သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားကျပန္လာၿပီး ျမန္မာႏုိင္ငံထဲ တရားမဝင္ျပန္ဝင္သူေတြ ထိန္းသိမ္းခံရ


မေလးရွားႏိုင္ငံကေန ေနရပ္ျပန္ဖုိ႔ ႀကိဳးစားတဲ့ ျမန္မာတခ်ိဳ႕။ (ဓာတ္ပံု - FED)

[Zawgyi/Unicode]

COVID-19 ကပ္ေရာဂါကာလ အသြားအလာေတြ ကန္႔သတ္ထားခ်ိန္မွာ မေလးရွားေရာက္ ျမန္မာတခ်ဳိ႕ နယ္စပ္ေတြကုိ တရားမ၀င္ ျဖတ္ေက်ာ္ၿပီး ေနရပ္ျပန္ဖုိ႔ ႀကိဳးစားရာက ေကာ့ေသာင္းၿမိဳ႕မွာ ဖမ္းဆီးခံလုိက္ရတဲ့သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။

မေလးရွားႏုိင္ငံမွာ တရားမ၀င္ ေနထုိင္အလုပ္လုပ္ကုိင္ေနသူေတြ ကပ္ေရာဂါကာလမွာ ျမန္မာသံ႐ုံး အကူအညီနဲ႔ ေနရပ္ျပန္ဖုိ႔ ႀကိဳးစားေနေပမဲ့ အဆင္မေျပေသးဘဲ ျဖစ္ေနခ်ိန္မွာ ကုိယ့္နည္းကုိယ့္ဟန္နဲ႔ ျမန္မာႏုိင္ငံကုိ တရားမ၀င္ ျပန္လာေနၾကတာပါ။ ဒီလုိျပန္လာေနသူေတြထဲက ၁၈ ဦးကုိေတာ့ ဒီရက္ပုိင္းအတြင္းမွာပဲ ေကာ့ေသာင္းၿမိဳ႕မွာ အာဏာပုိင္ေတြက ဖမ္းဆီးမိခဲ့ေၾကာင္း ေကာ့ေသာင္းၿမိဳ႕ ပညာေရးနဲ႔ ဖြံျဖိဳးတိုးတက္ေရး ေဖာင္ေဒရွင္းရဲ႕ ပညာေပးေရးတာ၀န္ခံ ဦးမိုးေ၀က ေျပာပါတယ္။

"၃ ရက္ေလာက္ကတည္းက မေလးရွားကေန ထုိင္းကတဆင့္ျပန္လာၾကတာ မြန္ျပည္နယ္ကို သြားဖို႔ဆုိျပီး ျပန္လာၾကတယ္။ ေအးရိပ္ျငိမ္ ေရႊျပည္ေတာ္ရပ္ကြက္မွာ ႏွစ္ ေယာက္ဆင္းတယ္။ ဘုတ္ျပင္းမေရာက္ခင္မွာ ရြာမွာက ၄ ေယာက္ဆင္းတယ္၊ ၇ ေယာက္ေပါ့။ ဘုတ္ျပင္းစစ္ေဆးေရးဂိတ္မွာ ၁၂ ေယာက္မိတယ္။ ၃ လနီးပါးျဖစ္လာျပီဆိုေတာ့ အလုပ္သမားေတြက မခံႏိုင္ေတာ့ဘူး။ ရတဲ့နည္းနဲ႔ ခ်ိတ္ဆက္ျပီး လာၾကတာေပါ့။"

ကပ္ေရာဂါကာလ မေလးရွားႏုိင္ငံမွာ လုပ္ငန္းေတြ ရပ္ဆုိင္းထားရတဲ့အတြက္ ျမန္မာႏုိင္ငံသားေတြပါ အလုပ္လက္မဲ့ ျဖစ္ေနၾကရတာေၾကာင့္ တရားမ၀င္ ေနထုိင္ေနသူေတြေရာ၊တရား၀င္ အလုပ္လုပ္ကုိင္ေနသူေတြပါ ေနရပ္ျပန္လုိေၾကာင္း ျမန္မာသံ႐ုံးကုိ ဆက္သြယ္ အေၾကာင္းၾကားထားေပမဲ့လည္း မေလးရွား အစုိးရတာ၀န္ရွိသူေတြနဲ႔ ညွိႏႈိင္းေနတဲ့ကာလ ၾကာျမင့္လာတာနဲ႔အမွ် ေနထုိင္စားေသာက္ေရး အခက္ႀကံဳလာရသူေတြ လူေမွာင္ခုိေတြ အကူအညီနဲ႔ပါ ေနရပ္ျပန္ဖုိ႔ ႀကိဳးစားလာၾကတာပါ။ ကပ္ေရာဂါ ကာလမွာပဲ မေလးရွားေရာက္ ျမန္မာႏုိင္ငံသားတခ်ဳိ႕ ကိုယ့္ကုိယ္ကုိ အဆုံးစီရင္တဲ့ သတင္းေတြလည္း ထြက္ေပၚေနတာေၾကာင့္ ေနရပ္ျပန္လုိသူေတြအတြက္ ၂ ႏုိင္ငံ တာ၀န္ရွိသူေတြ အျမန္ဆုံး စီစဥ္သင့္တယ္လုိ႔လည္း ဦးမုိးေ၀က ေျပာပါတယ္။

"အစိုးရက ညိွႏိႈင္းေနဆဲဆိုတာနဲ႔တင္ မလံုေလာက္ဘူး။ ေနာက္ျပီးေစာင့္ၾကည့္ေရးစင္တာေတြ မလံုေလာက္ဘူးဆုိေတာ့လည္း မဟုတ္ဘူး။ ရြက္ဖ်င္တဲ့ေတြ၊ ေဘာလံုးကြင္းေတြလည္း အမ်ားႀကီးရွိတာပဲ အစုိးရအေနနဲ႔ လုပ္ရင္ရတာပဲ အခု မေလးရွားမွာ စာရင္းေပးထားတာ ၈,၀၀၀ ေက်ာ္ရိွေနျပီး သူတုိ႔အခြင့္အေရးေလးေတြကုိေတာ့ ဖန္တီးေပးဖို႔ လိုတယ္။ အခုကေတာ့ လက္လြတ္စပယ္ထားျပီး ေသခ်င္လည္းေသ၊ ရွင္ခ်င္လည္းရွင္ ဆုိျပီး ထားေနတဲ့ပံုစံျဖစ္ေနတယ္။ အခုေတာင္အလုပ္သမားေတြနဲ႔ တေန႔တေန႔ ခက္ခဲလာျပီး လနဲခ်ီၾကာေနျပီ။ အခုခိ်န္ထိ ျပန္မေခၚႏုိင္ေသးဘူး သူတို႔ ေတာင္းဆိုထားေလးေတြက ကူညီေပးသင့္တယ္ အခုေတာင္မွာ ၉ ေယာက္၊ ၁၀ ေယာက္ အဆံုးစီရင္တာေတြက ျဖစ္လာျပီး ဒီထက္လည္း ဆိုးရြားလာႏိုင္ဖို႔ ရွိတယ္၊ စိုးရိမ္စရာေကာင္းတယ္။"

ကပ္ေရာဂါ ကူးစက္မႈ ထိန္းခ်ဳပ္ဖုိ႔ အသြားအလာေတြ ကန္႔သတ္ထားခ်ိန္မွာ ေနရပ္ျပန္ခ်င္သူေတြ မ်ားလာတာနဲ႔အမွ် လူေမွာင္မႈေတြ ပုိမ်ားလာတယ္လုိ႔လည္း အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ အခု ဖမ္းမိခဲ့တဲ့ ျမန္မာႏုိင္ငံသား ၁၈ ေယာက္ကုိေတာ့ ေကာ့ေသာင္းၿမိဳ႕က ေစာင့္ၾကည့္ေရးစင္တာမွာ သတ္မွတ္ရက္ျပည့္ေအာင္ ေနထုိင္ၿပီး ေရာဂါကင္းရွင္းတယ္ ဆုိရင္ေတာ့ ေနရပ္ျပန္ခြင့္ရၾကမွာပါ။ ဒါေပမဲ့လည္း သူတို႔ကုိေခၚလာတဲ့ ကားသမားေတြကုိေတာ့ ေစာင့္ၾကည့္ေရးစင္တာမွာ သတ္မွတ္ရက္ျပည့္တဲ့အထိ ေနထုိင္ျပီးရင္ အာဏာပုိင္ေတြက အမႈဖြင့္အေရးယူမယ္လုိ႔လည္း ေျပာဆုိထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားကပြန်လာပြီး မြန်မာနိုင်ငံထဲ တရားမဝင်ပြန်ဝင်သူတွေ ထိန်းသိမ်းခံရ

COVID-19 ကပ်ရောဂါကာလ အသွားအလာတွေ ကန့်သတ်ထားချိန်မှာ မလေးရှားရောက် မြန်မာတချို့ နယ်စပ်တွေကို တရားမဝင် ဖြတ်ကျော်ပြီး နေရပ်ပြန်ဖို့ ကြိုးစားရာက ကော့သောင်းမြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်နေသူတွေ ကပ်ရောဂါကာလမှာ မြန်မာသံရုံး အကူအညီနဲ့ နေရပ်ပြန်ဖို့ ကြိုးစားနေပေမဲ့ အဆင်မပြေသေးဘဲ ဖြစ်နေချိန်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မြန်မာနိုင်ငံကို တရားမဝင် ပြန်လာနေကြတာပါ။ ဒီလိုပြန်လာနေသူတွေထဲက ၁၈ ဦးကိုတော့ ဒီရက်ပိုင်းအတွင်းမှာပဲ ကော့သောင်းမြို့မှာ အာဏာပိုင်တွေက ဖမ်းဆီးမိခဲ့ကြောင်း ကော့သောင်းမြို့ ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေရှင်းရဲ့ ပညာပေးရေးတာဝန်ခံ ဦးမိုးဝေက ပြောပါတယ်။

"၃ ရက်လောက်ကတည်းက မလေးရှားကနေ ထိုင်းကတဆင့်ပြန်လာကြတာ မွန်ပြည်နယ်ကို သွားဖို့ဆိုပြီး ပြန်လာကြတယ်။ အေးရိပ်ငြိမ် ရွှေပြည်တော်ရပ်ကွက်မှာ နှစ် ယောက်ဆင်းတယ်။ ဘုတ်ပြင်းမရောက်ခင်မှာ ရွာမှာက ၄ ယောက်ဆင်းတယ်၊ ၇ ယောက်ပေါ့။ ဘုတ်ပြင်းစစ်ဆေးရေးဂိတ်မှာ ၁၂ ယောက်မိတယ်။ ၃ လနီးပါးဖြစ်လာပြီဆိုတော့ အလုပ်သမားတွေက မခံနိုင်တော့ဘူး။ ရတဲ့နည်းနဲ့ ချိတ်ဆက်ပြီး လာကြတာပေါ့။"

ကပ်ရောဂါကာလ မလေးရှားနိုင်ငံမှာ လုပ်ငန်းတွေ ရပ်ဆိုင်းထားရတဲ့အတွက် မြန်မာနိုင်ငံသားတွေပါ အလုပ်လက်မဲ့ ဖြစ်နေကြရတာကြောင့် တရားမဝင် နေထိုင်နေသူတွေရော၊တရားဝင် အလုပ်လုပ်ကိုင်နေသူတွေပါ နေရပ်ပြန်လိုကြောင်း မြန်မာသံရုံးကို ဆက်သွယ် အကြောင်းကြားထားပေမဲ့လည်း မလေးရှား အစိုးရတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေတဲ့ကာလ ကြာမြင့်လာတာနဲ့အမျှ နေထိုင်စားသောက်ရေး အခက်ကြုံလာရသူတွေ လူမှောင်ခိုတွေ အကူအညီနဲ့ပါ နေရပ်ပြန်ဖို့ ကြိုးစားလာကြတာပါ။ ကပ်ရောဂါ ကာလမှာပဲ မလေးရှားရောက် မြန်မာနိုင်ငံသားတချို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် နေရပ်ပြန်လိုသူတွေအတွက် ၂ နိုင်ငံ တာဝန်ရှိသူတွေ အမြန်ဆုံး စီစဉ်သင့်တယ်လို့လည်း ဦးမိုးဝေက ပြောပါတယ်။

"အစိုးရက ညှိနှိုင်းနေဆဲဆိုတာနဲ့တင် မလုံလောက်ဘူး။ နောက်ပြီးစောင့်ကြည့်ရေးစင်တာတွေ မလုံလောက်ဘူးဆိုတော့လည်း မဟုတ်ဘူး။ ရွက်ဖျင်တဲ့တွေ၊ ဘောလုံးကွင်းတွေလည်း အများကြီးရှိတာပဲ အစိုးရအနေနဲ့ လုပ်ရင်ရတာပဲ အခု မလေးရှားမှာ စာရင်းပေးထားတာ ၈,၀၀၀ ကျော်ရှိနေပြီး သူတို့အခွင့်အရေးလေးတွေကိုတော့ ဖန်တီးပေးဖို့ လိုတယ်။ အခုကတော့ လက်လွတ်စပယ်ထားပြီး သေချင်လည်းသေ၊ ရှင်ချင်လည်းရှင် ဆိုပြီး ထားနေတဲ့ပုံစံဖြစ်နေတယ်။ အခုတောင်အလုပ်သမားတွေနဲ့ တနေ့တနေ့ ခက်ခဲလာပြီး လနဲချီကြာနေပြီ။ အခုချိန်ထိ ပြန်မခေါ်နိုင်သေးဘူး သူတို့ တောင်းဆိုထားလေးတွေက ကူညီပေးသင့်တယ် အခုတောင်မှာ ၉ ယောက်၊ ၁၀ ယောက် အဆုံးစီရင်တာတွေက ဖြစ်လာပြီး ဒီထက်လည်း ဆိုးရွားလာနိုင်ဖို့ ရှိတယ်၊ စိုးရိမ်စရာကောင်းတယ်။"

ကပ်ရောဂါ ကူးစက်မှု ထိန်းချုပ်ဖို့ အသွားအလာတွေ ကန့်သတ်ထားချိန်မှာ နေရပ်ပြန်ချင်သူတွေ များလာတာနဲ့အမျှ လူမှောင်မှုတွေ ပိုများလာတယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အခု ဖမ်းမိခဲ့တဲ့ မြန်မာနိုင်ငံသား ၁၈ ယောက်ကိုတော့ ကော့သောင်းမြို့က စောင့်ကြည့်ရေးစင်တာမှာ သတ်မှတ်ရက်ပြည့်အောင် နေထိုင်ပြီး ရောဂါကင်းရှင်းတယ် ဆိုရင်တော့ နေရပ်ပြန်ခွင့်ရကြမှာပါ။ ဒါပေမဲ့လည်း သူတို့ကိုခေါ်လာတဲ့ ကားသမားတွေကိုတော့ စောင့်ကြည့်ရေးစင်တာမှာ သတ်မှတ်ရက်ပြည့်တဲ့အထိ နေထိုင်ပြီးရင် အာဏာပိုင်တွေက အမှုဖွင့်အရေးယူမယ်လို့လည်း ပြောဆိုထားပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG