သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ မေလးရွားမွာ အဆံုးစီရင္တဲ့ ျမန္မာႏုိင္ငံသား ပိုတိုးလာ


မေလးရွားႏုိင္ငံ ဂ်ဳိဟုိးမွာျပဳလုပ္တဲ့ ၁၁ ဦးေျမာက္ အဆုံးစီရင္သူရဲ႕ စ်ာပန အခမ္းအနား။ (ဇူလုိင္ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

မေလးရွားႏိုင္ငံမွာ ေရာက္ေနတဲ့ ျမန္မာႏုိင္ငံသားေတြထဲက ကိုဗစ္ကာလအတြင္း အဆံုးစီရင္သူ ပိုတိုးလာေနပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအ ျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

မေလးရွားႏိုင္ငံမွာ ကုိဗစ္ အေရးေပၚကာလအတြင္း ျမန္မာ ေရႊ႕ေျပာင္းအလုပ္သမားေတြ မိမိကုိယ္ကုိ အဆံုးစီရင္မႈေတြက ခတ္စိတ္စိတ္ ျဖစ္လာတာပါ။ တလေက်ာ္အတြင္းမွာ ၁၁ မႈရွိသြားၿပီျဖစ္ေၾကာင္း မေလးရွားႏုိင္ငံ ျမန္မာသံ႐ုံးက အလုပ္သမား သံအရာရွိ ဦးေအာင္ေဇာ္မင္းက အခုလိုေျပာျပပါတယ္။

“၁၁ ေယာက္တဲ့၊ ဂ်ိဳဟုိးမွာက အမႈ ၂ မႈ ျဖစ္သြားတာေပါ့။ စိတ္ဖိစီးမႈေတြလည္း ပါတာေပါ့။ ၁၁ မႈေပါ့။ တရား၀င္က ၂ ေယာက္။ ဒီအခ်ိန္ကေတာ့ မွန္တာေျပာရရင္ စိတ္ဓာတ္ႀကံ့ခုိင္ေနဖို႔ လိုတယ္။ ဒီေန႔ တေလာင္းကိုေတာ့ အစ္ကုိႀကီးစန္း၀င္းတို႔အဖဲြ႔ ျမန္မာလူမႈကူညီမႈအသင္း- မေလးရွားက သၿဂႋဳဟ္မယ္။ ေနာက္တေလာင္းကုိေတာ့ ဂ်ိဳဟုိးၿမိဳ႕ ပရဟိတအဖဲြ႔ေတြက သၿဂႋဳဟ္ၾကမယ္။”

၁၁ ေယာက္ေျမာက္ မိမိကုိယ္ကုိ အဆံုးစီရင္သူက ပဲခူးတုိင္းကျဖစ္ၿပီး သူကေတာ့ မေလးရွားႏိုင္ငံ ဂ်ိဳဟုိးၿမိဳ႕မွာ တရား၀င္ အလုပ္လုပ္ေနသူ ျဖစ္ပါတယ္။

ဇူလိုင္လ ၁၈ ရက္ေန႔က ၁၁ ေယာက္ေျမာက္ အဆံုးစီရင္သူရဲ႕ စ်ာပနကို မေလးရွားေရာက္ ျမန္မာလူမႈကူညီေရးအသင္းနဲ႔ ဂ်ိဳဟုိးၿမိဳ႕က ပရဟိတအဖဲြ႔ေတြ စုေပါင္းၿပီး ကူညီလုပ္ေဆာင္ၾကတာပါ။

မေလးရွားမွာ ျမန္မာအလုပ္သမားေတြ အခက္အခဲ ႀကံဳတဲ့အခါမွာ မေလးရွားေရာက္ အလုပ္သမား သံအရာရွိေတြကေတာ့ သက္ဆိုင္ရာ ပရဟိတအဖဲြ႔ေတြနဲ႔ ခ်ိတ္ဆက္ၿပီး ကူညီေဆာင္ရြက္မႈေတြ ရွိေပမယ့္ ျမန္မာအလုပ္သမားေတြ ေသဆံုးတဲ့အခါမွာ ကြာလာလမ္ပူမွာရွိတဲ့ ျမန္မာသံ႐ုံးႀကီးကေန ႐ုံးစာထုတ္ေပးဖို႔အတြက္ ၾကန္႔ၾကာမႈ ရွိတာေၾကာင့္ နယ္ၿမိဳ႕ေတြကလာတဲ့ ပရဟိတအဖဲြ႔ေတြအတြက္ အခက္အခဲႀကံဳရေၾကာင္း ဂ်ိဳဟုိးၿမိဳ႕ ထြန္းသစ္စ ပရဟိတအဖဲြ႔ ဥကၠ႒ ဦးထြန္းထြန္းက အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ဘက္က ႀကံဳရတာက လူတေယာက္ေသၿပီဆုိရင္ ခြင့္ျပဳခ်က္ ႐ုံးစာထုတ္ေပးရၿပီဆိုရင္ သံ႐ုံးက စာကုိ ေရွာေရွာ႐ွဴ႐ွဴ မေပးဘူး။ လူတေယာက္ ေသဆံုးၿပီဆုိရင္ သူ႔႐ုပ္အေလာင္းကို ေကာင္းေကာင္းမြန္မြန္ လုပ္ေပးဖို႔ပဲရွိတယ္။ သူ႔မိသားစုေတြ အေနနဲ႔လည္း စိတ္မေကာင္းေပမယ့္ စ်ာပန ေရွာေရွာ႐ွဴ႐ွဴ ၿပီးသြားရင္ အဆင္ေျပတာေပါ့။ ႐ုံးစာထုတ္ဖုိ႔ကို က်ေနာ္တို႔ ညသန္းေခါင္ မနက္ ၂ နာရီေလာက္ ဂ်ဳိဟိုးကေန ကြာလာလမ္ပူကုိ ဆင္းရတယ္။ မနက္ေစာေစာ ၇ နာရီ၀န္းက်င္ ေရာက္တယ္။ အဲဒီမွာ ကားေတြကလည္း အလုပ္သမားေတြ အလုပ္ဆင္းခ်ိန္ဆို လူသြားလူလာမ်ားၿပီး ကားေတြပိတ္ဆို႔ေနၿပီျဖစ္ေတာ့ ေစာေစာသြားရတယ္။

“မနက္ခင္းေရာက္ၿပီဆုိရင္ သံ႐ုံးကုိ စာတင္လုိက္ၿပီ။ အဲဒါကို သံ႐ုံးက စာကို ေစာေစာထုတ္မေပးဘူး။ ညေနပိုင္း ၆ နာရီေလာက္မွ ေပးတယ္။ ၆ နာရီမွ စာရေတာ့ ကြာလာလမ္ပူမွာလည္း အလုပ္သမားေတြ အလုပ္ျပန္ခ်ိန္ဆိုေတာ့ ကားပိတ္ဆုိ႔မႈေတြ ျဖစ္ျပန္တယ္။ ဒိီေတာ့ က်ေနာ္တုိ႔ဟာ ကုိယ့္ၿမိဳ႕ ကိုယ္ျပန္ေရာက္ခ်ိန္က ည ၁၂ နာရီေလာက္မွ ျပန္ေရာက္တယ္။ မနက္ခင္းကတည္းက စာတင္တယ္၊ ေန႔လယ္ ၁၂ နာရီေလာက္ ထုတ္ေပးမယ္ဆိုရင္ က်ေနာ္တုိ႔လည္း ညေနမေစာင္းခင္ ကုိယ့္ၿမိဳ႕ ကုိယ္ျပန္ေရာက္တာေပါ့။”

အခုဆိုရင္ ဂ်ဳိဟုိးၿမိဳ႕မွာ မိမိကိုယ္ကုိ အဆံုးစီရင္တဲ့ ျမန္မာႏိုင္ငံသား ၃ ဦးထိ ရွိပါတယ္။

မေလးရွားႏိုင္ငံမွာ ျမန္မာႏုိင္ငံက ေရႊ႕ေျပာင္းအလုပ္သမား ၅ သိန္းခဲြေက်ာ္ေလာက္ အလုပ္လုပ္ကုိင္ေနၿပီး တရား၀င္ေနထုိင္ အလုပ္လုပ္ကုိင္ခြင့္မရွိသူ ၂ သိန္းခဲြေလာက္ ရွိမယ္လုိ႔လည္း ခန္႔မွန္းထားပါတယ္။

ကပ္ေရာဂါႀကံဳေနရတဲ့ မေလးရွားႏုိင္ငံမွာ လုပ္ငန္းေတြ ေတာ္ေတာ္မ်ားမ်ား ရပ္နားထားရတဲ့အတြက္ ျမန္မာအလုပ္သမား အမ်ားအျပား အလုပ္လက္မဲ့ ျဖစ္ေနရသလုိ တရားမ၀င္ ေနထုိင္သူေတြကုိ ဖမ္းဆီးမႈေတြနဲ႔လည္း ရင္ဆုိင္ေနရခ်ိန္မွာ ကုိယ့္ကုိယ္ကုိယ္ အဆုံးစီရင္တဲ့ သတင္းေတြလည္း ထြက္ေနတာပါ။

လတ္တေလာမွာေတာ့ တရား၀င္ေနထုိင္ခြင့္ အေထာက္အထား မရွိသူ ျမန္မာႏုိင္ငံသားေတြထဲက ေနရပ္ျပန္လုိေၾကာင္း စာရင္းေပးထားသူ ၇,၀၀၀ ေက်ာ္ေလာက္ရွိတယ္လုိ႔လည္း ျမန္မာႏုိင္ငံျခားေရး၀န္ႀကီးဌာနက ေျပာဆုိထားပါတယ္။ တရားမ၀င္ ျမန္မာေတြ ေနရပ္ျပန္ေရး ေလာေလာဆယ္ေတာ့ မေလးရွားအာဏာပုိင္ေတြနဲ႔ ညိႇႏႈိင္းေနဆဲပဲလို႔ ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

ကိုဗစ်ကာလ မလေးရှားမှာ အဆုံးစီရင်တဲ့ မြန်မာနိုင်ငံသား ပိုတိုးလာ

မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေထဲက ကိုဗစ်ကာလအတွင်း အဆုံးစီရင်သူ ပိုတိုးလာနေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံမှာ ကိုဗစ် အရေးပေါ်ကာလအတွင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ မိမိကိုယ်ကို အဆုံးစီရင်မှုတွေက ခတ်စိတ်စိတ် ဖြစ်လာတာပါ။ တလကျော်အတွင်းမှာ ၁၁ မှုရှိသွားပြီဖြစ်ကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးအောင်ဇော်မင်းက အခုလိုပြောပြပါတယ်။

“၁၁ ယောက်တဲ့၊ ဂျိုဟိုးမှာက အမှု ၂ မှု ဖြစ်သွားတာပေါ့။ စိတ်ဖိစီးမှုတွေလည်း ပါတာပေါ့။ ၁၁ မှုပေါ့။ တရားဝင်က ၂ ယောက်။ ဒီအချိန်ကတော့ မှန်တာပြောရရင် စိတ်ဓာတ်ကြံ့ခိုင်နေဖို့ လိုတယ်။ ဒီနေ့ တလောင်းကိုတော့ အစ်ကိုကြီးစန်းဝင်းတို့အဖွဲ့ မြန်မာလူမှုကူညီမှုအသင်း- မလေးရှားက သင်္ဂြိုဟ်မယ်။ နောက်တလောင်းကိုတော့ ဂျိုဟိုးမြို့ ပရဟိတအဖွဲ့တွေက သင်္ဂြိုဟ်ကြမယ်။”

၁၁ ယောက်မြောက် မိမိကိုယ်ကို အဆုံးစီရင်သူက ပဲခူးတိုင်းကဖြစ်ပြီး သူကတော့ မလေးရှားနိုင်ငံ ဂျိုဟိုးမြို့မှာ တရားဝင် အလုပ်လုပ်နေသူ ဖြစ်ပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့က ၁၁ ယောက်မြောက် အဆုံးစီရင်သူရဲ့ ဈာပနကို မလေးရှားရောက် မြန်မာလူမှုကူညီရေးအသင်းနဲ့ ဂျိုဟိုးမြို့က ပရဟိတအဖွဲ့တွေ စုပေါင်းပြီး ကူညီလုပ်ဆောင်ကြတာပါ။

မလေးရှားမှာ မြန်မာအလုပ်သမားတွေ အခက်အခဲ ကြုံတဲ့အခါမှာ မလေးရှားရောက် အလုပ်သမား သံအရာရှိတွေကတော့ သက်ဆိုင်ရာ ပရဟိတအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ကူညီဆောင်ရွက်မှုတွေ ရှိပေမယ့် မြန်မာအလုပ်သမားတွေ သေဆုံးတဲ့အခါမှာ ကွာလာလမ်ပူမှာရှိတဲ့ မြန်မာသံရုံးကြီးကနေ ရုံးစာထုတ်ပေးဖို့အတွက် ကြန့်ကြာမှု ရှိတာကြောင့် နယ်မြို့တွေကလာတဲ့ ပရဟိတအဖွဲ့တွေအတွက် အခက်အခဲကြုံရကြောင်း ဂျိုဟိုးမြို့ ထွန်းသစ်စ ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းက အခုလိုပြောပါတယ်။

“ကျနော်တို့ဘက်က ကြုံရတာက လူတယောက်သေပြီဆိုရင် ခွင့်ပြုချက် ရုံးစာထုတ်ပေးရပြီဆိုရင် သံရုံးက စာကို ရှောရှောရှူရှူ မပေးဘူး။ လူတယောက် သေဆုံးပြီဆိုရင် သူ့ရုပ်အလောင်းကို ကောင်းကောင်းမွန်မွန် လုပ်ပေးဖို့ပဲရှိတယ်။ သူ့မိသားစုတွေ အနေနဲ့လည်း စိတ်မကောင်းပေမယ့် ဈာပန ရှောရှောရှူရှူ ပြီးသွားရင် အဆင်ပြေတာပေါ့။ ရုံးစာထုတ်ဖို့ကို ကျနော်တို့ ညသန်းခေါင် မနက် ၂ နာရီလောက် ဂျိုဟိုးကနေ ကွာလာလမ်ပူကို ဆင်းရတယ်။ မနက်စောစော ၇ နာရီဝန်းကျင် ရောက်တယ်။ အဲဒီမှာ ကားတွေကလည်း အလုပ်သမားတွေ အလုပ်ဆင်းချိန်ဆို လူသွားလူလာများပြီး ကားတွေပိတ်ဆို့နေပြီဖြစ်တော့ စောစောသွားရတယ်။

“မနက်ခင်းရောက်ပြီဆိုရင် သံရုံးကို စာတင်လိုက်ပြီ။ အဲဒါကို သံရုံးက စာကို စောစောထုတ်မပေးဘူး။ ညနေပိုင်း ၆ နာရီလောက်မှ ပေးတယ်။ ၆ နာရီမှ စာရတော့ ကွာလာလမ်ပူမှာလည်း အလုပ်သမားတွေ အလုပ်ပြန်ချိန်ဆိုတော့ ကားပိတ်ဆို့မှုတွေ ဖြစ်ပြန်တယ်။ ဒီတော့ ကျနော်တို့ဟာ ကိုယ့်မြို့ ကိုယ်ပြန်ရောက်ချိန်က ည ၁၂ နာရီလောက်မှ ပြန်ရောက်တယ်။ မနက်ခင်းကတည်းက စာတင်တယ်၊ နေ့လယ် ၁၂ နာရီလောက် ထုတ်ပေးမယ်ဆိုရင် ကျနော်တို့လည်း ညနေမစောင်းခင် ကိုယ့်မြို့ ကိုယ်ပြန်ရောက်တာပေါ့။”

အခုဆိုရင် ဂျိုဟိုးမြို့မှာ မိမိကိုယ်ကို အဆုံးစီရင်တဲ့ မြန်မာနိုင်ငံသား ၃ ဦးထိ ရှိပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား ၅ သိန်းခွဲကျော်လောက် အလုပ်လုပ်ကိုင်နေပြီး တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်မရှိသူ ၂ သိန်းခွဲလောက် ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။

ကပ်ရောဂါကြုံနေရတဲ့ မလေးရှားနိုင်ငံမှာ လုပ်ငန်းတွေ တော်တော်များများ ရပ်နားထားရတဲ့အတွက် မြန်မာအလုပ်သမား အများအပြား အလုပ်လက်မဲ့ ဖြစ်နေရသလို တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးမှုတွေနဲ့လည်း ရင်ဆိုင်နေရချိန်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့ သတင်းတွေလည်း ထွက်နေတာပါ။

လတ်တလောမှာတော့ တရားဝင်နေထိုင်ခွင့် အထောက်အထား မရှိသူ မြန်မာနိုင်ငံသားတွေထဲက နေရပ်ပြန်လိုကြောင်း စာရင်းပေးထားသူ ၇,၀၀၀ ကျော်လောက်ရှိတယ်လို့လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။ တရားမဝင် မြန်မာတွေ နေရပ်ပြန်ရေး လောလောဆယ်တော့ မလေးရှားအာဏာပိုင်တွေနဲ့ ညှိနှိုင်းနေဆဲပဲလို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG