သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ ကန္႔သတ္ခ်က္ေတြ ခ်ဳိးေဖာက္မႈ စဲြခ်က္နဲ႔ NLD အစိုးရ အေရးယူထားတဲ့ အမႈေပါင္း ၅၀၀၀ ေက်ာ္ရွိ


၂၀၂၀ ဇူလိုင္လ ၇ ရက္ေန႔က လူ႔အခြင့္အေရး လႈပ္ရွားမႈအဖဖဲြ႔ အသံရဲ႕ ဒါ႐ိုက္တာ ေမာင္‌ေဆာင္းခ ေက်ာက္တံတားၿမိဳ႕နယ္တရားရံုး မွ ထြက္လာစဥ္

(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါ ကာလအတြင္း သတ္မွတ္ထားတဲ့ ကန္႔သတ္ခ်က္ေတြကုိ ခ်ဳိးေဖာက္မႈ စြပ္စဲြခ်က္ေတြနဲ႔ အေရးယူခံရတဲ့ အမႈေပါင္း ေထာင္ခ်ီ ရွိေနတဲ့အေပၚ လူ႔အခြင့္အေရး လႈပ္ရွားသူေတြနဲ႔ ဥပေဒပညာရွင္ေတြ စုိးရိမ္ေနတဲ့အေၾကာင္း မ အိမ့္သႏၲာထြန္း ေျပာျပပါမယ္။

ကပ္ေရာဂါကာလ ၄ လေလာက္အတြင္း ႏုိင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ဥပေဒပုဒ္မ ၅၀၅ (ခ)၊ ဥပေဒပုဒ္မ ၁၈၈ ညမထြက္ရ အမိန္႔နဲ႔ ကူးစက္ေရာဂါ ကာကြယ္ႏွိမ္နင္းေရး ဥပေဒ ခ်ဳိးေဖာက္မႈေတြနဲ႔ စဲြဆိုထားတဲ့ အမႈေပါင္း ၅ ေထာင္ေက်ာ္ ရွိေနေၾကာင္း လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေျပာပါတယ္။

ဒီအထဲမွာ ၂ ေထာင္ေက်ာ္ကေတာ့ ကူးစက္ေရာဂါ ကာကြယ္ႏွိမ္နင္းေရး ဥပေဒ ခ်ဳိးေဖာက္မႈနဲ႔ အေရးယူခံထားရၿပီး ကပ္ေရာဂါကာလ အခက္အခဲေတြေၾကာင့္ ဆႏၵျပခဲ့ၾကတဲ့ အလုပ္သမားေတြ အမ်ားအျပား ပါ၀င္ခဲ့ေၾကာင္းလည္း လူ႔အခြင့္အေရး လႈပ္ရွားမႈအဖဖဲြ႔ အသံရဲ႕ ဒါ႐ိုက္တာ ေမာင္‌ေဆာင္းခက ေျပာပါတယ္။

“တရားစြဲခံရတဲ့ အေၾကာင္းရင္းေတြက ဒီအလုပ္သမားေတြ ဆႏၵထုတ္ေဖာ္တဲ့ဟာေတြလည္း ကိုဗစ္ဥပေဒနဲ႔ အေရးယူတာရွိတယ္။ ဥပမာ လူစုလူေဝးလုပ္တာ၊ မဂၤလာေဆာင္တို႔၊ ဘာသာေရးဆုေတာင္းတို႔ အဲ့တာေလး ေတြလည္း ပါတာေပါ့ေႏွာ္။ ေနာက္ၿပီးရင္ ဒီအျပန္အလွန္ ၿခိမ္းေျခာက္ေျပာဆိုတာေတြ၊ သာမန္လူစုလူ‌ေဝး လုပ္တဲ့ဟာေတြ၊ တစ္ခ်ိဳ႕က်လည္း Quarantine ဝင္ဖို႔ ျငင္းတာေတြရွိတယ္။ အဲ့တာမ်ိဳးေတြေပါ့။ ၿပီးရင္ ဘာသာေရးေဝဖန္မႈေတြလည္း ရွိတယ္ေပါ့။ ေနာက္တစ္ခုက ဆိုင္ဖြင့္ေစ်းေရာင္းလို႔ တရားစြဲအေရးယူခံရ တာမ်ိဳးလည္းရွိတယ္ေပါ့။ ေတာ္ေတာ္ေတာ့ မ်ားတယ္၊ ဒီလို ခ်ိဳးေဖာက္လို႔ဆိုၿပီး တရားစြဲဆိုခံရတဲ့ အမႈေတြက တစ္ခ်ိဳ႕ဟာ ေတြက က်ေတာ့ ဥပေဒေၾကာင္းအရ ေဆာင္႐ြက္သင့္တာ မွန္ေပမယ့္လည္း ျပစ္မႈ ျပစ္ဒဏ္မမွ်တာ ေပါ့။ အထူးသျဖင့္ ကြၽန္ေတာ္ဘက္က ေထာက္ျပခ်င္တာက အမွန္တကယ္ကက်ေတာ့ ျပစ္မႈနဲ႔ ျပစ္ဒဏ္မွ်တာက အမ်ားႀကီးႀကဳံရတာေပါ့။ ကြၽန္ေတာ္တို႔ ဥပေဒတစ္ခုခု ျပဳတာပဲျဖစ္ျဖစ္၊ အေရးယူ ေဆာင္႐ြက္တာပဲ ျဖစ္ျဖစ္ အဲ့ဒီမွာ ဘာရွိရလဲဆိုေတာ့ ျပစ္မႈ ျပစ္ဒဏ္မွ်မွ်ေပါ့ေႏွာ္ အဲ့ဒီဟာက အရမ္းအေရးႀကီးတယ္။ အခုကိစၥေတြမွာက တစ္ခ်ိဳ႕က ဘာမွမဟုတ္တာေတြနဲ႔ ေထာင္ဒဏ္တစ္ႏွစ္တို႔ ၂ ႏွစ္တို႔အထိ က်ခံေနရတာေတြ ကြၽန္‌ေတာ္တို႔က ေတြရတယ္ေပါ့”

ကပ္ေရာဂါကာလ အေရးယူခံရသူေတြထဲမွာ ကေလးေတြ၊ ေနရပ္ျပန္လာၾကတဲ့ ေရႊ႕ေျပာင္း အလုပ္သမားေတြ ပါ၀င္ေၾကာင္းလည္း လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္ ကေတာ့ ကပ္ေရာဂါကာလ အေရးယူခံရသူေတြ အေရး အစုိးရတာ၀န္ရွိသူေတြ အေလးထားစဥ္းစားဖုိ႔လုိတယ္လုိ႔ တုိက္တြန္းပါတယ္။

“ေပၚေပါက္ေနတဲ့ လူ႔အခြင့္အေရးကိစၥေတြကို ကိုဗစ္ ကို အေၾကာင္းျပဳၿပီးေတာ့ ဆုံးရႈံးနစ္နာခံေနရမယ္ဆိုရင္ လည္း မသင့္ေလွ်ာ္ဘူး။ ကိုဗစ္ကာလ စီမံခ်က္ကို အေၾကာင္းျပဳၿပီးေတာ့ ဥပေဒေၾကာင္းနဲ႔ မညီၫြတ္တဲ့ အေရးယူေဆာင္႐ြက္မႈေတြ လည္း ရွိေနတယ္။ ဘာပဲလုပ္လုပ္ ကိုဗစ္ ဆိုၿပီးေတာ့လုပ္ေနတယ္။ ကိုဗစ္ စီမံခ်က္နဲ႔ မကိုက္ညီတဲ့ ကိစၥေတြလည္း တစ္ခ်ိဳ႕ ကြၽန္ေတာ္တို႔ ေတြ႕ေနရတယ္၊ အဲ့ဒါကို အေပၚပိုင္းက ပုဂၢိဳလ္မ်ားအေနနဲ႔ တာဝန္ရွိတဲ့ အႀကီးအကဲမ်ားအေနနဲ႔ ဒါကို တည္႔မတ္ေအာင္ လမ္းၫႊန္သင့္တယ္ လို႔ပဲ ကြၽန္ေတာ္က ေျပာခ်င္ပါတယ္။”

ကပ္ေရာဂါကာလ စည္းကမ္းခ်ဳိးေဖာက္မႈေတြနဲ႔ လူအမ်ားအျပားကုိ တရားစဲြဆုိ အေရးယူေနတဲ့ လုပ္ရပ္ေတြကုိ ရပ္တန္႔ဖုိ ႏုိင္ငံတကာ လူ႔အခြင့္အေရး လႈပ္ရွားမႈအဖဲြ႔တခုျဖစ္တဲ့ HRW ကလည္း ေမလတုန္းက တုိက္တြန္းခဲ့ဖူးပါတယ္။

ညမထြက္ရအမိန္႔ အပါအ၀င္ ကပ္ေရာဂါကာလ သြားလာလႈပ္ရွားမႈ ကန္႔သတ္ခ်က္ေတြကုိ မလုိက္နာတာ၊ ေစာင့္ၾကည့္စစ္ေဆးခံဖုိ႔ ပ်က္ကြက္တာေတြလုိ ေရာဂါထိန္းခ်ဳပ္ေရး စည္းကမ္းေတြကုိ ခ်ဳိးေဖာက္မိတဲ့သူေတြကုိ အေရးယူေထာင္ခ်တာဟာ လူထုက်န္းမာေရးအတြက္ အႏုတ္လကၡဏာေဆာင္တဲ့ ရလဒ္ေတြသာ ထြက္ေပၚလာႏုိင္တယ္လုိ႔လည္း သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

(Unicode)

COVID-19 ကပ်ရောဂါ ကာလအတွင်း သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ အရေးယူခံရတဲ့ အမှုပေါင်း ထောင်ချီ ရှိနေတဲ့အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ဥပဒေပညာရှင်တွေ စိုးရိမ်နေတဲ့အကြောင်း မ အိမ့်သန္တာထွန်း ပြောပြပါမယ်။

ကပ်ရောဂါကာလ ၄ လလောက်အတွင်း နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ)၊ ဥပဒေပုဒ်မ ၁၈၈ ညမထွက်ရ အမိန့်နဲ့ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေ ချိုးဖောက်မှုတွေနဲ့ စွဲဆိုထားတဲ့ အမှုပေါင်း ၅ ထောင်ကျော် ရှိနေကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဒီအထဲမှာ ၂ ထောင်ကျော်ကတော့ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေ ချိုးဖောက်မှုနဲ့ အရေးယူခံထားရပြီး ကပ်ရောဂါကာလ အခက်အခဲတွေကြောင့် ဆန္ဒပြခဲ့ကြတဲ့ အလုပ်သမားတွေ အများအပြား ပါဝင်ခဲ့ကြောင်းလည်း လူ့အခွင့်အရေး လှုပ်ရှားမှုအဖဖွဲ့ အသံရဲ့ ဒါရိုက်တာ မောင်‌ဆောင်းခက ပြောပါတယ်။

“တရားစွဲခံရတဲ့ အကြောင်းရင်းတွေက ဒီအလုပ်သမားတွေ ဆန္ဒထုတ်ဖော်တဲ့ဟာတွေလည်း ကိုဗစ်ဥပဒေနဲ့ အရေးယူတာရှိတယ်။ ဥပမာ လူစုလူဝေးလုပ်တာ၊ မင်္ဂလာဆောင်တို့၊ ဘာသာရေးဆုတောင်းတို့ အဲ့တာလေး တွေလည်း ပါတာပေါ့နှော်။ နောက်ပြီးရင် ဒီအပြန်အလှန် ခြိမ်းခြောက်ပြောဆိုတာတွေ၊ သာမန်လူစုလူ‌ဝေး လုပ်တဲ့ဟာတွေ၊ တစ်ချို့ကျလည်း Quarantine ဝင်ဖို့ ငြင်းတာတွေရှိတယ်။ အဲ့တာမျိုးတွေပေါ့။ ပြီးရင် ဘာသာရေးဝေဖန်မှုတွေလည်း ရှိတယ်ပေါ့။ နောက်တစ်ခုက ဆိုင်ဖွင့်ဈေးရောင်းလို့ တရားစွဲအရေးယူခံရ တာမျိုးလည်းရှိတယ်ပေါ့။ တော်တော်တော့ များတယ်၊ ဒီလို ချိုးဖောက်လို့ဆိုပြီး တရားစွဲဆိုခံရတဲ့ အမှုတွေက တစ်ချို့ဟာ တွေက ကျတော့ ဥပဒေကြောင်းအရ ဆောင်ရွက်သင့်တာ မှန်ပေမယ့်လည်း ပြစ်မှု ပြစ်ဒဏ်မမျှတာ ပေါ့။ အထူးသဖြင့် ကျွန်တော်ဘက်က ထောက်ပြချင်တာက အမှန်တကယ်ကကျတော့ ပြစ်မှုနဲ့ ပြစ်ဒဏ်မျှတာက အများကြီးကြုံရတာပေါ့။ ကျွန်တော်တို့ ဥပဒေတစ်ခုခု ပြုတာပဲဖြစ်ဖြစ်၊ အရေးယူ ဆောင်ရွက်တာပဲ ဖြစ်ဖြစ် အဲ့ဒီမှာ ဘာရှိရလဲဆိုတော့ ပြစ်မှု ပြစ်ဒဏ်မျှမျှပေါ့နှော် အဲ့ဒီဟာက အရမ်းအရေးကြီးတယ်။ အခုကိစ္စတွေမှာက တစ်ချို့က ဘာမှမဟုတ်တာတွေနဲ့ ထောင်ဒဏ်တစ်နှစ်တို့ ၂ နှစ်တို့အထိ ကျခံနေရတာတွေ ကျွန်‌တော်တို့က တွေရတယ်ပေါ့”

ကပ်ရောဂါကာလ အရေးယူခံရသူတွေထဲမှာ ကလေးတွေ၊ နေရပ်ပြန်လာကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ ပါဝင်ကြောင်းလည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ကတော့ ကပ်ရောဂါကာလ အရေးယူခံရသူတွေ အရေး အစိုးရတာဝန်ရှိသူတွေ အလေးထားစဉ်းစားဖို့လိုတယ်လို့ တိုက်တွန်းပါတယ်။

“ပေါ်ပေါက်နေတဲ့ လူ့အခွင့်အရေးကိစ္စတွေကို ကိုဗစ် ကို အကြောင်းပြုပြီးတော့ ဆုံးရှုံးနစ်နာခံနေရမယ်ဆိုရင် လည်း မသင့်လျှော်ဘူး။ ကိုဗစ်ကာလ စီမံချက်ကို အကြောင်းပြုပြီးတော့ ဥပဒေကြောင်းနဲ့ မညီညွတ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လည်း ရှိနေတယ်။ ဘာပဲလုပ်လုပ် ကိုဗစ် ဆိုပြီးတော့လုပ်နေတယ်။ ကိုဗစ် စီမံချက်နဲ့ မကိုက်ညီတဲ့ ကိစ္စတွေလည်း တစ်ချို့ ကျွန်တော်တို့ တွေ့နေရတယ်၊ အဲ့ဒါကို အပေါ်ပိုင်းက ပုဂ္ဂိုလ်များအနေနဲ့ တာဝန်ရှိတဲ့ အကြီးအကဲများအနေနဲ့ ဒါကို တည့်မတ်အောင် လမ်းညွှန်သင့်တယ် လို့ပဲ ကျွန်တော်က ပြောချင်ပါတယ်။”

ကပ်ရောဂါကာလ စည်းကမ်းချိုးဖောက်မှုတွေနဲ့ လူအများအပြားကို တရားစွဲဆို အရေးယူနေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ HRW ကလည်း မေလတုန်းက တိုက်တွန်းခဲ့ဖူးပါတယ်။

ညမထွက်ရအမိန့် အပါအဝင် ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှု ကန့်သတ်ချက်တွေကို မလိုက်နာတာ၊ စောင့်ကြည့်စစ်ဆေးခံဖို့ ပျက်ကွက်တာတွေလို ရောဂါထိန်းချုပ်ရေး စည်းကမ်းတွေကို ချိုးဖောက်မိတဲ့သူတွေကို အရေးယူထောင်ချတာဟာ လူထုကျန်းမာရေးအတွက် အနုတ်လက္ခဏာဆောင်တဲ့ ရလဒ်တွေသာ ထွက်ပေါ်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG