သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥေရာပက အမွာကုန္ေတြမရလုိ႔ အထည္ခ်ဳပ္လုပ္ငန္းျပန္ဦးေမာ့ဖုိ႔ မျဖစ္ႏုိင္ေသး


(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါေၾကာင့္ ကုန္ထုတ္လုပ္မႈေတြကုိ ထိခုိက္လာေနခ်ိန္မွာ ျပည္ပတင္ပို႔မႈအေပၚ အဓိက မွီခုိေနရတဲ့ ျမန္မာႏုိင္ငံက အထည္ခ်ဳပ္ လုပ္ငန္းေတြ အထိနာေနတဲ့ အေျခအေနကုိ ကိုေဇာ္ထက္ ေျပာျပပါမယ္။

ကမာၻတ၀န္း ကပ္ေရာဂါနဲ႔ ႀကံဳေနရတာေၾကာင့္ ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္းအတြက္ အဓိကေစ်းကြက္ျဖစ္တဲ့ ဥေရာပကို တင္ပုိ႔ဖုိ႔ ဆုိင္းထားရသလုိ၊ ထုတ္လုပ္ဖုိ႔ ကုန္ၾကမ္းရေရး အခက္အခဲေတြလည္း ရွိေနတာေၾကာင့္ လုပ္ငန္းရွင္ေတြ စုိးရိမ္ေနၾကပါတယ္။ အဓိကေစ်းကြက္ျဖစ္တဲ့ ဥေရာက ကုန္အမွာေတြ ဆိုင္းငံ့ထားတာကုိ ေနာက္ထပ္ သက္တမ္းထပ္တုိးေနတဲ့ အတြက္လည္း လုပ္ငန္းရွင္ေတြအတြက္ စုိးရိမ္စရာ ျဖစ္လာေနရတာလုိ႔ ရန္ကုန္တိုင္း ေ႐ႊလင္ဗန္းစက္မႈဇုံ ဥကၠ႒ ဦးေအးေသာင္းက ေျပာပါတယ္။

“ဥေရာပကို ပို႔ေနတဲ့ စက္႐ုံတခ်ိဳ႕က ခ်ဳပ္ၿပီးသားအထည္ေတြ မပို႔ဖို႔ တားေနတာ extension က တိုးတိုးလာတဲ့အခါက်ေတာ့ ခ်ဳပ္ထားၿပီးတဲ့ဟာေတြ တခ်ိဳ႕ အခက္အခဲရွိတာေပါ့။ ဒါ့အျပင္ order ထပ္ရဖို႔ ကိစၥေလးေတြကလည္း နည္းနည္းကေလး သူတို႔ ( ဥေရာပ)က ခ်င့္ခ်ိန္ေနပုံရတယ္ထင္ပါတယ္။ ကိုက္မွ ခ်ဳပ္မယ္ဆိုတဲ့ စနစ္ကို က်ေနာ္တို႔က သြားလို႔မရေတာ့ဘူး၊ ခ်ဳပ္ခနည္းတဲ့ order ေတြကလည္း ထပ္ၿပီးနည္းသြားမယ္ ဆိုရင္ေတာ့ နည္းနည္းေတာ့ ရပ္တည္ရ ခက္သြားတယ္လို႔ေတာ့ ျမင္မိတာေပါ့ေနာ္။”

ျမန္မာႏုိင္ငံ အထည္ခ်ဳပ္လုပ္ငန္းေတြဟာ တ႐ုတ္ႏုိင္ငံက တင္ပုိ႔တဲ့ ကုန္ၾကမ္းေတြအေပၚ အားထားေနရေပမဲ့လည္း ကပ္ေရာဂါကာလ အသြားအလာေတြ ကန္႔သတ္ထားတဲ့အတြက္ ကုန္ၾကမ္းျပတ္လပ္မွာကုိ လုပ္ငန္းရွင္တခ်ဳိ႕က စုိးရိမ္ေနပါတယ္။ ျမန္မာႏုိင္ငံ စက္မႈလက္မႈနဲ႔ ဝန္ေဆာင္မႈေပါင္းစုံ အလုပ္သမားသမဂၢက ဦးသက္ႏွင္းေအာင္ကေတာ့ ကုန္ၾကမ္းရရွိေရးထက္ ကုန္ေခ်ာထုတ္လုပ္ တင္ပုိ႔ႏုိင္ဖုိ႔က အဓိက ရင္ဆိုင္ရမယ့္ စိန္ေခၚမႈ အျဖစ္ ျမင္ပါတယ္။

“ ျမန္မာႏိုင္ငံရဲ႕ အထည္ခ်ဳပ္ကုန္ၾကမ္းအမ်ားစုက တ႐ုတ္ျပည္ကေန လာတာျဖစ္တယ္ေပါ့ေနာ္။ အဲဒီေတာ့ ဒီတ႐ုတ္ျပည္နဲ႔ ျမန္မာႏိုင္ငံနဲ႔ ကုန္ၾကမ္းပို႔တဲ့ လမ္းေၾကာင္းကလည္း ပုံမွန္အေျခအေနမွာ ရွိေနတယ္လို႔ေတာ့ က်ေနာ္တို႔က သိရတယ္။ တကယ့္တကယ္ အခက္အခဲေတြ႕မယ္ဆိုရင္ ျမန္မာႏိုင္ငံကေန ထုတ္လုပ္တဲ့ ကုန္ေခ်ာေတြကပဲ အေနာက္ဥေရာပေစ်းကြက္အေပၚမွာ မွီခိုေနရတာ ျဖစ္တာေၾကာင့္ ဒီကုန္ေခ်ာေတြအေပၚမွာပဲ နည္းနည္းေလး စိုးရိမ္ရတဲ့အေနအထားလို႔ က်ေနာ္တို႔က ျမင္တယ္ ခင္ဗ်။”

အထည္ခ်ဳပ္ လုပ္ငန္းေတြမွာ ကုန္ၾကမ္းရရွိေရးနဲ႔ ကုန္ေခ်ာထုတ္လုပ္ တင္ပုိ႔မႈေတြမွာ အခက္အခဲေတြေၾကာင့္ ေနာက္ဆက္တဲြ လုပ္ငန္းေတြ ေလွ်ာ့ခ်ရတဲ့ အေျခအေနမ်ဳိးေတြ ႀကံဳရမွာကုိလည္း လုပ္ငန္းရွင္ေတြ စုိးရိမ္ေနပါတယ္။ ကပ္ေရာဂါကာလမွာပဲ အထည္ခ်ဳပ္လုပ္သား ေသာင္းနဲ႔ခ်ီဟာလည္း အလုပ္လက္မဲ့ျဖစ္ခဲ့ရတာပါ။ လတ္တေလာ ရင္ဆုိင္ေနရတဲ့ အက်ပ္အတည္းေတြကုိ ေက်ာ္လႊားႏုိင္ဖုိ႔ အတြက္လည္း အစိုးရ တာ၀န္ရွိ သူေတြ၊ အထည္ခ်ဳပ္လုပ္ငန္းရွင္ေတြနဲ႔ ကုန္သည္ေတြ ဒီရက္ပိုင္းေတြမွာ ေဆြးေႏြးမႈေတြ ရွိခဲ့တယ္လို႔လည္း ေ႐ႊလင္ပန္းစက္မႈဇုံဥကၠ႒ ဦးေအးေသာင္းက ေျပာပါတယ္။

“ဒီတလ၊ ႏွစ္လ ေနာက္ပိုင္းမွာေတာ့ ေျပာရခက္သြားမလား က်ေနာ္လည္းမေျပာရဲပါဘူးဗ်။ ဒီအခ်ိန္မွာ ညီၫြတ္မႈရွိဖို႔ေတာ့ လိုတာေပါ့။ လုပ္သားထုအေနနဲ႔ေပါ့ေနာ္။ အခက္အခဲရွိလာတဲ့ ကာလေတြမွာ သည္းခံၿပီး ႀကိဳးစားၿပီး လုပ္ေပးဖို႔ကိုပဲ က်ေနာ္ကေတာ့ ေမတၱာရပ္ခံေတာင္းဆိုခ်င္တယ္။ မၾကာခင္မွာ ဒီကိစၥေတြတကယ္သာ ႀကဳံေတြ႕ႏိုင္ခဲ့ရင္ စက္႐ုံေတြ ခ်က္ခ်င္းပိတ္ဖို႔ေတာ့ မရွိပါဘူး၊ အလုပ္သမားေတြ ေလွ်ာ့ခ်သြားမယ္၊ တဆင့္ခ်င္း ေလွ်ာ့ၿပီးေတာ့ ေနာက္ဆုံး ပိတ္ခ်င္လည္း ပိတ္သြားႏိုင္တယ္ဆိုတာေတာ့ သတိခ်ပ္ဖို႔ေတာ့ လိုပါတယ္။ ေလွ်ာ့တဲ့အထဲမွာ ကိုယ္မပါဖို႔ေတာ့ ဒီအခ်ိန္မွာ ႀကိဳးစားၾကဖို႔ ကိုယ့္ရဲ႕ အရည္အခ်င္းကို ျပဖို႔ေတာ့ လိုပါတယ္။”

ရန္ကုန္ၿမိဳ႕က အထည္ခ်ဳပ္ငန္းေတြကုိေတာ့ အလုပ္သမား ၅သိန္း ေလာက္နဲ႔ လည္ပတ္ေနတာပါ။ ကပ္ေရာဂါကာလ အက်ပ္အတည္းေတြ ရင္ဆုိင္ေနရတဲ့ အထည္ခ်ဳပ္လုပ္ငန္းေတြ ၿပိဳလဲ မသြားေအာင္ ျမန္မာအစိုးရက စီးပြားေရး ျပန္လည္ကုစားေရး အစီအစဥ္ေတြနဲ႔ ႀကိဳးပမ္းေနတာေတြ ရွိေနသလို ဥေရာပသမဂၢလည္း အထည္ခ်ဳပ္လုပ္သားေတြအတြက္ ျမန္မာက်ပ္ေငြ ၇.၉ ဘီလီယံ ေထာက္ပံ့တဲ့ အစီအစဥ္ေတြလည္း လုပ္ေဆာင္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ဥရောပက အမှာကုန်တွေမရလို့ အထည်ချုပ်လုပ်ငန်းပြန်ဦးမော့ဖို့ မဖြစ်နိုင်သေး

(Unicode)

COVID-19 ကပ်ရောဂါကြောင့် ကုန်ထုတ်လုပ်မှုတွေကို ထိခိုက်လာနေချိန်မှာ ပြည်ပတင်ပို့မှုအပေါ် အဓိက မှီခိုနေရတဲ့ မြန်မာနိုင်ငံက အထည်ချုပ် လုပ်ငန်းတွေ အထိနာနေတဲ့ အခြေအနေကို ကိုဇော်ထက် ပြောပြပါမယ်။

ကမ္ဘာတဝန်း ကပ်ရောဂါနဲ့ ကြုံနေရတာကြောင့် မြန်မာ့အထည်ချုပ်လုပ်ငန်းအတွက် အဓိကဈေးကွက်ဖြစ်တဲ့ ဥရောပကို တင်ပို့ဖို့ ဆိုင်းထားရသလို၊ ထုတ်လုပ်ဖို့ ကုန်ကြမ်းရရေး အခက်အခဲတွေလည်း ရှိနေတာကြောင့် လုပ်ငန်းရှင်တွေ စိုးရိမ်နေကြပါတယ်။ အဓိကဈေးကွက်ဖြစ်တဲ့ ဥရောက ကုန်အမှာတွေ ဆိုင်းငံ့ထားတာကို နောက်ထပ် သက်တမ်းထပ်တိုးနေတဲ့ အတွက်လည်း လုပ်ငန်းရှင်တွေအတွက် စိုးရိမ်စရာ ဖြစ်လာနေရတာလို့ ရန်ကုန်တိုင်း ရွှေလင်ဗန်းစက်မှုဇုံ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောပါတယ်။

“ဥရောပကို ပို့နေတဲ့ စက်ရုံတချို့က ချုပ်ပြီးသားအထည်တွေ မပို့ဖို့ တားနေတာ extension က တိုးတိုးလာတဲ့အခါကျတော့ ချုပ်ထားပြီးတဲ့ဟာတွေ တချို့ အခက်အခဲရှိတာပေါ့။ ဒါ့အပြင် order ထပ်ရဖို့ ကိစ္စလေးတွေကလည်း နည်းနည်းကလေး သူတို့ ( ဥရောပ)က ချင့်ချိန်နေပုံရတယ်ထင်ပါတယ်။ ကိုက်မှ ချုပ်မယ်ဆိုတဲ့ စနစ်ကို ကျနော်တို့က သွားလို့မရတော့ဘူး၊ ချုပ်ခနည်းတဲ့ order တွေကလည်း ထပ်ပြီးနည်းသွားမယ် ဆိုရင်တော့ နည်းနည်းတော့ ရပ်တည်ရ ခက်သွားတယ်လို့တော့ မြင်မိတာပေါ့နော်။”

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းတွေဟာ တရုတ်နိုင်ငံက တင်ပို့တဲ့ ကုန်ကြမ်းတွေအပေါ် အားထားနေရပေမဲ့လည်း ကပ်ရောဂါကာလ အသွားအလာတွေ ကန့်သတ်ထားတဲ့အတွက် ကုန်ကြမ်းပြတ်လပ်မှာကို လုပ်ငန်းရှင်တချို့က စိုးရိမ်နေပါတယ်။ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုပေါင်းစုံ အလုပ်သမားသမဂ္ဂက ဦးသက်နှင်းအောင်ကတော့ ကုန်ကြမ်းရရှိရေးထက် ကုန်ချောထုတ်လုပ် တင်ပို့နိုင်ဖို့က အဓိက ရင်ဆိုင်ရမယ့် စိန်ခေါ်မှု အဖြစ် မြင်ပါတယ်။

“ မြန်မာနိုင်ငံရဲ့ အထည်ချုပ်ကုန်ကြမ်းအများစုက တရုတ်ပြည်ကနေ လာတာဖြစ်တယ်ပေါ့နော်။ အဲဒီတော့ ဒီတရုတ်ပြည်နဲ့ မြန်မာနိုင်ငံနဲ့ ကုန်ကြမ်းပို့တဲ့ လမ်းကြောင်းကလည်း ပုံမှန်အခြေအနေမှာ ရှိနေတယ်လို့တော့ ကျနော်တို့က သိရတယ်။ တကယ့်တကယ် အခက်အခဲတွေ့မယ်ဆိုရင် မြန်မာနိုင်ငံကနေ ထုတ်လုပ်တဲ့ ကုန်ချောတွေကပဲ အနောက်ဥရောပဈေးကွက်အပေါ်မှာ မှီခိုနေရတာ ဖြစ်တာကြောင့် ဒီကုန်ချောတွေအပေါ်မှာပဲ နည်းနည်းလေး စိုးရိမ်ရတဲ့အနေအထားလို့ ကျနော်တို့က မြင်တယ် ခင်ဗျ။”

အထည်ချုပ် လုပ်ငန်းတွေမှာ ကုန်ကြမ်းရရှိရေးနဲ့ ကုန်ချောထုတ်လုပ် တင်ပို့မှုတွေမှာ အခက်အခဲတွေကြောင့် နောက်ဆက်တွဲ လုပ်ငန်းတွေ လျှော့ချရတဲ့ အခြေအနေမျိုးတွေ ကြုံရမှာကိုလည်း လုပ်ငန်းရှင်တွေ စိုးရိမ်နေပါတယ်။ ကပ်ရောဂါကာလမှာပဲ အထည်ချုပ်လုပ်သား သောင်းနဲ့ချီဟာလည်း အလုပ်လက်မဲ့ဖြစ်ခဲ့ရတာပါ။ လတ်တလော ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့ အတွက်လည်း အစိုးရ တာဝန်ရှိ သူတွေ၊ အထည်ချုပ်လုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေ ဒီရက်ပိုင်းတွေမှာ ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့လည်း ရွှေလင်ပန်းစက်မှုဇုံဥက္ကဋ္ဌ ဦးအေးသောင်းက ပြောပါတယ်။

“ဒီတလ၊ နှစ်လ နောက်ပိုင်းမှာတော့ ပြောရခက်သွားမလား ကျနော်လည်းမပြောရဲပါဘူးဗျ။ ဒီအချိန်မှာ ညီညွတ်မှုရှိဖို့တော့ လိုတာပေါ့။ လုပ်သားထုအနေနဲ့ပေါ့နော်။ အခက်အခဲရှိလာတဲ့ ကာလတွေမှာ သည်းခံပြီး ကြိုးစားပြီး လုပ်ပေးဖို့ကိုပဲ ကျနော်ကတော့ မေတ္တာရပ်ခံတောင်းဆိုချင်တယ်။ မကြာခင်မှာ ဒီကိစ္စတွေတကယ်သာ ကြုံတွေ့နိုင်ခဲ့ရင် စက်ရုံတွေ ချက်ချင်းပိတ်ဖို့တော့ မရှိပါဘူး၊ အလုပ်သမားတွေ လျှော့ချသွားမယ်၊ တဆင့်ချင်း လျှော့ပြီးတော့ နောက်ဆုံး ပိတ်ချင်လည်း ပိတ်သွားနိုင်တယ်ဆိုတာတော့ သတိချပ်ဖို့တော့ လိုပါတယ်။ လျှော့တဲ့အထဲမှာ ကိုယ်မပါဖို့တော့ ဒီအချိန်မှာ ကြိုးစားကြဖို့ ကိုယ့်ရဲ့ အရည်အချင်းကို ပြဖို့တော့ လိုပါတယ်။”

ရန်ကုန်မြို့က အထည်ချုပ်ငန်းတွေကိုတော့ အလုပ်သမား ၅သိန်း လောက်နဲ့ လည်ပတ်နေတာပါ။ ကပ်ရောဂါကာလ အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ အထည်ချုပ်လုပ်ငန်းတွေ ပြိုလဲ မသွားအောင် မြန်မာအစိုးရက စီးပွားရေး ပြန်လည်ကုစားရေး အစီအစဉ်တွေနဲ့ ကြိုးပမ်းနေတာတွေ ရှိနေသလို ဥရောပသမဂ္ဂလည်း အထည်ချုပ်လုပ်သားတွေအတွက် မြန်မာကျပ်ငွေ ၇.၉ ဘီလီယံ ထောက်ပံ့တဲ့ အစီအစဉ်တွေလည်း လုပ်ဆောင်ထားပါတယ်။

XS
SM
MD
LG