သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတင်းအကြပ် အလုပ်ခိုင်းတဲ့ မလေးရှားကုမ္ပဏီက ရာဘာလက်အိတ်တွေ အမေရိကန်တားမြစ်


မလေးရှားနိုင်ငံ Kuala Lumpur မြို့ရှိ Top Glove စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတဦး။ (ဇန်နဝါရီ ၁၁၊ ၂၀၂၀)
မလေးရှားနိုင်ငံ Kuala Lumpur မြို့ရှိ Top Glove စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတဦး။ (ဇန်နဝါရီ ၁၁၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်ပြည်ထောင်စုက ပြည်နယ်တချို့မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်ပြီး မြင့်တက်နေချိန်မှာပဲ မလေးရှားနိုင်ငံရဲ့ ကမ္ဘာ့ထိပ်တန်း ရာဘာလက်အိတ်ကုမ္ပဏီက လက်အိတ်တင်သွင်းတာတွေကို အမေရိကန်အစိုးရက တားမြစ်လိုက်ပါတယ်။

မလေးရှားနိုင်ငံက Top Glove ကော်ပိုရေးရှင်းရဲ့ ကုမ္ပဏီအခွဲ နှစ် ခုက စက်ရုံတွေမှာ အတင်းအကြပ် အလုပ်ခိုင်းစေတာတွေရှိတယ်ဆိုတဲ့ သက်သေအထောက်အထားတွေကြောင့် အဲဒီကနေ ရာဘာလက်အိပ်တင်သွင်းတာတွေကို အမေရိကန် နယ်စပ်လုံခြုံရေး နဲ့ အကောက်ခွန်ဦးစီးဌာနက ရပ်ဆိုင်းထားလိုက်ပါတယ်။

ကမ္ဘာတဝန်းအသုံးပြုနေတဲ့ တခါသုံးလက်အိတ် ၃ ပုံ ၂ ပုံလောက်ကို မလေးရှားနိုင်ငံက ထုတ်လုပ်တာဖြစ်ပါတယ်။ အဲဒီ တခါသုံးလက်အိပ်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တိုက်ဖျက်ရေးကို ရှေ့တန်းက လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ရောဂါကာကွယ်ရေးဝတ်စုံ (PPE) မှာ အရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။ Top Glove ကုမ္ပဏီတခုတည်းက တကမ္ဘာလုံးမှာ သုံးနေတဲ့ လက်အိတ် ၂၀ ရာခိုင်နှုန်းကို ထုတ်လုပ်တာဖြစ်ပါတယ်။

အတင်းအကြပ် အလုပ်ခိုင်းစေတယ်ဆိုတဲ့ အချက်တွေထဲမှာ လူတွေကို အလွန်အကျွံ အချိန်ပိုလုပ်ခိုင်းတာ၊ မှတ်ပုံတင်တွေကို ထိန်းသိမ်းထားတာ၊ လုပ်ငန်းခွင်အခြေအနေနဲ့ နေစရာနေရာတွေက အလွန်ဆိုးရွားတဲ့နေရာတွေမှာ နေထိုင်လုပ်ကိုင်နေရတာတွေ ပါဝင်ပြီး ဒါတွေကို သက်သေ အထောက်အထားတွေနဲ့ ဖော်ပြထားတာကို တွေ့ရှိရတယ်လို့ အမေရိကန် နယ်စပ်လုံခြုံရေးနဲ့ အကောက်ခွန်ဦးစီးဌာနရဲ့ ကြေငြာချက်ထဲမှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG