သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ပြန်တဦး ဓာတ်ခွဲနမူနာ ကိုဗစ်ပိုးတွေ့


ရန်ကုန်မြို့ လှိုင်မြို့နယ်က Quarantine စင်တာတခုမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇူလိုင် ၁၆၊ ၂၀၂၀)
ရန်ကုန်မြို့ လှိုင်မြို့နယ်က Quarantine စင်တာတခုမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇူလိုင် ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး တွေ့ရှိသူ ၁ ဦး ဒီနေ့ ထပ်ပြီးတော့ တွေ့ရှိတာကြောင့် ရောဂါကူးစက်သူ ၃၅၀ ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၂၆ ရက် တနင်္ဂနွေနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။

ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၆၈ ခုကို ဒီကနေ့ စမ်းသပ်စစ်ဆေးခဲ့တာမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁ ဦးကို ထပ်တွေ့ရှိခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီနေ့ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူဟာ မကြာသေးခင်က အမေရိကန်နိုင်ငံက ပြန်လာတဲ့သူဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်မှာ အသွားအလာ ကန့်သတ်ထားသူ ဖြစ်ပါတယ်။ သူဟာ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်က အသက် ၅၀ အရွယ် အမျိုးသားတဦးဖြစ်ပြီး သတ်မှတ်ထားတဲ့ ဝေဘာဂီဆေးရုံမှာ ကုသမှုတွေ ဆက်လုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက ဆေးကုသမှုခံယူပြီး ရောဂါပိုး ကင်းစင်လာသူ နောက်ထပ် ၂ ဦး ဒီနေ့တွေ့ရှိခဲ့တာကြောင့် အခုဆိုရင် ရောဂါသက်သာ ပျောက်ကင်းလာသူ ၂၉၀ ရှိသွားပြီ ဖြစ်ပါတယ်။ ဒီထဲက ၂၇၂ ဦးကို ဆေးရုံဆင်းခွင့်ပြုလိုက်ပြီး သတ်မှတ်ထားတဲ့ နေရာတွေမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်တာတွေ လုပ်နေတယ်လို့ ပြောပါတယ်။

မနေ့ ဇူလိုင် ၂၅ ရက်နေ့ နေ့လယ်ကနေ ဒီနေ့ နေ့လယ်အထိ နောက်ထပ် စောင့်ကြည့်လူနာသစ် ၁၂ ယောက်ရှိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုချိန်ထိတော့ COVID-19 ကြောင့် သေဆုံးသူ ၆ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------------

(Unicode)








XS
SM
MD
LG