သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ အာရှတလွှား အထည်ချုပ်သမတွေရဲ့ နစ်နာမှု Oxfam အစီရင်ခံစာထုတ်ပြန်


အထည်ချုပ်သမများ
အထည်ချုပ်သမများ

မြန်မာနိုင်ငံအပါအဝင် အာရှဒေသနိုင်ငံတွေရဲ့ စီးပွားရေး တိုးတက်ဖြစ်ထွန်းမှုတွေဟာ အခကြေးငွေ နည်းနည်းနဲ့ နာရီပေါင်းများစွာ အလုပ်လုပ်ရသလို ဝင်ငွေမရတဲ့ ပြုစု စောင့်ရှောက်မှုဆိုင်ရာ အလုပ်အများစုကို လုပ်နေရတဲ့ အမျိုးသမီးတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေ ကနေတဆင့် ဖြစ်ထွန်းနေတာလို့ Oxfam နိုင်ငံတကာအဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတွေမှာ လုပ်နေတဲ့ လုပ်သားအများအပြားဟာ အမျိုးသမီးငယ်တွေဖြစ်ကြပြီး ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဘယ်လို သင်တန်းမျိုးမှမရှိဘဲ လစာနည်းနည်းနဲ့ အချိန်အကြာကြီး လုပ်ကြရတယ်ဆိုတာ Oxfam အဖွဲ့ရဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလထုတ် အစီရင်ခံစာထဲမှာလည်း ဖော်ပြထားပါတယ်။

အထည်ချုပ်လုပ်သား အမျိုးသမီးငယ်တချို့ကဆိုရင် သူတို့ဟာ အချိန်ပိုတွေ လုပ်ရတဲ့အတွက်ကြောင့် အားနည်း မူးဝေလာကြ တယ်လို့ ပြောကြသလို လုပ်ငန်းခွင်ထဲမှာ မူးမေ့လဲကျတဲ့ သတင်းမျိုးတွေလည်း ရှိထားပါတယ်။ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွေက အထည်ချုပ်စက်ရုံတွေမှာ ဗြိတိန်နဲ့ နိုင်ငံတကာက နာမည်ကျော် အဝတ်အထည် အမှတ်တံဆိပ်တွေရဲ့ အပ်ထည်တွေကို ချုပ်လုပ်ပေးနေတာပါ။ Oxfam အဖွဲ့ရဲ့ ဒီကနေ့အစီရင်ခံစာကတော့ မလေးရှားနိုင်ငံမှာ ဒီကနေ့ကစပြီး ကျင်းပ တဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ရက်ကြာအစည်းအဝေးနဲ့ တိုက်ဆိုင်ပြီး ထုတ်ပြန်တာဖြစ်ပါတယ်။

လူတိုင်းအတွက် လုံလောက်တဲ့ ဝင်ငွေရအောင် လုပ်ပေးဖို့၊ အမျိုးသမီးတွေ ထမ်းပိုးထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေ သက်သာစေရေး အထောက်အကူဖြစ်စေမယ့် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြဖို့ ASEAN ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်နေတဲ့ အစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို Oxfam အဖွဲ့က တောင်းဆိုထားပါတယ်။

မြန်မာနဲ့ အာရှတလွှား အထည်ချုပ်သမတွေရဲ့ နစ်နာမှု Oxfam အစီရင်ခံစာထုတ်ပြန်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနဲ့ အာရှတလွှား အထည်ချုပ်သမတွေရဲ့ နစ်နာမှု Oxfam အစီရင်ခံစာထုတ်ပြန်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG