွေကို Black list လုပ်မယ်လို့ ထိုင်းလဝက ပြောထားတယ်။ ကိုဗစ်ကာလတုန်းကတော့ ဖြေလျော့ပေးတဲ့အနေနဲ့ သက်တမ်းကို တလတိုးပေးတာ နှစ် လ တိုးပေးတာတွေကို လုပ်ပေးတယ်။ အခုတော့ကတော့ သက်တမ်းတိုးပေးပြီ။ ထိုင်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ဗီဇာတွေကို အချိန်မှီ တိုးကြပါလို့ ပြောပြချင်ပါတယ်။"

ဗီဇာသက်တမ်းတိုးမယ့် နိုင်ငံခြားသားတွေအနေနဲ့ ဘာကြောင့် ပိတ်မိနေလဲဆိုတာကိုတော့ အကြောင်းပြချက်နဲ့ လျှောက်ထားရမယ်လို့ ဆိုပါတယ်။ တကယ်လို့ နိုင်ငံခြားသားတွေဟာ သက်မှတ်ချိန်ကာလအတွင်း သတင်းပေးပို့လျှောက်ထားဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် စက်တင်ဘာလ ၂၆ ရက်နေ့နောက်ပိုင်းမှာ တရားမဝင် Black list အမည်မည်းအဖြစ် စာရင်းသွင်းခံရမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင်းကနေ နေရပ်ပြန်ဖို့အတွက် လေကြောင်းလိုင်းမရှိလို့ အခက်အခဲ ရှိနေသူတွေ၊ တချို့နိုင်ငံတွေကလည်း ကိုဗစ်ကာလမှာ အကြောင်းအမျိုးမျိုးကြောင့် ပိတ်ဆို့ထားတာကြောင့် နိုင်ငံရင်း ပြန်မရဖြစ်နေတဲ့ နိုင်ငံခြားတွေအတွက်လည်း ကာလတို နေထိုင်ခွင့်ဗီဇာ ပေးဖို့အတွက်လည်း လွှတ်တော်အစည်းအဝေးမှာ တင်ပြမှာဖြစ်တဲ့အကြောင်း လဝက ဗျူရိုအကြီးအကဲ ဒုဗိုလ်ချုပ် စွန်ဖုန်းက ပြောဆိုထားပါတယ်။

COVID 19 အရေးပေါ်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံအတွင်းဆက်လက် နေထိုင်နေကြတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားတွေ ၅၀၀,၀၀၀ လောက် ရှိမယ်လို့လည်း ထိုင်းအစိုးရက ခန့်မှန်းထားပါတယ်ရှင်။

XS
SM
MD
LG