သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖူးခက္က တရားဝင္ ျမန္မာအလုပ္သမားေတြ အခက္အခဲၾကံဳေန


ႏိုင္ငံကူးစာအုပ္မ်ား သိမ္းဆည္းခံထားရတဲ့ ထိုင္းႏိုင္ငံ ဖူးခက္ ေဆာက္လုပ္ေရးလုပ္ငန္းက ျမန္မာအလုပ္သမားႏွစ္ဦး။ (ဇူလိုင္ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ထိုင္းႏိုင္ငံေတာင္ပုိင္း ဖူးခက္ၿမိဳ႕က ေဆာက္လုပ္ေရး လုပ္ငန္းခြင္ေတြမွာ အလုပ္လုပ္ဖုိ႔ COVID-19 ကပ္ေရာဂါကာလ မတုိင္ခင္ကတည္းက ေရာက္ေနၾကတဲ့ ျမန္မာႏုိင္ငံသား အလုပ္သမားေတြ အလုပ္အကုိင္ အခက္အခဲ ႀကံဳေနရတဲ့အေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။

ထုိင္းႏို္င္ငံ ဖူးခက္ၿမိဳ႕မွာ ေဆာက္လုပ္ေရး လုပ္ငန္းေတြလုပ္ဖို႔ ႏွစ္ ႏုိင္ငံ သေဘာတူညီခ်က္နဲ႔ ေရာက္ေနတဲ့ ျမန္မာႏိုင္ငံသား အလုပ္သမား ၆၀ ေလာက္ဟာ ကပ္ေရာဂါကာလ မတုိင္ခင္မွာ ကတည္းက စာခ်ဳပ္ပါအခြင့္အေရးေတြ မရဘဲ ျဖစ္ေနတယ္လုိ႔ အလုပ္သမားေတြနဲ႔ အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ သတ္မွတ္ထားတဲ့ အလုပ္ခ်ိန္အတုိင္း အလုပ္မလုပ္ရသလုိ ႏုိင္ငံကူး လက္မွတ္ေတြ သိမ္းဆည္းခံရတာမ်ဳိးေတြအထိ အခြင့္အေရး ခ်ဳိးေဖာက္ခံေနရတယ္လုိ႔လည္း ျမန္မာအလုပ္သမ တဦးကေျပာျပပါတယ္။

ႏိုင္ငံကူးစာအုပ္မ်ား သိမ္းဆည္းခံထားရတဲ့ ထိုင္းႏိုင္ငံ ဖူးခက္ ေဆာက္လုပ္ေရးလုပ္ငန္းက ျမန္မာအလုပ္သမားႏွစ္ဦး။ (ဇူလိုင္ ၁၆၊ ၂၀၂၀)
ႏိုင္ငံကူးစာအုပ္မ်ား သိမ္းဆည္းခံထားရတဲ့ ထိုင္းႏိုင္ငံ ဖူးခက္ ေဆာက္လုပ္ေရးလုပ္ငန္းက ျမန္မာအလုပ္သမားႏွစ္ဦး။ (ဇူလိုင္ ၁၆၊ ၂၀၂၀)

"ကုိဗစ္ကာလကလည္း နားျပီးျပီ။ ကုိဗစ္ မတိုင္ခင္ကလည္း အလုပ္မရွိလို႔ဆိုျပီး ေပးနားတယ္။ အခုမိုးရြာတယ္ဆုိရင္လည္း တမြန္းတည့္ဆုိျပီး မေပးဘူး။ နာရီစားပဲေပးတယ္ ညီမတုိ႔ကလည္း ပတ္စ္ပုိ႔စာအုပ္လိုခ်င္တာေပါ့။ ျပန္ခ်င္တဲ့သူကလည္း အလြယ္တကူ ျပန္လို႔ရတာေပါ့။ သူတို႔ေပးတဲ့စာရြက္ေတြ၊ မိတၱဴေတြကလည္း မိုးေတြစိုျပီးျပဲကုန္ျပီ။ လက္က်န္ ၆၀ ထဲမွာ ၃၀ေက်ာ္ေလာက္က်န္ေသးတယ္။"

ျမန္မာအလုပ္သမားေတြဟာ ေငြကုန္ေၾကးက်ခံၿပီး ထုိင္းႏုိင္ငံမွာ အလုပ္လုပ္ဖုိ႔ ေရာက္လာၾကေပမဲ့ လက္ေတြ႔မွာေတာ့ သတ္မွတ္ထားတဲ့ လုပ္ခလစာ မရၾကသလုိ၊ အလုပ္ခ်ိန္မမွန္တာေတြအျပင္၊ ႏုိင္ငံကူးလက္မွတ္ေတြ သိမ္းဆည္းခံရတာ ေနရပ္ျပန္ပုိ႔ခံရတာေတြနဲ႔ ႀကံဳေနရတယ္လုိ႔လည္း အလုပ္သမားေတြက ေျပာပါတယ္။

"သူတို႔က ပတ္စ္ပို႔ပဲေပးတယ္။ work ပါမစ္မေပးဘူး။ အလုပ္လုပ္ခြင့္လက္မွတ္ကုိ အလုပ္လုပ္ခြင့္ေျပာင္းေရႊ႕ခြင့္မရေအာင္ တံုးထုလိုက္တယ္။ တိုင္တဲ့သူကုိ သိရင္ သူတို႔က အလုပ္ထုတ္ျဖဳတ္ပစ္လုိက္ေရာပဲ။ သံရံုးကုိတုိင္ရင္ လုပ္တယ္။ သမီးတို႔နဲ႔အသိ ဦးေလးႀကီးဆုိရင္ စာအုပ္ကိုဆိုရင္ တံုးထုလိုက္တယ္။ ဒီကအလုပ္ထုတ္လိုက္ေတာ့ ဟုိဘက္မွာ အလုပ္သြားေလွ်ာက္ေတာ့ သူေဌးမက နင့္ဟာက ထုိင္းႏိုင္ငံမွာ ေနခြင့္ ၃ ရက္ထဲ ရွိေတာ့တယ္။ ပလိပ္ဖမ္းမယ္ဆိုျပီး အခုေတာ့ ရြာကိုျပန္ေရာက္သြားျပီး ေနရပ္ျပန္လိုက္ရတယ္။"

အလုပ္သမားေတြ ရင္ဆုိင္ေနရတဲ့ ျပႆနာနဲ႔ ပတ္သက္လုိ႔ ျမန္မာသံ႐ုံးက အလုပ္သမားေရး တာ၀န္ရွိသူေတြနဲ႔ အလုပ္သမားေရး လႈပ္ရွားသူေတြ ၾကား၀င္ေျဖရွင္းဖုိ႔ ႀကိဳးပမ္းခဲ့တာေတြ ရွိေပမဲ့ တုိးတက္မႈမရွိဘူးလုိ႔လည္း ပညာေရးနဲ႔ ဖြံျဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးရာနဲ႔ မွတ္တမ္းေရးရာတာ၀န္ခံဦးမင္းဦးက ေျပာပါတယ္။

"သူတို႔က Hein Myint Myat General services co,Ltd နဲ႔ေတာ့ လာတာပဲ။ ကုိဗစ္ကာလမွာ အလုပ္ေတြကေတာ့ မမွန္ၾကဘူး။ သိုေပမဲ့ အေထာက္အထားေတြကို သိမ္းထားတာကေတာ့ အေတာ္ၾကာျပီ။ စေရာက္ကတည္းကကုိ သိမ္းထားတာပဲ။ အေထာက္အထားနဲ႔ ပတ္သက္တာဆုိရင္လံုး၀ သိမ္းခြင့္မရွိဘူး။ အခုေနာက္ပုိင္းမွာဆုိရင္ အေထာက္အထားသိမ္းရင္ လူကုန္ကူးမႈထဲမွာေတာင္ ထည့္ထားတယ္။ အထူးသျဖင့္ ကာယကံရွင္က သေဘာတူညီခ်က္မရွိရင္ သိမ္းထားလို႔မရဘူး။ သူတို႔ကျပန္ခ်င္တာထက္ အလုပ္လုပ္ခ်င္တာ ေအဂ်င္စီကိုလည္း က်ေနာ္တုိ႔နဲ႔ သံအရာရွိတို႔ ေျပာေပးတယ္။ ရလဒ္ကေတာ့ အလုပ္ျဖစ္မလာဘူး။ ဒီကာလမွာ လူမႈဖူလံုေရးမွာ ေလွ်ာက္ထားေပးလို႔ရတယ္။ ကိုဗစ္ကာလမွာနားရင္ ရာခိုင္ႏႈန္း ၆၂ ရာခိုင္ႏႈန္းရတယ္။ အလုပ္ရွင္က ဒါမ်ိဳးေတြ လုပ္ေပးထားတယ္ဆိုရင္ေတာ့ကိစၥမရွိဘူး။"

ထိုင္းႏိုင္ငံမွာ တရားဝင္ ျမန္မာအလုပ္သမား ၃,၀၀၀,၀၀၀ ထက္မနည္း အလုပ္လုပ္ကုိင္ေနႀကျပီး တရားမဝင္ လုပ္ကိုင္ေနသူ အေရအတြက္က ေနာက္ထပ္ ၂,၀၀၀,၀၀၀ ေလာက္ရွိႏိုင္တယ္လို႔ ခန္႔မွန္းၾကပါတယ္။ ကိုဗစ္ကာလအတြင္း ႏိုင္ငံျခားသား အလုပ္သမားေတြအပါအ၀င္ အလုပ္လက္မဲ့ျဖစ္သူ ၈,၀၀၀,၀၀၀ ေလာက္ ရွိတယ္လုိ႔ ထိုင္း အလုပ္သမားဝန္ႀကီးဌာနလက္ေအာက္ခံ အဖြဲ႔အစည္းေတြက ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဖူးခက်က တရားဝင် မြန်မာအလုပ်သမားတွေ အခက်အခဲကြုံနေ

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့က ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ဖို့ COVID-19 ကပ်ရောဂါကာလ မတိုင်ခင်ကတည်းက ရောက်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေ အလုပ်အကိုင် အခက်အခဲ ကြုံနေရတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေလုပ်ဖို့ နှစ် နိုင်ငံ သဘောတူညီချက်နဲ့ ရောက်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၆၀ လောက်ဟာ ကပ်ရောဂါကာလ မတိုင်ခင်မှာ ကတည်းက စာချုပ်ပါအခွင့်အရေးတွေ မရဘဲ ဖြစ်နေတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ သတ်မှတ်ထားတဲ့ အလုပ်ချိန်အတိုင်း အလုပ်မလုပ်ရသလို နိုင်ငံကူး လက်မှတ်တွေ သိမ်းဆည်းခံရတာမျိုးတွေအထိ အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့လည်း မြန်မာအလုပ်သမ တဦးကပြောပြပါတယ်။

"ကိုဗစ်ကာလကလည်း နားပြီးပြီ။ ကိုဗစ် မတိုင်ခင်ကလည်း အလုပ်မရှိလို့ဆိုပြီး ပေးနားတယ်။ အခုမိုးရွာတယ်ဆိုရင်လည်း တမွန်းတည့်ဆိုပြီး မပေးဘူး။ နာရီစားပဲပေးတယ် ညီမတို့ကလည်း ပတ်စ်ပို့စာအုပ်လိုချင်တာပေါ့။ ပြန်ချင်တဲ့သူကလည်း အလွယ်တကူ ပြန်လို့ရတာပေါ့။ သူတို့ပေးတဲ့စာရွက်တွေ၊ မိတ္တူတွေကလည်း မိုးတွေစိုပြီးပြဲကုန်ပြီ။ လက်ကျန် ၆၀ ထဲမှာ ၃၀ကျော်လောက်ကျန်သေးတယ်။"

မြန်မာအလုပ်သမားတွေဟာ ငွေကုန်ကြေးကျခံပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ ရောက်လာကြပေမဲ့ လက်တွေ့မှာတော့ သတ်မှတ်ထားတဲ့ လုပ်ခလစာ မရကြသလို၊ အလုပ်ချိန်မမှန်တာတွေအပြင်၊ နိုင်ငံကူးလက်မှတ်တွေ သိမ်းဆည်းခံရတာ နေရပ်ပြန်ပို့ခံရတာတွေနဲ့ ကြုံနေရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

"သူတို့က ပတ်စ်ပို့ပဲပေးတယ်။ work ပါမစ်မပေးဘူး။ အလုပ်လုပ်ခွင့်လက်မှတ်ကို အလုပ်လုပ်ခွင့်ပြောင်းရွှေ့ခွင့်မရအောင် တုံးထုလိုက်တယ်။ တိုင်တဲ့သူကို သိရင် သူတို့က အလုပ်ထုတ်ဖြုတ်ပစ်လိုက်ရောပဲ။ သံရုံးကိုတိုင်ရင် လုပ်တယ်။ သမီးတို့နဲ့အသိ ဦးလေးကြီးဆိုရင် စာအုပ်ကိုဆိုရင် တုံးထုလိုက်တယ်။ ဒီကအလုပ်ထုတ်လိုက်တော့ ဟိုဘက်မှာ အလုပ်သွားလျှောက်တော့ သူဌေးမက နင့်ဟာက ထိုင်းနိုင်ငံမှာ နေခွင့် ၃ ရက်ထဲ ရှိတော့တယ်။ ပလိပ်ဖမ်းမယ်ဆိုပြီး အခုတော့ ရွာကိုပြန်ရောက်သွားပြီး နေရပ်ပြန်လိုက်ရတယ်။"

အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာနဲ့ ပတ်သက်လို့ မြန်မာသံရုံးက အလုပ်သမားရေး တာဝန်ရှိသူတွေနဲ့ အလုပ်သမားရေး လှုပ်ရှားသူတွေ ကြားဝင်ဖြေရှင်းဖို့ ကြိုးပမ်းခဲ့တာတွေ ရှိပေမဲ့ တိုးတက်မှုမရှိဘူးလို့လည်း ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာတာဝန်ခံဦးမင်းဦးက ပြောပါတယ်။

"သူတို့က Hein Myint Myat General services co,Ltd နဲ့တော့ လာတာပဲ။ ကိုဗစ်ကာလမှာ အလုပ်တွေကတော့ မမှန်ကြဘူး။ သိုပေမဲ့ အထောက်အထားတွေကို သိမ်းထားတာကတော့ အတော်ကြာပြီ။ စရောက်ကတည်းကကို သိမ်းထားတာပဲ။ အထောက်အထားနဲ့ ပတ်သက်တာဆိုရင်လုံး၀ သိမ်းခွင့်မရှိဘူး။ အခုနောက်ပိုင်းမှာဆိုရင် အထောက်အထားသိမ်းရင် လူကုန်ကူးမှုထဲမှာတောင် ထည့်ထားတယ်။ အထူးသဖြင့် ကာယကံရှင်က သဘောတူညီချက်မရှိရင် သိမ်းထားလို့မရဘူး။ သူတို့ကပြန်ချင်တာထက် အလုပ်လုပ်ချင်တာ အေဂျင်စီကိုလည်း ကျနော်တို့နဲ့ သံအရာရှိတို့ ပြောပေးတယ်။ ရလဒ်ကတော့ အလုပ်ဖြစ်မလာဘူး။ ဒီကာလမှာ လူမှုဖူလုံရေးမှာ လျှောက်ထားပေးလို့ရတယ်။ ကိုဗစ်ကာလမှာနားရင် ရာခိုင်နှုန်း ၆၂ ရာခိုင်နှုန်းရတယ်။ အလုပ်ရှင်က ဒါမျိုးတွေ လုပ်ပေးထားတယ်ဆိုရင်တော့ကိစ္စမရှိဘူး။"

ထိုင်းနိုင်ငံမှာ တရားဝင် မြန်မာအလုပ်သမား ၃,၀၀၀,၀၀၀ ထက်မနည်း အလုပ်လုပ်ကိုင်နေကြပြီး တရားမဝင် လုပ်ကိုင်နေသူ အရေအတွက်က နောက်ထပ် ၂,၀၀၀,၀၀၀ လောက်ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ကိုဗစ်ကာလအတွင်း နိုင်ငံခြားသား အလုပ်သမားတွေအပါအဝင် အလုပ်လက်မဲ့ဖြစ်သူ ၈,၀၀၀,၀၀၀ လောက် ရှိတယ်လို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနလက်အောက်ခံ အဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။

XS
SM
MD
LG