သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းဖမ္းခံထားရသူကုိကယ္ဖုိ႔ တရားမ၀င္ ၀င္လာသူ ကရင္တုိင္းရင္းသား ၂၁ ဦး ဖမ္းခံရ


ထိုင္း နယ္စပ္တခု (၂၀၂၀ ဧၿပီလ ၂ ရက္ေန႔)

(Zawgyi/Unicode)

ထုိင္းႏုိင္ငံထဲ တရားမ၀င္ ၀င္ေရာက္မႈနဲ႔ ကရင္တုိင္းရင္းသား ၂၁ ဦးကုိ ထုိင္းအာဏာပုိင္ေတြက ဖမ္းဆီးလုိက္ပါတယ္။ သူတုိ႔ဟာ ထုိင္းႏုိင္ငံမွာ ဖမ္းဆီးခံထားရတဲ့ သူတုိ႔ရြာက နတ္ဆရာရဲ႕ မိတ္ေဆြကုိ ကယ္တင္ဖုိ႔အတြက္ ထုိင္းႏုိင္ငံထဲကုိ တရားမ၀င္ ခုိး၀င္လာခဲ့ၾကတာလုိ႔ ဆုိပါတယ္။

သတင္းေပးခ်က္အရ Ban Kha ခရုိင္အတြင္းက အိမ္တအိမ္ကို လံုၿခံဳေရးအရာရွိေတြ ဝင္ေရာက္ စီးနင္းၿပီး ျမန္မာျပည္က တိုင္းရင္းသား ဝတ္စံုေတြ ဆင္တူ ဝတ္ဆင္ ထားၾကတဲ့ အဲဒီ ကရင္အမ်ိဳးသား၊ အမ်ိဳးသမီး ၂၁ ေယာက္ကိုဖမ္းဆီးၿပီး ခရုိင္ရံုးကို ေခၚေဆာင္သြားခဲ့တာလုိ႔ ဆုိပါတယ္။

သူတို႔အားလုံးကို ကိုရုိနာဗိုင္းရပ္စ္ပိုး ရွိမရွိ စစ္ေဆးထားၿပီး အေျဖကေတာ့ ဗုဒၶဟူးေန႔ေလာက္မွာ သိရမယ္လို႔ေမွ်ာ္လင့္ေၾကာင္း သက္ဆုိင္ရာ အရာရွိေတြက ေျပာပါတယ္။

လက္ေထာက္ေဒသအႀကီးအကဲ Montree Pokanit ရဲ႕ စစ္ေဆးေမးျမန္းမႈေတြအရ ဒီလူေတြက ဘုရားသုံးဆူနဲ႔ ဆန္႔က်င္ဘက္ Sangkhlaburi ခရုိင္၊ Kanchanaburi ေဒသမွာ ေနထုိင္သူေတြ ျဖစ္တယ္လုိ႔ ဆုိပါတယ္။ Ratchaburi ခရုိင္၊ Bang Pong ရဲစခန္းမွာ ဖမ္းဆီး အက်ဥ္းခ်ခံထားရတဲ့ သူ႔မိတ္ေဆြကုိ သြားကယ္ဖုိ႔ သူတုိ႔ရြာက နတ္ဆရာ Sochitrada က ေစခိုင္းခဲ့တာလုိ႔ ဆုိပါတယ္။

သူတုိ႔အေနနဲ႔ ထုိင္းႏုိင္ငံရဲ႕ ဥပေဒကုိ ခ်ဳိးေဖာက္ၿပီး ၀င္ေရာက္ခဲ့တယ္ဆုိတာ မသိခဲ့ဘူးလုိ႔ ဖမ္းခံရသူ ကရင္တုိင္းရင္းသူတဦးက သတင္းေထာက္ေတြကုိ ေျပာၾကားခဲ့ပါတယ္။

ဗုဒၶဟူးေန႔မွာ ကိုဗစ္ ၁၉ ေရာဂါရွိမရွိ ေဆးစစ္ခ်က္ထြက္လာၿပီးရင္ ထိုင္းႏိုင္ငံထဲ တရားမဝင္ ဝင္ေရာက္မႈနဲ႔ အေရးယူၿပီးတဲ့ေနာက္ သူတို႔အားလံုးကို Ban Kha ရဲဌာနကို ျပန္ပို႔မယ္ လို႔ အာဏာပုိင္ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ထိုင်းဖမ်းခံထားရသူကိုကယ်ဖို့ တရားမဝင် ဝင်လာသူ ကရင်တိုင်းရင်းသား ၂၁ ဦး ဖမ်းခံရ

(Unicode)

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ ကရင်တိုင်းရင်းသား ၂၁ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ သူတို့ဟာ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ သူတို့ရွာက နတ်ဆရာရဲ့ မိတ်ဆွေကို ကယ်တင်ဖို့အတွက် ထိုင်းနိုင်ငံထဲကို တရားမဝင် ခိုးဝင်လာခဲ့ကြတာလို့ ဆိုပါတယ်။

သတင်းပေးချက်အရ Ban Kha ခရိုင်အတွင်းက အိမ်တအိမ်ကို လုံခြုံရေးအရာရှိတွေ ဝင်ရောက် စီးနင်းပြီး မြန်မာပြည်က တိုင်းရင်းသား ဝတ်စုံတွေ ဆင်တူ ဝတ်ဆင် ထားကြတဲ့ အဲဒီ ကရင်အမျိုးသား၊ အမျိုးသမီး ၂၁ ယောက်ကိုဖမ်းဆီးပြီး ခရိုင်ရုံးကို ခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။



သူတို့အားလုံးကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးထားပြီး အဖြေကတော့ ဗုဒ္ဓဟူးနေ့လောက်မှာ သိရမယ်လို့မျှော်လင့်ကြောင်း သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

လက်ထောက်ဒေသအကြီးအကဲ Montree Pokanit ရဲ့ စစ်ဆေးမေးမြန်းမှုတွေအရ ဒီလူတွေက ဘုရားသုံးဆူနဲ့ ဆန့်ကျင်ဘက် Sangkhlaburi ခရိုင်၊ Kanchanaburi ဒေသမှာ နေထိုင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ Ratchaburi ခရိုင်၊ Bang Pong ရဲစခန်းမှာ ဖမ်းဆီး အကျဉ်းချခံထားရတဲ့ သူ့မိတ်ဆွေကို သွားကယ်ဖို့ သူတို့ရွာက နတ်ဆရာ Sochitrada က စေခိုင်းခဲ့တာလို့ ဆိုပါတယ်။

သူတို့အနေနဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်ပြီး ဝင်ရောက်ခဲ့တယ်ဆိုတာ မသိခဲ့ဘူးလို့ ဖမ်းခံရသူ ကရင်တိုင်းရင်းသူတဦးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ကိုဗစ် ၁၉ ရောဂါရှိမရှိ ဆေးစစ်ချက်ထွက်လာပြီးရင် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူပြီးတဲ့နောက် သူတို့အားလုံးကို Ban Kha ရဲဌာနကို ပြန်ပို့မယ် လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG