သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေၾကာင့္ ျမန္မာ့အထည္ခ်ဳပ္လုပ္သား ၈ သိန္းေလာက္ ထိခုိက္ႏုိင္


(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါေၾကာင့္ျဖစ္လာတဲ့ ကမာၻ႔စီးပြားေရးက်ဆင္းမႈက ျမန္မာျပည္တြင္းမွာရွိတဲ့ အထည္လိပ္နဲ႔ အထည္ခ်ဳပ္လုပ္ငန္းေတြက အလုပ္သမား ၈ သိန္းေလာက္အထိ ထိခိုက္ႏုိင္တယ္လို႔ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႕ ILO က သတိေပးလုိက္တဲ့အေၾကာင္း ကိုေဇာ္ထထက္ ေျပာျပပါမယ္။

ကပ္ေရာဂါေၾကာင့္ စီးပြားေရးလုပ္ငန္းေတြ ထိခုိက္ေနတဲ့ အထဲမွာ ျပည္တြင္းအထည္ခ်ဳပ္ လုပ္ငန္းေတြက အလုပ္သမား ၆ သိန္း ကေန ၇၉၀၀၀၀ ေလာက္ကုိ ထိခုိက္ႏုိင္တယ္ လုိ႔ ILO ရဲ႕ ဒီသီတင္းပတ္ထုတ္ျပန္တဲ့ အစီရင္ခံစာက ေဖာ္ျပလုိက္တာပါ။

ကပ္ေရာဂါေၾကာင့္ ျမန္မာႏုိင္ငံမွာ အလုပ္သမားေတြ ထိခုိက္နစ္နာမႈေတြ၊ အလုပ္အကုိင္ လက္လြတ္ဆုံး႐ႈံးမႈေတြဟာ ႀကီးမားႏုိင္ေၾကာင္း ILO နဲ႔လက္တြဲေဆာင္႐ြက္ေနတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမား ပညာေပးစင္တာ ေျပာေရးဆိုခြင့္ရွိသူ ဦးမိုးေဝက ေျပာပါတယ္။

“အရင္ကထက္စာရင္ က်ေနာ္တို႔က ၅၀ ရာခိုင္ႏႈန္း ေလာက္ေလ်ာ့က်သြားတယ္။ အဲဒါေတြက က်ေနာ္တို႔ရဲ႕ စိန္ေခၚမႈေတြ၊ က်ေနာ္တို႔ရဲ႕ အလုပ္သမားေတြကို ဖိအားေတြျဖစ္လာတယ္။ က်ေနာ္တို႔က ကြင္းဆင္းၿပီးေကာက္တဲ့ data မျဖစ္တဲ့အတြက္ က်ေနာ္တို႔က စက္႐ုံအလုပ္႐ုံက ထြက္လာတဲ့ အခ်က္အလက္ေတြကို မူတည္ၿပီး က်ေနာ္တို႔သြားေနရတယ္။ ဒါေပမဲ့လည္း ဒီထက္မက က်ေနာ္တို႔မွာ ဆုံးရႈံးႏိုင္တဲ့အေနအထား ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။”

ILO ထုတ္ျပန္ခ်က္မွာေတာ့ ကုန္ၾကမ္းျပတ္လပ္တာ၊ ျပည္ပက ကုန္အမွာေတြမရတာ၊ နယ္စပ္အ၀င္အထြက္ေတြမွာ ပိတ္ပင္ကန္႔သတ္မႈေတြရဲ႕ အက်ဳိးဆက္အျဖစ္ လုပ္ငန္းေတြ ေလွ်ာ့ခ်ထားရတဲ့အတြက္ အလုပ္သမားေတြ ထိခုိက္နစ္နာေနရတာကုိလည္း ေဖာ္ျပထားပါတယ္။

အေမရိကန္ ႏုိင္ငံတကာ အကူအညီေပးေရး ေအဂ်င္စီ USAID ကေတာ့ ကပ္ေရာဂါႀကံဳေနရတဲ့ ျမန္မာႏုိင္ငံမွာ ျပန္လည္အသုံးျပဳႏုိင္တဲ့ ႏွာေခါင္းစည္း ၁.၂ သန္း ထုတ္လုပ္ၿပီး အလုပ္အကုိင္ အခြင့္အလန္း ရရွိေအာင္ ဖန္တီးဖုိ႔ အပါအ၀င္ ေဒၚလာ ၂၅သန္းခဲြ အကူအညီေပးေရး အစီအစဥ္ကုိ အလွဴရွင္ေတြနဲ႔အတူ ပူးတဲြအေကာင္အထည္ ေဖာ္ေနေၾကာင္း ဒီသီတင္းပတ္ထဲမွာပဲ သတင္းထုတ္ျပန္ ထားပါတယ္။

အေမရိကန္နဲ႔ ဥေရာပသမဂၢ EU လို ႏိုင္ငံတကာအဖြဲ႕အစည္းေတြက အထည္ခ်ဳပ္လုပ္သားေတြကို ေငြေၾကးအပါအ၀င္ ကူညီေထာက္ပံ့တဲ့ အစီအစဥ္ေတြ ရွိေနေပမဲ့လည္း လုံေလာက္မႈမရွိေၾကာင္း ေသြးစည္းညီၫြတ္ေသာသမဂၢမ်ားအဖြဲ႕ခ်ဳပ္ STUM ရဲ႕ ေျပာခြင့္ရ ေဒၚမ်ိဳးေအးက ေျပာပါတယ္။

“ EU က ေထာက္ပံ့တယ္ဆိုတာက amount နဲ႔တြက္လို႔ရွိရင္ေတာ့ ဟုတ္တာေပါ့ အမ်ားႀကီးေပါ့။ ဒါေပမယ့္ လူတေယာက္ ( က်ပ္)၇၅၀၀၀ ဆိုတဲ့ ေငြေပါ့ေနာ္၊ အဲေလာက္ကက်ေတာ့ အလုပ္သမားတေယာက္အေနနဲ႔က cover မျဖစ္ဘူး။ တဘက္မွာလည္း က်မတို႔ကSave the Children နဲ႔ခ်ိတ္ၿပီးေတာ့ ၁၂၀၀၀၀ ဆိုတာကို support ( ေထာက္ပံ့) ေပးတယ္။ ဒါလည္း အဲဒီလိုပဲ မရတဲ့သူေတြရွိတယ္။ အဲဒီေတာ့ က်မက အစိုးရကို တစိုက္တမတ္ေတာင္းဆိုလာခဲ့တာ လူမႈဖူလုံေရးမွာ အစိုးရအေနနဲ႔ ဒါကို အခုအခ်ိန္မွာ က်င့္သုံးသင့္တယ္၊ ေပးသင့္တယ္ေပါ့။”

အစိုးရဘက္ကေတာ့ အလုပ္ရွင္နဲ႔ အလုပ္သမားရဲ႕ လူမႈဖူလုံေၾကးထည့္သြင္းေငြကေန ေထာက္ပံ့ေၾကး ျပန္ေပးဖို႔ လက္ရွိအေျခအေနထိ ျငင္းဆိုေနတုန္းလို႔ သူကေျပာပါတယ္။

အိမ္နီးခ်င္းထိုင္းႏိုင္ငံကလည္း ကပ္ေရာဂါကာကြယ္ေရး အစီအမံေတြ ျမန္ျမန္လုပ္ေဆာင္ခဲ့ၿပီး သူ႔ႏိုင္ငံတြင္းက ျမန္မာ၊ လာအို၊ ကေမာၻဒီးယား ေ႐ြ႕ေျပာင္းလုပ္သား စုစုေပါင္း ၁ သိန္း ဝန္းက်င္ေလာက္ကို ေနရပ္ျပန္ဖို႔ တြန္းအားေပးခဲ့ပါတယ္။ ေနရပ္ျပန္လာတဲ့ ျမန္မာေ႐ႊ႕ေျပာင္း လုပ္သားေတြရွိေနတုန္းျဖစ္ၿပီး ဒီအေျခအေနက ျပည္တြင္း GDP ရဲ႕၄.၃ ရာခိုင္ႏႈန္း ( အေမရိကန္ေဒၚလာ ၂.၈ ဘီလီယံ) ေလာက္ရွိတဲ့ ဝင္ေငြပမာဏ ေလ်ာ့က် သြားႏိုင္တယ္လို႔ ILO ကတြက္ခ်က္ထားတာပါ။

ၿပီးခဲ့တဲ့ႏွစ္က ျမန္မာ့စီးပြားေရးတိုးတက္ႏႈန္း ၆.၅ ရာခိုင္ႏႈန္းရွိေပမဲ့ အခု ၂၀၂၀ မွာ ၁.၈ ရာခိုင္ႏႈန္းပဲရွိမယ္လို႔ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕ IMF ကခန႔္မွန္းထားပါတယ္။

ILO ရဲ႕ ထုတ္ျပန္ခ်က္မွာ ကပ္ေရာဂါသက္ေရာက္မႈနဲ႔ အက်ိဳးဆက္က ျပည္တြင္း အလုပ္အကိုင္ေပါင္း ၆.၉ သန္းကေန ၇.၃ သန္းအထိ သက္ေရာက္လိမ့္မယ္လို႔ ေရးသားထားပါတယ္။ ဒီထဲမွာ ကုန္ထုတ္လုပ္ငန္း၊ စိုက္ပ်ိဳးေရး၊ လက္လီလက္ကားေရာင္းဝယ္ေရးနဲ႔ ေဆာက္လုပ္ေရး၊ ပို႔ေဆာင္ဆက္သြယ္ေရး ဒါေတြက အဓိကပါဝင္တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ကိုဗစ်ကြောင့် မြန်မာ့အထည်ချုပ်လုပ်သား ၈ သိန်းလောက် ထိခိုက်နိုင်

(Unicode)

COVID-19 ကပ်ရောဂါကြောင့်ဖြစ်လာတဲ့ ကမ္ဘာ့စီးပွားရေးကျဆင်းမှုက မြန်မာပြည်တွင်းမှာရှိတဲ့ အထည်လိပ်နဲ့ အထည်ချုပ်လုပ်ငန်းတွေက အလုပ်သမား ၈ သိန်းလောက်အထိ ထိခိုက်နိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO က သတိပေးလိုက်တဲ့အကြောင်း ကိုဇော်ထထက် ပြောပြပါမယ်။

ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နေတဲ့ အထဲမှာ ပြည်တွင်းအထည်ချုပ် လုပ်ငန်းတွေက အလုပ်သမား ၆ သိန်း ကနေ ၇၉၀၀၀၀ လောက်ကို ထိခိုက်နိုင်တယ် လို့ ILO ရဲ့ ဒီသီတင်းပတ်ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြလိုက်တာပါ။

ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ အလုပ်သမားတွေ ထိခိုက်နစ်နာမှုတွေ၊ အလုပ်အကိုင် လက်လွတ်ဆုံးရှုံးမှုတွေဟာ ကြီးမားနိုင်ကြောင်း ILO နဲ့လက်တွဲဆောင်ရွက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ပညာပေးစင်တာ ပြောရေးဆိုခွင့်ရှိသူ ဦးမိုးဝေက ပြောပါတယ်။

“အရင်ကထက်စာရင် ကျနော်တို့က ၅၀ ရာခိုင်နှုန်း လောက်လျော့ကျသွားတယ်။ အဲဒါတွေက ကျနော်တို့ရဲ့ စိန်ခေါ်မှုတွေ၊ ကျနော်တို့ရဲ့ အလုပ်သမားတွေကို ဖိအားတွေဖြစ်လာတယ်။ ကျနော်တို့က ကွင်းဆင်းပြီးကောက်တဲ့ data မဖြစ်တဲ့အတွက် ကျနော်တို့က စက်ရုံအလုပ်ရုံက ထွက်လာတဲ့ အချက်အလက်တွေကို မူတည်ပြီး ကျနော်တို့သွားနေရတယ်။ ဒါပေမဲ့လည်း ဒီထက်မက ကျနော်တို့မှာ ဆုံးရှုံးနိုင်တဲ့အနေအထား ဖြစ်ကောင်းဖြစ်နိုင်တယ်။”

ILO ထုတ်ပြန်ချက်မှာတော့ ကုန်ကြမ်းပြတ်လပ်တာ၊ ပြည်ပက ကုန်အမှာတွေမရတာ၊ နယ်စပ်အဝင်အထွက်တွေမှာ ပိတ်ပင်ကန့်သတ်မှုတွေရဲ့ အကျိုးဆက်အဖြစ် လုပ်ငန်းတွေ လျှော့ချထားရတဲ့အတွက် အလုပ်သမားတွေ ထိခိုက်နစ်နာနေရတာကိုလည်း ဖော်ပြထားပါတယ်။

အမေရိကန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ USAID ကတော့ ကပ်ရောဂါကြုံနေရတဲ့ မြန်မာနိုင်ငံမှာ ပြန်လည်အသုံးပြုနိုင်တဲ့ နှာခေါင်းစည်း ၁.၂ သန်း ထုတ်လုပ်ပြီး အလုပ်အကိုင် အခွင့်အလန်း ရရှိအောင် ဖန်တီးဖို့ အပါအဝင် ဒေါ်လာ ၂၅သန်းခွဲ အကူအညီပေးရေး အစီအစဉ်ကို အလှူရှင်တွေနဲ့အတူ ပူးတွဲအကောင်အထည် ဖော်နေကြောင်း ဒီသီတင်းပတ်ထဲမှာပဲ သတင်းထုတ်ပြန် ထားပါတယ်။

အမေရိကန်နဲ့ ဥရောပသမဂ္ဂ EU လို နိုင်ငံတကာအဖွဲ့အစည်းတွေက အထည်ချုပ်လုပ်သားတွေကို ငွေကြေးအပါအဝင် ကူညီထောက်ပံ့တဲ့ အစီအစဉ်တွေ ရှိနေပေမဲ့လည်း လုံလောက်မှုမရှိကြောင်း သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် STUM ရဲ့ ပြောခွင့်ရ ဒေါ်မျိုးအေးက ပြောပါတယ်။

“ EU က ထောက်ပံ့တယ်ဆိုတာက amount နဲ့တွက်လို့ရှိရင်တော့ ဟုတ်တာပေါ့ အများကြီးပေါ့။ ဒါပေမယ့် လူတယောက် ( ကျပ်)၇၅၀၀၀ ဆိုတဲ့ ငွေပေါ့နော်၊ အဲလောက်ကကျတော့ အလုပ်သမားတယောက်အနေနဲ့က cover မဖြစ်ဘူး။ တဘက်မှာလည်း ကျမတို့ကSave the Children နဲ့ချိတ်ပြီးတော့ ၁၂၀၀၀၀ ဆိုတာကို support ( ထောက်ပံ့) ပေးတယ်။ ဒါလည်း အဲဒီလိုပဲ မရတဲ့သူတွေရှိတယ်။ အဲဒီတော့ ကျမက အစိုးရကို တစိုက်တမတ်တောင်းဆိုလာခဲ့တာ လူမှုဖူလုံရေးမှာ အစိုးရအနေနဲ့ ဒါကို အခုအချိန်မှာ ကျင့်သုံးသင့်တယ်၊ ပေးသင့်တယ်ပေါ့။”

အစိုးရဘက်ကတော့ အလုပ်ရှင်နဲ့ အလုပ်သမားရဲ့ လူမှုဖူလုံကြေးထည့်သွင်းငွေကနေ ထောက်ပံ့ကြေး ပြန်ပေးဖို့ လက်ရှိအခြေအနေထိ ငြင်းဆိုနေတုန်းလို့ သူကပြောပါတယ်။

အိမ်နီးချင်းထိုင်းနိုင်ငံကလည်း ကပ်ရောဂါကာကွယ်ရေး အစီအမံတွေ မြန်မြန်လုပ်ဆောင်ခဲ့ပြီး သူ့နိုင်ငံတွင်းက မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ရွေ့ပြောင်းလုပ်သား စုစုပေါင်း ၁ သိန်း ဝန်းကျင်လောက်ကို နေရပ်ပြန်ဖို့ တွန်းအားပေးခဲ့ပါတယ်။ နေရပ်ပြန်လာတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေရှိနေတုန်းဖြစ်ပြီး ဒီအခြေအနေက ပြည်တွင်း GDP ရဲ့၄.၃ ရာခိုင်နှုန်း ( အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံ) လောက်ရှိတဲ့ ဝင်ငွေပမာဏ လျော့ကျ သွားနိုင်တယ်လို့ ILO ကတွက်ချက်ထားတာပါ။

ပြီးခဲ့တဲ့နှစ်က မြန်မာ့စီးပွားရေးတိုးတက်နှုန်း ၆.၅ ရာခိုင်နှုန်းရှိပေမဲ့ အခု ၂၀၂၀ မှာ ၁.၈ ရာခိုင်နှုန်းပဲရှိမယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကခန့်မှန်းထားပါတယ်။

ILO ရဲ့ ထုတ်ပြန်ချက်မှာ ကပ်ရောဂါသက်ရောက်မှုနဲ့ အကျိုးဆက်က ပြည်တွင်း အလုပ်အကိုင်ပေါင်း ၆.၉ သန်းကနေ ၇.၃ သန်းအထိ သက်ရောက်လိမ့်မယ်လို့ ရေးသားထားပါတယ်။ ဒီထဲမှာ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ လက်လီလက်ကားရောင်းဝယ်ရေးနဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး ဒါတွေက အဓိကပါဝင်တာဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG